Thursday, October 30, 2014

ကိုဘာနီမြို့ ကာကွယ်ရေးအတွက် ဆီးရီးယားမှ တပ်ဖွဲ့ဝင်နှစ်ရာကျော် စစ်ကူရောက်ရှိ




ကိုဘာနီ အောက်တိုဘာ ၂၉

 ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသနယ်ခြားမြို့ ကိုဘာနီအား အိုင်အက်စ်တပ်ဖွဲ့များလက်အောက်သို့ မကျရောက်စေရေးအတွက် ခုခံတိုက်ခိုက်နေသည့် ကာဒစ်တပ်ဖွဲ့ဝင်များအား အကူအညီပေးရန် ဆီးရီးယားမှတပ်ဖွဲ့ဝင် ၂ဝဝ ကျော် အဆိုပါမြို့သို့ ရောက်ရှိလာကြောင်း ယနေ့ဘီဘီစီ သတင်းတွင်ဖော်ပြသည်။ 

 လွတ်လပ်သော ဆီးရီးယားတပ်မတော် (အက်ဖ် အက်စ်အေ)အမည်ရှိ အဆိုပါတပ်ဖွဲ့၏တပ်မှူးက ၎င်းတို့အားလုံး အလံတော်တစ်ခုတည်းအောက်တွင် တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့မှာ အနောက်အုပ်စု၏ အားပေးထောက်ခံမှုရရှိနေသည့် အဖွဲ့လည်းဖြစ်သည်။ 

တပ်ဖွဲ့ဝင်အင်အား ၁၅ဝ ခန့်ပါဝင်သော ကာဒစ်တပ်ဖွဲ့ တိုက်ခိုက်ရေးသမားများ တူရကီနိုင်ငံတွင် ရောက်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဆီးရီးယားသူပုန်များ ကိုဘာနီသို့ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံစုံပါဝင်သော တပ်ဖွဲ့တစ်ဖွဲ့သည် အီရတ်နိုင်ငံတွင်းမှ တူရကီနိုင်ငံအရှေ့တောင်ပိုင်းဆီသို့ ဦးတည်လာနေပြီး ယင်းတို့ ထဲ၌ လက်နက်ကြီးများနှင့်မြေပြင်သွားယာဉ်များ ပါဝင်သည်ဟုဆိုသည်။ 

 ကိုဘာနီမြို့ အိုင်အက်စ်လက်တွင်းမကျရောက်ရေးအတွက် နိုင်ငံတကာမှ ဖိအားပေးမှုများဖြစ်ပေါ်နေစဉ် ယင်းဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့တပ်ဖွဲ့များဖြန့်ကြက်ခြင်းကို တူရကီအစိုးရက လွန်ခဲ့သောရက်သတ္တပတ်အတွင်းက သဘောတူညီခဲ့သည်။

(ဘီဘီစီ)

No comments:

Post a Comment