Friday, October 31, 2014

ဂျေရုဆလင် လူနေအိမ်တည်ဆောက်မှု အစ္စရေးကို လုံခြုံရေးကောင်စီတွင် ပြင်းထန်စွာဝေဖန်




နယူးယောက် အောက်တိုဘာ ၃ဝ

သိမ်းပိုက်ထားသည့် အရှေ့ဂျေရု ဆလင်၌ လူနေအိမ်များတည်ဆောက်ရန် အစီအစဉ်များနှင့် ပတ်သက်၍ အစ္စရေး နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြင်းထန်စွာဝေဖန်ခြင်းခံရကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ယင်းသို့ အခြေချနေထိုင်ခြင်းများသည် ပါလက်စတိုင်းနှင့် ကာလရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် အစ္စရေး နိုင်ငံ၏ အစီအစဉ်များအပေါ် သံသယ ကြီးမားလာစေကြောင်းကုလသမဂ္ဂနိုင်ငံရေး အကြီးအကဲ ဂျက်ဖရေဖက်မန်းက ပြော ကြားသည်။

အစ္စရေးဝန်ကြီးချုပ်က အဆောက် အအုံ ၁ဝဝဝ ဆောက်လုပ်ရေး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် အမိန့်ပေးပြီးနောက် အဆိုပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဂျူးအခြေချ နေထိုင်ခြင်းနှင့် ဂျေရု ဆလင်သည် အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ရန်မီးပွားဖွယ်ရာ အဖြစ်ဆုံး ပြဿနာတို့တွင် ပါဝင်သည်။

အစ္စရေးက ပါလက်စတိုင်းနယ်မြေ အတွင်း၌ တိုး၍ အခြေချနေထိုင်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဖက်မန်းက ပြောသည်။

အစ္စရေး၏ အရင်းနှီးဆုံးမိတ်ဆွေ အမေရိကန်ပြည်ထောင်စုက အစ္စရေး၏ အပြုအမူသည် ရန်စမှုဖြစ်သည်ဟု ခေါ်ဆို လိုက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။

ဘီဘီစီ။

No comments:

Post a Comment