Thursday, October 30, 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


 


နေပြည်တော် အောက်တိုဘာ ၂၉

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်ဥက္ကဋ္ဌ မစ္စတာလိရော့ကူး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ အမျိုးသားလွှတ်တော်ရေးရာကော်မတီများနှင့် လွှတ်တော် အုပ်ချုပ်မှု မူဝါဒဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဦး၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင် မောင်ထွန်းနှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment