Tuesday, June 30, 2015

တစ်နှစ်လျှင် တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံ သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက်မည်





The Mirror Daily's photo.


သီလဝါအထူးစီးပွားရေးဇုန်တွင် တစ်နှစ်လျှင် တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ရန်အတွက် Resource & Environment Myanmar Ltd., အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကို ပြုလုပ်နေကြောင်း အဆိုပါ ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာဦးဝင်းထက်ထံမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အပိုင်း(က)တွင် တန်ချိန်တစ်သန်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံအား မလေးရှားအခြေစိုက် YTL ကော်ပိုရေးရှင်း၏ YTL ဘိလပ်မြေ စက်ရုံမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်မှုများကို ပြုလုပ်ပြီးစီးပါက အောက်တိုဘာလဆန်းတွင် စက်ရုံစတင်တည်ဆောက်သွားမည်ဟု YTL ဘိလပ်မြေစက်ရုံ၏ စီမံကိန်းမန်နေဂျာက ပြောသည်။

အဆိုပါ တန်ချိန်တစ်သန်းကျ ဘိလပ်မြေစက်ရုံအား ပတ်ဝန်းကျင်တိုင်းတာစစ်ဆေးမှုများပြုလုပ်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီပါက စက်ရုံကို လာမည့် ၂ဝ၁၅ အောက်တိုဘာလတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက မြန်မာလုပ်သား အနည်းဆုံး အယောက် ၁ဝဝ အား ယင်းစက်ရုံတွင် ခန့်အပ်သွားမည်ဟု YTL ဘိလပ်မြေစက်ရုံ၏ စီမံကိန်းမန်နေဂျာထံမှ သိရသည်။

''ဘိလပ်မြေစက်ရုံဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ် ချက်များကို အဆင့်ဆင့်ပြုလုပ်သွားရမှာပါ။ ကျွန်မတို့ သီလဝါအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီလက်အောက်မှာရှိတဲ့ One Stop Service စင်တာမှာ ပြည်တွင်းပညာရှင် နှစ်ယောက်နဲ့ ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူ တစ်ယောက်ပါဝင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့လေးတစ်ဖွဲ့ရှိပါတယ်။ ကျွန်မ တို့က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပါမစ်ရရှိထားတဲ့ ကုမ္ပဏီတွေကို Environmental Conservation and Prevention Plan (ECPP)၊ Initial Environmental Evaluation (IEE)၊ Environmental Impact Assessment (EIA)၊ Environmental Management Plan (EMP)အစရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေကို ပြုလုပ်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်မှုတွေလုပ်တဲ့အခါမှာ လုပ်ငန်းအမျိုးအစားအလိုက်ခွဲခြားပြီး ခုနကပြောတဲ့ လေ့လာစစ်ဆေးမှုတွေထဲကမှ သင့်လျော်တဲ့ လေ့လာဆောင်ရွက်မှုတွေ သတ်မှတ်ပါတယ်''ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်က ပြောသည်။

YTL ဘိလပ်မြေစက်ရုံသည် ဘိလပ်မြေပြုလုပ်မည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ကျောက်မီးသွေးနှင့် အဆိပ်အတောက်ဖြစ်စေမည့် ဓာတုဗေဒပစ္စည်းများ လုံးဝအသုံးပြုမည်မဟုတ်ဘဲ စက်ရုံမှအမှုန်ထွက်ရှိမှု အနည်းဆုံးဖြစ်စေမည့် နည်းပညာကို အသုံးပြုသွားမည်ဟု ဇွန်လနောက်ဆုံးပတ်က သီလဝါအထူး စီးပွားရေးဇုန်တွင် ပြုလုပ်သည့် စီမံကိန်းနှင့် ဆက်စပ်၍ပါဝင်သင့်သည့် Stakeholders များနှင့် YTL ဘိလပ်မြေကုမ္ပဏီတို့ တွေ့ဆုံပွဲမှ သိရသည်။

YTL သည် Stakeholders များထံမှ ရရှိသည့် အကြံပြုချက်များဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး လာမည့် ဇူလိုင်လတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလျော့နည်းစေရေး ဆန်းစစ်ဆောင်ရွက်နေမှုကို ဒေသခံများနှင့်တွေ့ဆုံ၍ ရှင်းလင်းသွားမည် ဖြစ်ပြီး ဒေသခံများ၏ ဝေဖန်အကြံပြုချက်များအတိုင်း ဆောင်ရွက်သွားမည် ဟု သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အား ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် YTL ဘိလပ်မြေစက်ရုံ အပါအဝင်ကုမ္ပဏီပေါင်း ၃၆ ခုရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက် (Investment Permit) ရရှိထားပြီးဖြစ်သည်။ YTL ဘိလပ်မြေစက်ရုံသည် သီလဝါအထူး စီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့်ရရှိပါက ထုတ်လုပ်ပြီး ဘိလပ်မြေများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်အတိုင်းအတာဆိုသည်မှာ ပတ်ဝန်းကျင် ဆိုင်ရာအချက်အလက်များ၊ ရေ၊ လေ၊ မြေ၊ လေထု၏ အရည်အသွေးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအား မလုပ်ခင်၊ လုပ်ပြီးနှင့်လုပ်နေဆဲ အချိန်ကာလများတွင် စစ်ဆေး တိုင်းတာမှုများပြုလုပ်ခြင်း ဖြစ်သည်။
သတင်း-ရဲခေါင်၊ မြတ်သန္တာ
ဓာတ်ပုံ-ဖိုးထောင်

30.6.2015...ကြေးမုံ စာတည်းရှုထောင့်





သဘာဝဘေးကြိုတင်သတိပြု



သဘာဝဘေးအန္တရာယ်ကို မကြုံခင်က ကြိုတင်သတိပြုဖို့ လိုအပ်ပါသည်။ ထိုသို့သတိပြုနိုင်ရန်အတွက် ကြိုတင်သိရှိနိုင်သည့်အချက်မှာ မိုးလေဝသသတင်းများကို သတိပြုစောင့်ကြည့် မှတ်သားခြင်းဖြစ်ပါသည်။ မိုးလေဝသ သတင်းများကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာများမှ နေ့စဉ်ဖော်ပြသတိပေးလျက်ရှိပါသည်။

လာမည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မိုးကြီးမည်၊ တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းရှိနေသည် စသည်ဖြင့် မိုးလေဝသ အထူးသတိပေးချက်များမှာ မဖြစ်ခင်က ကြိုတင်သိထား ဆင်ခြင်နေထိုင်နိုင်သည့် နှိုးဆော်ချက်များဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် မိုးလေဝသသတင်းများ ထုတ်ပြန်ခဲ့ပြီးနောက် အသိပေးထားသည့်ရက်များတွင်ပင် မြန်မာနိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှုများ မြင့်တက်လာသည်ကို တွေ့ရသည်။ အချို့ဒေသများတွင် ရေကြီး၊ ရေလျှံမှုများ၊ မြေပြိုမှုများ၊ တစ်မြို့နယ်လုံး ရေဘေးအန္တရာယ်များ ကြုံတွေ့လာရပါသည်။ အချို့ဒေသများတွင် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာမှု များရှိလာပါသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ရေကြီးမှုဘေးဒဏ်ကို အများဆုံး ကြုံတွေ့ခဲ့ရပြီး တောင်ကမ်းပါးများ ပြိုကျခြင်း၊ လမ်းမကြီးများ ပြိုပျက်နိမ့်ဆင်း ပြတ်ရွေ့ခြင်း၊ လမ်းများရေကျော်ခြင်း စသည်တို့ကြုံတွေ့ခဲ့ရာ ဒေသတွင်း လမ်းပန်းဆက်သွယ်မှုများ ခေတ္တပြတ်တောက်ခဲ့သည်ကို မြင်တွေ့ရပါသည်။ ထိုသို့ဖြစ်ပေါ်ခြင်းကြောင့် ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းမှုများ အဟန့်အတားဖြစ်စေခဲ့ပါသည်။

ထို့အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသော ဒေသခံ ပြည်သူအများစုအတွက် မိမိတို့စိုက်ပျိုးထားသော သီးနှံပင်များနှင့် ကုန်စည်များအတွက်လည်း ထိခိုက်ဆုံးရှုံးမှုများ အနည်းနှင့်အများဖြစ်ပေါ်စေမည်မှာ အမှန်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပေါ်သောအခါ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များက အရေးပေါ်ကူညီမှုများကို ချက်ခြင်းဆောင်ရွက်ပေးကြသည်ကိုလည်း တွေ့ရပါသည်။

မည်သို့ပင်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မျှော်မှန်းရ ခက်ခဲသော ကိစ္စဖြစ်သောကြောင့် မဖြစ်ခင်က ကြိုတင်ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်လာသောအခါ ဆောင်ရွက်ခြင်းနှင့် ဖြစ်ပွားပြီးသောအခါ ဆောင်ရွက်ခြင်းတို့ကို အလျင်အမြန်ပြုလုပ်ပေးကြရမည်ဖြစ်သည်။ မဖြစ်ခင်၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလသုံးပါးအနက် မဖြစ်ခင်ကကြိုတင်ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်ကို ကြိုတင်အသိပေးထားပြီးဖြစ်၍ ဖြစ်ပေါ် နိုင်သောနေရာများ၊ ထိခိုက်မှုရှိနိုင်သောဒေသများတွင် အန္တရာယ်မကျရောက်မီ ကြိုတင်အစီအမံများကို အလျင်အမြန်ပြုလုပ်ဆောင်ရွက် ပေးကြရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ထားသောကြောင့် သဘာဝဘေးအန္တရာယ်ကို မလွန်ဆန်နိုင်သော်လည်း ပျက်စီးထိခိုက်ဆုံးရှုံးမှု နည်းပါး သွားနိုင်ပါသည်။

နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များကို ဆိုးရွားစွာကြုံတွေ့ခဲ့ရသော နိုင်ငံများရှိပါသည်။ ထိုသို့ ကြုံတွေ့ရသော်လည်း ကြိုတင်စီမံမှု အားကောင်းသဖြင့် မည်မျှပင်ကြီးမားသော အန္တရာယ်ပင်ဖြစ်သော်လည်း သဘာဝဘေးကို ကျော်လွှားနိုင်ကာ ထိခိုက်ဆုံးရှုံးမှုနည်းပါးသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ယခုကာလ၌ မုတ်သုံလေ ဆက်လက်အားကောင်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပြီး အချို့ဒေသများအတွက် မြစ်ရေကြီးမှုအခြေအနေများကို အသိပေးထားရာ ထိုဒေသများအတွက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ရေးနှင့် ထိခိုက်မှုသက်သာရေးအစီအမံများကို ဆောင်ရွက်ထားကြ ရမည်ဖြစ်ပါသည်။

အထူးသတိပြုရမည့်အချက်မှာ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် သဘာဝဘေးထိခိုက်နိုင်သောနေရာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်မည်ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်အား အထူးသတိပြုကြရမည်ဖြစ်သလို ထိုကာလအတွင်း ကြုံတွေ့နိုင်သော အန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ထားခြင်းဖြင့် ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးခြင်းမြောက်မည်ဖြစ်ပါသည်။ ။

30.6.2015...ကြေးမုံ ကာတွန်း


ပစ္စည်းယူလူသတ်မှုကျူးလွန်သူများအား မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့က ၂၃ နာရီအတွင်း ဖမ်းဆီးနိုင်


 
ရန်ကုန် ဇွန် ၂၉
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် တောင်ညွန့်ကြီးရပ်ကွက် တွင် (၈၇)နှစ် အရွယ် အဘိုးအိုတစ်ဦး ထံမှ ပစ္စည်းယူ လူသတ်ခံရမှုတစ်ခု အား ဇွန် ၂၇ ရက် ညနေက ဖြစ်ပွားခဲ့ရာ တာဝန်သိပြည်သူများ၏ သတင်းပေး ပို့ပူးပေါင်း ဆောင်ရွက်မှုကြောင့် အခင်း ဖြစ်ပွားပြီး ၂၃ နာရီအကြာ ပြစ်မှုကျူးလွန်သူ လေးဦးစလုံးကို လုယက်ယူဆောင်သွားသော ငွေ၊ ရတနာကျောက်အနည်းငယ်၊ သက်သေ ခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်း ဆီးနိုင်ခဲ့သည်။
ဇွန် ၂၇ ရက် ညနေ ၆ နာရီခွဲ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက် (၁၁၃)လမ်းတွင် နေထိုင်သူ အထည်ချုပ် လုပ်ငန်း ဦးစီးလုပ်ကိုင်နေသည့် ဦးကရင်ကျော်ငြိမ်း (၈၇)နှစ်အား နေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသဖြင့် အခင်းဖြစ်ပွားရာသို့ ရန်ကုန်အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင်၊ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းဦး နှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး စစ်ဆေးမှုများပြုလုပ်ရာ အခင်းဖြစ် ပွားပြီး ၂၃ နာရီအကြာတွင် ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများမှာ သင်္ဃန်း ကျွန်းမြို့ (က)ရပ်ကွက် တိုးချဲ့(၄)လမ်းနေ ချစ်ထိုက်အောင်(ခ)ဖိုက်ဇဲ (ခ)အဂို (၁၆)နှစ်၊ သင်္ဃန်းကျွန်းမြို့ (ဃ)ရပ်ကွက် နတ်စင်လမ်းနေ မျိုးဝင်း (ခ)အီစမိုင်(ခ)ကြွက်(၁၆)နှစ်၊ သင်္ဃန်း ကျွန်းမြို့ (က)ရပ်ကွက် စကားဝါလမ်းနေ အောင်မျိုးဝေ(၁၇)နှစ်၊ သင်္ဃန်းကျွန်း မြို့နယ် ရန်အောင်ရပ်ကွက် ရန်အေး လမ်းနေ အောင်မျိုးဇော်(ခ)သိုင်း ဆရာ(၂ဝ)နှစ်တို့ လေးဦးဖြစ် သည်။
(တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီး၊ ရေလျှံမှုများ လျော့ကျသွားပြီဖြစ်သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်


 
စစ်တွေ ဇွန် ၂၉
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း မိုး သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၅ ရက်တွင် ချောင်းရေများ အဆက် မပြတ်ဝင်ရောက်လာသဖြင့် မြေနိမ့် ပိုင်း ရပ်ကွက်များ၌ ရေကြီးရေလျှံ မှုများဖြစ်ပွားခဲ့ရာ အံတော်ဘုန်းတော် ကြီးကျောင်း၊ မြို့တော်ဦးဘုန်းတော် ကြီးကျောင်း၊ ဆံတော်တောင်ခြေရှိ ဓမ္မာရုံတို့၌ ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကာ ယင်းကယ်ဆယ်ရေး စခန်းများ၌ အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၂၂၃ ဦးတို့အား ရွှေ့ပြောင်းထားရှိပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့သည်။
ဇွန် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မိုးရွာသွန်းမှုလျော့နည်းသွားပြီး သံတွဲ ချောင်းရေကျဆင်းကာ မြို့ပေါ် ရပ်ကွက်များတွင် ရေကြီး၊ ရေလျှံမှု ကျဆင်းသွားပြီဖြစ်သဖြင့် ဌာနဆိုင်ရာ မှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် ဝန်ထမ်းများနှင့် ဌာန ဆိုင်ရာများစုပေါင်း၍ အမှိုက်သရိုက်၊ ရွှံ့ညွန်နုန်းမြေများရှင်းလင်းခြင်း၊ လေ ပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ် ကိုင်းများ ကျိုးကျမှုများကို ပြန်လည် ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက် လျက်ရှိသည်။
အလားတူ မိုးသည်းထန်စွာ ရွာသွန်း၍ အမ်းချောင်း ရေလျှံတက် မှုကြောင့် အမ်းချောင်းကမ်းနားရှိ လူနေအိမ်များ၊ အမ်းမြို့အနီး လေးမိုင် ခန့်ကွာဝေးသောနေရာရှိ လူနေအိမ် များ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေတွင် မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်သဖြင့် ရေကြီး၊ ရေလျှံမှုကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ရေကြီးမှုများကြောင့် လမ်းပျက်စီးမှုများဖြစ်သည့်အတွက် မြို့တွင်းသွားလာသည့် ယာဉ်များ၊ အဝေးပြေးမော်တော်ယာဉ်များ ဖြတ် သန်းသွားလာ၍မရသေးကြောင်းနှင့် အမ်းမြို့နယ်အတွင်း မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီး၊ အမ်း-မင်းဘူး မိုင် တိုင်အမှတ်(၆၂/၅) အမ်းတောင် အုပ်စု ပိန်းရေစမ်းကျေးရွာနှင့် ကန်မြင်းကန်ကျေးရွာကြား၌ အလျား ပေ ၁၅ဝ၊ အနံပေ ၂ဝ ခန့် ကားလမ်း မြေပြိုမှုဖြစ်ပွားခဲ့ရာ လမ်းအထူးအဖွဲ့ (၁၆)မှ ပြန်လည်ပြုပြင်ဆောင်ရွက် လျက်ရှိသည်။
အလားတူ တောင်ကုတ်မြို့နယ်တွင် ဇွန် ၂၄ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုရက်ပိုင်း အတွင်း မိုးရွာသွန်းမှုလျော့နည်းသွား ပြီဖြစ်သဖြင့် ရေများပြန်လည်ကျ ဆင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
(ပြည်နယ် ပြန်/ဆက်)

ဗီဒယ်လ်လုပွဲတွင် အာဆင်နယ်က မန်ယူကိုအနိုင်ယူ


 
ချီလီကွင်းလယ်ကစားသမားဗီဒယ်လ်အား ပရီမီယာလိဂ်အင်အားကြီးအသင်းများဖြစ်သည့်အာဆင်နယ်နှင့် မန်ယူ နှစ်သင်းစလုံးက ခေါ်ယူရန်အပြိုင်ချိတ်ဆက်ကမ်းလှမ်းနေသော်လည်း ကစားသမားကိုယ်တိုင်က အာဆင်နယ်သို့ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်ဟု ချီလီမှလာသော သတင်းများ၌ဖော်ပြသည်။ ချီလီအသင်းနှင့်အတူ ကိုပါအမေရိကဖလား ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဗီဒယ်လ်သည် ဂျူဗင်တပ်မှထွက်ခွာကာ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေးပေါင်၂၁ သန်းဖြင့်သွားရောက် ကစားရန် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်ဟု ချီလီသတင်းစာလာစတန်ပါ၌ ဖော်ပြသည်။
ချီလီအသင်းခေါင်းဆောင် ဗီဒယ်လ်နှင့် အာဆင်နယ်တောင်ပံတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်တို့ကြား နီးကပ်သည့်ဆက်ဆံရေးက ဗီဒယ်လ်အနေဖြင့် အာဆင်နယ်ကိုသာ ရွေးချယ်စေခဲ့သည့် အဓိကအကြောင်းအရင်းဖြစ်လာခဲ့သည်။
''ဗီဒယ်လ်နဲ့ ကျွန်တော့်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ပြောစရာ မလိုအောင်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးသားပါ။ သူက ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ချဉ်းကပ်ကစားတတ်တဲ့သူဖြစ်ပါတယ်။ ဒါကြောင့်သူက ဘယ်မှာပဲ ကစားကစား အောင်မြင်အောင် လုပ်ဆောင်နိုင်တာချည်းဖြစ်ပါတယ်'' ဟု ဆန်းချက်ဇ်က ဗီဒယ်နှင့် ပတ်သက်၍ သူ၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိတွင်ဗီဒယ်လ်သည် ကိုပါအမေရိကပြိုင်ပွဲကာလအတွင်း အရက် သေစာသောက်စား၍ ယာဉ်မတော်တဆဖြစ်ခဲ့မှုကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရသူလည်းဖြစ်သည်။အသက်(၂၉)နှစ်အရွယ်ရှိဗီဒယ်လ်ကို ဂျူဗင်တပ် က လက်လွှတ်မခံလိုသော်လည်း ကစားသမားကိုယ်တိုင်က စိန်ခေါ်မှုအသစ်များ ကို အလိုရှိသောကြောင့် အီတလီပြင်ပကလပ်များသို့ ပြောင်းရွှေ့ချင်သည်ဟု ဘောလုံးရာသီမကုန်ဆုံးမီကပင် အတိအလင်းပြောကြားခဲ့ပြီးဖြစ်သည်။
[မေလဲ့သင်း]

ကိုလံဘီယာ တိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ် ပေါ်တိုမှ အက်သလက်တီကိုမက်ဒရစ်သို့ ပြောင်းရွှေ့


 
ပေါ်တိုအသင်းမှ ကိုလံဘီယာတိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်သည် စပိန်လာလီဂါကလပ် အက်သလက် တီကိုမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။
အာဆင်နယ်အသင်းသည် ပေါ်တိုတိုက်စစ်မှူး မာတီနက်ဇ်အား ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ သော်လည်း ဂျက်ဆင်မာတီနက်ဇ်အနေဖြင့် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိဘဲ အက်သလက်တီကိုမက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားရန်ဆန္ဒရှိကြောင်း ကိုလံဘီယာအသင်းက အာဂျင်တီးနားအသင်းအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
အသက်(၂၈)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်သည် ၂ဝ၁၂ ခုနှစ်အတွင်းက ပေါ်တိုအသင်း သို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပေါ်တိုအသင်းတွင် ပွဲပေါင်း ၉ဝ အထိ ပါဝင်ကစားပေးထားကာ သွင်းဂိုး ၆၇ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည်။
နည်းပြ ဆီမြူနီ၏ အက်သလက်တီကိုမက်ဒရစ်အသင်းသည် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်အား အီတလီ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းသို့ ရောင်းချခဲ့ပြီးနောက် အဆိုပါတိုက်စစ်မှူး မန်ဇူကစ်နေရာတွင် အစားထိုးရန် ပေါ်တိုတိုက်စစ်မှူး မာတီနက်ဇ်အား ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဂျူဗင်တပ်အသင်းသည်လည်း အာဂျင်တီနားကလပ် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့သွားခဲ့ သည့် တိုက်စစ်မှူး ကားလို့စ်တိဗက်ဇ်နေရာတွင် အစားထိုးရန်အတွက် တိုက်စစ်မှူး မန်ဇူကစ်အား အီတလီမြေ အရောက်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
[ငွေကြယ်]

နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခုထက်အောင်မြင်မှုရရှိရန် ပံ့ပိုးကူညီမှုများလိုအပ်


 
သတင်း-ရန်နိုင်၊ ဓာတ်ပုံ-စိုးညွန့်
(၂၈)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ မြန်မာအားကစား အဖွဲ့များမှာ မျှော်မှန်းထားသည့် ရွှေဆုအရေအတွက် မရရှိခဲ့သော်လည်း အားကစားအဖွဲ့အများစုမှာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည်။
(၂၈)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ တွင် မြန်မာအားကစားအဖွဲ့များမှာ ရွှေ၁၂ခု၊ ငွေ၂၆ခု၊ ကြေး၃၁ခု ဆွတ်ခူး ရရှိကာ နိုင်ငံအလိုက်အဆင့်ခုနစ် နေရာရရှိခဲ့သည်။ မြန်မာအားကစား အဖွဲ့အတွက် ရွှေဆုများကို ခြင်းလုံး၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ ဂျူဒို နှင့် ဘိလိယက်အားကစားနည်းတို့မှ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲ တွင် မြန်မာအားကစားအဖွဲ့မှာ ရွှေဆု အရနည်းခဲ့သော်လည်း မြန်မာ့ရိုးရာ အားကစားနည်း စစ်စစ်ဖြစ်သည့် ခြင်းလုံးအားကစားနည်းမှ ရွှေနှစ်ခု စလုံးရယူနိုင်ခဲ့သည်မှာ ဂုဏ်ယူစရာ ကောင်းလှသည်။ ခြင်းလုံးပြိုင်ပွဲကို ပိုက်ကျော်ခြင်း အားကစားနည်းနှင့် အတူ ကျင်းပခဲ့ခြင်းဖြစ်ပြီး ခြင်းလုံး ပြိင်ပွဲ၌ ပြိုင်ပွဲအမျိုးအစားလေးမျိုးကျင်းပသော်လည်း တစ်နိုင်ငံလျှင် နှစ်မျိုးသာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ် သည်။ မြန်မာခြင်းလုံးအသင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် ပြိုင်ပွဲ နှစ်မျိုးစလုံးတွင် ရွှေနှစ်ခုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရိုးရာ အားကစားနည်း ဖြစ်သော်လည်း ပြိုင်ဘက်နိုင်ငံများ၏ တိုးတက်လာမှု ကြောင့် မြန်မာခြင်းလုံးအသင်းမှာ အမှားအယွင်းမရှိ ခတ်ကစားနိုင်ခဲ့မှု ကြောင့်သာ ယခုလို ရွှေတံဆိပ်များ ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ၂ဝ၁၃ခုနှစ် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် အတူ စတင်ပေါက်ဖွားလာသည့် ခြင်းလုံးအားကစားနည်းမှာ ဆီးဂိမ်း ပြိုင်ပွဲတွင် ပုံမှန်ပါဝင်လာမည့် အားကစားနည်းတစ်ခု ဖြစ်လာဖွယ်ရှိ နေသည်။
ခြင်းလုံးပြိုင်ပွဲနှင့်အတူ ကျင်းပခဲ့ သည့်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ အသင်းမှာ ရွှေတစ်ခု၊ ငွေသုံးခု ရရှိခဲ့ သည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲမှ ရွှေဆု ကို အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲ တွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ငွေဆုများ ကို အမျိုးသားနှစ်ယောက်တွဲအသင်း လိုက်ပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲများ၌ ရယူနိုင်ခဲ့ခြင်းဖြစ် သည်။ မြန်မာအသင်းသည် ခြင်းလုံး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများမှ ရွှေသုံးခု၊ ငွေသုံးခုအထိ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
စင်ကာပူဆီးဂိမ်းပြိုင်ပွဲကြီးက ပြီးဆုံး သွားခဲ့ပြီဖြစ်သည်။ အောင်မြင်မှုရရှိ ခဲ့သော အားကစားအဖွဲ့များရော အောင်မြင်မှုမရရှိခဲ့သည့် အားကစား အဖွဲ့များပါ ရှေ့ဆက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ဆက်လက်ပြင်ဆင်ပြီး ယခုထက် အောင်မြင်မှုရရှိရန် သက်ဆိုင်ရာအဖွဲ့ ချုပ်အလိုက် ကြိုးပမ်းကြရမည်ဖြစ် သလို နိုင်ငံတော်အနေဖြင့်လည်း အားကစားနည်းအလိုက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ပိုမိုဆောင်ရွက်ပေး ရမည် ဖြစ်ပါကြောင်း။

မလေးရှားဝန်ကြီးချုပ်နာဂျစ် ကိုယ်တွင်းအင်္ဂါလှူဒါန်းမည်ဟုဆို


 
ကွာလာလမ်ပူ ဇွန် ၂၉
မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ကိုယ်တွင်းအင်္ဂါများ လှူဒါန်းရန် အခိုင်အမာကတိကဝတ် ပြုလိုက်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနူးဟီဇမ်အဗ္ဗဒူလာ၏ ပြောကြားချက်အရ သိရသည်။
မလေးရှားဝန်ကြီးချုပ်ကို စံနမူနာယူကာ အခြားအစိုးရ တာဝန်ရှိသူအချို့ကလည်း၎င်းတို့၏ကိုယ်တွင်းအင်္ဂါများ အား လှူဒါန်းမည်ဟု ကတိပြုခဲ့ကြောင်း ၄င်းကပြောကြား သည်။
ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုကိုထောက်ခံမှုပေးခဲ့သည့် အစိုးရတာဝန်ရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနက ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး အများစုသော မလေးရှားနိုင်ငံသားများအနေဖြင့်လည်း ကိုယ်တွင်းအင်္ဂါ အစားထိုးကုသရန် လိုအပ်ချက်အတွက် ကုသိုလ်ဖြစ် လှူဒါန်းမှုများ ပြုလုပ်ကြလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
မလေးရှားဝန်ကြီးချုပ်၏ လုပ်ဆောင်မှုသည် လတ်တလောတွင် ကိုယ်တွင်းအင်္ဂါများ အစားထိုးကုသရန် စောင့်ဆိုင်းနေသည့် လူနာဦးရေ ၁၉ဝဝဝ တို့အတွက် မျှော်လင့်ချက်များကို ဆောင်ယူလာကြောင်းသတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ။

စစ်ရေးလေ့ကျင့်မည့် အမေရိကန်စစ်သင်္ဘော ဂျော်ဂျီယာနိုင်ငံ ဆိပ်ကမ်းမြို့သို့ရောက်ရှိ


 
ဘာတူမီ(ဂျော်ဂျီယာ) ဇွန် ၂၉
အမေရိကန် စစ်သင်္ဘာတစ်စင်း သည် ဂျော်ဂျီယာနိုင်ငံ၏ပင်လယ် နက်ဆိပ်ကမ်းမြို့ ဘာတူမီသို့ စစ်ရေး လေ့ကျင့်ရန်အတွက်တနင်္ဂနွေနေ့တွင် ရောက်ရှိလာကြောင်း အမေရိကန် သံရုံးက ယနေ့ပြောကြားသည်။
ယူကရိန်းနိုင်ငံ၌ ပြဿနာဖြစ်ပွား နေစဉ်တွင် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)၏ ရည်ရွယ် ချက်များကို ထောက်ခံကြောင်း ဝါရှင်တန်က အချက်ပြခြင်းဖြစ်သည် ဟု ဆိုသည်။
အမေရိကန်အမှတ် (၆) ရေတပ်မှ ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထား သည့် ဖျက်သင်္ဘာယူအက်စ်အက်စ် လာဘွန်းသည် ပြုလုပ်မြဲအတိုင်း ဂျော်ဂျီယာကမ်းခြေစောင့်တပ်ဖွဲ့နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မည်ဖြစ်ကြောင်း တီဘီလီစီမြို့ရှိ အမေရိကန်သံရုံးက ပြောသည်။
ယင်းကဲ့သို့ ဆိပ်ကမ်းသို့ ရောက်ရှိ လာခြင်းသည် ဂျော်ဂျီယာနိုင်ငံကဲ့သို့ သော မိတ်ဆွေများ၊ နေတိုးမဟာမိတ် များနှင့် ခိုင်မာသောဆက်ဆံရေး ဖြစ်စေရမည်ဟူသော အမေရိကန် ပြည်ထောင်စု၏ အာမခံချက်ကို ထပ်မံ အတည်ပြုပေးခြင်းဖြစ် ကြောင်း၊ ပင်လယ်နက်ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးတိုးတက် လိုသောရည်မှန်းချက်ကို အကောင် အထည်ဖော်ခြင်းဖြစ်ကြောင်း သံရုံး၏ ကြေညာချက်တွင် ဖော်ပြသည်။
မော်စကိုက ကိယဗ်၏ခရိုင်းမီးယား ကိုသိမ်းယူလိုက်ခြင်းနှင့် ယူကရိန်း ခွဲထွက်ရေးသူပုန်များအား ထောက်ခံ ခြင်းတို့သည် ၂ဝဝ၈ ခုနှစ်၌ ရုရှားနှင့် ကာလတို စစ်ပွဲတစ်ပွဲတိုက်ခဲ့သည့် ဂျော်ဂျီယာကို သတိပေးလိုက်ခြင်းဖြစ် သည်။
ဂျော်ဂျီ
ယာကနေတိုးနှင့် ဥရောပ သမဂ္ဂတို့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက် ရန်ကြိုးပမ်းမှုသည် ရုရှားနိုင်ငံအား ဒေါသထွက်စေခဲ့သည်။ နေတိုးက ယခင် ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့သော နိုင်ငံများနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ရုရှားက ခါးခါးသီးသီးဆန့်ကျင်သည်။
ရိုက်တာ။

Space-X အာကာသဒုံးပျံယာဉ်ပစ်လွှတ်ပြီး နှစ်မိနစ်အကြာတွင် ပေါက်ကွဲ


 
ကိပ်ကနေဗာရယ် (ဖလော်ရီဒါ) ဇွန် ၂၉
လူလိုက်ပါခြင်းမရှိသည့် Space-X အာကာသဒုံးပျံ ယာဉ်သည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မှ ဇွန် ၂၈ရက်တွင် ပစ်လွှတ်ခဲ့ပြီး နှစ်မိနစ်ခန့်အကြာတွင် ပေါက်ကွဲသွားရာ နိုင်ငံတကာ အာကာသစခန်းယာဉ် အတွက် ကုန်ပစ္စည်းများတင်ပို့ရန် အသုံးပြုသော ယင်းဒုံးပျံယာဉ်ပျက်စီးခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက သတင်းထုတ်ပြန်သည်။
၂ဝ၈ ပေ အရှည်ရှိ ဖယ်လ်ကွန်-၉ အမျိုးအစားဒုံးပျံ ယာဉ်သည် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း အာကာသခရီးစဉ် ၁၈ ကြိမ်ပျံသန်းခဲ့ပြီး ခရီးစဉ်များအားလုံးမှာ အောင်မြင် ခဲ့သည်။
အာကာသစူးစမ်းလေ့လာရေးနည်းပညာ ကော်ပို ရေးရှင်း (Space-X) သည် အာကာသ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်လုပ်ငန်းကို လုပ်ကိုင်နေပြီး အမေ ရိကန် အာကာသအေဂျင်စီ(နာဆာ)နှင့် ရရှိထားသော ကန်ထရိုက်စာချုပ်အရ နိုင်ငံတကာအာကာသစခန်း ယာဉ်သို့ ကုန်ပစ္စည်းများတင်ပို့ပေးရန် ခရီးစဉ်ခြောက်ကြိမ် ပျံသန်းခဲ့ပြီးဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကိပ်ကနေဗာရယ် လေတပ်စခန်းမှ စတင်ပျံတက်ခဲ့ပြီး နောက်နှစ်မိနစ်ခန့်အကြာတွင် ပေါက်ကွဲခဲ့သည်။ နိုင်ငံတကာအာကာသစခန်းယာဉ်အတွက် ထောက်ပံ့ရေး ပစ္စည်းပေးပို့နိုင်ရန် စေလွှတ်သည့်ခရီးစဉ်နှစ်ကြိမ်ဆက်တိုက် ပျက်ပြားခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ ပရိုဂရက်စ် ကုန်တင်အာကာသယာဉ်တစ်စင်းသည် ဧပြီလက ဆိုယုဇ် ဒုံးပျံယာဉ်မတော်တဆမှုကြောင့် ခရီးစဉ်ပျက်ပြားခဲ့ရ ကြောင်း နာဆာအဖွဲ့တွဲဖက် အုပ်ချုပ်ရေးမှူး ဆီလ်ဂါ စတန်မိုင်ယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
ဇွန် ၂၈ရက်က ဒုံးပျံယာဉ်မတော်တဆမှုဖြစ်စေသော အကြောင်းတရားကို အတိအကျမသိရသေးကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ရိုက်တာ။

ကန့်ဘလူမြို့နယ် မူးမြစ်ကူးတံတား(ကာဘိုး) ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်


 
ကန့်ဘလူ ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ် ကာဘိုးကျေးရွာတွင် ဇွန် ၂၈ ရက်က မူးမြစ်ကူးတံတား(ကာဘိုး)အား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည် ဆောက်ရေးအဖွဲ့(၃)က သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် အရှိန်အဟုန်မြှင့် စက်ယန္တရားကြီးများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။
အဆိုပါတံတားသည် အရှည်ပေ ၁၂၆ဝ ရှိ သံကူကွန်ကရစ်တံတား ဖြစ်ပြီး ဇွန် ၁၇ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး တက်ရောက်၍ ပန္နက်တင်ပေးခဲ့ ကြောင်း သိရသည်။
ယင်းတံတားသည် ကန့်ဘလူ မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့ကို ဆက်သွယ်ပေါင်းကူးပေးမည့် မြို့နယ် ချင်းဆက်တံတားဖြစ်ပြီး ဒေသခံ များ၏ လမ်းပန်းဆက်သွယ်ရေး၊ သွားလာမှု လွယ်ကူစေရေးနှင့် ဒေသတွင်းထွက်ကုန်များ ပို့ဆောင် ရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးအခန်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)

သေနတ်ပစ်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်


 
ရန်ကုန် ဇွန် ၂၉
ISSF World Cup Changwon 2015 ပြိုင်ပွဲနှင့် 28th SEA Games ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အောင်ပွဲရ သေနတ်ပစ်အားကစား သမားများအား မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်မှ ထပ်ဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဇွန် ၂၆ ရက်က နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့သည်။
ISSF World Cup Changwon 2015 ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ငွေ တံဆိပ်ဆုရရှိသော အားကစားသမား ရဲထွန်းနောင်အား မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၅ဝကို အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက လည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ် ငါးသိန်းအား အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ 28th SEA Games ပြိုင်ပွဲမီတာ ၅ဝ ဝမ်းလျားမှောက်ပြိုင်ပွဲတွင် အသင်း လိုက်ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် လင်းအောင်၊ ကောင်းထိုက်နှင့် ဝေယံ မင်းသူတို့အား မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်မှ ဂုဏ်ပြုဆု ချီးမြှင့်ငွေကျပ်သိန်း ၅ဝ ကို ရန်ကုန် တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့် အားကစားဝန်ကြီး ဦးသန်းမြင့်က လည်းကောင်း၊ မီတာ ၅ဝ စိတ်ကြိုက် ပစ္စတိုပြိုင်ပွဲတွင် အသင်းလိုက် ကြေးတံဆိပ်ဆု ရရှိခဲ့ကြသည့် ရဲထွန်းနောင်၊ နေထက်အောင်၊ ကျော်စွာဝင်းတို့ကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ် မှ ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ်သိန်း ၅ဝ ကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထက်ညီ ကလည်းကောင်း၊ အုပ်ချုပ်/နည်းပြ များအတွက် မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၃ဝ ကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခွန်သီဟကိုကိုတို့က လည်းကောင်း ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် မြန်မာနိုင်ငံသေနတ်ပစ်အားကစား အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က ချီးမြှင့်ငွေကျပ်သိန်း ၂၈ဝ နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက ချီးမြှင့်ငွေကျပ် ငါးသိန်း စုစုပေါင်း ငွေကျပ် ၂၈၅ သိန်းဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း သိရသည်။
(ခင်မောင်ဝင်း)

ဓမ္မသုခကန်ဦးစေတီတော်ကြီး(မိတ္ထီလာမြောက်ကန်တော်ကြီး) တည်ထားကိုးကွယ်မည့် မြေနေရာကို မြေသန့်စင်ခြင်းမင်္ဂလာပြုလုပ်


 
မိတ္ထီလာ ဇွန် ၂၉
ဓမ္မသုခကန်ဦးစေတီတော်ကြီး(မိတ္ထီလာမြောက် ကန်တော်ကြီး)တည်ထားကိုးကွယ်မည့် မြေနေရာကို မြေသန့်စင်ခြင်း မင်္ဂလာပြုလုပ်သည့်အခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၇ နာရီ မိနစ် ၂ဝ က မိတ္ထီလာမြောက်ကန် အတွင်း ကန်ပတ်လမ်းအနီးကန်ဦးထိပ်၌ ပြုလုပ်ခဲ့ သည်။
ဓမ္မသုခကန်ဦးစေတီတော် တည်ထားကိုးကွယ်ရန် အတွက် မိတ္ထီလာမြောက်ကန်အတွင်းကန်ပတ်လမ်းအနီး ကန်ဦးထပ်၌ နိုင်ငံတော်သြဝါဒါစရိယဘဒ္ဒန္တလာဘာဝတ နှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနနှင့် ဆရာတော်ကြီးများက မြေသန့်စင်ရန် ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။ ထိုသို့ မြေသန့်စင်ခြင်းအခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေး၊ ဦးစောဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ တက်ရောက် ခဲ့ကြသည်။
အဆိုပါရွှေစည်းခုံပုံတူ ဓမ္မသုခကန်ဦးစေတီတော် ကြီး၏ အဓိပ္ပာယ်မှာ (၁)ဓမ္မ=သဒ္ဒါ-သီလ-သုတ-စာဂ-ပညာ-ဟီရိ-သြတ္တပ္ပ(တစ်နည်း) မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တရားတော်၊ (၂) သုခ=ချမ်းသာရကြောင်း စေတီတော်၊ (၃) ကန်= သမိုင်းဝင် မိတ္ထီလာမြောက် ကန်တော်ကြီး၊ (၄) ဦး = ဦးထိပ်၊ အပြင်၊ အထွတ်၊ အမြတ်၊ (၅) စေတီ= လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ အားထားမှီခို ကိုးကွယ်ရာဘွဲ့တော်နှင့်အညီ ဥာဏ်တော်အမြင့် ပေ ၄ဝ၊ အကျယ် ၃၇ ပေရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

ပြည်သူ့လွှတ်တော်အစည်းအဝေး



ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကြမ်းနှင့်ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကြမ်း အတည်ပြုချက်ရယူ
 

 

နေပြည်တော် ဇွန် ၂၉

ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး(၇ဝ) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဂွမဲဆန္ဒနယ် မှ ဦးကြည်သာ၏ မြန်မာနိုင်ငံရှိ THE BURMA COMPAN-IES ACT ၁၉၁၄ ခုနှစ်နှင့် ၁၉၅ဝ ပြည့်နှစ် အထူးအက်ဥပဒေများသည် လီမိတက်ကုမ္ပဏီများအတွက် အဓိက ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ရာ ယခု နိုင်ငံတော်မှ မှတ်ပုံတင်ခွင့်ပြုထား သည့် အများပိုင်ကုမ္ပဏီ၊ ကော်ပို ရေးရှင်းနှင့် ဟိုးလ်ဒင်းများကို မည့် သည့်ဥပဒေနှင့် ထိန်းသိမ်းကွပ်ကဲမှု ပလုပ်နေသည်နှင့် ယင်းကဲ့သို့ကုမ္ပဏီ များ အရေအတွက် မည်မျှရှိသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ အက် ဥပဒေပုဒ်မ ၅ တွင် တာဝန်ကန့်သတ် ၍ဖြစ်စေ၊ မကန့်သတ်ဘဲဖြစ်စေ ဥပဒေနှင့်အညီ ကုမ္ပဏီများကို ဖွဲ့စည်းမှတ်ပုံတင်နိုင်ကြောင်းကို ပြဋ္ဌာန်း ထားပါကြောင်း။
၁၉၅ဝ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေနိဒါန်းတွင် ''မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေရှိ အချို့သော ပြဋ္ဌာန်းချက်များနှင့် အကြောင်းအား လျော်စွာ လိုအပ်လျှင် မသက်ဆိုင် သော ကုမ္ပဏီမျိုးဖွဲ့စည်းရန် ရည်ရွယ် သည်တစ်ကြောင်း၊ ထိုကုမ္ပဏီကို ဖွဲ့စည်းရန်ကိစ္စနှင့် အခြားကိစ္စများ အတွက် ပြဋ္ဌာန်းရန်လိုအပ်သည် လည်း တစ်ကြောင်း၊ ထိုအကြောင်း ကြောင်းများကြောင့် ၁၉၅ဝ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်''ဟု ဖော်ပြပါရှိပြီး ဖြစ်ပါကြောင်း။
အဆိုပါ ဥပဒေများသည် လီမိတက် ကုမ္ပဏီများအတွက်သာ အဓိကပြဋ္ဌာန်းထားသည့် ဥပဒေ မဟုတ်ပါကြောင်းနှင့် အများနှင့် မသက်ဆိုင်သောကုမ္ပဏီ၊ အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ ကော်ပို ရေးရှင်းနှင့် ဦးပိုင်ကုမ္ပဏီများအားလုံး မှတ်ပုံတင်နိုင်ပါကြောင်း။
၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မေလကုန်အထိ ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၄၉ဝ၇၄ ခုရှိပြီး မြန်မာကုမ္ပဏီ အဖြစ် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ (Private Company Ltd)၄၄၄၉၈ ခု၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (Public Company Ltd) ၁၉၉ခု၊ နိုင်ငံခြားကုမ္ပဏီ ၄၂၉၉ခု နှင့် ဖက်စပ်ကုမ္ပဏီ ၇၈ ခုတို့ ရှိပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ခန္တီးမဲဆန္ဒနယ်မှ ဦးလှထွန်းက ခန္တီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး ကျောက်စိမ်းလုပ်ကွက်များတွင် မည် သည့်ကုမ္ပဏီများမှ လုပ်ကိုင်ခဲ့သည်၊ လုပ်ကွက် တစ်ခုချင်းမှ ကျောက်စိမ်း မည်မျှစီရသည်ကို ရာဖြတ်အဖွဲ့၏ မှတ်တမ်းနှင့်တကွ သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် က မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၁၄(က)အရ သတ္တုတွင်း ဝန်ကြီးဌာနသည် ခန္တီးရတနာ နယ်မြေတွင် ကျောက်စိမ်းဖော်ထုတ် လုပ်ကွက်(အသစ်)များ လျှောက် ထားနိုင်ကြောင်းကို ကြေညာချက် (၇ /၂ဝဝ၈)ဖြင့် ခေါ်ယူခဲ့ပါကြောင်း။
သို့ရာတွင် လုပ်ကိုင်ခွင့်ချထား ပေးသော လုပ်ကွက် ၂၈ဝ အနက် ၆ဝ မှာ အဆိုပြုငွေပေးသွင်းခြင်း မရှိသည့်အတွက် ၎င်းလုပ်ကွက် ၆ဝ ကို ပြန်လည်ပယ်ဖျက်ခဲ့ရသဖြင့် နောက်ဆုံးခွင့်ပြုမိန့် ထုတ်ပေးသည့် လုပ်ကွက်အရေအတွက် စုစုပေါင်းမှာ ၂၂ဝ သာ ကျန်ရှိပါကြောင်း။
¤င်းလုပ်ကွက် ၂၂ဝ အနက် ချင်းတွင်းမြစ်နှင့် (၂)မိုင်မှ (၅)မိုင် ဝေးကွာသော ညောင်တစ်လျှောက် မှော် (နောင်းလီမှော်)နှင့် နတ်မှော် (ချောင်းသုံးခွမှော်)တို့တွင် လုပ်ကွက် ၄၅ ကွက်ရှိပါကြောင်း၊ ချင်းတွင်း မြစ်ဘေးတွင် တည်ရှိသော ညောင်တစ်လျှောက်မှော်နှင့် လင်းဖာ မှော်တို့တွင် လုပ်ကွက် ၁၇၅ ကွက် ရှိကြောင်း။
ကုမ္ပဏီများအနေဖြင့် ရတနာ နယ်မြေအတွင်းရှိ ချင်းတွင်းမြစ်ဘေး ပေ ၅ဝဝ ဝေးကွာသော နေရာမှစ၍ ဘူမိဗေဒဖြစ်တည်မှု သဘောတရား အရ ရေဆောင်သိုက်နေရာအဖြစ် ခန့်မှန်း၍ ကျောက်စိမ်းထုတ်လုပ် နိုင်မည်ဟုယူဆပြီး ဖော်ထုတ် လုပ်ကွက်များအဖြစ် လျှောက်ထား တူးဖော်ခဲ့ကြသော်လည်း ချင်းတွင်း မြစ်ဘေးတွင် ရေဆောင်သိုက် ကျောက်စိမ်းများ စုဖွဲ့မှုမရှိသည်ကို တူးဖော်ခဲ့သည့်အခါမှသာ သိရှိခဲ့ ပါကြောင်း။
သို့ဖြစ်ပါ၍ ကုမ္ပဏီများအနေဖြင့် စတင်တူးဖော်ချိန်မှ ယာယီရပ်ဆိုင်း ချိန်အထိ ကျောက်စိမ်းရိုင်းထုတ်လုပ် နိုင်မှုမရှိသေးကြောင်း တွေ့ရှိရပြီး ကျောက်စိမ်းရိုင်း ထုတ်လုပ်နိုင်မှု မရှိသေးသဖြင့် တွင်းဝရတနာခွန်ပေး ဆောင်မှု မရှိသေးပါကြောင်းနှင့် ကျောက်စိမ်း ထုတ်လုပ်မှုမရှိသေး သည့်အတွက် ရာဖြတ်အဖွဲ့၏ မှတ် တမ်းများလည်း ဖော်ပြရန်မရှိပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ၍ပေးပို့သော ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်း ရေးဥပဒေကြမ်းနှင့် ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက် ရယူ ခဲ့သည်။
ထို့ပြင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်တင်သွင်းသည့် ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင် ချက်အဆိုအား တစ်ပုဒ်ချင်းစီအလိုက် လွှတ်တော်၏အတည်ပြုချက် ရယူ သည်။
အမျိုးသားလွှတ်တော်က ပြင် ဆင်ချက်ဖြင့် အတည်ပြုပေးပို့သော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းကို လက်ခံရရှိ ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ သည်။

 
(သတင်းစဉ်)

အမျိုးသားလွှတ်တော်အစည်းအဝေး



နေ့စားဝန်ထမ်းများအား အမြဲတမ်းခန့်ထားရာတွင် ဖွဲ့စည်းပုံလစ်လပ်မှုအရ ခန့်ထားခြင်းဖြစ်



Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၉

ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၆၅)ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ဆက်လက်ကျင်းပရာ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထွန်းအုံ၏ ''နေ့စား လျှပ်စစ်ဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေး ရန် အစီအစဉ် ရှိ/မရှိ '' မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး က နေ့စားဝန်ထမ်းမှ အမြဲတမ်း ဝန်ထမ်းအဖြစ်သို့ ခန့်ထားရေးကို တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများအလိုက် မြို့နယ်/ မြို့/ မြို့နယ်ခွဲ လျှပ်စစ်အင်ဂျင်နီယာ ရုံးများတွင် ဝင်ပေါက်ရာထူး စာရင်း ကိုင်(၄)နှင့် ဒု-လက်ထောက်ကြီးကြပ် ရေးမှူး (မီတာ)နေရာလစ်လပ်မှု ရှိလာသည့်အခါမှသာ ပြည်နယ်/ တိုင်းဒေသကြီးများအလိုက် နေ့စား တန်းစီဇယား မြင့်/နိမ့်အပေါ် မူတည် ၍ အမြဲတမ်းဝန်ထမ်းအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်နိုင်မှု ရှိ/မရှိ ဆန္ဒပြုချက်များရယူပြီး ဝန်ကြီးဌာန ၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက် တောင်းခံ၍ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးလျက်ရှိပါကြောင်း။
နေ့စားဝန်ထမ်းများအား အမြဲ တမ်းခန့်ထားရာတွင် ဖွဲ့စည်းပုံ လစ်လပ်မှုအရ ခန့်ထားခြင်းဖြစ်ပါ ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ နေ့စားဝန်ထမ်းများအား အမြဲတမ်း ခန့်ထားရာတွင် မွန်ပြည်နယ်အတွင်း ဝင်ပေါက်ရာထူး နေရာလစ်လပ်မှု အပေါ်မူတည်၍ နေ့စားလုပ်သက် မြင့်/နိမ့် တန်းစီဇယားအရ ခန့်ထား ခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်း ဖွဲ့စည်းပုံလစ်လပ်မှုမရှိပါက အခြား တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဖွဲ့စည်းပုံ လစ်လပ်နေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်နိုင် မှုအခြေအနေရှိပါက ဆန္ဒတောင်းခံ ၍ ခန့်ထားရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ လွှတ်တော် ကိုယ်စားလှယ် ဦးနု၏ ''ပြုပြင် ပြောင်းလဲပြဋ္ဌာန်းတော့မည့် အခြေခံ ပညာကဏ္ဍ သင်ရိုးညွှန်းတမ်းတွင် အခြေခံစိုက်ပျိုးရေးပညာ ဘာသာရပ် ကို အဆင့်အသီးသီးတွင် ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အလေးထား ဆောင်ရွက်နေမှုအခြေအနေကို သိရှိ လိုခြင်း''နှင့် စပ်လျဉ်းသည့် မေးခွန်း အား ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက လက်ရှိ အကောင်အထည် ဖော်နေသော မူလတန်းအဆင့်သင်ရိုးတွင် အခြေခံ စိုက်ပျိုးရေး ဘာသာရပ်သည် အဓိကဘာသာရပ်မဟုတ်ဘဲ တွဲဖက် သင်ရိုးဘာသာရပ်သာ ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမည့် သင်ရိုးညွှန်း တမ်းတွင် မူလတန်းအဆင့်၊ အလယ် တန်းအဆင့်နှင့် အထက်တန်းအဆင့် တို့၌ အခြေခံစိုက်ပျိုးရေးပညာကို ဒေသလိုအပ်ချက်နှင့်အညီ အနည်း ဆုံးတစ်ပတ်လျှင်တစ်ချိန် သတ်မှတ် ၍သင်ယူမည်ဟုစီစဉ်ပါက လက်တွေ့ တွင် အကောင်အထည်ဖော်နိုင်ခြေ ရှိပါကြောင်း၊ ထိုသို့ပြုလုပ်လျှင် လည်း စိုက်ပျိုးရေးဆိုင်ရာ အခြေခံ ကျွမ်းကျင်မှု (Soft Skill) ရရှိရန် သင်ချိန်လုံလောက်သည်ဟု ယူဆပါ ကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည်နှင့်အညီ လက်ရှိ ပြင်ဆင်အတည်ပြုရန် ဆွေးနွေးနေ သည့် အမျိုးသားပညာရေးဥပဒေတွင် ကဏ္ဍအလိုက်ကျွမ်းကျင် လုပ်သား များကို မွေးထုတ်ပေးမည့် နည်းပညာ နှင့် သက်မွေးပညာရေးသင်တန်း (Technical and Vocational Education and Training-TVET) ကို အလေးပေးထားကြောင်း တွေ့ရှိ ရမည် ဖြစ်ပါကြောင်း၊ မူလတန်း အဆင့် ပြီးမြောက်သူများအတွက် စိုက်ပျိုးရေးပညာ ကျွမ်းကျင်လုပ်သား များကို မွေးထုတ်သည့် သက်မွေး ပညာသင်တန်းများ၊ အလယ်တန်း အဆင့်ပြီးမြောက်သူများ တက် ရောက်ရန် ပို၍ကျွမ်းကျင်မှု Level အဆင့်မြင့်သည့် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ၊ အထက်တန်းအဆင့် ပြီးမြောက်သူ များ တက်ရောက်နိုင် မည့် စိုက်ပျိုးရေးသိပ္ပံ၊ ဒီပလိုမာ သင်တန်းများကို ဒေသလိုအပ်ချက်၊ စိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်နှင့် အညီ မွေးထုတ်ပေးမည့် (TVET) သင်တန်းများကို ဖွင့်လှစ်ပို့ချပေးရန် ရှိမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ် တော်က အတည်ပြုပြီး ပေးပို့ထား သော ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်က ''ပုဒ်မ (၃၄)ပုဒ်မခွဲ(က)တွင် ပါဝင်သည့် လူဦးရေ သိပ်သည်းများပြားသည့် ဒေသများတွင် စီးပွားရေးအရ ထုတ် လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း များအတွက် ဈေးပြိုင်စနစ် ကျင့်သုံး ခြင်း''ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း ၍ဆွေးနွေးသည်။

(သတင်းစဉ်)

ပွင့်လင်းမြင်သာမှုရှိသည့်ရွေးကောက်ပွဲဖြစ်ရေး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများနှင့်ပြည်သူတစ်ရပ်လုံးပါဝင်ရန်အရေးကြီး



 Myanmaalinn's photo.


နေပြည်တော် ဇွန် ၂၉

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၂၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသ ကြီး ချောင်းဦးမြို့ရှိ အနော်ရထာ ခန်းမ၌ ဒေသခံပြည်သူများကို တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြား သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မြန်မာနိုင်ငံ၌ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံအဖြစ် ရည်မှန်းချက် ထား ဆောင်ရွက်ရာတွင် လွှတ်တော် သက်တမ်း ငါးနှစ်အတွင်း ရောက်ရှိ ပြီဖြစ်ပါကြောင်း။
လာမည့် နိုဝင်ဘာလဆန်း၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း တည် ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါ ကြောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် လိုအပ် သကဲ့သို့ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက် ပွဲဖြစ်ရေးအတွက် အစိုးရ၊ လွှတ်တော် နှင့် ရွေးကောက်ပွဲကော်မရှင်တို့ က ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံရေးပါတီ အသီးသီး မှ ကိုယ်စားလှယ်လောင်းများ အပါ အဝင် ပြည်သူတစ်ရပ်လုံးက ပါဝင် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ချောင်းဦးမြို့နယ်အတွင်း ရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ကြသည့် စီမံခန့်ခွဲ ရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေးကော်မတီများ အပါအဝင် ပါတီကိုယ်စားလှယ် လောင်းများ၊ လုံခြုံရေးတာဝန်ယူကြ မည့်သူများ၊ ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့်အညီ သက်ဆိုင် သူများက ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ မြို့မိ မြို့ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ တက် ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။
တွေ့ဆုံပွဲတွင် ချောင်းဦးမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောလှထွန်းက မြို့နယ် ပညာရေးကဏ္ဍအတွက် ထောက်ပံ့ ငွေကျပ်ငါးသိန်းကို ပေးအပ်လှူဒါန်း သည်။
အလားတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ဇွန်၂၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး မြောင်မြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထီးလှိုင်ရှင်ခန်းမ၌ လည်းကောင်း၊ မြင်းမူမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ရွှေပြည်သစ်ခန်းမ၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌လည်းကောင်း ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ အမှာစကား ပြော ကြားသည်။ ထို့နောက် တက်ရောက် လာကြသည့် မြို့နယ်ကော်မတီများမှ တာဝန်ရှိသူများနှင့် ဒေသခံများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြချက်များ အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေး၍ တာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့သည် တံတားဦးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။

(သတင်းစဉ်)

မိမိတို့ဒေသအတွက်သာမက နိုင်ငံကောင်းကျိုးလုပ်ဆောင်နိုင်မည့်သူများကို မှန်ကန်စွာရွေးချယ်




Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၉


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၂၈ ရက် နံနက်ပိုင်း က မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံBanquest Hall၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်း များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေကြ သည့် အဖွဲ့အစည်းများနှင့်တွေ့ရှိရသဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ကောင်းနိုးဖွယ်ရာများကို ဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအချိန်၌ ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေး အလေးအနက်ထားဆောင်ရွက်နေချိန်ဖြစ်ပါကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အနှစ်သာရအဖြစ် မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကိုအခြေခံရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်က ဦးတည်ချက် သုံးရပ် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ¤င်းတို့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့်လျော်ညီစွာ ပိုမိုတည်ဆောက်နိုင် သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊ တိုင်းရင်းသားမျိုးနွယ်စုများ အကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက် နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးပင် ဖြစ်ပါကြောင်း၊ မပြင်သင့်သေးသည်ကို ပြင်မိလျှင် ဦးတည်ချက်သုံးရပ်ကို ထိခိုက်နိုင်သကဲ့သို့ ပြင်သင့်တာ မပြင်မိလျှင် လည်း ဦးတည်ချက်သုံးရပ်ကို ထိခိုက်နိုင်ကြောင်း။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ (က)ကို မဲခွဲဆုံးဖြတ်ဆောင်ရွက်ရာတွင် ပုဒ်မခွဲ ၁ ခုသာ ၇၅ ရာခိုင်နှုန်းကျော်ပြီး ကျန် ပုဒ်မ၊ ပုဒ်မခွဲ ၅ ခုမှာ ၇၅ ရာခိုင်နှုန်း မကျော်လွန်သဖြင့် ပြင်ဆင်၍မရပါကြောင်း။
ပုဒ်မ ၄၃၆ (ခ)ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ရန် ရှိပါကြောင်း၊ တိုင်းရင်းသားအများစုတောင်းဆိုနေကြသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှအခွင့်အရေးနှင့် ဗဟို ဦးစီးချုပ်ကိုင်မှု လျှော့ချရေးအတွက် လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးရေး၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်သာလျှင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေး၊ တရားရေးအဖွဲ့အစည်းများအား လွတ်လပ် စွာ၊ တရားမျှတစွာ တရားစီရင်နိုင်သောအခြေအနေများသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေသော ကိုယ်စားလှယ်များ ပြန်လည်ရုပ်သိမ်းခြင်းကိစ္စရပ်များနှင့် ရှေ့နောက်ဆက်စပ် လျော်ညီမှုမရှိသည့်ကိစ္စရပ်များ ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
လာမည့်နိုဝင်ဘာလဆန်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကာလများ တွင် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ လူထုလူတန်းစားအသီးသီးနှင့် နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ် များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတို့ဒေသ အတွက်သာမက နိုင်ငံကောင်းကျိုးလုပ်ဆောင်နိုင်မည့်သူများကို မှန်ကန်စွာ ရွေးချယ်နိုင်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း များအနေဖြင့်လည်း လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား သည့် ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိခိုက် လိုအပ် ချက်များကိုတင်ပြပေးရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာ ကြသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။
ယင်းနောက်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်က ပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်အောင်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦးတို့က မြို့နယ်ဆွမ်းလောင်းအသင်းနှင့် လူမှုကူညီရေးအသင်းတို့အတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းစီပေးအပ်လှူဒါန်း ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

(သတင်းစဉ်)

ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန် ကုန်သွယ်မှုကဏ္ဍနှင့်နယ်စပ်ဒေသများမှတစ်ဆင့် ကုန်သွယ်နိုင်ရေးသည် အရေးပါ




Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့နံနက် ၈ နာရီတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ရောက်ရှိပြီး ဝန်ကြီးရုံးအတွင်း ခင်းကျင်းပြသထားသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ အမယ်စုံပြခန်း၊ လယ်ယာထွက်ကုန်တန်ဖိုးမြင့် ကုန်ချောပစ္စည်းပြခန်း၊ ပုလဲသွယ်(၃)မျိုးစေ့ပြခန်းနှင့် သက်တမ်းရက် ၂ဝ အတွင်း စိုက်ပျိုးရန်အသင့် ဖြစ်နေသည့် ပုလဲသွယ်စပ်မျိုး စပါးပျိုးခင်းနမူနာပုံစံများအား ကြည့်ရှုစစ်ဆေး သည်။ထို့နောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို အဆိုပါဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ‘ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားရာတွင် တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ဦးဆောင်အဖွဲ့ဝင် များ၊ လုပ်ငန်းအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် အဓိကအားဖြင့် ဥပဒေပါပြဋ္ဌာန်းထားသည့် အရင်း အနှီးရရှိရေးအတွက် တောင်သူလယ် သမားများအား သင့်တင့်သောချေးငွေ နှင့်အကူအညီပေး၍ အထောက် အကူပြုရန်၊ ထုတ်လုပ်မှုတိုးတက်ရေး အတွက် တောင်သူလယ်သမားများ အား နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူအဆင်ပြေစွာ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ လယ်ယာထုတ် ကုန်များရောင်းချရာတွင် သင့်တင့် မျှတသည့် ဈေးနှုန်းနှင့်ဈေးကွက် ရရှိရေးတို့အတွက် တောင်သူလယ် သမားများကို ကူညီဆောင်ရွက်ရန်၊ လုပ်ကွက်ငယ်တောင်သူလယ်သမား များ၏ အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်၊ သဘာဝ ဘေးအန္တရာယ်တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာ မှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြု ပံ့ပိုးရန် စသည့် ရည်မှန်းချက် လုပ်ငန်းစဉ်(၅)ရပ်ကို ထိထိရောက် ရောက် ကဏ္ဍအလိုက် လက်တွေ့ အကောင်အထည်ဖော်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ အဓိကစားသုံးသီးနှံ ဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုကို မထိခိုက်စေဘဲ မိမိတို့လယ်ယာမြေ ပေါ်တွင် မိမိတို့ကြိုက်နှစ်သက်သည့် သီးနှံကို လွတ်လပ်စွာ ရွေးချယ် စိုက်ပျိုးခွင့်၊ သင့်တင့်သော စိုက်ပျိုး စရိတ်ချေးငွေများ ချေးယူခွင့်၊ လယ်ယာထုတ်ကုန်များကို လွတ်လပ် စွာ သယ်ယူခွင့်နှင့် ရောင်းချခွင့်၊ လယ်ယာထုတ်ကုန်များကို အာမခံ ထားရှိခွင့်နှင့် တည်ဆဲဥပဒေများနှင့် အညီ တောင်သူလယ်သမားအသင်း အဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်စသည့် အခွင့် အရေးများရရှိစေရန် ဦးဆောင်အဖွဲ့ မှ ညှိနှိုင်းကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
ထို့ပြင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက် ရန် ဥပဒေနှင့်အညီ ဆက်စပ်ဆောင် ရွက်ပေးခြင်း၊ တောင်သူလယ်သမား များလိုအပ်သည့် သွင်းအားစုများ ရရှိစေရေးနှင့် မြေယာနှင့်သက်ဆိုင် သော တည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့် ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ် သည့်ကောက်ပဲသီးနှံများ သင့်တင့် မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက် ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု မရှိသော တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ် ပေါ်စေရန် ကာကွယ်ပေးခြင်းနှင့် လယ်ယာလုပ်သားများ၏ ရထိုက် သောအခွင့်အရေးများကို အပြည့်အဝ ရရှိစေရန် ကူညီဆောင်ရွက်ပေးခြင်း စသည့် တောင်သူလယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဦးဆောင်အဖွဲ့မှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
တစ်ဖက်မှလည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ရေကြီး ခြင်း၊ မိုးခေါင်ခြင်းဖြစ်စဉ်များကို ခန့်မှန်းတွက်ဆ၍ တောင်သူ လယ်သမားများ၏ လယ်ယာလုပ်ငန်း များ၊ မွေးမြူရေး လုပ်ငန်းများအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာ၊ ပိုးမွှား ရောဂါဆိုင်ရာနှင့် အခြားသက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားများထံသို့ အလျင်အမြန်ရောက်ရှိစေရန် မီဒီယာ များမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကွင်းဆင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ ပံ့ပိုးကူညီဆောင်ရွက် ခြင်းကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ များမှ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန် လိုအပ်မှာဖြစ်ပါကြောင်း။
ယခု ၂ဝ၁၅ ခုနှစ် စိုက်ပျိုးရာသီ တွင် အယ်နီညိုရာသီဥတု၏ အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင် သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါကြောင်း၊ ထိုအခြေ အနေများကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နိုင်ပါကြောင်း၊ စိုက်ပျိုးရေ သိုလှောင်မှုဖြင့် မိုးဦးရာသီ စိုက်သီးနှံ များအောင် ရေရရှိမှုနှင့် ဆောင်းရာသီ သီးနှံများ အစိုဓာတ်လုံလောက်မှုရရှိ စေရန်အစီအမံများ ချမှတ်ဆောင် ရွက်ရန်ဖြစ်ပြီး အမျိုးသားရေသိုလှောင် ရေးလှုပ်ရှားမှု (National Water Harvesting Campaign –NWHC) တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါး ကုန်သွယ်မှုအခန်းကဏ္ဍဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသများမှတစ်ဆင့် စနစ် တကျကုန်သွယ်နိုင်ရေးသည် အလွန် အရေးပါပါကြောင်း၊ ဆန်စပါးအပြင် အခြားလယ်ယာပို့ကုန်များဖြစ်သော ပဲ၊ ပြောင်း၊ နှမ်းနှင့် သီးနှံအမယ် များအား နယ်စပ်ဒေသမှ တင်ပို့ရာ တွင် သိုလှောင်ရုံအပါအဝင် အခြေခံ အဆောက်အအုံများ စနစ်တကျ ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားရန် အထူးလိုအပ်လျက်ရှိနေပါကြောင်း။
သို့ဖြစ်၍ ဆိုင်ရာဝန်ကြီးဌာနများ ဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့သည် ပုဂ္ဂလိက-အစိုးရ (Private-Public Partnership)၊ အစီအစဉ်ဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြည့်စုံ ကောင်းမွန်သည့် ကုန်သွယ်ရေးဇုန် ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအုန်းသန်းတို့က ပြဋ္ဌာန်းထားပြီးဖြစ်သော တောင်သူ လယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက် များအား အနှစ်ချုပ် ရှင်းလင်းတင်ပြမှု နှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်အဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ တို့က လယ်ယာထွက်ကုန်ပစ္စည်းများ အာမခံချက်ရရှိရေးနှင့် သယ်ယူ ပို့ဆောင်ရေးကိစ္စရပ်များ၊ ဈေးကွက် ရရှိရေးနှင့် နည်းပညာကူညီပံ့ပိုးမှု ရရှိရေးကိစ္စရပ်များ၊ လယ်ယာ ထွက်ကုန်များအား တန်ဖိုးမြင့်ထုတ် ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များ၊ တောင်သူလယ်သမား များ၏လက်ဝယ်သို့ ကူညီထောက်ပံ့မှု များအပြည့်အဝရောက်ရှိရေး ကိစ္စ ရပ်များ၊ သွင်းအားစုဆိုင်ရာများနှင့် လယ်ယာမြေ ပြန်လည်ဖော်ထုတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ တွက်ခြေကိုက် သည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင် ရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိ စိုက်ပျိုးနိုင်ရေးကိစ္စရပ်များနှင့် စပ် လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ လုပ်ငန်း အဖွဲ့များအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများပေါ် ဒုတိယ သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေး ပြီး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အန်ကောဝပ် ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှုလေ့လာ




Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၉

ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည် ရေးခရီးသွားရောက်ခဲ့သော ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ သည် ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ က Siem Reap မြို့ရှိ အန်ကောဝပ်ယဉ်ကျေးမှု နယ်မြေသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ယဉ်ကျေးမှု နယ်မြေအတွင်းရှိ Angkor Wat Temple၊ Taprom Templeနှင့်Bayon Temple တို့၏ နောက်ခံ သမိုင်းကြောင်း၊ ဘုရားကျောင်း ဆောက်လုပ်မှု အခြေအနေ၊ လက်ရှိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရေရှည်တည်တံ့ ရေး ထိန်းသိမ်းမှု အခြေအနေများ အား ရှင်းလင်းပြသကြသည်။
ထိုမှတစ်ဆင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် Makong-Genga Textile Museum အား လှည့်လည်ကြည့်ရှု ကြသည်။ Angkor Wat Temple သည် ခရစ်နှစ် ၁၁၁၂ ခုနှစ်နှင့် ၁၁၅ဝ ကြား ဘုရင် Suryavarman II က Siem Reap မြို့အနီး အာရှတိုက်၌ အကြီးဆုံးရေကန်ဖြစ်သည့် Tonle Sap ကန်၏မြောက်ဘက် ကမ်းခြေ တွင် ကမ္ဘာ့အံ့ဖွယ်ရာ အကောင်းဆုံး ဗိသုကာလက်ရာများဖြင့် တည် ဆောက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ ပုဂံနှင့် ခေတ်ပြိုင်ဖြစ်သည်။ Angkor ဧရိယာသည် အရှေ့နှင့် အနောက် ၁၅ မိုင် တောင်နှင့်မြောက် ၅ မိုင် ကျယ်ဝန်းပြီး အဓိက စေတီပုထိုး ပေါင်း ၇၂ ဆူရှိကာ အရပ်လေးမျက်နှာ တွင် မိုင်ဝက်ခန့်ရှည်သော တံတိုင်း ဖြင့် ကာရံထားသည်။
ဘုရားကျောင်းအား ကျုံးဖြင့် ဝန်းရံထားပြီး အရှည်မီတာ ၂၅ဝ၊ ၁၂ မီတာရှိသော လျှောက်လမ်းအား ကျောက်တုံးများဖြင့် တည်ဆောက် ထားကာ ဘုရားကျောင်းသည် ၆၅ မီတာမြင့်၍ ကြီးမားသော ထုထည် ရှိသည်။
Angkor Wat ကို တည်ဆောက် သော သဲကျောက်တုံးများအား ကီလိုမီတာ ၅ဝ အထက် ဝေးကွာ သော နေရာမှ ထုတ်လုပ်ပြီး Siem Reap မြစ်အတိုင်း ဖောင်များဖြင့် သယ်ယူခဲ့ကြောင်း၊ ထောင်ပေါင်း များစွာသော လူများ၏ လုပ်အားဖြင့် ၁၃ နှစ်ခန့်ကြာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကမ္ဘောဒီးယား အစိုးရသည် ၁၉၉၅ ခုနှစ်တွင်Angkor Wat နှင့် Siem Reap ဒေသကာကွယ်ရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (APS- ARA) အား စတင်ဖွဲ့စည်း၍ ၄င်းယဉ်ကျေးမှု နယ်မြေရှိ ရုပ်တုပေါင်း ရှစ်သောင်း ကျော်ကို ကာကွယ်ထိန်းသိမ်း ဆောင် ရွက်ခဲ့ကြောင်းသိရှိရသည်။

(မြဝတီ)

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ကိစ္စရပ်များ ဆွေးနွေး




Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၉


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့ နံနက် ၁ဝ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် H.E.Mr.Sun Guoxiang နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံဆက်ဆံရေးတွင် ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန် ကိစ္စရပ်များ၊ လော်ခီးလာ ဒေသ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးကြသည်။

(မြဝတီ)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Mini Naadam ပွဲတော် ကြည့်ရှုအားပေး




Myanmaalinn's photo.
Myanmaalinn's photo.

အူလန်ဘာတာ ဇွန် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် မွန်ဂိုလီးယားသမ္မတ မစ္စတာ အယ်လ် ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်နှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် Chinggisyn Khuree ၌ကျင်းပသည့် Mini Naadam ပွဲတော်ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ပထမဦးစွာ ယဉ်ကျေးမှုအဖွဲ့များက ဖျော်ဖြေတင်ဆက်ကြပြီးနောက် နပန်းပွဲ၊ မြားပစ်ပြိုင်ပွဲနှင့် မြင်းပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ Mini Naadam ပွဲတော်သည် မွန်ဂိုလီးယားနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကပင် ကျင်းပခဲ့ခြင်းဖြစ်ကာ နပန်းပွဲများ၊ မြင်းပြိုင်ပွဲနှင့် မြားပစ်ပြိုင်ပွဲများကို အဓိကအသားပေးထည့်သွင်း ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် အဆိုပါပွဲတော်ကို သမိုင်းဝင်အထင်ကရရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုအဖြစ် ယူနက်စကိုက မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မွန်ဂိုလီးယားသမ္မတတို့က မြားပစ်ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား မွန်ဂိုလီးယားသမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်က Ikh tenger complex ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


(သတင်းစဉ်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယားလွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်တို့နှင့်တွေ့ဆုံဆွေးနွေး



Myanmaalinn's photo.
Myanmaalinn's photo.

အူလန်ဘာတာ ဇွန် ၂၉ 

မွန်ဂိုလီးယားနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် မွန်ဂိုလီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mr. Z. ENKHBOLD တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅ဝ တွင် အူလန်ဘာတာမြို့ရှိ State Palace ၌ တွေ့ဆုံကြသည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် State Palace ၌ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်နှင့် မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Chimed Saikhanbileg တို့ တွေ့ဆုံဆွေးနွေးကြသည်။ မ

(သတင်းစဉ်)

အိုင်အက်စ်များက ဗြိတိန်ကိုအကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်လျက်ရှိကြောင်း ကင်မရွန်းသတိပေး




Myanmaalinn's photo.

လန်ဒန် ဇွန် ၂၉

အီရတ်နှင့်ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများသည် ဗြိတိန်ကို ဆန့်ကျင်တိုက်ခိုက်ရန် အတွက် အတိအကျအစီအစဉ်ဆွဲခဲ့ခြင်းဖြစ်ပြီး ¤င်းတို့သည် အနောက်နိုင်ငံများကို ဦးတည်ချက် ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက တနင်္လာနေ့တွင် သတိပေး ပြောကြားခဲ့သည်။
အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်ရန်အတွက် အီရတ်နှင့်ဆီးရီးယားရှိ လူများသည် ဗြိတိန်နှင့်အခြားနိုင်ငံများအပေါ် အကြမ်းဖက်လုပ်ရပ်များ ပြုမူဆောင်ရွက်ရန် ကြံစည်လျက်ရှိ ကြောင်းကို ကင်မရွန်းကဘီဘီစီ အသံလွှင့်ဌာနသို့ပြောကြားသည်။၂ဝဝ၅ ခုနှစ်က လန်ဒန်ရှိ မြေအောက်ရထား ဗုံးခွဲခံရမှုသည် နိုင်ငံသားများအတွက် အဆိုးဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ဗြိတိသျှရဲများက ဖော်ပြခဲ့ကြပြီး သောကြာနေ့က အိုင်အက်စ်သေနတ်သမားတစ်ဦး၏ တိုက်ခိုက် မှုကြောင့် ဗြိတိသျှခရီးသွား သုံးဆယ်သေဆုံးခဲ့ရကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

(ရိုက်တာ)

အာကာသစခန်းသို့ ထောက်ပံ့ရေး Space X ဒုံးပျံ ဖလော်ရီဒါ၌ လွှတ်တင်ပြီးနောက် ပေါက်ကွဲမှုဖြစ်




Myanmaalinn's photo.

ဝါရှင်တန် ဇွန် ၂၉


လူလိုက်ပါခြင်းမရှိသော Space X ဒုံးပျံတစ်စင်း ယမန်နေ့က ဖလော် ရီဒါတွင် လွှတ်တင်ပြီးနောက် နှစ်မိနစ် ခန့်အကြာ၌ ပေါက်ကွဲမှုဖြစ်ပွားရာ နိုင်ငံ တကာ အာကာသစခန်းအတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် စီစဉ်ထားသော အာကာသယာဉ် တစ်စင်း ပျက်စီးသွားခဲ့သည်။
၂ဝ၈ ပေ (၆၃ မီတာ) အမြင့် ရှိသော အဆိုပါ Falcon 9 အမျိုး အစားဒုံးကျည်သည် ၂ဝ၁ဝ ပြည့်နှစ် ကတည်းမှစ၍ (၁၈)ကြိမ် အောင်မြင် စွာ ပျံသန်းခဲ့ပြီးဖြစ်သည်။ နာဆာ၏ အာကာသစခန်း ခြောက်ခုအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
သမုဒ္ဒရာမျက်နှာပြင်ပေါ်၌ ဒုံးပျံ ဆင်းသက်ရန် နေရာစမ်းသပ်ပြု လုပ်မှုတစ်ခုမှာမအောင်မြင်ဘဲ ယခင် က နှစ်ကြိမ်ကြိုးစားပြုလုပ်ခဲ့ကြောင်း နည်းပညာကုမ္ပဏီတစ်ခုမှ သိရသည်။
တနင်္ဂနွေနေ့က ဖြစ်ပွားသော အဆိုပါမတော်တဆမှုမှာ ဒုံးကျည် သည် ကာနာဗီရာလေတပ်စခန်းမှ အာကာသစခန်းသို့ ဒုတိယအကြိမ် ထောက်ပံ့ရေးပစ္စည်း ပေးပို့ရန် အတွက် ဆင်းသက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှု အကြောင်းရင်းကို မသိရသေးကြောင်း သက်ဆိုင်ရာက ပြောသည်။ ''ဒါဟာ ကျွန်တော်တို့ အတွက် ထိုးနှက်ချက်တစ်ခုပဲ။ ဒီ ပျံသန်းမှုအတွက် သုတေသနပြုထား တဲ့ ပစ္စည်းကိရိယာတွေ အတော် များများကို ဆုံးရှုံးခဲ့ပါတယ်'' ဟု သတင်းစာရှင်းလင်းပွဲတွင် နာဆာ လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့မှ ဘီ(လ်)ဂါစတန်မေယာက ပြောသည်။
အာကာသစူးစမ်း လေ့လာရေး နည်းပညာ (သို့မဟုတ်) Space X အတွက် ယခုဖြစ်ရပ်သည် နည်းပညာ ဆုတ်ဆိုင်းမှု တစ်ခုပင်ဖြစ်သည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွက် စုံစမ်း စစ်ဆေးမှုကို အချိန်တစ်နှစ်ထက် မနည်း လပေါင်းအတော်ကြာအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း Space X အကြီးအကဲ ဂွီနီရှော့ဝဲလ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ကနဦးစစ်ဆေးမှုအရ ဒုံးပျံ ထိပ်ပိုင်းရှိ အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုကို တွေ့ရကြောင်း မက်(စ်)က ၎င်း၏ တွစ်တာစာမျက် နှာတွင် ဖော်ပြထားသည်။

(ရိုက်တာ)

အမေရိကန်တွင် အသေးစားလေယာဉ်ပျင်ကျ၊ သုံးဦးသေဆုံး




Myanmaalinn's photo.
နယူးယောက် ဇွန် ၂၉


အသေးစားလေယာဉ်တစ်စင်း ပျက် ကျပြီး အိမ်တစ်လုံးကိုတိုက်မိရာ၊ လေယာဉ် ပေါ်ပါသူ သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံ များက မီးလောင်ကျွမ်းသွားသည့် အိမ် အပျက်အစီးများကို ရှင်းလင်းဆဲဖြစ် ကြောင်း ရဲဌာနက ပြောသည်။
The Beechcraft BE 36 အမျိုး အစားလေယာဉ်မှာ ပြီးခဲ့သောနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပျက်ကျခဲ့ပြီး အိမ်ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လေ ကြောင်း စီမံခန့်ခွဲရေးအဖွဲ့ချုပ်မှ ဂျင်ပီ တာက ပြောသည်။ အဆိုပါလေယာဉ်သည် ပင်နီဆူဗန်နီးယားလေဆိပ်မှ ထွက်ခွာ လာပြီး မန်ဆာချူးဆက်ပြည်နယ်ရှိ နော်ဝု(ဒ်) လေဆိပ်တွင် ဆင်းသက်မည် ဖြစ်သည်။
ဘော့စတွန် အနောက်တောင်ပိုင်း ရှိ ပလိန်းဗေလီအရပ်၌ ပျက်ကျခဲ့ပြီး သုံးနာရီ နီးပါးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးသတ်သမားများက ငြိမ်းသတ်ခဲ့ရ ကြောင်း မန်ဆာချူးဆက်ပြည်နယ် ရဲဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေ့(ဗ်)ပရို ကို ပီရိုကပြောသည်။ ဒေသခံများကထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လေယာဉ် ပေါ်ပါသူ သုံးဦးမှာ သေဆုံးနေနှင့်ပြီး ဖြစ်ကြောင်း ၄င်းကပြောသည်။
လေယာဉ်မှာဝင်းအတွင်းရှိ အမြင့် ပိုင်းနေရာ၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်နောက်ပိုင်းရှိ တောင်ပံမှာ လောင်ကျွမ်းသွားကာ နှစ်ထပ်အိမ် အဆောက်အအုံကို တိုက်မိခဲ့ခြင်းဖြစ် သည်။ အိမ်နီးချင်းများက ၄င်းတို့၏ အိမ်များအပေါ်တွင်လည်း လေယာဉ် ပျံသန်းပုံမှာ တစ်ခုခုချွတ်ယွင်းနေ သည့် အသံဖြစ်ကြောင်းကို သတိထား မိကြောင်း ပြောသည်။
အင်ဂျင်ပေါက်ကွဲသည့် အသံကို ကြားရပြီး မီးခိုးများကို မြင်တွေ့ရ ကြောင်း လေယာဉ်ပျက်ကျစဉ် အပြင် ဘက်တွင်ရှိနေသော မိုက်ဘရောင်းက သည်ဆန်းသတင်းစာသို့ ပြောသည်။

(ပီတီအိုင်)