Tuesday, June 30, 2015

ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန် ကုန်သွယ်မှုကဏ္ဍနှင့်နယ်စပ်ဒေသများမှတစ်ဆင့် ကုန်သွယ်နိုင်ရေးသည် အရေးပါ




Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့နံနက် ၈ နာရီတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ရောက်ရှိပြီး ဝန်ကြီးရုံးအတွင်း ခင်းကျင်းပြသထားသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ အမယ်စုံပြခန်း၊ လယ်ယာထွက်ကုန်တန်ဖိုးမြင့် ကုန်ချောပစ္စည်းပြခန်း၊ ပုလဲသွယ်(၃)မျိုးစေ့ပြခန်းနှင့် သက်တမ်းရက် ၂ဝ အတွင်း စိုက်ပျိုးရန်အသင့် ဖြစ်နေသည့် ပုလဲသွယ်စပ်မျိုး စပါးပျိုးခင်းနမူနာပုံစံများအား ကြည့်ရှုစစ်ဆေး သည်။ထို့နောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို အဆိုပါဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ‘ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားရာတွင် တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ဦးဆောင်အဖွဲ့ဝင် များ၊ လုပ်ငန်းအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် အဓိကအားဖြင့် ဥပဒေပါပြဋ္ဌာန်းထားသည့် အရင်း အနှီးရရှိရေးအတွက် တောင်သူလယ် သမားများအား သင့်တင့်သောချေးငွေ နှင့်အကူအညီပေး၍ အထောက် အကူပြုရန်၊ ထုတ်လုပ်မှုတိုးတက်ရေး အတွက် တောင်သူလယ်သမားများ အား နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူအဆင်ပြေစွာ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ လယ်ယာထုတ် ကုန်များရောင်းချရာတွင် သင့်တင့် မျှတသည့် ဈေးနှုန်းနှင့်ဈေးကွက် ရရှိရေးတို့အတွက် တောင်သူလယ် သမားများကို ကူညီဆောင်ရွက်ရန်၊ လုပ်ကွက်ငယ်တောင်သူလယ်သမား များ၏ အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်၊ သဘာဝ ဘေးအန္တရာယ်တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာ မှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြု ပံ့ပိုးရန် စသည့် ရည်မှန်းချက် လုပ်ငန်းစဉ်(၅)ရပ်ကို ထိထိရောက် ရောက် ကဏ္ဍအလိုက် လက်တွေ့ အကောင်အထည်ဖော်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ အဓိကစားသုံးသီးနှံ ဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုကို မထိခိုက်စေဘဲ မိမိတို့လယ်ယာမြေ ပေါ်တွင် မိမိတို့ကြိုက်နှစ်သက်သည့် သီးနှံကို လွတ်လပ်စွာ ရွေးချယ် စိုက်ပျိုးခွင့်၊ သင့်တင့်သော စိုက်ပျိုး စရိတ်ချေးငွေများ ချေးယူခွင့်၊ လယ်ယာထုတ်ကုန်များကို လွတ်လပ် စွာ သယ်ယူခွင့်နှင့် ရောင်းချခွင့်၊ လယ်ယာထုတ်ကုန်များကို အာမခံ ထားရှိခွင့်နှင့် တည်ဆဲဥပဒေများနှင့် အညီ တောင်သူလယ်သမားအသင်း အဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်စသည့် အခွင့် အရေးများရရှိစေရန် ဦးဆောင်အဖွဲ့ မှ ညှိနှိုင်းကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
ထို့ပြင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက် ရန် ဥပဒေနှင့်အညီ ဆက်စပ်ဆောင် ရွက်ပေးခြင်း၊ တောင်သူလယ်သမား များလိုအပ်သည့် သွင်းအားစုများ ရရှိစေရေးနှင့် မြေယာနှင့်သက်ဆိုင် သော တည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့် ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ် သည့်ကောက်ပဲသီးနှံများ သင့်တင့် မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက် ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု မရှိသော တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ် ပေါ်စေရန် ကာကွယ်ပေးခြင်းနှင့် လယ်ယာလုပ်သားများ၏ ရထိုက် သောအခွင့်အရေးများကို အပြည့်အဝ ရရှိစေရန် ကူညီဆောင်ရွက်ပေးခြင်း စသည့် တောင်သူလယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဦးဆောင်အဖွဲ့မှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
တစ်ဖက်မှလည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ရေကြီး ခြင်း၊ မိုးခေါင်ခြင်းဖြစ်စဉ်များကို ခန့်မှန်းတွက်ဆ၍ တောင်သူ လယ်သမားများ၏ လယ်ယာလုပ်ငန်း များ၊ မွေးမြူရေး လုပ်ငန်းများအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာ၊ ပိုးမွှား ရောဂါဆိုင်ရာနှင့် အခြားသက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားများထံသို့ အလျင်အမြန်ရောက်ရှိစေရန် မီဒီယာ များမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကွင်းဆင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ ပံ့ပိုးကူညီဆောင်ရွက် ခြင်းကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ များမှ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန် လိုအပ်မှာဖြစ်ပါကြောင်း။
ယခု ၂ဝ၁၅ ခုနှစ် စိုက်ပျိုးရာသီ တွင် အယ်နီညိုရာသီဥတု၏ အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင် သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါကြောင်း၊ ထိုအခြေ အနေများကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နိုင်ပါကြောင်း၊ စိုက်ပျိုးရေ သိုလှောင်မှုဖြင့် မိုးဦးရာသီ စိုက်သီးနှံ များအောင် ရေရရှိမှုနှင့် ဆောင်းရာသီ သီးနှံများ အစိုဓာတ်လုံလောက်မှုရရှိ စေရန်အစီအမံများ ချမှတ်ဆောင် ရွက်ရန်ဖြစ်ပြီး အမျိုးသားရေသိုလှောင် ရေးလှုပ်ရှားမှု (National Water Harvesting Campaign –NWHC) တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါး ကုန်သွယ်မှုအခန်းကဏ္ဍဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသများမှတစ်ဆင့် စနစ် တကျကုန်သွယ်နိုင်ရေးသည် အလွန် အရေးပါပါကြောင်း၊ ဆန်စပါးအပြင် အခြားလယ်ယာပို့ကုန်များဖြစ်သော ပဲ၊ ပြောင်း၊ နှမ်းနှင့် သီးနှံအမယ် များအား နယ်စပ်ဒေသမှ တင်ပို့ရာ တွင် သိုလှောင်ရုံအပါအဝင် အခြေခံ အဆောက်အအုံများ စနစ်တကျ ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားရန် အထူးလိုအပ်လျက်ရှိနေပါကြောင်း။
သို့ဖြစ်၍ ဆိုင်ရာဝန်ကြီးဌာနများ ဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့သည် ပုဂ္ဂလိက-အစိုးရ (Private-Public Partnership)၊ အစီအစဉ်ဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြည့်စုံ ကောင်းမွန်သည့် ကုန်သွယ်ရေးဇုန် ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအုန်းသန်းတို့က ပြဋ္ဌာန်းထားပြီးဖြစ်သော တောင်သူ လယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက် များအား အနှစ်ချုပ် ရှင်းလင်းတင်ပြမှု နှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်အဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ တို့က လယ်ယာထွက်ကုန်ပစ္စည်းများ အာမခံချက်ရရှိရေးနှင့် သယ်ယူ ပို့ဆောင်ရေးကိစ္စရပ်များ၊ ဈေးကွက် ရရှိရေးနှင့် နည်းပညာကူညီပံ့ပိုးမှု ရရှိရေးကိစ္စရပ်များ၊ လယ်ယာ ထွက်ကုန်များအား တန်ဖိုးမြင့်ထုတ် ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များ၊ တောင်သူလယ်သမား များ၏လက်ဝယ်သို့ ကူညီထောက်ပံ့မှု များအပြည့်အဝရောက်ရှိရေး ကိစ္စ ရပ်များ၊ သွင်းအားစုဆိုင်ရာများနှင့် လယ်ယာမြေ ပြန်လည်ဖော်ထုတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ တွက်ခြေကိုက် သည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင် ရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိ စိုက်ပျိုးနိုင်ရေးကိစ္စရပ်များနှင့် စပ် လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ လုပ်ငန်း အဖွဲ့များအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများပေါ် ဒုတိယ သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေး ပြီး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)

No comments:

Post a Comment