Tuesday, June 30, 2015

ဗီဒယ်လ်လုပွဲတွင် အာဆင်နယ်က မန်ယူကိုအနိုင်ယူ


 
ချီလီကွင်းလယ်ကစားသမားဗီဒယ်လ်အား ပရီမီယာလိဂ်အင်အားကြီးအသင်းများဖြစ်သည့်အာဆင်နယ်နှင့် မန်ယူ နှစ်သင်းစလုံးက ခေါ်ယူရန်အပြိုင်ချိတ်ဆက်ကမ်းလှမ်းနေသော်လည်း ကစားသမားကိုယ်တိုင်က အာဆင်နယ်သို့ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်ဟု ချီလီမှလာသော သတင်းများ၌ဖော်ပြသည်။ ချီလီအသင်းနှင့်အတူ ကိုပါအမေရိကဖလား ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဗီဒယ်လ်သည် ဂျူဗင်တပ်မှထွက်ခွာကာ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေးပေါင်၂၁ သန်းဖြင့်သွားရောက် ကစားရန် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်ဟု ချီလီသတင်းစာလာစတန်ပါ၌ ဖော်ပြသည်။
ချီလီအသင်းခေါင်းဆောင် ဗီဒယ်လ်နှင့် အာဆင်နယ်တောင်ပံတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်တို့ကြား နီးကပ်သည့်ဆက်ဆံရေးက ဗီဒယ်လ်အနေဖြင့် အာဆင်နယ်ကိုသာ ရွေးချယ်စေခဲ့သည့် အဓိကအကြောင်းအရင်းဖြစ်လာခဲ့သည်။
''ဗီဒယ်လ်နဲ့ ကျွန်တော့်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ပြောစရာ မလိုအောင်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးသားပါ။ သူက ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ချဉ်းကပ်ကစားတတ်တဲ့သူဖြစ်ပါတယ်။ ဒါကြောင့်သူက ဘယ်မှာပဲ ကစားကစား အောင်မြင်အောင် လုပ်ဆောင်နိုင်တာချည်းဖြစ်ပါတယ်'' ဟု ဆန်းချက်ဇ်က ဗီဒယ်နှင့် ပတ်သက်၍ သူ၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိတွင်ဗီဒယ်လ်သည် ကိုပါအမေရိကပြိုင်ပွဲကာလအတွင်း အရက် သေစာသောက်စား၍ ယာဉ်မတော်တဆဖြစ်ခဲ့မှုကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရသူလည်းဖြစ်သည်။အသက်(၂၉)နှစ်အရွယ်ရှိဗီဒယ်လ်ကို ဂျူဗင်တပ် က လက်လွှတ်မခံလိုသော်လည်း ကစားသမားကိုယ်တိုင်က စိန်ခေါ်မှုအသစ်များ ကို အလိုရှိသောကြောင့် အီတလီပြင်ပကလပ်များသို့ ပြောင်းရွှေ့ချင်သည်ဟု ဘောလုံးရာသီမကုန်ဆုံးမီကပင် အတိအလင်းပြောကြားခဲ့ပြီးဖြစ်သည်။
[မေလဲ့သင်း]

No comments:

Post a Comment