Tuesday, June 30, 2015

ဓမ္မသုခကန်ဦးစေတီတော်ကြီး(မိတ္ထီလာမြောက်ကန်တော်ကြီး) တည်ထားကိုးကွယ်မည့် မြေနေရာကို မြေသန့်စင်ခြင်းမင်္ဂလာပြုလုပ်


 
မိတ္ထီလာ ဇွန် ၂၉
ဓမ္မသုခကန်ဦးစေတီတော်ကြီး(မိတ္ထီလာမြောက် ကန်တော်ကြီး)တည်ထားကိုးကွယ်မည့် မြေနေရာကို မြေသန့်စင်ခြင်း မင်္ဂလာပြုလုပ်သည့်အခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၇ နာရီ မိနစ် ၂ဝ က မိတ္ထီလာမြောက်ကန် အတွင်း ကန်ပတ်လမ်းအနီးကန်ဦးထိပ်၌ ပြုလုပ်ခဲ့ သည်။
ဓမ္မသုခကန်ဦးစေတီတော် တည်ထားကိုးကွယ်ရန် အတွက် မိတ္ထီလာမြောက်ကန်အတွင်းကန်ပတ်လမ်းအနီး ကန်ဦးထပ်၌ နိုင်ငံတော်သြဝါဒါစရိယဘဒ္ဒန္တလာဘာဝတ နှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနနှင့် ဆရာတော်ကြီးများက မြေသန့်စင်ရန် ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။ ထိုသို့ မြေသန့်စင်ခြင်းအခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေး၊ ဦးစောဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ တက်ရောက် ခဲ့ကြသည်။
အဆိုပါရွှေစည်းခုံပုံတူ ဓမ္မသုခကန်ဦးစေတီတော် ကြီး၏ အဓိပ္ပာယ်မှာ (၁)ဓမ္မ=သဒ္ဒါ-သီလ-သုတ-စာဂ-ပညာ-ဟီရိ-သြတ္တပ္ပ(တစ်နည်း) မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တရားတော်၊ (၂) သုခ=ချမ်းသာရကြောင်း စေတီတော်၊ (၃) ကန်= သမိုင်းဝင် မိတ္ထီလာမြောက် ကန်တော်ကြီး၊ (၄) ဦး = ဦးထိပ်၊ အပြင်၊ အထွတ်၊ အမြတ်၊ (၅) စေတီ= လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ အားထားမှီခို ကိုးကွယ်ရာဘွဲ့တော်နှင့်အညီ ဥာဏ်တော်အမြင့် ပေ ၄ဝ၊ အကျယ် ၃၇ ပေရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment