Tuesday, June 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Mini Naadam ပွဲတော် ကြည့်ရှုအားပေး




Myanmaalinn's photo.
Myanmaalinn's photo.

အူလန်ဘာတာ ဇွန် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် မွန်ဂိုလီးယားသမ္မတ မစ္စတာ အယ်လ် ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်နှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် Chinggisyn Khuree ၌ကျင်းပသည့် Mini Naadam ပွဲတော်ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ပထမဦးစွာ ယဉ်ကျေးမှုအဖွဲ့များက ဖျော်ဖြေတင်ဆက်ကြပြီးနောက် နပန်းပွဲ၊ မြားပစ်ပြိုင်ပွဲနှင့် မြင်းပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ Mini Naadam ပွဲတော်သည် မွန်ဂိုလီးယားနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကပင် ကျင်းပခဲ့ခြင်းဖြစ်ကာ နပန်းပွဲများ၊ မြင်းပြိုင်ပွဲနှင့် မြားပစ်ပြိုင်ပွဲများကို အဓိကအသားပေးထည့်သွင်း ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် အဆိုပါပွဲတော်ကို သမိုင်းဝင်အထင်ကရရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုအဖြစ် ယူနက်စကိုက မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မွန်ဂိုလီးယားသမ္မတတို့က မြားပစ်ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား မွန်ဂိုလီးယားသမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်က Ikh tenger complex ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


(သတင်းစဉ်)

No comments:

Post a Comment