Tuesday, June 30, 2015

ပစ္စည်းယူလူသတ်မှုကျူးလွန်သူများအား မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့က ၂၃ နာရီအတွင်း ဖမ်းဆီးနိုင်


 
ရန်ကုန် ဇွန် ၂၉
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် တောင်ညွန့်ကြီးရပ်ကွက် တွင် (၈၇)နှစ် အရွယ် အဘိုးအိုတစ်ဦး ထံမှ ပစ္စည်းယူ လူသတ်ခံရမှုတစ်ခု အား ဇွန် ၂၇ ရက် ညနေက ဖြစ်ပွားခဲ့ရာ တာဝန်သိပြည်သူများ၏ သတင်းပေး ပို့ပူးပေါင်း ဆောင်ရွက်မှုကြောင့် အခင်း ဖြစ်ပွားပြီး ၂၃ နာရီအကြာ ပြစ်မှုကျူးလွန်သူ လေးဦးစလုံးကို လုယက်ယူဆောင်သွားသော ငွေ၊ ရတနာကျောက်အနည်းငယ်၊ သက်သေ ခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်း ဆီးနိုင်ခဲ့သည်။
ဇွန် ၂၇ ရက် ညနေ ၆ နာရီခွဲ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက် (၁၁၃)လမ်းတွင် နေထိုင်သူ အထည်ချုပ် လုပ်ငန်း ဦးစီးလုပ်ကိုင်နေသည့် ဦးကရင်ကျော်ငြိမ်း (၈၇)နှစ်အား နေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသဖြင့် အခင်းဖြစ်ပွားရာသို့ ရန်ကုန်အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင်၊ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းဦး နှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး စစ်ဆေးမှုများပြုလုပ်ရာ အခင်းဖြစ် ပွားပြီး ၂၃ နာရီအကြာတွင် ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများမှာ သင်္ဃန်း ကျွန်းမြို့ (က)ရပ်ကွက် တိုးချဲ့(၄)လမ်းနေ ချစ်ထိုက်အောင်(ခ)ဖိုက်ဇဲ (ခ)အဂို (၁၆)နှစ်၊ သင်္ဃန်းကျွန်းမြို့ (ဃ)ရပ်ကွက် နတ်စင်လမ်းနေ မျိုးဝင်း (ခ)အီစမိုင်(ခ)ကြွက်(၁၆)နှစ်၊ သင်္ဃန်း ကျွန်းမြို့ (က)ရပ်ကွက် စကားဝါလမ်းနေ အောင်မျိုးဝေ(၁၇)နှစ်၊ သင်္ဃန်းကျွန်း မြို့နယ် ရန်အောင်ရပ်ကွက် ရန်အေး လမ်းနေ အောင်မျိုးဇော်(ခ)သိုင်း ဆရာ(၂ဝ)နှစ်တို့ လေးဦးဖြစ် သည်။
(တိုင်းဒေသကြီးရဲတပ်ဖွဲ့)

No comments:

Post a Comment