Tuesday, June 30, 2015

ကိုလံဘီယာ တိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ် ပေါ်တိုမှ အက်သလက်တီကိုမက်ဒရစ်သို့ ပြောင်းရွှေ့


 
ပေါ်တိုအသင်းမှ ကိုလံဘီယာတိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်သည် စပိန်လာလီဂါကလပ် အက်သလက် တီကိုမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။
အာဆင်နယ်အသင်းသည် ပေါ်တိုတိုက်စစ်မှူး မာတီနက်ဇ်အား ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ သော်လည်း ဂျက်ဆင်မာတီနက်ဇ်အနေဖြင့် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိဘဲ အက်သလက်တီကိုမက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားရန်ဆန္ဒရှိကြောင်း ကိုလံဘီယာအသင်းက အာဂျင်တီးနားအသင်းအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
အသက်(၂၈)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်သည် ၂ဝ၁၂ ခုနှစ်အတွင်းက ပေါ်တိုအသင်း သို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပေါ်တိုအသင်းတွင် ပွဲပေါင်း ၉ဝ အထိ ပါဝင်ကစားပေးထားကာ သွင်းဂိုး ၆၇ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည်။
နည်းပြ ဆီမြူနီ၏ အက်သလက်တီကိုမက်ဒရစ်အသင်းသည် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်အား အီတလီ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းသို့ ရောင်းချခဲ့ပြီးနောက် အဆိုပါတိုက်စစ်မှူး မန်ဇူကစ်နေရာတွင် အစားထိုးရန် ပေါ်တိုတိုက်စစ်မှူး မာတီနက်ဇ်အား ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဂျူဗင်တပ်အသင်းသည်လည်း အာဂျင်တီနားကလပ် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့သွားခဲ့ သည့် တိုက်စစ်မှူး ကားလို့စ်တိဗက်ဇ်နေရာတွင် အစားထိုးရန်အတွက် တိုက်စစ်မှူး မန်ဇူကစ်အား အီတလီမြေ အရောက်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
[ငွေကြယ်]

No comments:

Post a Comment