Tuesday, June 30, 2015

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အန်ကောဝပ် ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှုလေ့လာ




Myanmaalinn's photo.

နေပြည်တော် ဇွန် ၂၉

ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည် ရေးခရီးသွားရောက်ခဲ့သော ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ သည် ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ က Siem Reap မြို့ရှိ အန်ကောဝပ်ယဉ်ကျေးမှု နယ်မြေသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ယဉ်ကျေးမှု နယ်မြေအတွင်းရှိ Angkor Wat Temple၊ Taprom Templeနှင့်Bayon Temple တို့၏ နောက်ခံ သမိုင်းကြောင်း၊ ဘုရားကျောင်း ဆောက်လုပ်မှု အခြေအနေ၊ လက်ရှိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရေရှည်တည်တံ့ ရေး ထိန်းသိမ်းမှု အခြေအနေများ အား ရှင်းလင်းပြသကြသည်။
ထိုမှတစ်ဆင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် Makong-Genga Textile Museum အား လှည့်လည်ကြည့်ရှု ကြသည်။ Angkor Wat Temple သည် ခရစ်နှစ် ၁၁၁၂ ခုနှစ်နှင့် ၁၁၅ဝ ကြား ဘုရင် Suryavarman II က Siem Reap မြို့အနီး အာရှတိုက်၌ အကြီးဆုံးရေကန်ဖြစ်သည့် Tonle Sap ကန်၏မြောက်ဘက် ကမ်းခြေ တွင် ကမ္ဘာ့အံ့ဖွယ်ရာ အကောင်းဆုံး ဗိသုကာလက်ရာများဖြင့် တည် ဆောက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ ပုဂံနှင့် ခေတ်ပြိုင်ဖြစ်သည်။ Angkor ဧရိယာသည် အရှေ့နှင့် အနောက် ၁၅ မိုင် တောင်နှင့်မြောက် ၅ မိုင် ကျယ်ဝန်းပြီး အဓိက စေတီပုထိုး ပေါင်း ၇၂ ဆူရှိကာ အရပ်လေးမျက်နှာ တွင် မိုင်ဝက်ခန့်ရှည်သော တံတိုင်း ဖြင့် ကာရံထားသည်။
ဘုရားကျောင်းအား ကျုံးဖြင့် ဝန်းရံထားပြီး အရှည်မီတာ ၂၅ဝ၊ ၁၂ မီတာရှိသော လျှောက်လမ်းအား ကျောက်တုံးများဖြင့် တည်ဆောက် ထားကာ ဘုရားကျောင်းသည် ၆၅ မီတာမြင့်၍ ကြီးမားသော ထုထည် ရှိသည်။
Angkor Wat ကို တည်ဆောက် သော သဲကျောက်တုံးများအား ကီလိုမီတာ ၅ဝ အထက် ဝေးကွာ သော နေရာမှ ထုတ်လုပ်ပြီး Siem Reap မြစ်အတိုင်း ဖောင်များဖြင့် သယ်ယူခဲ့ကြောင်း၊ ထောင်ပေါင်း များစွာသော လူများ၏ လုပ်အားဖြင့် ၁၃ နှစ်ခန့်ကြာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကမ္ဘောဒီးယား အစိုးရသည် ၁၉၉၅ ခုနှစ်တွင်Angkor Wat နှင့် Siem Reap ဒေသကာကွယ်ရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (APS- ARA) အား စတင်ဖွဲ့စည်း၍ ၄င်းယဉ်ကျေးမှု နယ်မြေရှိ ရုပ်တုပေါင်း ရှစ်သောင်း ကျော်ကို ကာကွယ်ထိန်းသိမ်း ဆောင် ရွက်ခဲ့ကြောင်းသိရှိရသည်။

(မြဝတီ)

No comments:

Post a Comment