Tuesday, June 30, 2015

မလေးရှားဝန်ကြီးချုပ်နာဂျစ် ကိုယ်တွင်းအင်္ဂါလှူဒါန်းမည်ဟုဆို


 
ကွာလာလမ်ပူ ဇွန် ၂၉
မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ကိုယ်တွင်းအင်္ဂါများ လှူဒါန်းရန် အခိုင်အမာကတိကဝတ် ပြုလိုက်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနူးဟီဇမ်အဗ္ဗဒူလာ၏ ပြောကြားချက်အရ သိရသည်။
မလေးရှားဝန်ကြီးချုပ်ကို စံနမူနာယူကာ အခြားအစိုးရ တာဝန်ရှိသူအချို့ကလည်း၎င်းတို့၏ကိုယ်တွင်းအင်္ဂါများ အား လှူဒါန်းမည်ဟု ကတိပြုခဲ့ကြောင်း ၄င်းကပြောကြား သည်။
ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုကိုထောက်ခံမှုပေးခဲ့သည့် အစိုးရတာဝန်ရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနက ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး အများစုသော မလေးရှားနိုင်ငံသားများအနေဖြင့်လည်း ကိုယ်တွင်းအင်္ဂါ အစားထိုးကုသရန် လိုအပ်ချက်အတွက် ကုသိုလ်ဖြစ် လှူဒါန်းမှုများ ပြုလုပ်ကြလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
မလေးရှားဝန်ကြီးချုပ်၏ လုပ်ဆောင်မှုသည် လတ်တလောတွင် ကိုယ်တွင်းအင်္ဂါများ အစားထိုးကုသရန် စောင့်ဆိုင်းနေသည့် လူနာဦးရေ ၁၉ဝဝဝ တို့အတွက် မျှော်လင့်ချက်များကို ဆောင်ယူလာကြောင်းသတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment