Tuesday, June 30, 2015

အာကာသစခန်းသို့ ထောက်ပံ့ရေး Space X ဒုံးပျံ ဖလော်ရီဒါ၌ လွှတ်တင်ပြီးနောက် ပေါက်ကွဲမှုဖြစ်




Myanmaalinn's photo.

ဝါရှင်တန် ဇွန် ၂၉


လူလိုက်ပါခြင်းမရှိသော Space X ဒုံးပျံတစ်စင်း ယမန်နေ့က ဖလော် ရီဒါတွင် လွှတ်တင်ပြီးနောက် နှစ်မိနစ် ခန့်အကြာ၌ ပေါက်ကွဲမှုဖြစ်ပွားရာ နိုင်ငံ တကာ အာကာသစခန်းအတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် စီစဉ်ထားသော အာကာသယာဉ် တစ်စင်း ပျက်စီးသွားခဲ့သည်။
၂ဝ၈ ပေ (၆၃ မီတာ) အမြင့် ရှိသော အဆိုပါ Falcon 9 အမျိုး အစားဒုံးကျည်သည် ၂ဝ၁ဝ ပြည့်နှစ် ကတည်းမှစ၍ (၁၈)ကြိမ် အောင်မြင် စွာ ပျံသန်းခဲ့ပြီးဖြစ်သည်။ နာဆာ၏ အာကာသစခန်း ခြောက်ခုအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
သမုဒ္ဒရာမျက်နှာပြင်ပေါ်၌ ဒုံးပျံ ဆင်းသက်ရန် နေရာစမ်းသပ်ပြု လုပ်မှုတစ်ခုမှာမအောင်မြင်ဘဲ ယခင် က နှစ်ကြိမ်ကြိုးစားပြုလုပ်ခဲ့ကြောင်း နည်းပညာကုမ္ပဏီတစ်ခုမှ သိရသည်။
တနင်္ဂနွေနေ့က ဖြစ်ပွားသော အဆိုပါမတော်တဆမှုမှာ ဒုံးကျည် သည် ကာနာဗီရာလေတပ်စခန်းမှ အာကာသစခန်းသို့ ဒုတိယအကြိမ် ထောက်ပံ့ရေးပစ္စည်း ပေးပို့ရန် အတွက် ဆင်းသက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှု အကြောင်းရင်းကို မသိရသေးကြောင်း သက်ဆိုင်ရာက ပြောသည်။ ''ဒါဟာ ကျွန်တော်တို့ အတွက် ထိုးနှက်ချက်တစ်ခုပဲ။ ဒီ ပျံသန်းမှုအတွက် သုတေသနပြုထား တဲ့ ပစ္စည်းကိရိယာတွေ အတော် များများကို ဆုံးရှုံးခဲ့ပါတယ်'' ဟု သတင်းစာရှင်းလင်းပွဲတွင် နာဆာ လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့မှ ဘီ(လ်)ဂါစတန်မေယာက ပြောသည်။
အာကာသစူးစမ်း လေ့လာရေး နည်းပညာ (သို့မဟုတ်) Space X အတွက် ယခုဖြစ်ရပ်သည် နည်းပညာ ဆုတ်ဆိုင်းမှု တစ်ခုပင်ဖြစ်သည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွက် စုံစမ်း စစ်ဆေးမှုကို အချိန်တစ်နှစ်ထက် မနည်း လပေါင်းအတော်ကြာအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း Space X အကြီးအကဲ ဂွီနီရှော့ဝဲလ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ကနဦးစစ်ဆေးမှုအရ ဒုံးပျံ ထိပ်ပိုင်းရှိ အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုကို တွေ့ရကြောင်း မက်(စ်)က ၎င်း၏ တွစ်တာစာမျက် နှာတွင် ဖော်ပြထားသည်။

(ရိုက်တာ)

No comments:

Post a Comment