Thursday, January 31, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ





 နေပြည်တော် ဇန်န၀ါရီ ၃၀



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အပြန်အလှန်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ခိုင်မြဲသောဆက်ဆံရေး ရရှိထားသည့် အခြေအနေ၊ ဆက်လက်၍ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲအောင်ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် စိတ်တူ ကိုယ်တူ ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်၏ ထုတ်ပြန်ချက်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်နိုင်ရန် လမ်းဖွင့် ဖိတ်ခေါ်ထားသည့်အခြေအနေ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ယဉ်ကျေးမှုဆိုင်ရာများ ဖလှယ်ခြင်းနှင့် အားကစားနှင့် ဆေးဘက်ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မှန်ကန်စွာပူးပေါင်းကူညီဆောင်ရွက်ပေးရေးဆွေးနွေး





 နေပြည်တော် ဇန်န၀ါရီ ၃၀



 ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် မှန်ကန်စွာပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပမှ မှန်ကန်စွာနားလည်သိမြင်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဟန်ဂေရီနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်





 နေပြည်တော် ဇန်န၀ါရီ ၃၀


 

 ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ဟန်ဂေရီနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဆေးလ်ဗက်စတာ ဘတ်စ် သည် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်းင်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။ သတင်းစဉ်

ဥပဒေစိုးမိုးရေးနှင့် လောကပါလတရား



မြန်မာ့အလင်းအယ်ဒီတာအာဘော်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအကြံပေး တစ်ဦးဖြစ်သည့် ဦးကိုနီနှင့် လူသတ်သမားကို ရဲရဲဝံ့ဝံ့ဖမ်းဆီးခဲ့သော အငှားယာဉ်မောင်း သမား ဦးနေ၀င်းတို့ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ နှစ်နှစ်တင်းတင်း ပြည့် သည့် အထိမ်းအမှတ်အဖြစ် ၂၉ ဇန်န၀ါရီ ၂၀၁၉ နေ့က ပြုလုပ်သော အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဆရာဦးကိုနီနှင့် အမှန်တရားနှင့် တရားမျှတမှုအတွက် အသက်ပေး၍ နမူနာပြ ဆောင်ရွက်ခဲ့သည့် ကိုနေ၀င်း တို့ကို ဆုံးရှုံးရခြင်းမှာ မြန်မာနိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပါသည် ဟု အစချီသော သ၀ဏ်လွှာမှာ ယနေ့ မြန်မာ့ဒီမိုကရေစီရေး ချီတက်ရာ ခရီးအတွက် များစွာအဓိပ္ပာယ်ပြည့် လေးနက်မှု ရှိပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ စည်ကားများပြားလှသော လူအုပ်တွင်း၊ ဦးကိုနီက သူ၏ မြေးငယ်လေးကို ချီပိုးနှုတ်ဆက်နေစဉ် လူသတ်သမားက သူ့အနားကပ်ကာ ဦးခေါင်းကို သေနတ်နှင့်ပစ်ခဲ့သည် ဆိုခြင်းမှာ ပြည်သူလူထုအဖို့ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည့် အဖြစ်အပျက်ဖြစ်ပါသည်။
ဦးကိုနီကို ပစ်ပြီးထွက်ပြေးသည့် သေနတ်သမားကို လေဆိပ်မှာ ရောက်နေကြသည့် အငှားကားသမားများက ၀ိုင်းဝန်းဖမ်းဆီးကြစဉ် အနီးကပ်ဖမ်းဆီးသူ ဦးနေ၀င်းကို ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် ဦးနေ၀င်း လည်း တိမ်းပါးခဲ့ရပြန်ပါသည်။ သို့သော်လည်း မတရားမှုကို လက်ပိုက်ကြည့် မနေနိုင်သော ရဲရင့်သည့် ကားသမားများ၏လက်မှ လူသတ်သမား လွတ် အောင် မပြေးနိုင်ခဲ့။
တကယ့်ဘ၀မှာ ဖြစ်ပျက်ခဲ့သော အဆိုပါဖြစ်ရပ်မှာ ရုတ်တရက် အားဖြင့် မယုံကြည်နိုင်လောက်စရာ။ လူလူချင်း သည်မျှလောက် ရက်ရက် စက်စက် လုပ်ကြံရလောက်အောင် နဂိုက ရန်ညှိုးရန်စ စိုးစဉ်းမျှ ရှိတာ မဟုတ်။
ဦးကိုနီက ဥပဒေဘက်တော်သား။ တရားမျှတမှုနှင့် ဒီမိုကရေစီ အခွင့် အရေးတို့အတွက် ပြည်သူလူထုဘက်က ရပ်တည်နေသူ။ ဦးကိုနီ အထူးပြု နှိုးဆော်ခဲ့သည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် အခြေခံမူများ ချမှတ်နိုင်ရေးစသည်တို့ ဖြစ် သည်။ သည်လို အများအကျိုးအတွက် တာဝန်ယူဆောင်ရွက်နေသူတစ်ဦး ကို မည်သူတို့က သေစေချင်သည်လဲဟူသော မေးခွန်းတို့က ပြည်သူတို့ ရင်တွင်းမှာ ဟိန်းထနေသည်။
အချိန်အားဖြင့် နှစ်နှစ်ရှိသွားပြီဆိုသော်လည်း ကြားရသိရသမျှ ပြည်သူလူထုမှာ မေ့လို့မရ။ ဥပဒေစိုးမိုးမှု သည်မျှလောက် ကင်းမဲ့နေခြင်း ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းကြမှ ဖြစ်မည်ဟူသော တပ်လှန့်နှိုးဆော်မှု က မြန်မာ့ဒီမိုကရေစီရေးကို လိုလားသူ ပြည်သူလူထုကြားသို့ ပျံ့နှံ့ ၀င်ရောက်နေသည်။
မှန်ကန်သင့်တော်သည့် တရားစီရင်ရေးရှိဖို့ကိုလည်း ပြည်သူတို့က မျှော်လင့်နေကြပါသည်။ ယခုအဖြစ်အပျက်က မတရားပြုလုပ်သူ အဓမ်္မသမားများကို ခေါင်းထောင်ခွင့် မပေးရေးအတွက် အမှန်တရား ပေါ်ပေါက်ရန် လိုအပ်ပါသည်။ မျှတသော တရားစီရင်ရေးစနစ်၊ မှန်ကန် သည့် ဥပဒေရေးရာ ဖြေရှင်းမှုတို့ ရှိခြင်းက ပြည်သူတို့၏ လောကပါလတရား အပေါ် ယုံကြည်စွဲမြဲရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်လည်း ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာ နိဂုံးပါ - ““မြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ခိုင်မာစွာတည်ဆောက်ရာ၌ စိန်ခေါ်မှု တွေကို ၀ိုင်းဝန်းကြိုးစား ဖြေရှင်းရင်း အသက်စွန့်သွားခဲ့သည့် ဆရာဦးကိုနီ နှင့် ကိုနေ၀င်းတို့အတွက် အမှန်တရားအမြန်ဆုံး ထွက်ပေါ်လာဖို့လည်း သက်ဆိုင်သူအားလုံး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းပါသည်”” ဆိုသည့် အတိုင်း အမှန်တရားပေါ်ပေါက်၍ ဥပဒေအတိုင်း မှန်ကန်သောဆုံးဖြတ်မှု များ ဖြစ်ပေါ်ပါစေဟု ဆုမွန်တောင်းလိုက်ရပါကြောင်း။ ။

ကောင်းမွန်သည့်အရွေ့တစ်ခုကို ပြိုင်တူတွန်း


Image may contain: text
နိုင်ငံတစ်နိုင်ငံ၏ ကောင်းမွန်သောအနာဂတ်သည် မျိုးဆက်သစ်ကလေး သူငယ်များအား ပြုစုပျိုးထောင်ပေးနိုင်မှုအပေါ်တွင် မူတည်သည်။ နေပြည်တော်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ''ကလေးသူငယ်များ၏ ဘဝအစဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံတော်အတွက် အရေးအကြီးဆုံး၊ တန်ဖိုး အရှိဆုံး အရင်းအမြစ်ဖြစ်သည့် လူသားအရင်းအမြစ်ကို ကောင်းစွာတန်ဖိုး ရှိအောင်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာရောက်ပါ ကြောင်း၊ တစ်နည်းအားဖြင့် ထိုသို့ဆောင်ရွက်မှုများသည် သုံးဖြုန်းခြင်းမျိုး မဟုတ်ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း'' နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များအား နိုင်ငံ၏အနာဂတ်အတွက် တန်ဖိုးမြင့်မားသော လူသားအရင်းအမြစ်များ ဖြစ်လာစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များကို ဦးစားပေးဖော် ဆောင်နေသည်ကို တွေ့ရသည်။ ကလေးသူငယ်အရေးသည် နိုင်ငံ အနာဂတ်အတွက် အထူးအရေးကြီးသည်ကို ဆိုင်ရာတို့က သိရှိနားလည် ထားကြသော်လည်း မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံမှုမပြုကြသဖြင့် မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့သည်ကို တွေ့ရမည်။
ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်အရေးအတွက် ကလေးသူငယ် များအား စနစ်တကျ ပျိုးထောင်နိုင်ရန် အဆိုပါအဆင့်မြင့်ဖိုရမ်ဖွင့်ပွဲ တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံရှိ ကလေးတိုင်း အတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်ရ မည့် မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အချက်ငါးချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် အများ ပြည်သူသို့ မိတ်ဆက်ဖြန့်ချိ မျှဝေအသိပေးခဲ့ပြီးဖြစ်သည်။ အဆိုပါကလေး သူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များမှာ ပြည့်စုံကောင်း မွန်ပြီး လက်တွေ့ကျကျအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အတွက် မိဘများ၊ ဆရာ ဆရာမများသာမက သက်ဆိုင်ရာဌာနပေါင်းစုံ တို့က ပေါင်းစပ်ချိတ်ဆက် အကောင်အထည်ဖော်သွားကြရမည် ဖြစ်သည်။
မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အညီ မြန်မာနိုင်ငံရှိ ကလေးများ အားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်မည့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ပြီး လုပ်ကိုင်ဆောင်ရွက်ကြ ရန်နှင့် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အရွေ့တစ်ခုကို ဖန်တီးရာတွင် မဟာဗျူဟာ၏လားရာကို သဘောပေါက်နားလည်ဖို့ လိုအပ်သကဲ့သို့ ပြိုင်တူတွန်းနိုင်ဖို့ လိုအပ်ကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ အဆင့်မြင့်ဖိုရမ်တွင် တိုက်တွန်းပြောကြားခဲ့သည်။
မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍဆိုင်ရာစီမံကိန်းများနှင့် ဒေသ္တရစီမံကိန်းများသည် အလွန်အရေးကြီး သည်။ ထိုစီမံကိန်းများအား လိုအပ်ချက်တစ်မျိုးတည်းကို ရှေးရှုဆောင် ရွက်ခြင်းမျိုးမပြုလုပ်ဘဲ အကောင်အထည်ဖော်နိုင်ရန် ဖြစ်နိုင်ခြေရှိသည့် လက်တွေ့ကျသည့်စီမံချက်များကို သက်ဆိုင်ရာတို့က နှစ်စဉ်စီမံကိန်းများ ဖြင့် အချိတ်အဆက်မိမိ ဆက်စပ်စဉ်းစားဆောင်ရွက်နိုင်ရန်ဖြစ်သည်။
ကလေးသူငယ်များ၏ အနာဂတ်ကို ကဏ္ဍပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ မှ လေ့လာသုံးသပ် ဆွေးနွေးမှုများပြုလုပ်ပြီး ကလေးငယ်များ မွေးဖွား၊ သေဆုံးခြင်းမှအစ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ ဘဝနွေးထွေးလုံခြုံမှု ရှိစေရေး၊ သာတူညီမျှရှိရေး၊ အကာအကွယ်ပေးရေး၊ အနာဂတ်ဘဝ သာယာဝပြောရေး စသည်တို့ကို အစိုးရ၊ ပုဂ္ဂလိက၊ ကဏ္ဍအသီးသီးတွင် အားလုံးပါဝင်၍ အားနည်းချက်၊ လိုအပ်ချက်များကို အတူတကွဖြေရှင်းပြီး အားသာချက်များကို ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကောင်းမွန်သည့်အရွေ့တစ်ခုကို ပြိုင်တူတွန်းလျှင် ရွေ့နိုင် သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်သော ကလေးသူငယ်များ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ပြည့်မီရေးကို အလေးပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အိန်္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်




Image may contain: 2 people, people standing
 နေပြည်တော် ဇန်န၀ါရီ ၃၀



 ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာ နိုင်ငံဆိုင်ရာ အိန်္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ်္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်းင်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
တက်ရောက်
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။
သတင်းစဉ်

Wednesday, January 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဆားဘီးယားသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ





 နေပြည်တော် ဇန်န၀ါရီ ၂၉


 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဆားဘီးယားသမ္မတ နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ် ခရီးစဉ်များ အပြန်အလှန်သွားရောက်ရန် စီစဉ်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲများ၊ပုံမှန် ကျင်းပသွားရေး၊ အားကစား၊ ကုန်သွယ်ရေး၊ ပညာရေး၊ သတင်း မီဒီယာနှင့် ယဉ်ကျေးမှုကဲ့သို့သော နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ်္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ်္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဆားဘီးယားသမ်္မတနိုင်ငံ အစိုးရတို့အကြား သံတမန် နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာ ကင်းလွတ်ခွင့်ပြုရေး သဘောတူစာချုပ်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဆားဘီးယားသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးH.E. Mr. Ivica Dacic တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
ယင်းသဘောတူစာချုပ်အရ နှစ်နိုင်ငံ၏ သံတမန်နှင့် အထူး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် ရက် ၉၀ ထက် မကျော်လွန်သည့် နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံသံတမန် နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအကြား ခရီး သွားလာရေးကိုလည်း အဆင်ပြေလွယ်ကူချောမွေ့စေမည် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆားဘီးယား သမ်္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် နေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းInvest Myanmar Summit 2019 တက်ရောက်ဆွေးနွေး





Image may contain: one or more people and people on stage
 နေပြည်တော် ဇန်န၀ါရီ ၂၉



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကျင်းပသည့် Invest Myanmar Summit 2019၏ ဒုတိယနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင် များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ကြသည်။
ပါဝင်ဆွေးနွေး
ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် YGA Capital Limited မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသူရကိုကို က စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက် သည့် ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည်။
ယင်းဆွေးနွေးပွဲ၌ ပြည်ထောင်စု ၀န်ကြီး ဦးသောင်းထွန်းက ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူ ချောမွေ့စေရန် ရည်ရွယ်၍ ၀န်ကြီးဌာန အသစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်ပါကြောင်း၊ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခွင့် လျှောက် ထားခြင်းအတွက် ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် My Co System ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုလွယ်ကူစေရန် အတွက် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်း များ Standard Operating Procedure (SOP) နှင့် Land Bank ကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က စတုတ္ထစက်မှုတော်လှန်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးပါကြောင်း၊ မြန်မာ့လူငယ်များ သည် နိုင်ငံတကာအဆင့်ထိ ထိုးဖောက် နိုင်စွမ်းရှိသည်ကို မကြာမီကျင်းပခဲ့သည့် Robotic Olympic တွင် အောင်မြင်မှု များ ရရှိခဲ့သည်ကို သာဓကအနေဖြင့် တွေ့မြင်နိုင်ပါကြောင်း၊ ပထ၀ီအနေ အထားအရ ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး သော နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန်္ဒိယနိုင်ငံတို့ကြားတွင် ရှိနေသည့် မြန်မာနိုင်ငံသည် အချက်အချာကျသည့် နေရာတွင်ရှိပါကြောင်း၊ Belt & Road Initiative ၏ အရေးပါမှု၊ အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုတို့ကို ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ အပါအ၀င် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး ၀ိုင်းဝန်းလုပ်ဆောင်ရန် အဓိကပြောကြား လိုပါကြောင်း ပြောကြားသည်။
ရခိုင် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပမည်
ထို့နောက် ရခိုင်ပြည်နယ်ကိစ္စနှင့် စပ်လျဉ်း၍ အစိုးရအနေဖြင့် ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေ အနေများကို သိရှိနားလည်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ၊ ရခိုင်ပြည်နယ် တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးကော်မတီနှင့် ကိုဖီ အာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ပြီး ကူညီဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းသည် အဓိကကျ သည့် စိန်ခေါ်မှုများအနက် တစ်ခုဖြစ်ပါ ကြောင်း၊ မည်သူ့တွင် တာဝန်ရှိသည်ကို အပြစ်ဖို့နေခြင်းထက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် အရေး ကြီးပါကြောင်း၊ ဖေဖော်ဝါရီလတွင် ရခိုင် ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ မည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက တိုက်တွန်း ပြောကြားသည်။
မေးမြန်းချက်များပြန်လည်ရှင်းလင်း
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံသည်။
သတင်းစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




 နေပြည်တော် ဇန်န၀ါရီ ၂၉


 

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Lee Sang-hwa အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ- ကိုရီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရေးအသင်း အပြန်အလှန် ဖွဲ့စည်းရေးဆိုင်ရာ ကိစ်္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ဝမ်းတွင်းမြို့နယ် ရိုးစုံတံတား ပြုပြင်ပေးစေလို


ထင်သာမြင်သာပြုပြင်စရာ



မိတ်္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ရိုးစုံကျေးရွာအုပ်စု ရိုးစုံတံတားသည် ခရိုင်ချင်း ဆက်လမ်းနှင့် သဲတော၊ ၀မ်းတွင်းမြို့သို့ ဆက်သွယ်ထားသော ပင်မပေါင်းကူးတံတား ကြီးဖြစ်သည်။ ရိုးစုံတံတားကြီးမှာ အရှည် ပေ ၂၂၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၄ပေရှိ ၍၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ပြီး အစိုးရမှ ငွေကျပ် ၁၀ သိန်းထည့်ဝင်ကာ ဒေသခံ ကျေးရွာများမှ ငွေကျပ်သိန်း ၂၁၀ အကုန်အကျခံပြီး တည်ဆောက်ထားသော တံတားကြီးဖြစ်သည်။
အဆိုပါတံတားကြီးမှာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၅ ရွာမှ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ်္စများအတွက် ကူးသန်းသွားလာနေရသော အဓိကတံတားကြီးဖြစ်ပြီး တံတားကြီးမှာ မကြာခဏပျက်စီးနေသဖြင့် ဒေသခံ များက ပြုပြင်နေရသည်။ ထို့ကြောင့် ရိုးစုံတံတားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် အမြန်ဆုံးအသစ်တည်ဆောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိ ကြောင်း သိရသည်။ တင်လှိုင်(မိတ်္ထီလာ)

စီးပွားရေး အရှိန်အဟုန်နှင့် ရင်းနှီးမြှုပ်နှံမှု



မြန်မာ့အလင်းအယ်ဒီတာအာဘော်



ယနေ့မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြောင်း အလဲများနှင့်အတူ တန်းဝင်ဈေးကွက်စီးပွားရေးစနစ်ကို ကြိုးပမ်းနေပါ သည်။
လူဦးရေ သန်းငါးဆယ်ကျော်ရှိသည့် မြန်မာနိုင်ငံ၏ ဈေးကွက်က ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် မသေးငယ်လှသည့် ဈေးကွက် ဖြစ်သကဲ့သို့ ကမ္ဘာ့အကြီးမားဆုံး ဈေးကွက်ကြီးများဟု ဆိုနိုင်သည့် တရုတ်နိုင်ငံနှင့် အိန်္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ကူးသန်းရန် အချက်အချာ ကျနေသည့် မဟာဗျူဟာမြောက် ပထ၀ီအနေအထားလည်း ရှိပါသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်နေမှု သည်လည်း ကုန်သွယ်ကူးသန်းရန် စီးပွားရေးအရ လွန်စွာကောင်းမွန် သည့် တည်ရှိမှု ဖြစ်ပါသည်။
ထို့အတူ သယံဇာတရင်းမြစ်များနှင့် လူ့စွမ်းအားရင်းမြစ်များက လည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသည့် အနေ အထားတွင် ရှိပါသည်။ သဘာဝ သယံဇာတများကို သုံးစွဲရာမှာ စနစ်တကျ ရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် သဟဇာတဖြစ်ရေး၊ စီမံ ခန့်ခွဲမှု နိုင်နင်းရေးတို့၏ အချိန်အဆကို ထိထိရောက်ရောက် ကိုင်တွယ်နိုင် ရန်လည်း ဆောင်ရွက်နေသည်များကို သတိပြုမိပါသည်။
နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပိတ်ပင်မှုများ၊ စီမံခန့်ခွဲမှုအလွဲအမှားများနှင့် အဂတိလိုက်စားမှုများ ကြောင့် တန့်သွားခဲ့ရသော စီးပွားရေးအရှိန်အဟုန်ကို ယနေ့ကာလတွင် ပြန်လည်ထူထောင်ကာ မြှင့်တင်နိုင်ရေး အားစိုက်ကြိုးပမ်းနေပါသည်။
ပြည်သူလူထုရွေးကောက်တင်မြှောက်သည့် ပြည်သူ့ကိုယ်စား လှယ် အများစုဖြင့် ဖွဲ့စည်းသော ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ နိုင်ငံရေး တည်ငြိမ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတို့နှင့်အတူ စီးပွားရေးတည်ငြိမ်ရေးတို့ကို စနစ်တကျ တစ်ဆင့် ချင်း ဆောင်ရွက်နေပါသည်။
ပုဂ်္ဂလိက စီးပွားရေးကဏ္ဍကို အားကောင်းအောင်နှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားများပြားအောင် ဖော်ဆောင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်တို့ကို အရည်အသွေးမြှင့်တင်ရေးအတွက် ပြည်သူ့ပညာရေး စနစ် ပြည်သူ့ကျန်းမာရေးစနစ်တို့ မြင့်မားစေရေးကိုလည်း အားထုတ် ကြိုးပမ်းနေသည်ကို တွေ့ရပါသည်။
နိုင်ငံ၏ စီးပွားတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဖို့ ကြိုးစားရာ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါပုံကို ကောင်းစွာ သိရှိ နားလည်ပြီး ထိုရင်းနှီးမြှုပ်နှံမှုတို့ ၀င်ရောက်နိုင်ရန် အခြေခံအဆောက် အအုံနှင့် အခင်းအကျင်းများကို ပြင်ဆင်ခြင်း၊ လိုအပ်သလို ပြောင်းလဲ ခြင်းနှင့် အကျပ်အတည်း အခက်အခဲများကို ပြုပြင်ခြင်းတို့ကို ကြိုးစား ဆောင်ရွက်ရပါသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျရှိရေးနှင့် ပြည်တွင်း ပုဂ်္ဂလိက လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုလည်း ပါဝင်နိုင်ရေးတို့ အတွက် စီးပွားရေး အခြေခံအဆောက်အအုံများနှင့် အခင်းအကျင်းများဟုဆိုရာ တွင် အဓိကအားဖြင့် လိုအပ်သော ဖြေလျှော့မှုများနှင့် ဥပဒေစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းတို့ တိတိကျကျ သတ်မှတ်ပြီးဖြစ်ကာ လိုက်နာ နိုင်ရေး၊ ကြိုးနီစနစ်များကို ပယ်ဖျက်နိုင်ရေး၊ အဂတိကင်းရှင်းရေးတို့ကို ဆောင်ရွက်လုပ်ကိုင်နေသည်ကိုလည်း တွေ့ရှိရပါသည်။
နိုင်ငံရေးမတည်ငြိမ်မှု ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အမှောင် ကျမှုတို့ နှစ်ရှည်ကြာ ရင်ဆိုင်ခဲ့ရသော နိုင်ငံတစ်ခုအနေဖြင့် စိန်ခေါ်မှုများ ပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းနေရသည်မှာ မဆန်းပါ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ သည့် ““စိန်ခေါ်မှုတွေရှိနေတဲ့ နယ်ပယ်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့အခွင့်အလမ်းတွေအဖြစ် ရှိနေတဲ့အတွက် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ကြဖို့”” ဆိုသော စကား အတိုင်း ဤနိုင်ငံသည် အခွင့်အလမ်းများစွာ ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသူများဆိုသည်မှာ စိန်ခေါ် မှုများကို ရင်ဆိုင်ပြီး စွန့်စားလုပ်ကိုင် ကျော်လွှားဖြေရှင်းနိုင်သူများ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များကို တိုးမြှင့်ဖော်ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆားဘီးယားသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အကျိုးတူကိစ်္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး






နေပြည်တော် ဇန်န၀ါရီ ၂၉



ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ဆားဘီးယားသမ်္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး H. E. Mr. Ivica Dacicအား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံ ခဲ့သည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခင်မင် ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့သည့် သမိုင်း ကြောင်းနှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထား ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ညှိနှိုင်းဆွေးနွေးပွဲများ ပုံမှန် ကျင်းပသွားရေး၊ နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အကျိုးတူကိစ်္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ်္စ ရပ်များနှင့် သတင်းမီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေး ကိစ်္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

စီးပွားရေးအခွင့်အလမ်းကောင်းများကိုရယူ

Image may contain: text

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် Invest Myanmar Summit 2019 အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက် နေ့တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပခဲ့ရာ စီးပွားရေးနယ်ပယ်ကဏ္ဍစုံမှ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပြောင်းလဲတိုးတက်နေသော ရင်းနှီးမြှုပ်နှံ မှု အခင်းအကျင်းများကို မြင်တွေ့ခဲ့ရသည်။
အဆိုပါအခမ်းအနားဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''မိမိတို့၏ပထဝီအနေအထား အားသာချက်၊ အခြားနိုင်ငံများနှင့်နှိုင်းယှဉ် ပါက လုပ်ခသက်သာမှုနှင့် မိမိတို့ပြည်သူများ၏ ကြီးမားသည့် စွမ်းပကား များသည် တစ်ချိန်က အနောက်နိုင်ငံများအနေဖြင့် အရှေ့နိုင်ငံများဆီသို့ က္ဘာ့စီးပွားရေး ခွဲဖြာထွက်မှု ဖြစ်ပေါ်ခဲ့သကဲ့သို့ ပြန်လည်ပေါ်ထွန်းလာ အောင် ဆောင်ကြဉ်းပေးနိုင်မည့် အခွင့်အလမ်းများကို ဖမ်းဆုပ်ရန် အချိန်အခါကောင်းပင်ဖြစ်ပါကြောင်း'' ပြောကြားခဲ့သည်။
နှစ်ရက်တာကျင်းပသည့် အခမ်းအနားမှ ရင်းနှီးမြှုပ်နှံမှု အလား အလာနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ပြသနိုင်သည့် အဖိုးတန်သည့် အခွင့်အလမ်းများကို ရရှိကြလိမ့်မည်ဖြစ်သည်။ ထိုသို့ဖော်ထုတ်ပြသ နိုင်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးများပြီး နှစ်သက်ဖွယ် ကောင်းသည့် အတွေးအမြင်များကို ရရှိစေသဖြင့် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုစိတ် ဖြစ်ပေါ်လာ အောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
မြန်မာနိုင်ငံ၏ တည်နေရာသည် ပထဝီအနေအထားအရ အလွန် စိတ်ဝင်စားဖွယ်ကောင်းသည့် နေရာတွင်ရှိနေပြီး မဟာဗျူဟာအရ အလွန်အရေးပါသော ဈေးကွက်နေရာတစ်ခုဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကို ကုန်သွယ်ကူးသန်းဖြတ်သန်းရာ လမ်းဆုံနေရာတွင်ရှိနေခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင် စားဖွယ်အကြောင်းအချက်တစ်ခု ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအပါ အဝင် အာဆီယံ ၁ဝ နိုင်ငံနှင့်အတူ တရုတ်၊ အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံ၏ လူဦးရေ ၃ ဒသမ ၅ ဘီလီယံကျော်ရှိသည့် စားသုံးသူဈေးကွက်ကို ကိုယ်စားပြုထားသည်။
မြန်မာနိုင်ငံသည် စီးပွားရေးအရ အချက်အချာကျပြီး သင့်တင့် သော ဈေးကွက်ပမာဏကို ပိုင်ဆိုင်ထားသည့်အပြင် ဈေးကွက်များ တစ်နေ့တခြား ကျယ်ပြန့်နေသဖြင့် နိုင်ငံတကာဈေးကွက်နှင့် ဆက်သွယ် ချိတ်ဆက်လျက် အကျိုးဖြစ်ထွန်းအောင် အသုံးချနိုင်မည်ဖြစ်သည်။ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများရှိပြီး သဘာဝသယံဇာတနှင့် သဘာဝဓာတ်ငွေ့များ ပေါများကြွယ်ဝသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းရှိ ထိုင်းနိုင်ငံအရှေ့ပိုင်း စီးပွားရေး စင်္ကြံနှင့် ချိတ်ထားသည်။ ထို့အပြင် နိုင်ငံအများနှင့် ဆက်သွယ်နိုင်သော ပင်လယ်ရေလမ်းကြောင်းလည်း ရှိသည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိက လက်တွဲ ပူးပေါင်း၍ ဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာ အောင် တွန်းအားပေးနေသည်။ မြန်မာနိုင်ငံတွင် မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်နေပြီး အလား အလာကောင်းများရှိနေပြီ။ စိန်ခေါ်မှုများရှိနေသော်လည်း စီးပွားရေးမှာ တွန့်ဆုတ်သွားခြင်းမရှိချေ။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အသစ်အသစ်ပေါ်ထွက်လာသော စီးပွားရေးအခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ပြီး စိန်ခေါ်မှု များကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနေသော အချိန်အခါတွင် အစိုးရနှင့် ပုဂ္ဂလိက တက်ညီလက်ညီ လက်တွဲပူးပေါင်းခြင်းဖြင့် ရင်းနှီး မြှုပ်နှံမှုများတိုးတက်လာပြီး ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံဖြစ် လာလိမ့်မည်ဟု ယုံကြည်ပါသည်။ ။

Tuesday, January 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Park Royal Hotel ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ် ''Realizing Myanmar’s Development Vision for Every Child” High Level Conference တွင် ပြောကြားသည့် မိန့်ခွန်း


Image may contain: 6 people, people sitting, people standing, table and indoor



(၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်)

ယနေ့ကျင်းပတဲ့ အခမ်းအနားကတော့ မြန်မာနိုင်ငံရဲ့ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်ဖြစ်ပြီး ဒီဖိုရမ်မှာ လမ်းဩန်ပြောပြချင်တဲ့ အကြောင်းအရာ များစွာရှိပါတယ်။ ပထမအချက်ကတော့ ကလေးတွေက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပါ။ နိုင်ငံတိုင်းရဲ့ အနာဂတ်အတွက် ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉဏ်ရည်ဉဏ်သွေးပြည့်မီရေး အလေးပေး ဆောင်ရွက်ဖို့ အများကြီးလိုအပ်ပါတယ်။ ကလေးသူငယ်တွေရဲ့ ဘ၀အစ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းဟာ ကျွန်မတို့ နိုင်ငံတော် အတွက် အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာတန်ဖိုးရှိအောင်နဲ့ ဖွံ့ဖြိုး တိုးတက်အောင် ပြုစုပျိုးထောင်ပေးရာ ရောက်ပါတယ်။ တစ်နည်းအားဖြင့် ဒီလိုဆောင်ရွက်မှုတွေဟာ သုံးဖြုန်းတာ မျိုးမဟုတ်ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီး မြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။
ပြုစုပျိုးထောင်ရေးဟာ အလွန်အရေးကြီး
အထူးသဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို ဆက်လက် ထုဆစ်ပုံဖော်ကြမယ့် ယနေ့ကလေးသူငယ်များ ပြုစုပျိုးထောင် ရေးဟာ အလွန်အရေးကြီးတာမို့ မြန်မာ့ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာကို လည်း လက်တွေ့ကျကျ ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ထဲမှာ ပြည်သူတွေကို မိတ်ဆက်ဖြန့်ချိပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် မိဘများ၊ ဆရာ ဆရာမ များသာမက သက်ဆိုင်ရာဌာနစုံများက ပေါင်းစပ်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဒီကနေ့ဖိုရမ်မှာ ကဏ္ဍဆိုင်ရာ စီမံချက်တွေကို ပြန်လည်သုံးသပ်ဆောင်ရွက်ဖို့၊ အချိန်နဲ့ တစ်ပြေးညီ ဦးစားပေးလုပ်ငန်းစီမံချက်တွေ ခွဲခြမ်းဆောင်ရွက် နိုင်ရေး ကိစ်္စရပ်များကို ဆွေးနွေးဖို့ အချိန်ကောင်းတစ်ရပ်ဖြစ်ပါ တယ်။ အားလုံးသိရှိကြတဲ့အတိုင်း က်္ဘာ့နိုင်ငံတွေမှာလည်း ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် Sustainable Development Goals (SDGs)တွေကို အကောင် အထည်ဖော်ဆောင်နေကြသလို ကျွန်မတို့နိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ကို လွန်ခဲ့တဲ့ လအနည်း ငယ်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။MSDP မှာ မဏ္ဍိုင်ကြီး ၃ ရပ် ၊ ပန်းတိုင် ၅ ခု၊ မဟာဗျူဟာ ၂၈ ခုနဲ့ အဆိုပါ မဟာဗျူဟာ တစ်ခုချင်းစီအောက်မှာ စီမံကိန်း အကောင် အထည်ဖော်ရေး အစီအစဉ်များ ဖော်ထုတ်သတ်မှတ်ထားပြီး လုပ်ငန်းစဉ်ပေါင်း ၂၅၁ ခု ပါဝင်ရေးဆွဲထားပါတယ်။ MSDP လုပ်ငန်းစဉ်တွေဟာ ရှင်သန်အသက်ဝင်နေတဲ့ ပြုစုစာတမ်းLiving Document တစ်ခုအဖြစ် ပုံဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
MSDP ကို ရေးဆွဲရာမှာလည်း ကုလသမဂ်္ဂရဲ့ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်တွေ၊ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒ (၁၂) ချက်၊ အာဆီယံ စီးပွားရေးအသိုက်အ၀န်း၊ မဟာ မဲခေါင်ဒေသခွဲ မဟာဗျူဟာမူဘောင် အပါအ၀င် နိုင်ငံတော် အစိုးရက ပေးအပ်ထားတဲ့ အမျိုးမျိုးသော ဒေသတွင်းနဲ့ နိုင်ငံ တကာ ကတိက၀တ်တွေကို အကောင်အထည်ဖော်နိုင်စေရန် ချိန်ညှိရေးဆွဲခဲ့ပါတယ်။ တစ်နည်းဆိုရရင် ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ရေရှည်ဖွံ့ဖြိုးမှုအတွက် အကောင် အထည်ဖော်နိုင်စေဖို့ ဦးစားပေးဆောင်ရွက်မှုများနဲ့အတူ နိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များအဖြစ် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
MSDP ရဲ့ ““မဏ္ဍိုင်(၃) ပြည်သူများနှင့် က်္ဘာမြေဆိုတဲ့ မဏ္ဍိုင်အောက်မှာ ပါရှိတဲ့ ပန်းတိုင်(၄) အဖြစ် ““၂၁”” ရာစု လူမှုအဖွဲ့အစည်းအတွက် လူ့စွမ်းအား အရင်းအမြစ်များနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး”” ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီပန်းတိုင်ကိုရောက်ရှိဖို့ မဟာဗျူဟာများ ချမှတ်ထားရာမှာလည်း ကျွန်မတို့နိုင်ငံမှာရှိတဲ့ ကလေးတိုင်း ကလေးတိုင်းကို နိုင်ငံရဲ့အနာဂတ်အတွက် တန်ဖိုးမြင့်မားတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာစေဖို့အတွက် ပညာရေးနဲ့ ကျန်းမာရေးကဲ့သို့သော လူမှုရေးဝန်ဆောင်မှုကဏ္ဍများ အရည် အသွေးမြင့်မားစေရေး၊ အစားအစာနှင့် အာဟာရအရည်အသွေး မြင့်မားစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်ရန် ရှိပါတယ်။
ထိထိမိမိ အကောင်အထည်ဖော်
ယခုအခါမှာ ၀န်ကြီးဌာနများနဲ့ အဖွဲ့အစည်းများ စွမ်းဆောင်ရည်ရှိရှိနဲ့ ထိထိမိမိ အကောင်အထည်ဖော်နိုင်အောင် စီမံချက်တွေကို စီမံကိန်းဘဏ်(Project Bank) ထဲ ထည့်သွင်း ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုအကာအကွယ်ပေးရေး စတာတွေနဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာနအသီးသီးရဲ့ လူမှုရေးကဏ္ဍ (၅)နှစ် မဟာဗျူဟာစီမံကိန်းအသီးသီးကို ၂၀၁၆ ခုနှစ်ကတည်း က စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ (၂)နှစ်တာ အချိန်အတွင်း မိမိတို့ရဲ့ အကောင်အထည် ဖော်ဆောင်မှုတွေကို ပြန်လည်သုံးသပ်ပြီး အချိန်နဲ့တစ်ပြေးညီ ဦးစားပေးလုပ်ငန်း စီမံ ချက်တွေကို ခွဲခြမ်းဆောင်ရွက်နိုင်ရေးအတွက် ယခုဖိုရမ်မှာ လူမှုရေးမဏ္ဍိုင်အနေနဲ့ ဆွေးနွေးပေးကြဖို့ ဖြစ်ပါတယ်။
MSDP နဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်စီမံကိန်းများကို စီမံချက်များအဖြစ် အကောင်အထည် ဖော်ရာမှာ ““မည်သူမှ ကျန်နေခဲ့ခြင်း မရှိစေရ”” ဆိုတဲ့SDGs စည်းမျဉ်း၊ လုပ်ငန်းစဉ်များနဲ့အညီ မြန်မာနိုင်ငံရှိ ကလေးများ အားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင် ရွက်နိုင်မယ့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ကြဖို့ လိုအပ် ကြောင်း ပြောလိုပါတယ်။
တတိယအချက်ကတော့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေး ပါပုံကို ပြောချင်ပါတယ်။MSDP ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေး၊ သာယာဝပြောမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူသားများနဲ့ ကမ္ဘာမြေ စတဲ့ မဏ္ဍိုင် (၃) ရပ်လုံးဟာ အပြန်အလှန် ညီညွတ် မျှတစွာနဲ့ ဆက်စပ်အကျိုးပြုလျက်ရှိတာကြောင့် ဒီမဏ္ဍိုင်(၃) ရပ်လုံးရဲ့ ပန်းတိုင်တွေ၊ မဟာဗျူဟာတွေကို အကောင်အထည် ဖော်တဲ့အခါ ကိစ်္စရပ်ချဉ်းကပ်မှု (Thematic Approach) နဲ့ အကောင်အထည်ဖော်တာမို့ ဆက်စပ်ချိတ်ဆက်တဲ့ကိစ်္စရပ် တွေမှာ ၀န်ကြီးဌာနတစ်ခုမက ပေါင်းစပ်အကောင်အထည် ဖော်ရတဲ့ ကိစ်္စမျိုးတွေမှာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း မှာကြားလိုပါတယ်။ မိမိနိုင်ငံအတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဖန်တီးရာမှာ မဟာဗျူဟာရဲ့ လားရာကို သဘောပေါက်နားလည်ဖို့ လိုအပ်သလို ပြိုင်တူ တွန်းနိုင်ဖို့လည်း လိုအပ်ပါတယ်။

ဘဏ္ဍာရန်ပုံငွေရှာနည်းစီမံကိန်းတွေကို တီထွင်ဖန်တီး
ဒီနေ့ မနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) မှာ ဆောင်ရွက်နေတဲ့Invest Myanmar Summit ကလည်း စီးပွားရေးမဏ္ဍိုင်ကနေ စီမံချက်တွေကို စီမံကိန်းဘဏ်ထဲ ထည့်သွင်းဆောင်ရွက်ဖို့ ပုဂ်္ဂလိက ကဏ္ဍတွေနဲ့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ စီမံချက်တွေကို အကောင် အထည်ဖော်ရာမှာ နိုင်ငံတော်ဘတ်ဂျက်၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီများ၊ ပုဂ်္ဂလိကရင်းနှီး မြှုပ်နှံမှုများ၊ အစိုးရ-ပုဂ်္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းများ၊ အခြေခံအဆောက်အအုံဆိုင်ရာ ငွေတိုက်စာချုပ် များဖြင့် သစ်ဆန်းသော ဘဏ္ဍာရန်ပုံငွေရှာနည်းစီမံကိန်းတွေကို တီထွင်ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် MSDP ရဲ့ မဏ္ဍိုင်များအကြားလည်း ညီညွတ်မျှတပြီး ခိုင်မာအားကောင်း စေဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာအလိုက် တာဝန်ခွဲဝေယူ
အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဌာနအဖွဲ့ အစည်းတစ်ခုတည်းသာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ ပုဂ်္ဂလိကကဏ္ဍ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနဲ့ အကျိုးသက်ဆိုင်သူအားလုံးတို့မှ အသီးသီးသက်ဆိုင်ရာအလိုက် တာဝန်ခွဲဝေယူပြီး ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိလုပ်ငန်းတာဝန်အရ ဆောင်ရွက်တယ်ဆိုတာ ထက် စေတနာနဲ့ နိုင်ငံ့အကျိုးအတွက် မျှော်ကိုးဆောင်ရွက်နိုင်မှုများ အင်မတန်လိုအပ်နေတဲ့ အချိန် အခါ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ မိမိတို့နိုင်ငံ အတွက် နိုင်ငံဆိုင်ရာ အစီအစဉ်တွေဟာ MSDPပါ ပန်းတိုင် များ၊ မဟာဗျူဟာများနဲ့ ကိုက်ညီစေဖို့၊ ထိရောက်တဲ့ အကူ အညီများဖြစ်စေဖို့ ဆောင်ရွက်ပေးရန် အထူးပန်ကြား လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ထိထိ ရောက်ရောက်အကောင်အထည်ဖော်ရာမှာ ပုဂ်္ဂလိကလုပ်ငန်း ကဏ္ဍအပါအ၀င် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနဲ့ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုများနဲ့ ကတိက၀တ်တွေကလည်း မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ပြီး လွန်စွာအရေးကြီးပါတယ်။

စတုတ်္ထအချက် ကတော့ အကောင်အထည်ဖော်၊ဆောင်ရွက် မယ့် စီမံချက်လုပ်ငန်းစဉ်များနဲ့ အချိန်ကာလတွေဟာ အစီ အစဉ် တကျဖြစ်ရန် လိုအပ်လျက်ရှိပါတယ်။ ဒါ့ကြောင့် ကဏ္ဍဆိုင်ရာ စီမံကိန်းနဲ့ ဒေသ်္တရစီမံကိန်းတွေ ရေးဆွဲတဲ့အခါ စီမံချက်တွေဟာ လိုအပ်ချက်တစ်ခုတည်းကိုသာ စဉ်းစား ဆောင်ရွက်ရတာမျိုးမဟုတ်ဘဲ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင် ခြေရှိတဲ့ လက်တွေ့ကျ အကောင်အထည်ဖော်နိုင်တဲ့ စီမံချက်တွေ (Implementable) ဖြစ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ အနေနဲ့ နှစ်စဉ်စီမံကိန်း တွေမှာ ထည့်သွင်းဖို့၊ အချိတ်အဆက်မိဖို့ ဆက်စပ်စဉ်းစား ဆောင်ရွက်ကြဖို့ အလွန်ပဲအရေးကြီးပါတယ်။
ရင်းနှီးမြှုပ်နှံရကျိုးနပ်ဖို့ လိုအပ်
ပဉမအချက်ကတော့ စီမံချက်တွေကို အကောင်အထည် ဖော်တဲ့အခါမှာ စောင့်ကြပ်ကြည့်ရှုအကဲဖြတ်ခြင်း အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ အစဉ်အလာအရ စီမံချက်တွေ ကို အကောင်အထည်ဖော်ရုံနဲ့မပြီးဘဲ ဘယ်လောက်အတိုင်း အတာအထိ အကျိုးကျေးဇူးရှိသလဲ၊ စီမံချက်တွေအတွက် ငွေကြေးကုန်ကျခံ ရင်းနှီးမြှုပ်နှံရကျိုးနပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းရေးဆွဲစဉ်ကတည်းက မှန်ကန်တဲ့ စာရင်း အင်းနဲ့ ကိန်းဂဏန်း အချက်အလက်တွေအပေါ် အခြေခံပြီး ရေးဆွဲမှသာ လက်တွေ့ကျပြီး လူထုကိုအကျိုးပြုစေတဲ့ စီမံကိန်း မျိုးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ အလားတူပဲ စီမံကိန်းတွေကို အကောင် အထည်ဖော်ရာမှာ စောင့်ကြပ်ကြည့်ရှုနိုင်ဖို့ စီမံချက် ယူနစ်တွေ ဖွဲ့စည်းပြီး တိုးတက်မှုအခြေအနေကို တိုင်းတာဖို့ အတွက် စာရင်းအင်းအချက်အလက်တွေ ပြုစုထားရှိရမှာ ဖြစ်ပါတယ်။ MSDP ကို အကောင်အထည်ဖော်ဆောင်ရာမှာ ကဏ္ဍအသီးသီးအတွက် တိုင်းတာနိုင်ဖို့ ““အမျိုးသားဩန်းကိန်း မူဘောင်”” သတ်မှတ်ဆောင်ရွက်တိုင်းတာမှာ ဖြစ်ပါတယ်။ ယခုဆိုရင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့အနေနဲ့ အမျိုးသားညွှန်းကိန်းမူဘောင် သတ်မှတ်ရေး ကိစ်္စရပ်ကို ဌာနအဖွဲ့အစည်းပေါင်း (၁၀၀) ကျော်နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာဟာ ညွှန်းကိန်းပေါင်း(၃၀၀) နီးပါးရှိမှာ ဖြစ်ပါတယ်။ အမျိုးသား ညွှန်းကိန်းမူဘောင်ဟာ စီမံကိန်းရေးဆွဲခြင်း၊ ကဏ္ဍများအကြား ဘတ်ဂျက်ခွဲဝေမှုများ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံချက်များဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း စတာတွေအတွက် အချက်အလက်တွေ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
အားနည်းချက်တွေကို အတူတကွဖြေရှင်း
ဒါ့ကြောင့် ““မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်”” မှာ မြန်မာ့ ကလေးသူငယ်များရဲ့ အနာဂတ်ကို ကဏ္ဍပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံမှ လေ့လာသုံးသပ်ဆွေးနွေးမှုများပြုပြီး ကလေးသူငယ် သေဆုံးမှုလျော့ပါးရေး၊ ကလေးသူငယ်များရဲ့ မွေးဖွားမှု မှတ်ပုံတင်ထုတ်ပေးနိုင်ရေး၊ ကျန်းမာပြီး ဘ၀နွေးထွေးလုံခြုံမှု ရှိစေရေး၊ ပညာသင်ကြားခွင့် သာတူညီမျှရရှိစေရေး၊ ကျောင်း နေ သက်တမ်း ပိုမိုတိုးမြှင့်စေနိုင်ရေး၊ အရွယ်မရောက်သေးသူ များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး၊ ကလေး သူငယ်များကို လူကုန်ကူးမှုမှ အကာအကွယ်ပေးရေး၊ ကလေး တွေရဲ့ အနာဂတ်ဘ၀လုံခြုံရေးနဲ့ သာယာဝပြောမှုရှိစေရေးတို့ အတွက် အစိုးရနဲ့ပုဂ်္ဂလိက ကဏ္ဍအသီးသီးမှာ အားလုံးပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီရဲ့ အားနည်းချက်တွေကို အတူတကွ ဖြေရှင်း ကြပြီး အားသာချက်ကို ပေါင်းစပ်ဆောင်ရွက်သွားကြဖို့ကို လည်း မှာကြားလိုပါတယ်။
လက်ရှိ UNICEF ရဲ့ နိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်အရ ကျန်းမာရေးနဲ့ အာဟာရ၊ ရေနှင့်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ပညာရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေး မူဝါဒနဲ့ ကလေးသူငယ်အခွင့် အရေး စောင့်ကြပ်ကြည့်ရှုရေး စတဲ့နယ်ပယ်တွေမှာ ချဉ်းကပ်ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်များအား အာဟာရအတွက် ငွေကြေးထောက်ပံ့တဲ့အစီအစဉ်၊ ကျောင်းတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အစီအစဉ်၊ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းအစရှိတဲ့ လုပ်ငန်းစဉ်တွေမှာ တိုးတက်မှုတွေကို တွေ့ရှိနေရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပျံ့နှံ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကုလသမဂ်္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) တို့အကြား ပူးပေါင်း ဆောင်ရွက်နေတဲ့ အရွယ်မရောက်သေးသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးကိစ်္စမှာ UNICEF ဟာ ပူးတွဲဥက်္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ အရွယ်မရောက်သေးသောသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး၊ စုဆောင်းခံခဲ့ရသူများအား နုတ်ထွက်ခွင့်ရရှိရေး၊ နုတ်ထွက်ခွင့်ရရှိပြီး သူများ လူမှုအသိုက်အ၀န်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် UNICEF က ကူညီဆောင်ရွက်ပေးနေတာတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အဆိုပါကိစ်္စ ကို နိုင်ငံရေးအရ ဆန်္ဒပြင်းပြစွာ ကိုင်တွယ်ဆောင်ရွက်နေကြောင်းကို ထပ်လောင်း ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မိမိတို့နိုင်ငံရဲ့ ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးမှုအတွက် ၂၀၁၆ ခုနှစ်ကတည်းက ““မြန်မာ့ကလေးများ ဖွံ့ဖြိုးဖို့ မျှော်မှန်းချက်သစ်နှင့် ရလဒ်သစ်များ ဖြင့် အားထုတ်စို့”” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ 1st High Level Conference on “New Vision, New Results for Children in Myanmar အဆင့်မြင့်ညီလာခံပွဲကတည်းက ဒီနယ်ပယ်ကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ UNICEF Country Office မှ တာဝန်ရှိသူတွေနဲ့ UNICEF Executive Director Ms. Henrietta H. Fore တို့ကို ကျေးဇူးတင်ပါတယ်။ ကျန်ရှိတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကလည်း ၀ိုင်းဝန်းပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ တက်ရောက် ဆွေးနွေးရေးအစီအစဉ်များတွင် ပါဝင်သူများနဲ့ ဖိုရမ်ကို ဦးစီးဦးဆောင်ကျင်းပပေးတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကနေ့ အဆင့်မြင့်ဖိုရမ်ရဲ့ ဆွေးနွေးချက်တွေဟာ မြန်မာကလေးငယ်တွေအတွက် MSDPပါ မဟာဗျူဟာလုပ်ငန်းစဉ်တွေနဲ့ ချိန်ညှိပြီး ထိရောက်အကျိုးရှိတဲ့ အစီအစဉ်တွေ၊ စီမံချက်တွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


Image may contain: 2 people, people on stage and people standing


နေပြည်တော် ဇန်န၀ါရီ ၂၈
မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေးအဆင့်မြင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က ကလေးများသည် မိမိတို့နိုင်ငံ၏ အနာဂတ်ဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း၏ အနာဂတ် အတွက် ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှင့် ဉာဏ်ရည် ဉာဏ်သွေးပြည့်မီရေး အလေးပေးဆောင်ရွက်ရန် အများကြီး လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ၏ ဘ၀အစ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံတော်အတွက် အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည့် လူသား အရင်းအမြစ်ကို ကောင်းစွာ တန်ဖိုးရှိအောင်နှင့် ဖွံ့ဖြိုးတိုးတက် အောင် ပြုစုပျိုးထောင်ပေးရာ ရောက်ပါကြောင်း၊ တစ်နည်း အားဖြင့် ထိုသို့ ဆောင်ရွက်မှုများသည် သုံးဖြုန်းခြင်းမျိုးမဟုတ် ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ပြောကြားသည့် အမှာ စကားအပြည့်အစုံကို စာမျက်နှာ (၄) တွင်ဖော်ပြထားပါသည်။)
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက်္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်မှ ဖွဲ့စည်း တာဝန်ပေးအပ်ထားသည့် အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ ကော်မတီများမှ ဥက်္ကဋ္ဌများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များမှ လူမှုရေးဝန်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အ၀န်း မှ ကလေးသူငယ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
ယင်းနောက် မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေး အဆင့်မြင့်ဖိုရမ်ဆက်လက်ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် UNICEF Executive Director Ms. Henrietta H. Fore တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဖိုရမ်တွင် ပါမောက်္ခဒေါက်တာအောင်ထွန်းသက်က ““ကလေးတိုင်းအတွက် တိုးတက်မှုများရရှိအောင် အရှိန်အဟုန် မြှင့်ဆောင်ရွက်ရေးအတွက် မူဝါဒဆိုင်ရာသုံးသပ်ချက်များအပေါ် ရှုထောင့်အမြင်”” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ““ကလေးတိုင်းအတွက် ဘ၀ကို အကောင်းဆုံး နည်းလမ်းဖြင့် စတင်နိုင်အောင် ဆောင်ရွက်ပေး ရေး”” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန ဩန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ““ကလေးတိုင်းအတွက် အရည်အသွေးမီ ပညာသင်ကြားခွင့်ရရှိစေရေး”” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဩန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်း အေးက “ကလေးများ၏ ဆင်းရဲမှုနှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချပေးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ပေး ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးသက်နောင်က “ကလေးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှ ကာကွယ် စောင့်ရှောက် ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က “ထိရောက်သော စီမံချက်များ ဖြစ်စေရေးနှင့် ရန်ပုံငွေခွဲဝေချထားပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။


ဆွေးနွေး
ဆက်လက်၍ ပါမောက်္ခဒေါက်တာအောင်ထွန်းသက်က တိုးတက်မှုများ ရရှိအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် တွန်းအားပေးဆွေးနွေးမှုနှင့် မိတ်ဖက်ပြု ပူးပေါင်းမှုများ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး အမျိုးသား လွှတ်တော် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီမှ ဒေါက်တာတင်တင်ဝင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်းမှ ဦးကျော်ကျော်မင်းထွဋ်၊ မြန်မာ နိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်လှလှမျိုးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့်လည်းကောင်း၊GAVI Vaccine Alliance၏ အမှုဆောင်အရာရှိချုပ်Dr. Seth Berkley က နိုင်ငံတကာမိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက် မှုများမှ ရရှိမည့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးMr. Knut Ostby က ကလေးများအတွက် ရင်းနှီးမြှုပ်နှံမှုတွင် UN ၏ အခန်းကဏ္ဍနှင့် ပါဝင်ကူညီမှုများခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။
ကလေးတိုင်းဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့်
ထို့နောက် UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့က နိဂုံးချုပ်အမှာစကားပြောကြားကြသည်။
အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံရှိ ကလေးများအတွက် ၂၀၁၆ ခုနှစ် မှ စတင်၍ ရရှိထားသော အဓိကတိုးတက်မှုရလဒ်များကို ဖော်ထုတ်ရန်၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) မဟာဗျူဟာများ နှင့် ကိုက်ညီမှု ရှိ၊ မရှိ သုံးသပ်ဆွေးနွေးရန်၊ MSDP နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်စပ်စီမံကိန်းများကို အကောင် အထည်ဖော်မှုသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ(SDGs) သဘောတရားနှင့်အညီ မြန်မာနိုင်ငံရှိ ကလေးတိုင်းဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်မည့် နယ်ပယ်များ သတ်မှတ်ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။ သတင်းစဉ်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


Image may contain: 4 people, people sitting


နေပြည်တော် ဇန်န၀ါရီ ၂၈

ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံ တော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ၀န်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မစ်္စတာ ငုယင် ကွတ်ဇွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ်္စရပ် များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွား သူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ကိစ်္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အ၀န်းအားလုံးအတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲတွင် ဗီယက်နမ်ဝန်ကြီး ချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဗီယက်နမ်အစိုးရမှ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေး စီမံကိန်းသို့ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ ကို ပေးအပ်လှူဒါန်း ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး ဒေါက်တာ လူသွေယောင်းနှင့် ဗီယက်နမ်ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။


ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ်သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ အကြား အာဆီယံအပါအ၀င် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားရေး ကိစ်္စရပ် များကို ဆွေးနွေးသည်။


သတင်းစဉ်

နိုင်ငံရေးနှင့် နိုင်ငံရေးသမားကောင်းများ ပေါ်ထွန်းရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ဒီမိုကရေစီစနစ်ထူထောင်သည်ဆိုခြင်းတွင် နိုင်ငံရေးယဉ်ကျေးမှု မြင့်မား အောင်  ထူထောင်ရသည်ဆိုခြင်းက ယှဉ်တွဲနေ၏။ နိုင်ငံရေး ယဉ်ကျေးမှု ကို ဖော်ဆောင်ကြမည့်သူများမှာ နိုင်ငံရေးသမားများ ဖြစ်၏။
ဒီမိုကရေစီစနစ်ဆိုသည်နှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေး စသည့်မဏ္ဍိုင်ကြီးများကို ပြည်သူလူထု၏ ဆန်္ဒသဘောထားပေါ်မှာ အခြေခံကာ တည်ဆောက်ရသည်။ ပြီးပြည့်စုံအောင် ကောင်းမွန်ဖို့ သေချာ ချင်မှ သေချာမည်ဖြစ်သော်လည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်များကိုသာ တာဝန်ယူစေသည့် နည်းလမ်းက အသင့်တော်ဆုံး ဖြစ်နေဆဲ။
ယင်းသို့ ပြည်သူ့ကိုယ်စားလှယ်ကောင်းများကို ပြည်သူတို့ ရွေးချယ် နိုင်ကြဖို့အတွက် နိုင်ငံရေးသမားများ အားကောင်းဖို့  လိုအပ်ပါမည်။ တစ်နည်းဆိုရသော် နိုင်ငံရေးသမားစစ်စစ်များ  လိုအပ်ပါသည်။ အရည် အချင်းပြည့်ဝသော နိုင်ငံရေးသမားများ၊ အမြော်အမြင်ကြီးသော နိုင်ငံရေး သမားများ၊  ကိုယ်ကျိုးမရှာသော၊  ပြည်သူ့အကျိုးကို ရှေးရှုသော  နိုင်ငံရေး သမားများ။
မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ နိုင်ငံရေး အကျပ်အတည်းများကြားတွင် နှစ်လရှည်ကြာ ဖြတ်သန်းလာခဲ့ရ သည့်အတွက် နိုင်ငံရေး ရင်ပြင်ကျယ်ကြီးက ရှိပြီးဖြစ်သည်။
နိုင်ငံရေးသမားဘ၀ ခံယူပြီဆိုသည်နှင့် ပထမဆုံး ပိုင်းဖြတ်ရသည့် အလုပ်မှာ ကိုယ်ကျိုးစွန့်ရခြင်းဖြစ်ပါသည်။ နိုင်ငံရေးလုပ်ပြီး ချမ်းသာ ကြွယ်ဝချင်လို့မရ။ နိုင်ငံရေးကို ကိုယ်ကျိုးစီးပွားအကျိုးအမြတ်နှင့် ယှဉ်တွဲ ပုံဖော်လို့မရ။
နိုင်ငံရေးသမားဆိုသည်မှာ ပြည်သူလူထု ထောက်ခံမှုရသည်နှင့်  နိုင်ငံရေးအာဏာနှင့်အတူ   လုပ်ပိုင်ခွင့်နှင့်တာဝန်များ   ရလာမည်။ ထိုလုပ်ပိုင်ခွင့်များ၊ အာဏာများသည်  ကိုယ့်ကိုယ်ကျိုးအတွက်မဟုတ်။ ကိုယ့် ပြည်သူလူထုအကျိုးရှိအောင်  ထိုလုပ်ပိုင်ခွင့်များ၊  အာဏာများကို မည်သို့  အသုံးပြုမည်နည်း၊  မည်သို့ အသုံးပြုခြင်းအားဖြင့် ပြည်သူလူထု အတွက်  ပိုမိုထိရောက်အကျိုးရှိမည်နည်းကို  တွေးခေါ်မြော်မြင်  ချမှတ် အကောင်အထည်ဖော်ရ၏။
ဤသည်က နိုင်ငံရေးသမားတို့၏ စဉ်းစားတွေးခေါ်ပုံဖြစ်၏။
ပြီးတော့ နိုင်ငံရေးသမားဟူသည် မတူညီသော သဘောထားများကို စည်းရုံးဆွေးနွေးပြီး  အများသဘောတူအောင် ဆောင်ရွက်ရခြင်းဖြစ် သည်။ သည့်အတွက် ပြည်သူလူထု ထောက်ခံမှုရဖို့ စည်းရုံးရေး အင်အား ကောင်းဖို့လို၏။ ထို့အတူ အာဏာနှင့်  လုပ်ပိုင်ခွင့် တာဝန်ကို ကျေပွန်ရန် တိုင်းပြည်အုပ်ချုပ် စီမံခန့်ခွဲနိုင်သည့် စွမ်းရည်ထက်မြက်ဖို့လည်း လိုအပ် ပါမည်။
သည်လို နိုင်ငံရေးသမားစစ်စစ်များ၊ နိုင်ငံရေးသမားကောင်းများ ရှိပါမှ အောက်ကျနောက်ကျဖြစ်နေရသော နိုင်ငံဘ၀မှသည် တိုးတက် ထွန်းကား တွင်ကျယ်သော နိုင်ငံဘ၀သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည် ပါသည်။
ထို့ကြောင့် နိုင်ငံတွင် နိုင်ငံရေးနိုးကြားသူများ များပြားတိုးတက်ဖို့ လိုသကဲ့သို့ နိုင်ငံရေးသမားကောင်းများ များများပေါ်ထွန်းဖို့လည်း လိုအပ် ပါသည်။
နိုင်ငံရေးပါတီများက မျိုးဆက်သစ် နိုင်ငံရေးသမားကောင်းများ ပေါ်ထွန်းလာစေရေး  လေ့ကျင့်ပျိုးထောင်ပေးဖို့လိုအပ်သလို  ပြည်သူ လူထုကြားထဲက နိုင်ငံရေးသမားကောင်းများ ထွက်ပေါ်လာဖို့ အားပေး နေကြရန် လိုပါမည်။
အထူးသဖြင့် လူငယ်သွေးသစ်အများအပြားကို နိုင်ငံရေးနယ်ပယ်မှာ လိုအပ်ပါသည်။ နိုင်ငံက အားကိုးရမည့်၊ ရိုးသားဖြူဖြောင့်သည့်၊ အရည် အသွေးပြည့်ဝသည့်၊ အများအကျိုးကို ရှေးရှုသည့် နိုင်ငံရေးသမားကောင်း များ ပေါ်ထွန်းရေးကို ကြိုးပမ်းခြင်းသည် မြန်မာ့အနာဂတ်အရေးအတွက် လိုအပ်သော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဟု ယူဆမိပါကြောင်း တင်ပြ လိုက်ရပါသည်။     ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Invest Myanmar Summit 2019 ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား

Image may contain: 17 people, people smiling



နေပြည်တော်   ဇန်န၀ါရီ      ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့ ပူးပေါင်း ကျင်းပသည့် Invest  Myanmar  Summit 2019 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပရာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ်္စရပ်များ  လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ  သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ်ဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများ၊  ဌာနဆိုင်ရာ   အကြီးအကဲများ၊  မြန်မာနိုင်ငံ   ကုန်သည် များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ   တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ  နိုင်ငံတကာ  သံရုံးများမှ သံအမတ်ကြီးများ၊ ပြည်တွင်း ပြည်ပ      စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များနှင့်   အထူးဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ    အနုပညာဦးစီးဌာနမှ အနုပညာရှင်များက     ထာဝရမြန်မာ                 သီချင်းဖြင့်  တေးသရုပ်ဖော်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဝမ်းမြောက်ဝမ်းသာကြိုဆို
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ်္ဂိုလ်က   အမှာစကားပြောကြား ရာတွင်     ပထမဆုံးအနေဖြင့် ပြောကြား လိုသည်မှာ  ယနေ့ကျင်းပသည့်Invest  Myanmar  Summit  2019 ကို  တက်ရောက်ကြသည့်   စီးပွားရေး နယ်ပယ်ကဏ္ဍစုံမှ  ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊   နိုင်ငံတကာ  အဖွဲ့အစည်းအသီး သီးမှ   တာဝန်ရှိပုဂ်္ဂိုလ်များကို ၀မ်းမြောက် ၀မ်းသာကြိုဆိုပါကြောင်း     ဦးစွာ ပြောကြားလိုပါကြောင်း။
ယနေ့အခမ်းအနားသည် မိမိတို့ မြန်မာနိုင်ငံ၏   စိတ်လှုပ်ရှားဖွယ်ကောင်း ပြီး  အမြဲတမ်း ပြောင်းလဲတိုးတက်နေ သည့်  ရင်းနှီးမြှုပ်နှံမှု  အခင်းအကျင်း မြင်ကွင်းများကိုသိရှိပြီး   ပြည်တွင်းနှင့် ပြည်ပ       လုပ်ငန်းရှင်များအတွက် အကောင်းဆုံး      အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့်  မြန်မာနိုင်ငံ   တွင်  ပထမဦးဆုံးကျင်းပပြုလုပ်သည့် အရေးပါသည့် ဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည်သည်ဟု    ပြောကြားလိုပါ ကြောင်း။
ယခုအခမ်းအနား   ကျင်းပသည့် နှစ်ရက်တာကာလအတွင်း ပြည်ထောင်စု ၀န်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့များနှင့်     မိမိတို့၏ ပုဂ်္ဂလိကကဏ္ဍမှ  မိတ်ဖက်လုပ်ငန်းရှင် များအနေဖြင့် ၎င်းင်းတို့၏ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့်   အခွင့်အလမ်းများ      ကိုဖော်ထုတ်ပြသနိုင်သည့်၊  အဖိုးတန် သည့်   အခွင့်အလမ်းကို  ရကြမည်ဖြစ် သည့်အတွက်    မိမိအနေဖြင့်  အားရ ကျေနပ်မိပါကြောင်း။

ယနေ့အခမ်းအနား  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှု နှင့်   နိုင်ငံခြား  စီးပွားဆက်သွယ်ရေး ၀န်ကြီးဌာန (MOIFER)၊  ရင်းနှီး မြှုပ်နှံမှုနှင့်    ကုမ်္ပဏီများ  ဩန်ကြားမှု ဦးစီးဌာနတို့နှင့်အတူ  ပူးပေါင်းဆောင် ရွက်ခဲ့သည့် မြန်မာနိုင်ငံ ကုန်သည်များ နှင့်  စက်မှုလက်မှု    လုပ်ငန်းရှင်များ အသင်းချုပ်၏ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်မှုကိုလည်း အထူးပင် အသိ အမှတ်ပြု ကျေးဇူးတင်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲက   အားလုံးကို အကျိုးများ၍ နှစ်လိုဖွယ်ကောင်းသည့် အမှတ်တရများ ရရှိစေပြီး မြန်မာနိုင်ငံ  ကို  အကြိမ်ကြိမ်  ပြန်လာချင်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု   မျှော်လင့်             ပါကြောင်း။
ငြိမ်းချမ်းချောမွေ့စွာ လုပ်ဆောင်နိုင်
ယနေ့သည်  မိမိတို့ မြန်မာနိုင်ငံ၏ သမိုင်းတွင်  လူသိများပြီး ထင်ရှားသည့် ဟံသာဝတီခေတ် ဘုရင် ရာဇဓိရာဇ်၏ မွေးနေ့နှင့်လည်း တိုက်ဆိုင်နေပါကြောင်း၊ နန်းစံခဲ့သည့်ကာလတွင် ရာဇဓိရာဇ် အရေးတော်ပုံ မှတ်တမ်းကို ပြုစုခဲ့ပြီး ယင်းမှတ်တမ်းသည် ရှေးဟောင်းဘုရင့် နိုင်ငံတစ်ခုကို ထိုခေတ်က ကုန်သွယ်မှု တွင် အင်အားကြီးမားသည့် နိုင်ငံတစ်ခု ဖြစ်အောင် ဆောင်ကြဉ်းပေးနိုင်သည့် အထင်ကြီး အားကျစရာကောင်းလှသည့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များကို      ငြိမ်းချမ်းချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း။
ထောက်ပံ့ရေးလမ်းကြောင်း ထူထောင်နိုင်
ထို့အပြင်  လွန်ခဲ့သည့်  ၇၄ နှစ် ကာလ  ၁၉၄၅  ခုနှစ်  ယနေ့မှာပင် အသစ် ဖွင့်လှစ်ခဲ့သည့်Burma Road မှ တစ်ဆင့်  တရုတ်နိုင်ငံကို ရောက်ရှိနိုင် မည့်  ထောက်ပံ့ရေးလမ်းကြောင်းကို ထူထောင်နိုင်ခဲ့ပါကြောင်း၊  ထို့ကြောင့် ယနေ့သည် မြန်မာနိုင်ငံ  သမိုင်းတွင် ထင်ရှားလှသည့် ပြုပြင်ပြောင်းလဲရေး များကို လုပ်ဆောင်ခဲ့သည့်   ဘုရင်၏ မွေးနေ့နှင့်  ဒုတိယက်္ဘာစစ်၏   အရှေ့ တောင်အာရှ၏   ဇာတ်ခုံတွင်  ဒုတိယ  က်္ဘာစစ်၏ အလှည့်အပြောင်းအပေါ် သက်ရောက်မှု ကြီးမားခဲ့သည့် လွန်စွာ မဟာဗျူဟာအရ    အရေးပါလှသည့် အခြေခံအဆောက်အအုံ     စီမံကိန်း တစ်ခုကို  စတင်ခဲ့သည့်    နေ့များနှင့် တိုက်ဆိုင်နေသည့်အတွက်   အမှန် တကယ် ကျက်သရေ မင်္ဂလာအပေါင်း နှင့် ပြည့်စုံသည့် ယနေ့တွင် တွေ့ဆုံခွင့်  ရကြခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင်  အဘယ်ကြောင့်  ရင်းနှီးမြှုပ်နှံကြသလဲဟု    မေးစရာရှိ မည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ ၏ တည်နေရာသည် ပထ၀ီအနေအထား အရ    အလွန်အားကျစရာကောင်း လောက်သည့်  နေရာတွင်  ရှိနေခြင်း ကြောင့် မဟာဗျူဟာအရ အရေးပါလှ သည့်  ဈေးကွက်နေရာတစ်ခု ဖြစ်သကဲ့ သို့ တရုတ်၊ အိန်္ဒိယ ၊  ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊   ထိုင်းနိုင်ငံတို့ကို  ကုန်သွယ် ကူးသန်း ဖြတ်သန်းနိုင်သည့် လမ်းဆုံ နေရာတွင်လည်း တည်ရှိနေခြင်းကြောင့် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအပါအ၀င် အာဆီယံ ၁၀ နိုင်ငံနှင့်အတူ တရုတ်၊ အိန်္ဒိယတို့ ပါဝင်သည့် ၃ ဒသမ ၅ ဘီလီယံကျော် ရှိသည့် စားသုံးသူ ဈေးကွက်ကို ကိုယ်စား ပြုပါကြောင်း၊ ယင်းဈေးကွက်၏ စီးပွား ရေးပမာဏသည် အမေရိကန် ဒေါ်လာ ၁၅ ထရီလီယံဝန်းကျင်ရှိပြီး က်္ဘာ့ ဂျီဒီပီ ၏ ၂၀ ရာခိုင်နှုန်းကို   ကိုယ်စားပြုပါ ကြောင်း၊ ယင်းဈေးကွက်၏ ဆက်စပ်မှု သည် ခေတ်သစ်က်္ဘာတွင်  တွေ့မြင် ဖူးသမျှထဲတွင် ထူးခြားအထင်ရှားဆုံး ဈေးကွက်တစ်ခုအဖြစ်    တိုးတက် ပြောင်းလဲ ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
မက်္ကင်းဆေး ဂလိုဘယ် အင်စတီကျု ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စားသုံးဦးရေ၏  တစ်ဝက်ကျော် ရှိသည့်   တစ်နေ့ဝင်ငွေ  ၁၀  ဒေါ်လာ အထက်ရှိသည့်   ဦးရေပမာဏသည် မြန်မာနိုင်ငံ၏ လေကြောင်းခရီးအား    ဖြင့် ၅ နာရီတွင်းမှာ  နေထိုင်လိမ့်မည်     ဟု ခန့်မှန်းထားပါကြောင်း၊ မိမိတို့တွင် ၅၃  သန်းလောက်ဆိုသည့်  အတော် အတန်ကြီးမားသည့် လူဦးရေပမာဏ ရှိပြီး    တစ်ဝက်ကျော်သည် အသက်          ၃၀ နှစ်အောက်   လူငယ်များဖြစ်ပါ ကြောင်း။
ပမာဏရှိသည့် ဈေးကွက်တစ်ခုဖြစ်
ထို့ကြောင့်     မြန်မာနိုင်ငံသည် သင့်လျော်သော      ပမာဏရှိသည့် ဈေးကွက်တစ်ခု ဖြစ်သကဲ့သို့  တစ်နေ့ တခြား    ကျယ်ပြန့်ကြီးမားနေသည့် အတွက်     နိုင်ငံတကာဈေးကွက်နှင့် ပူးပေါင်းချိတ်ဆက်ပြီး   အကျိုးရှိစွာ အသုံးချနိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည်    အရှေ့တောင်အာရှဒေသ    တွင်  မြေနေရာ  အကျယ်ဝန်းဆုံးကို ပိုင်ဆိုင်ထားသည့်အတွက်   လယ်ယာ ကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံရန်  သာလွန်     သည့်  အလားအလာကောင်းများရှိနေ သကဲ့သို့  သဘာဝသယံဇာတနှင့် သဘာဝ ဓာတ်ငွေ့ကြွယ်ဝစွာရှိသည့် နိုင်ငံလည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတောင်ပိုင်းရှိ ကမ်းခြေ ဒေသသည်လည်း ကမ္ဘာ့အရေးပါဆုံး စီးပွားရေးစင်္ကြံတစ်ခုဖြစ်သည့်  ထိုင်း နိုင်ငံ၏    အအောင်မြင်ဆုံးလည်းဖြစ်   သည့်  ထိုင်းအရှေ့ပိုင်း စီးပွားရေးစင်္ကြံ      နှင့် ချိတ်ဆက်နေခြင်းကြောင့်  ဘင်္ဂလား ပင်လယ်အော်နှင့် ကပ်္ပလီပင်လယ်ပြင် တို့ကတစ်ဆင့် အိန်္ဒိယနိုင်ငံနှင့် ပစိဖိတ် သမုဒ်္ဒရာကိုသာမက    ပတ်ဝန်းကျင် နိုင်ငံများဖြစ်သည့်    ကမ္ဘေဒီးယား၊ လာအို၊ ဗီယက်နမ် အပါအ၀င်  တရုတ် နိုင်ငံများနှင့်လည်း ကူးသန်းသွားလာ    ရန်  လမ်းကြောင်းများ ဖော်ဆောင်ပေး နေပါကြောင်း။
အဓိကနေရာမှ                      အထောက်အကူပြုလျက်ရှိ
ထို့ကြောင့်     မြန်မာနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်း ကို ဒေသတွင်း ဈေးကွက်များမှတစ်ဆင့် အချိတ်အဆက်ပြုပြီး  များစွာအကျိုးပြု လျက်ရှိနေသည့်အပြင်  အာရှပစိဖိတ် ဒေသကိုသာမက     တစ်က်္ဘာလုံး၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးအတွက် အဓိကနေရာမှ အထောက် အကူပြုလျက်ရှိသည်ဟု   ယုံကြည်ပါ ကြောင်း။ 
လက်ရှိတွင် မြန်မာနိုင်ငံ၌ စီးပွား ရေး၊   လူမှုရေးနှင့်   နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများတွင်    အရှိန် အဟုန်နှင့်  တစ်ချိန်တည်း  ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိနေသကဲ့သို့   မိမိတို့၏ က်္ဘာကြီးတွင်လည်း   ခေတ်ပြိုင်ပြုပြင် ပြောင်းလဲမှုအမျိုးမျိုးနှင့်  တစ်ပြိုင်တည်း ဖြစ်ပေါ်နေပါကြောင်း၊          လွန်ခဲ့သည့် နှစ်လေးဆယ်အတွင်း      မိမိတို့ဒေသ သည်     ကမ္ဘာတွင်      စီးပွားရေး‘ဖြိုး အတိုးတက်ဆုံး   ဒေသတစ်ခုဖြစ်ခဲ့ပြီး ထိုသို့လျင်မြန်သည့်     အာဆီယံနိုင်ငံ များနှင့်   ကျန်အာရှနိုင်ငံများအကြား ကုန်သွယ်မှု  ဆက်ဆံရေးအသစ်များ       ကို     ဦးဆောင်ဖန်တီးပေးခဲ့သကဲ့သို့ နည်းပညာအသစ်များ    တီထွင်နိုင်မည့် အခွင့်အလမ်းများကို  ဖန်တီးပေးခဲ့ပြီး ပြည်သူများ၏    အတွေးအခေါ်အယူ အဆများ၊ ကုန်ပစ်္စည်းနှင့်  ၀န်ဆောင်မှု များ၊ ရင်းနှီးမြှုပ်နှံမှုများကို  ဒေသတွင်း လွယ်ကူလျင်မြန်စွာ၊    ချောမွေ့စွာရွှေ့  ပြောင်းနိုင်အောင်     ဆောင်ရွက်နိုင်ခဲ့          ခြင်းသည်  ယခင်က ဖြစ်နိုင်မည်ဟုမထင် ခဲ့သောအရာများ ဖြစ်ပါကြောင်း။
အခွင့်အလမ်းကောင်းများ
အမှန်တကယ်တွင်   မိမိတို့သည် က်္ဘာကို  တည်ငြိမ်စွာ ပုံဖော်စေခဲ့သည့်  အာရှ၏   အအောင်မြင်ဆုံးကာလများ တွင်     နေထိုင်ရှင်သန်နေခြင်းဖြစ်ပါ ကြောင်း၊ တစ်ဆက်တည်းမှာပင် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု      တီထွင် ဆန်းသစ်မှုများ၊ လွတ်လပ်စွာကုန်သွယ် မှုနှင့်  ဒေသတွင်း   ပြည်သူများအကြား ဆက်ဆံရေးနှင့်   ဒေသတွင်း   အချိတ် အဆက်   တိုးတက်မှုများသည်    မြန်မာ နိုင်ငံ၌    လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအတွက်        များပြားလှသည့်       အခွင့်အလမ်းကောင်းများပင်   ဖြစ်ပါ  ကြောင်း။
မိမိတို့၏     ပထ၀ီအနေအထား အားသာချက်၊     အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက    လုပ်အားခသက်သာမှု      နှင့်   မိမိတို့ပြည်သူများ၏  ကြီးမားသည့် စွမ်းပကားများသည်      တစ်ချိန်က အနောက်နိုင်ငံများအနေဖြင့်  အရှေ့နိုင်ငံ များဆီသို့ က်္ဘာ့စီးပွားရေး ခွဲဖြာထွက်မှု ဖြစ်ပေါ်ခဲ့သကဲ့သို့    ပြန်လည်ပေါ်ထွန်း လာအောင်   ဆောင်ကြဉ်းပေးနိုင်မည့် အခွင့်အလမ်းများကို  ဖမ်းဆုပ်ရန်  အချိန် အခါကောင်းပင်ဖြစ်ပါကြောင်း။
မည်သို့ပင်ဖြစ်ဖြစ် မိမိတို့ အောင်မြင် အောင် ကျော်လွှားရမည့် စိန်ခေါ်မှုများ စွာလည်း   ရှိနေဆဲပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများ အနေဖြင့် က်္ဘာ့စီးပွားရေးနှင့် ပူးပေါင်း ချိတ်ဆက်ရာတွင်     အားနည်းချက်များ ရှိနေဆဲကြောင့် စီးပွားရေး နောက်ကျ ကျန်ခဲ့ရနိုင်သော ကြီးမားသည့်အ်္တရာယ် အတွက်ကိုလည်း စိတ်ထဲတွင် စွဲမှတ်ပြီး  မြန်မာနိုင်ငံအနေဖြင့် က်္ဘာနှင့် ဒေသ တွင်း     ကုန်သွယ်မှုနှင့်     ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်မှုများမှ သေချာသည့် အကျိုးအမြတ်များ ရရှိရန် အတွက် နည်းလမ်းများ ရှာဖွေလုပ်ဆောင် ရန်သည်  မိမိတို့  နိုင်ငံအတွက်  အဓိက စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါကြောင်း။
စိန်ခေါ်မှုများစွာရှိ
မိမိတို့နိုင်ငံ ဖွံ့ဖြိုးရန်အတွက် စိန်ခေါ် မှု   များစွာရှိသည့်အနက်   ဈေးကွက်ကို အခြေခံ ဖြေရှင်းသည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်မှုသည်      အားလုံး ပြေလည်စေမည့် နည်းလမ်းမဟုတ်သော် လည်း    မြန်မာနိုင်ငံတွင်   အားလုံးပါဝင်  ပြီး  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက   မောင်းနှင်အင်အားဖြစ်သည့် အပြင်    အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးသည့်   နေရာတွင်လည်းအခြေခံ တွန်းအားတစ်ရပ်ဖြစ်သည့်   အစိုးရနှင့် ပုဂ်္ဂလိကကဏ္ဍ အတူတကွ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်နိုင်ရေးသည် အရေး တကြီးလိုအပ်ချက်အဖြစ် မိမိတို့ အသိ အမှတ်ပြုပါကြောင်း။
မြန်မာနိုင်ငံ၏    ရင်းနှီးမြှုပ်နှံမှု ၀န်းကျင် အခြေအနေကို နားလည်နိုင်ရန် မြန်မာနိုင်ငံတွင်  လက်တွေ့ကျင့်သုံးနေ သည့်    မူဝါဒလုပ်ထုံးလုပ်နည်းများကို ကျယ်ကျယ်ပြန့်ပြန့်  သဘောပေါက်ရန် လိုအပ်ပါကြောင်း။
စီးပွားရေးမူဝါဒများချမှတ်
ဈေးကွက်နှင့်ကိုက်ညီသည့် စီးပွား ရေး     မူဝါဒများ    ချမှတ်ခြင်းနှင့်အတူ   ဒေသတွင်း   ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှု အလျင်အမြန်တိုးတက်လာ ခြင်းတို့သည် အာရှပစိဖိတ်ဒေသနိုင်ငံများ အတွက် များစွာအကျိုးရှိသကဲ့သို့ မိမိတို့ ဒေသတွင်းတွင်ရှိသည့် ပြည်သူအများစု ကို တိုးတက်မှုနိမ့်ကျပြီး ၀င်ငွေနည်းသည့် ဘ၀မှ   အလယ်အလတ်တန်းနှင့်   ၀င်ငွေ မြင့်မားသည့် ဘ၀များသို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်းနည်းလမ်းအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း။
မိမိတို့ကိုယ်တိုင် ကိုယ်ပိုင်ရွေးချယ် မှုနှင့်     ယနေ့မြန်မာနိုင်ငံသည်     ပြင်ပ ဈေးကွက်များနှင့် နိုင်ငံရေး အင်အားစု များကို ယခင်ကထက် ပိုမိုထိတွေ့ဆက်ဆံ လျက်ရှိပါကြောင်း၊   ထိုမှတစ်ဆင့်   မျှတ သည့်     အကျိုးရလဒ်အနေဖြင့်    ရင်းနှီး မြှုပ်နှံမှုအသစ်များ     ၀င်ရောက်လာရန် အခွင့်အလမ်းများ၊ နည်းပညာသစ်များနှင့် အသိပညာဗဟုသုတများ လွှဲပြောင်း ရရှိ နိုင်မည်ဟု မျှော်လင့်ပါကြောင်း။
ထိုကဲ့သို့    ပြောရခြင်းသည်   ဂလို ဘယ်လ်လိုက်ဇေးရှင်း၏  ဆိုးကျိုးရှုထောင့် အချို့ရှိနေသည့်အပေါ် ထိခိုက်မှုမရှိဘဲ အလွယ်တကူ  တုံ့ပြန်နိုင်သည့် အခြေ အနေရှိနေသည့် သဘောမျိုးကို မဆိုလို ပါကြောင်း။
ယနေ့ကဲ့သို့ အလျင်အမြန် အရှိန် အဟုန်နှင့်   ကူးသန်းသွားလာနေသည့် ကမ္ဘာကြီးတွင်  နိုင်ငံတစ်ခုက   သာမန် အအေးမိ ဖျားနာရုံလောက်သာ ခံစားရ သော်လည်း အများစုမှာ ရောဂါကူးစက်မှု အ်္တရာယ်ကျရောက်ခြင်းကို       ခံနေရ ပါကြောင်း။
ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အလားအလာ ကို ကြည့်မည်ဆိုပါက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စီးဝင်ခြင်းသည် ၂၀၁၇ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် တွင်လည်း ဆက်လက်ကျဆင်းနေသည်ကို   တွေ့ရမည်ဖြစ်ပါကြောင်း၊ အာရှပစိဖိတ် ဒေသသည်လည်း   ယင်းရင်းနှီးမြှုပ်နှံမှု ကျဆင်းမှု အခြေအနေမှ   မလွတ်ကင်းနိုင် ခဲ့ပါကြောင်း။
 နောက်ဆုံးရထားသည့်    သတင်း အချက်အလက်များအရ အာရှပစိဖိတ် ဒေသတွင်း      နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များသည် အနည်းငယ်တုံ့ဆိုင်းခဲ့ခြင်းကို တွေ့ရပါကြောင်း၊ သို့သော် မိမိတို့အာရှ ပစိဖိတ်ဒေသသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု စီးဝင်ရေးအတွက် အဓိကဒေသတစ်ခု အဖြစ် ရှိနေဆဲဖြစ်ပြီး ၂၀၁၇ ခုနှစ် က်္ဘာ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းစီးဝင်မှု၏ ၃၉ ရာခိုင်နှုန်းရှိကာ ၂၀၁၆ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ကို တွေ့ရ မည် ဖြစ်ပါကြောင်း။
အကျိုးအမြတ်ရရှိ
ထို့အပြင်     အာရှပစိဖိတ်ဒေသ နိုင်ငံများသည် ၂၀၁၇ ခုနှစ်အတွက် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုအများဆုံး လက်ခံခဲ့ သည့် ဒေသဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ဒေသတွင်းနိုင်ငံအချင်း ချင်းအကြား  အပြန်အလှန် ရင်းနှီးမြှုပ်နှံ မှု ပြုလုပ်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အကျိုး အမြတ်ရရှိသည့် နိုင်ငံများအထဲမှ တစ်ခု ဖြစ်ပါကြောင်း၊ သီလ၀ါ အထူးစီးပွားရေး ဇုန်တွင်      မလေးရှားနိုင်ငံအခြေစိုက် Kiam Joo Group က စက်ရုံအသစ် တစ်ခု ရင်းနှီးမြှုပ်နှံခဲ့သည်ကို ကြည့်လျှင် သိနိုင်ပါကြောင်း။
မြန်မာနိုင်ငံသည်     မိမိနိုင်ငံ၏ တည်နေရာ      ပထ၀ီအနေအထား၏ အားသာချက်အပေါ်     အကျိုးကျေးဇူး ခံစားနေရသည်ဆိုသည်မှာ သံသယရှိစရာ မလိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် မိုးရွာတုန်း ရေခံဆိုသည့် ဆိုရိုးစကား တစ်ခု   ရှိပါကြောင်း၊    ASEAN + 3 Macroeconomic      Research Office  က လတ်တလော ပြုလုပ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အလား အလာ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေး ဟာ    ၂၀၁၈ -၂၀၁၉    ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ယင်းအစီရင်ခံစာမှာပင်   ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွ မှုနှုန်းကို   ၅ ရာခိုင်နှုန်းနှင့်   တည်ငြိမ် နေလိမ့်မည်ဟု ခန့်မှန်းထားပါကြောင်း၊  ယင်းခန့်မှန်းချက်သည် မိမိတို့ မျှော်မှန်း ထားသည်ထက်    မြင့်နေသော်လည်း  ယခင်နှစ်ကထက်စာပါက တိုးတက်မှုရှိ လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ၂၀၁၅  ခုနှစ်တွင်  အမြင့်ဆုံးငွေကြေး ဖောင်းပွမှုနှုန်း ၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း။
ရဲရဲဝံ့ဝံ့ကြိုးပမ်း
ယခုကဲ့သို့    အပေါင်းလက်္ခဏာ ဆောင်သည့်   နိုင်ငံ့စီးပွားရေး အလား အလာ ခန့်မှန်းချက်များအပေါ် အကောင်း ဘက်မှ ရှုမြင်ပါက ဒေသတွင်းနှင့် မြန်မာ နိုင်ငံအတွက် ယခုအချိန်သည် ရည်မှန်း ချက်မြင့်မြင့်ထားပြီး   ရဲရဲဝံ့ဝံ့   ကြိုးပမ်း ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါကြောင်း။
ကမ္ဘာ့အသိုက်အ၀န်းထဲမှ     နိုင်ငံ တစ်ခုအနေဖြင့် မြန်မာအစိုးရသည် ကုလ သမဂ်္ဂ  အဖွဲ့အစည်းက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် များ(SDG)  ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်   ဆုံးဖြတ်ထားပြီးလည်း ဖြစ်ပါကြောင်း။
လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ    ပြောင်းလဲမှုများ၊    ဆက်လက် ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှုများ၏ လမ်းပြမြေပုံဖြစ်သည့် မြန်မာ့ စဉ်ဆက် မပြတ်     ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP)ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး  ဖြစ်ပါ ကြောင်း။
မြန်မာ့စဉ်ဆက်မပြတ်        ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း  (MSDP)  ကို    မဏ္ဍိုင်ကြီး  ၃  ရပ်၊    ပန်းတိုင်  ၅ ရပ်၊ နည်းဗျူဟာ ၂၈ ခုနှင့် လက်တွေ့ လုပ်ငန်း စဉ်  ၂၅၁  ခု တို့ဖြင့် ရေးဆွဲထားပြီး နိုင်ငံ တော်၏   ဖွံ့ဖြိုးမှု   မျှော်မှန်းချက်အဖြစ် တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
မြန်မာ့စဉ်ဆက်မပြတ်      ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (MSDP) သည် နိုင်ငံ၏    နှစ်ရှည်မျှော်မှန်းချက်ဖြစ်ပြီး ငြိမ်းချမ်းရေး၊     သာယာဝပြောရေးနှင့် ဒီမိုကရေစီနိုင်ငံအဖြစ်  မျှော်မှန်း တည် ဆောက်သွားရန် ရည်ရွယ်ပါကြောင်း။
ယင်းMSDPက တိုင်းဒေသကြီး ပြည်နယ်များအကြား    စီးပွားရေးနှင့် လူမှုရေးကဏ္ဍ    အသီးသီးအကြား    ရင်းနှီးမြှုပ်နှံမှုနှင့်   မဟာဗျူဟာမြောက် ဖွံ့ဖြိုးမှုအတွက်   ဦးစားပေး  အစီအစဉ် အလိုက်  အကောင်အထည်ဖော်ရာတွင် အသေးစိတ်   မဟာဗျူဟာ     စီမံကိန်း အဖြစ်    အထောက်အကူပြုမည်ဖြစ် ပါကြောင်း။
 ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး
ပထမပန်းတိုင်သည်     နိုင်ငံရေး တည်ငြိမ်မှု ရရှိအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး တို့ကို  ဦးတည်ထားခြင်း ဖြစ်ပါကြောင်း၊ ဒုတိယပန်းတိုင်အနေဖြင့်    စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းပြီး မေခရို စီးပွား ရေးစီမံခန့်ခွဲမှုကို ဦးတည်လုပ်ဆောင်သွား ရန် ဖြစ်ပါကြောင်း၊ တည်ငြိမ်မှုမရှိသည့် စီးပွားရေးသည် ကျယ်ပြန့်ပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို         လက်တွေ့ လုပ်ဆောင်ရာတွင် မဖြစ်နိုင်ပါကြောင်း၊ အဆိုပါ မျှော်မှန်းချက် (၁) နှင့် (၂) တို့ သည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးကြီးဆုံး အခြေခံထားရမည့် အုတ်မြစ်များထဲမှ အရေးပါသည့် အပိုင်း ထဲတွင် ပါဝင်ပါကြောင်း။
ပန်းတိုင် (၃) သည် အလုပ်အကိုင် ဖန်တီးမှုနှင့်   ပုဂ်္ဂလိကကဏ္ဍဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန်ဖြစ်ပြီး  ပန်းတိုင် (၄) သည်    ပညာရေးနှင့်      ကျန်းမာရေး စောင့်ရှောက်မှုကို   ဦးတည်ထားသည့် လူသားစွမ်းဆောင်ရည်နှင့်     လူမှုဖွံ့ဖြိုး   မှု      အရည်အသွေးရှိစေရန်အတွက် ထူထောင်ရန်ဖြစ်ပါကြောင်း။
ပန်းတိုင် (၅) သည် သဘာဝသယံ ဇာတ   စီမံခန့်ခွဲမှုနှင့်     ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်ထား ခြင်းဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ကို   စီမံခန့်ခွဲ့မှုမှတစ်ဆင့်   မိမိနိုင်ငံကို သာမက ကမ္ဘာကြီးကိုပါ ကာကွယ်နိုင်ရန် ဖြစ်ပါကြောင်း။
 မဟာဗျူဟာ ၃.၃ သည် ယနေ့ အခမ်းအနားနှင့်   တိုက်ရိုက်သက်ဆိုင် နေပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး ၀န်းကျင်ကောင်းများ     ဖန်တီးနိုင်ရန် အတွက် မိမိတို့၏ ကတိက၀တ်များကို ဖော်ပြရာရောက်ပါကြောင်း၊ ထို့ကြောင့် ယနေ့အခမ်းအနားသည်       အဆိုပါ မဟာဗျူဟာစီမံကိန်း၏ အနှစ်သာရကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောဆို နိုင်ပါကြောင်း။
မိမိတို့   အစိုးရတာဝန်ယူခဲ့သည့် အချိန်မှစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ဖြေလျှော့မှုများ လွယ်ကူ ချောမွေ့အောင် ဆောင်ရွက်မှုများကို တက်တက်ကြွကြွ     လုပ်ဆောင်ခဲ့ပါ ကြောင်း။
မကြာသေးမီနှစ်များအတွင်း ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ရာတွင် တချို့က  သိသာထင်ရှားကာ တချို့က သိမ်မွေ့ပြီး ထူးခြားသည့်အပြောင်းအလဲ များ    လုပ်နိုင်ခဲ့သည်မှာ   အတူတူပင် ဖြစ်ပါကြောင်း။
ယင်းပြုပြင်ပြောင်းလဲမှုများသည် အားလုံးပါဝင်သည့်   စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်သည့်  ဈေးကွက် စီးပွားရေးစနစ်ကို   ဖော်ဆောင်နိုင်ရန် ရည်ရွယ်သည့်    ဥပဒေနှင့်   လုပ်ထုံး လုပ်နည်း  စည်းမျဉ်းစည်းကမ်းများကို ခေတ်နှင့်အညီ  ပြုပြင်ပြောင်းလဲနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း။
အကျိုးရလဒ်များရရှိ
ထို့အပြင်    ကမ္ဘာ့စီးပွားရေးနှင့် အကောင်းဆုံး ပိုမိုပူးပေါင်းချိတ်ဆက်နိုင် မှုကတစ်ဆင့်  မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင်  လုပ်ဆောင်နိုင်ရန်   အဖွဲ့ အစည်းဆိုင်ရာ   ပြုပြင်ပြောင်းလဲမှုများ ကိုလည်း   လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယင်းပြုပြင်ပြောင်းလဲမှုများသည် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို အခြေခံကျကျ တိုးတက်ပြောင်းလဲရန် ဆောင်ရွက်ရာတွင် ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိ ခဲ့ပါကြောင်း။
ပထမဆုံး ပြုပြင်ပြောင်းလဲမှု အနေ ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေသည်   ရင်းနှီးမြှုပ်နှံသူများ အတွက်    ပိုမိုပွင့်လင်းမြင်သာမှု၊   ပိုမို ဖြေလျှော့မှုများ ပြုလုပ်ထားသည့်အပြင် ရင်းနှီးမြှုပ်နှံသူများကို       ပိုမိုအကာ အကွယ်ပေးသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားသကဲ့သို့ နိုင်ငံတကာနှင့်   ဒေသတွင်း သဘော တူညီမှုများနှင့်အညီလည်း ရေးဆွဲထား ခြင်း ဖြစ်ပါကြောင်း။
ထို့အပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် မြန်မာကုမ်္ပဏီများဥပဒေကို ပြဋ္ဌာန်း နိုင်ခဲ့ပြီး  ၂၀၁၈ ခုနှစ်   သြဂုတ်လတွင် အသက်ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊   ယခင် မြန်မာနိုင်ငံကုမ်္ပဏီ    အက်ဥပဒေအရ နိုင်ငံသားပိုင် ကုမ်္ပဏီတစ်ခုသည်၊နိုင်ငံခြား ရှယ်ယာ    ပါဝင်မှုရှိပါက    နိုင်ငံခြား ကုမ်္ပဏီအဖြစ် သတ်မှတ်ခဲ့ပါကြောင်း။
ယခုဥပဒေအသစ်၏ ပြဋ္ဌာန်းချက် အရ   နိုင်ငံသားပိုင်ကုမ်္ပဏီတစ်ခုသည် နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ  ပါဝင်သည့်တိုင်  မြန်မာနိုင်ငံသား ကုမ်္ပဏီအဖြစ်နှင့်သာ    သတ်မှတ်သည့် အတွက်    နိုင်ငံသားကုမ်္ပဏီ၏    အခွင့် အရေးများ  ဆုံးရှုံးမှုမရှိသည်ကို   တွေ့ရှိ ရမည်ဖြစ်ပါကြောင်း။
ကုမ်္ပဏီဥပဒေအသစ်သည် စီးပွား ရေး လုပ်ကိုင်မှု လွယ်ကူမှု ဩန်းကိန်းတွင် မြန်မာနိုင်ငံ၏   အဆင့်တိုးတက်စေရန် အထောက်အကူပြုရန်အတွက် အနည်းစု ရင်းနှီးမြှုပ်နှံသူများကို  အကာအကွယ် ပေးသည့်       ပြဋ္ဌာန်းချက်ကိုလည်း ထည့်သွင်းထားပါကြောင်း။
အဓိက    ပြုပြင်ပြောင်းလဲကြိုးပမ်း အားထုတ်မှုအနေဖြင့် ကုမ်္ပဏီမှတ်ပုံတင် ရာတွင်    မှတ်ပုံတင်ရုံးကို    ကိုယ်တိုင် သွားရောက်ရန်    မလိုတော့ဘဲ  အွန်လိုင်း မှတ်ပုံတင်စနစ် (MyCo)ကတစ်ဆင့် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ပါကြောင်း။
အွန်လိုင်းမှတ်ပုံတင်စနစ် စတင် ခဲ့သည့် ငါးလတာကာလအတွင်း ကုမ်္ပဏီ ပေါင်း  ၈၄၀၀ ကို     အွန်လိုင်းစနစ်ဖြင့် အသစ် မှတ်ပုံတင်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုအရာသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်း မှတ်ပုံတင်ခဲ့မှု၏   ၁၀   ရာခိုင်နှုန်း    ရှိပါ ကြောင်း။
ယင်းတိုးတက်အောင်မြင်မှုကို အတု ယူပြီး     အခြားနယ်ပယ်များတွင်ပါ    ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်တစ်ဆင့်အနေဖြင့်      လူနှင့် လုပ်ဆောင်ရသည့်     လုပ်ငန်းများကို အွန်လိုင်းဖြင့် ဆောင်ရွက်သည့်စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်ရန် တစ်ဆင့် ချင်း တိုးတက်ဆောင်ရွက်သွားမည်ဖြစ်၍ နောင်အခါတွင်      ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဌာနများစွာ နေရာများစွာကို သွားရောက်လုပ်ကိုင်စရာ မလိုအောင် ကြိုးပမ်းဆောင်ရွက်သွားမည်   ဖြစ်ပါ ကြောင်း။  
လက်လီကဏ္ဍတွင် 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ခြင်း  
ကုမ်္ပဏီဥပဒေပြဋ္ဌာန်းမှုနှင့်   အတူ    စီးပွားရေးကဏ္ဍ အသစ်များကိုလည်း ရင်းနှီးမြှုပ်နှံသူများအတွက် ဖွင့်လှစ်ပေး ခဲ့ပါကြောင်း၊ ဥပမာအားဖြင့် ၂၀၁၈ ခုနှစ် တွင်    နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ်္ပဏီများကို လက်ကား နှင့်   လက်လီကဏ္ဍတွင်   ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့သည့်အတွက် ဥရောပ၊   ဂျပန် နှင့်   တောင်ကိုရီးယားနိုင်ငံများအပြင်   အခြားနိုင်ငံများကိုပါ ဆွဲဆောင်နိုင်ခဲ့ ပါကြောင်း။
ပညာရေးကဏ္ဍကိုဖြေလျှော့ပေးခဲ့ခြင်း
ထို့အပြင် မြန်မာနိုင်ငံ၏ ပညာရေး ၀န်ဆောင်မှုကဏ္ဍတွင်  နိုင်ငံခြားသား ၁၀၀   ရာခိုင်နှုန်းပိုင်သည့်   ပညာရေး ၀န်ဆောင်မှုလုပ်ငန်းများကို      ရင်းနှီး မြှုပ်နှံခွင့်ပေးခဲ့ပါကြောင်း၊ ယင်းအပြင် ဖက်စပ်ကုမ်္ပဏီများအဖြစ်    ထူထောင် ခွင့်ပြုခဲ့ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြုပြင် ပြောင်းလဲမှု
အရေးပါသည့်      ဆောင်ရွက်မှု တစ်ခုအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်း အဖွဲ့သစ်အနေဖြင့် စီမံခန့်ခွဲမှုပုံသ္ဌာန် အသစ်နှင့်    ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့်    ဆောင်ရွက်လျက်ရှိပါ ကြောင်း၊  ယင်းအဖွဲ့သည်  မြန်မာနိုင်ငံကို ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတွက်     အချက်အချာ    ဒေသအဖြစ် ပြောင်းလဲနိုင်ရန်     သန်္နိဋ္ဌာန်ချထားပြီး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ထုတ်ပေးသည့် ကိစ်္စရပ်များတွင်      ပွင့်လင်းမြင်သာပြီး လွယ်ကူချောမွေ့စေရန်   အစီအစဉ်များ  ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်  အဖွဲ့သစ် သည် ကော်မရှင်၏လုပ်ငန်းများ အပေါ်မှာ သာမက အခြားအစိုးရဌာနများမှ ရင်းနှီး မြှုပ်နှံမှုနှင့်    ဆက်စပ်သည့်    လုပ်ငန်း ဆောင်ရွက်မှုများကိုပါ         ပိုမိုလွယ်ကူ ရှင်းလင်းပြီး     ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိ သည့် စံချိန်စံဩန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operating Proce-dure - SOPs)  ရေးဆွဲချမှတ် ဆောင် ရွက်နိုင်ရန်အတွက်သာမက  ၀န်ဆောင်မှု များ ပေးရာတွင်    (Single   Window) စနစ်ကိုပါ    ကျင့်သုံးဆောင်ရွက်နိုင်ရန် ပြန်လည်သုံးသပ်    လုပ်ဆောင်လျက်ရှိ ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း
မိမိတို့အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု  မြှင့်တင်ရေးစီမံကိန်းကို  မကြာ သေးမီကပင်      ရေးဆွဲထုတ်ပြန်နိုင်ခဲ့ ပါကြောင်း၊  ယင်းစီမံကိန်းသည် နောင် အနှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ကျော်ရှိသည့် တာဝန်ယူမှု ရှိပြီး အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံ မှုများကို   ဖိတ်ခေါ်ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားပြီး    မိမိနိုင်ငံကို    ၀င်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံတစ်ခုအဖြစ်  ရောက်ရှိရန် မျှော်မှန်းထားပါကြောင်း။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေရန် ရင်းနှီးမြှုပ်နှံမှု နှင့်    နိုင်ငံခြားစီးပွား   ဆက်သွယ်ရေး ၀န်ကြီးဌာန (MOIFER) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်း ခဲ့ပါကြောင်း၊  MOIFER အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖြစ်ပေါ် ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်     ပူးပေါင်းဆောင်ရွက်မှုကို    ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အဓိက ထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏     လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း။
 ဦးစားပေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များကို      ဖော်ထုတ်ရာတွင်    ပိုမိုမဟာ ဗျူဟာကျပြီး ပွင့်လင်းမြင်သာမှုရှိစေရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနတို့က စီမံကိန်း ဘဏ်ကို     ရေးဆွဲခဲ့ပါကြောင်း၊    ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အဓိက ကျသည့်   စီမံကိန်းများကို   စိစစ်သုံးသပ် အကဲဖြတ်ပြီး   ဦးစားပေးစီမံကိန်းများ အဖြစ်  သတ်မှတ်ကာ  အစိုးရဘတ်ဂျက်၊ ဖွံ့ဖြိုးမှုအကူအညီ သို့မဟုတ် ပုဂ်္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုစသည့်     အသင့် လျော်ဆုံး ဘဏ္ဍာရေးအရင်းအမြစ်များကို ရယူအသုံးချသည့်     ပုံသ္ဌာန်အပြင် အစိုးရ    ပုဂ်္ဂလိက  ဆောင်ရွက်သွားမည့် ပုံသ္ဌာန်နှင့် အကောင်အထည် ဖော်နိုင် ရန် စုစည်းထားသည့် အချက်အလက် ဘဏ် (Data Bank)  ဖြစ်ပါကြောင်း။
ကမ္ဘာ့ဘဏ်မှ အသိအမှတ်ပြု
မြန်မာနိုင်ငံ၏       ရင်းနှီးမြှုပ်နှံမှု ၀န်းကျင်    ပြုပြင်ပြောင်းလဲမှုများအပေါ် ကြိုးပမ်းဆောင်ရွက်မှုကို ကမ္ဘာ့ဘဏ်မှ အသိအမှတ်ပြုခဲ့ပြီး   ၂၀၁၇   ခုနှစ်တွင်Star Reformer Award ကို အပ်နှင်းခဲ့ ပါကြောင်း၊     ယင်းအောင်မြင်မှုအပေါ် မိမိတို့ နိုင်ငံသည် ကျေနပ်မနေဘဲ ရင်းနှီး မြှုပ်နှံမှုဝန်းကျင်များ    ပိုမိုကောင်းမွန် အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
စိန်ခေါ်မှုများစွာလည်း ရှိနေ
မြန်မာ့    ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ အဆောက်အအုံလိုအပ်ချက် ကွာခြားချက်ရှိနေခြင်း     ကဲ့သို့သော စိန်ခေါ်မှုများစွာလည်း    ရှိနေပါသေး ကြောင်း၊   မြန်မာနိုင်ငံတွင်   သဘာဝ ဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် များ ပေါကြွယ်ဝသော်လည်း က်္ဘာပေါ် တွင်    လျှပ်စစ်ဓာတ်အား    ထုတ်လုပ်မှု အနည်းဆုံး  နိုင်ငံတစ်ခုအဖြစ်  ရှိနေပါ သေးကြောင်း။
မြန်မာ့ဆိပ်ကမ်းများကိုလည်း အဆင့် မြှင့်တင်ပြီး  တစ်နေ့တခြား တိုးပွားလာ သည့် ကုန်သွယ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လိုအပ်နေပါကြောင်း။
ထိုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့် နယ်ပယ်များသည်   ရင်းနှီးမြှုပ်နှံသူများ အတွက် ကြီးမားသည့် အခွင့်အလမ်းများ အဖြစ် ရှိနေသည့်အတွက် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ်    ပြောင်းလဲ ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြား ရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၊  ပြည် ထောင်စုလွှတ်တော်   ဥပဒေရေးရာနှင့် အထူးကိစ်္စရပ်များ    လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက်္ကဋ္ဌ၊       ပြည် ထောင်စုဝန်ကြီးများ၊    မြန်မာနိုင်ငံ အဂတိလိုက်စားမှု         တိုက်ဖျက်ရေး ကော်မရှင်ဥက်္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက်္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့်  ပြည်နယ် ၀န်ကြီးချုပ်များ၊     ဒုတိယ၀န်ကြီးများ   သည်   မြန်မာနိုင်ငံ   ကုန်သည်များနှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI  )  နာယကကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ   နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ UMFCCI   ဥက်္ကဋ္ဌ၊  ဗဟိုအလုပ်အမှုဆောင်များ၊  အလုပ်အမှု ဆောင်များနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ဖွင့်ပွဲအခမ်းအနား     အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန(၂)အတွင်း ခင်းကျင်းပြသ ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၊ ၀န်ကြီးဌာနများနှင့် ပုဂ်္ဂလိကကဏ္ဍတို့၏   ရင်းနှီးမြှုပ်နှံမှု  အခွင့်အလမ်း    ဆိုင်ရာပြခန်းများကို  လှည့်လည်ကြည့်ရှု အားပေးကြသည်။               သတင်းစဉ်