Wednesday, January 30, 2019

ဝမ်းတွင်းမြို့နယ် ရိုးစုံတံတား ပြုပြင်ပေးစေလို


ထင်သာမြင်သာပြုပြင်စရာ



မိတ်္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ရိုးစုံကျေးရွာအုပ်စု ရိုးစုံတံတားသည် ခရိုင်ချင်း ဆက်လမ်းနှင့် သဲတော၊ ၀မ်းတွင်းမြို့သို့ ဆက်သွယ်ထားသော ပင်မပေါင်းကူးတံတား ကြီးဖြစ်သည်။ ရိုးစုံတံတားကြီးမှာ အရှည် ပေ ၂၂၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၄ပေရှိ ၍၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ပြီး အစိုးရမှ ငွေကျပ် ၁၀ သိန်းထည့်ဝင်ကာ ဒေသခံ ကျေးရွာများမှ ငွေကျပ်သိန်း ၂၁၀ အကုန်အကျခံပြီး တည်ဆောက်ထားသော တံတားကြီးဖြစ်သည်။
အဆိုပါတံတားကြီးမှာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၅ ရွာမှ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ်္စများအတွက် ကူးသန်းသွားလာနေရသော အဓိကတံတားကြီးဖြစ်ပြီး တံတားကြီးမှာ မကြာခဏပျက်စီးနေသဖြင့် ဒေသခံ များက ပြုပြင်နေရသည်။ ထို့ကြောင့် ရိုးစုံတံတားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် အမြန်ဆုံးအသစ်တည်ဆောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိ ကြောင်း သိရသည်။ တင်လှိုင်(မိတ်္ထီလာ)

No comments:

Post a Comment