Tuesday, January 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


Image may contain: 4 people, people sitting


နေပြည်တော် ဇန်န၀ါရီ ၂၈

ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံ တော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ၀န်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မစ်္စတာ ငုယင် ကွတ်ဇွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ်္စရပ် များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွား သူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ကိစ်္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အ၀န်းအားလုံးအတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲတွင် ဗီယက်နမ်ဝန်ကြီး ချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဗီယက်နမ်အစိုးရမှ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေး စီမံကိန်းသို့ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ ကို ပေးအပ်လှူဒါန်း ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး ဒေါက်တာ လူသွေယောင်းနှင့် ဗီယက်နမ်ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။


ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ်သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ အကြား အာဆီယံအပါအ၀င် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားရေး ကိစ်္စရပ် များကို ဆွေးနွေးသည်။


သတင်းစဉ်

No comments:

Post a Comment