နေပြည်တော် ဇန်န၀ါရီ ၃၀
ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ
မြန်မာနိုင်ငံ ဆိုင်ရာ ဟန်ဂေရီနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်
သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဆေးလ်ဗက်စတာ ဘတ်စ် သည် ယနေ့ နံနက်
၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်
သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်းင်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:
Post a Comment