(၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်)
ယနေ့ကျင်းပတဲ့ အခမ်းအနားကတော့ မြန်မာနိုင်ငံရဲ့ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်ဖြစ်ပြီး ဒီဖိုရမ်မှာ လမ်းဩန်ပြောပြချင်တဲ့ အကြောင်းအရာ များစွာရှိပါတယ်။ ပထမအချက်ကတော့ ကလေးတွေက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပါ။ နိုင်ငံတိုင်းရဲ့ အနာဂတ်အတွက် ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉဏ်ရည်ဉဏ်သွေးပြည့်မီရေး အလေးပေး ဆောင်ရွက်ဖို့ အများကြီးလိုအပ်ပါတယ်။ ကလေးသူငယ်တွေရဲ့ ဘ၀အစ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းဟာ ကျွန်မတို့ နိုင်ငံတော် အတွက် အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာတန်ဖိုးရှိအောင်နဲ့ ဖွံ့ဖြိုး တိုးတက်အောင် ပြုစုပျိုးထောင်ပေးရာ ရောက်ပါတယ်။ တစ်နည်းအားဖြင့် ဒီလိုဆောင်ရွက်မှုတွေဟာ သုံးဖြုန်းတာ မျိုးမဟုတ်ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီး မြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။
ပြုစုပျိုးထောင်ရေးဟာ အလွန်အရေးကြီး
အထူးသဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို ဆက်လက် ထုဆစ်ပုံဖော်ကြမယ့် ယနေ့ကလေးသူငယ်များ ပြုစုပျိုးထောင် ရေးဟာ အလွန်အရေးကြီးတာမို့ မြန်မာ့ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာကို လည်း လက်တွေ့ကျကျ ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ထဲမှာ ပြည်သူတွေကို မိတ်ဆက်ဖြန့်ချိပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် မိဘများ၊ ဆရာ ဆရာမ များသာမက သက်ဆိုင်ရာဌာနစုံများက ပေါင်းစပ်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ဒီကနေ့ဖိုရမ်မှာ ကဏ္ဍဆိုင်ရာ စီမံချက်တွေကို ပြန်လည်သုံးသပ်ဆောင်ရွက်ဖို့၊ အချိန်နဲ့ တစ်ပြေးညီ ဦးစားပေးလုပ်ငန်းစီမံချက်တွေ ခွဲခြမ်းဆောင်ရွက် နိုင်ရေး ကိစ်္စရပ်များကို ဆွေးနွေးဖို့ အချိန်ကောင်းတစ်ရပ်ဖြစ်ပါ တယ်။ အားလုံးသိရှိကြတဲ့အတိုင်း က်္ဘာ့နိုင်ငံတွေမှာလည်း ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် Sustainable Development Goals (SDGs)တွေကို အကောင် အထည်ဖော်ဆောင်နေကြသလို ကျွန်မတို့နိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ကို လွန်ခဲ့တဲ့ လအနည်း ငယ်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။MSDP မှာ မဏ္ဍိုင်ကြီး ၃ ရပ် ၊ ပန်းတိုင် ၅ ခု၊ မဟာဗျူဟာ ၂၈ ခုနဲ့ အဆိုပါ မဟာဗျူဟာ တစ်ခုချင်းစီအောက်မှာ စီမံကိန်း အကောင် အထည်ဖော်ရေး အစီအစဉ်များ ဖော်ထုတ်သတ်မှတ်ထားပြီး လုပ်ငန်းစဉ်ပေါင်း ၂၅၁ ခု ပါဝင်ရေးဆွဲထားပါတယ်။ MSDP လုပ်ငန်းစဉ်တွေဟာ ရှင်သန်အသက်ဝင်နေတဲ့ ပြုစုစာတမ်းLiving Document တစ်ခုအဖြစ် ပုံဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
MSDP ကို ရေးဆွဲရာမှာလည်း ကုလသမဂ်္ဂရဲ့ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်တွေ၊ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒ (၁၂) ချက်၊ အာဆီယံ စီးပွားရေးအသိုက်အ၀န်း၊ မဟာ မဲခေါင်ဒေသခွဲ မဟာဗျူဟာမူဘောင် အပါအ၀င် နိုင်ငံတော် အစိုးရက ပေးအပ်ထားတဲ့ အမျိုးမျိုးသော ဒေသတွင်းနဲ့ နိုင်ငံ တကာ ကတိက၀တ်တွေကို အကောင်အထည်ဖော်နိုင်စေရန် ချိန်ညှိရေးဆွဲခဲ့ပါတယ်။ တစ်နည်းဆိုရရင် ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ရေရှည်ဖွံ့ဖြိုးမှုအတွက် အကောင် အထည်ဖော်နိုင်စေဖို့ ဦးစားပေးဆောင်ရွက်မှုများနဲ့အတူ နိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များအဖြစ် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
MSDP ရဲ့ ““မဏ္ဍိုင်(၃) ပြည်သူများနှင့် က်္ဘာမြေဆိုတဲ့ မဏ္ဍိုင်အောက်မှာ ပါရှိတဲ့ ပန်းတိုင်(၄) အဖြစ် ““၂၁”” ရာစု လူမှုအဖွဲ့အစည်းအတွက် လူ့စွမ်းအား အရင်းအမြစ်များနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး”” ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီပန်းတိုင်ကိုရောက်ရှိဖို့ မဟာဗျူဟာများ ချမှတ်ထားရာမှာလည်း ကျွန်မတို့နိုင်ငံမှာရှိတဲ့ ကလေးတိုင်း ကလေးတိုင်းကို နိုင်ငံရဲ့အနာဂတ်အတွက် တန်ဖိုးမြင့်မားတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာစေဖို့အတွက် ပညာရေးနဲ့ ကျန်းမာရေးကဲ့သို့သော လူမှုရေးဝန်ဆောင်မှုကဏ္ဍများ အရည် အသွေးမြင့်မားစေရေး၊ အစားအစာနှင့် အာဟာရအရည်အသွေး မြင့်မားစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်ရန် ရှိပါတယ်။
ထိထိမိမိ အကောင်အထည်ဖော်
ယခုအခါမှာ ၀န်ကြီးဌာနများနဲ့ အဖွဲ့အစည်းများ စွမ်းဆောင်ရည်ရှိရှိနဲ့ ထိထိမိမိ အကောင်အထည်ဖော်နိုင်အောင် စီမံချက်တွေကို စီမံကိန်းဘဏ်(Project Bank) ထဲ ထည့်သွင်း ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုအကာအကွယ်ပေးရေး စတာတွေနဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာနအသီးသီးရဲ့ လူမှုရေးကဏ္ဍ (၅)နှစ် မဟာဗျူဟာစီမံကိန်းအသီးသီးကို ၂၀၁၆ ခုနှစ်ကတည်း က စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ (၂)နှစ်တာ အချိန်အတွင်း မိမိတို့ရဲ့ အကောင်အထည် ဖော်ဆောင်မှုတွေကို ပြန်လည်သုံးသပ်ပြီး အချိန်နဲ့တစ်ပြေးညီ ဦးစားပေးလုပ်ငန်း စီမံ ချက်တွေကို ခွဲခြမ်းဆောင်ရွက်နိုင်ရေးအတွက် ယခုဖိုရမ်မှာ လူမှုရေးမဏ္ဍိုင်အနေနဲ့ ဆွေးနွေးပေးကြဖို့ ဖြစ်ပါတယ်။
MSDP နဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်စီမံကိန်းများကို စီမံချက်များအဖြစ် အကောင်အထည် ဖော်ရာမှာ ““မည်သူမှ ကျန်နေခဲ့ခြင်း မရှိစေရ”” ဆိုတဲ့SDGs စည်းမျဉ်း၊ လုပ်ငန်းစဉ်များနဲ့အညီ မြန်မာနိုင်ငံရှိ ကလေးများ အားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင် ရွက်နိုင်မယ့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ကြဖို့ လိုအပ် ကြောင်း ပြောလိုပါတယ်။
တတိယအချက်ကတော့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေး ပါပုံကို ပြောချင်ပါတယ်။MSDP ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေး၊ သာယာဝပြောမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူသားများနဲ့ ကမ္ဘာမြေ စတဲ့ မဏ္ဍိုင် (၃) ရပ်လုံးဟာ အပြန်အလှန် ညီညွတ် မျှတစွာနဲ့ ဆက်စပ်အကျိုးပြုလျက်ရှိတာကြောင့် ဒီမဏ္ဍိုင်(၃) ရပ်လုံးရဲ့ ပန်းတိုင်တွေ၊ မဟာဗျူဟာတွေကို အကောင်အထည် ဖော်တဲ့အခါ ကိစ်္စရပ်ချဉ်းကပ်မှု (Thematic Approach) နဲ့ အကောင်အထည်ဖော်တာမို့ ဆက်စပ်ချိတ်ဆက်တဲ့ကိစ်္စရပ် တွေမှာ ၀န်ကြီးဌာနတစ်ခုမက ပေါင်းစပ်အကောင်အထည် ဖော်ရတဲ့ ကိစ်္စမျိုးတွေမှာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း မှာကြားလိုပါတယ်။ မိမိနိုင်ငံအတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဖန်တီးရာမှာ မဟာဗျူဟာရဲ့ လားရာကို သဘောပေါက်နားလည်ဖို့ လိုအပ်သလို ပြိုင်တူ တွန်းနိုင်ဖို့လည်း လိုအပ်ပါတယ်။
ဘဏ္ဍာရန်ပုံငွေရှာနည်းစီမံကိန်းတွေကို တီထွင်ဖန်တီး
ဒီနေ့ မနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) မှာ ဆောင်ရွက်နေတဲ့Invest Myanmar Summit ကလည်း စီးပွားရေးမဏ္ဍိုင်ကနေ စီမံချက်တွေကို စီမံကိန်းဘဏ်ထဲ ထည့်သွင်းဆောင်ရွက်ဖို့ ပုဂ်္ဂလိက ကဏ္ဍတွေနဲ့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ စီမံချက်တွေကို အကောင် အထည်ဖော်ရာမှာ နိုင်ငံတော်ဘတ်ဂျက်၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီများ၊ ပုဂ်္ဂလိကရင်းနှီး မြှုပ်နှံမှုများ၊ အစိုးရ-ပုဂ်္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းများ၊ အခြေခံအဆောက်အအုံဆိုင်ရာ ငွေတိုက်စာချုပ် များဖြင့် သစ်ဆန်းသော ဘဏ္ဍာရန်ပုံငွေရှာနည်းစီမံကိန်းတွေကို တီထွင်ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် MSDP ရဲ့ မဏ္ဍိုင်များအကြားလည်း ညီညွတ်မျှတပြီး ခိုင်မာအားကောင်း စေဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာအလိုက် တာဝန်ခွဲဝေယူ
အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဌာနအဖွဲ့ အစည်းတစ်ခုတည်းသာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ ပုဂ်္ဂလိကကဏ္ဍ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနဲ့ အကျိုးသက်ဆိုင်သူအားလုံးတို့မှ အသီးသီးသက်ဆိုင်ရာအလိုက် တာဝန်ခွဲဝေယူပြီး ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိလုပ်ငန်းတာဝန်အရ ဆောင်ရွက်တယ်ဆိုတာ ထက် စေတနာနဲ့ နိုင်ငံ့အကျိုးအတွက် မျှော်ကိုးဆောင်ရွက်နိုင်မှုများ အင်မတန်လိုအပ်နေတဲ့ အချိန် အခါ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ မိမိတို့နိုင်ငံ အတွက် နိုင်ငံဆိုင်ရာ အစီအစဉ်တွေဟာ MSDPပါ ပန်းတိုင် များ၊ မဟာဗျူဟာများနဲ့ ကိုက်ညီစေဖို့၊ ထိရောက်တဲ့ အကူ အညီများဖြစ်စေဖို့ ဆောင်ရွက်ပေးရန် အထူးပန်ကြား လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ထိထိ ရောက်ရောက်အကောင်အထည်ဖော်ရာမှာ ပုဂ်္ဂလိကလုပ်ငန်း ကဏ္ဍအပါအ၀င် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနဲ့ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုများနဲ့ ကတိက၀တ်တွေကလည်း မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ပြီး လွန်စွာအရေးကြီးပါတယ်။
စတုတ်္ထအချက် ကတော့ အကောင်အထည်ဖော်၊ဆောင်ရွက် မယ့် စီမံချက်လုပ်ငန်းစဉ်များနဲ့ အချိန်ကာလတွေဟာ အစီ အစဉ် တကျဖြစ်ရန် လိုအပ်လျက်ရှိပါတယ်။ ဒါ့ကြောင့် ကဏ္ဍဆိုင်ရာ စီမံကိန်းနဲ့ ဒေသ်္တရစီမံကိန်းတွေ ရေးဆွဲတဲ့အခါ စီမံချက်တွေဟာ လိုအပ်ချက်တစ်ခုတည်းကိုသာ စဉ်းစား ဆောင်ရွက်ရတာမျိုးမဟုတ်ဘဲ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင် ခြေရှိတဲ့ လက်တွေ့ကျ အကောင်အထည်ဖော်နိုင်တဲ့ စီမံချက်တွေ (Implementable) ဖြစ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ အနေနဲ့ နှစ်စဉ်စီမံကိန်း တွေမှာ ထည့်သွင်းဖို့၊ အချိတ်အဆက်မိဖို့ ဆက်စပ်စဉ်းစား ဆောင်ရွက်ကြဖို့ အလွန်ပဲအရေးကြီးပါတယ်။
ရင်းနှီးမြှုပ်နှံရကျိုးနပ်ဖို့ လိုအပ်
ပဉမအချက်ကတော့ စီမံချက်တွေကို အကောင်အထည် ဖော်တဲ့အခါမှာ စောင့်ကြပ်ကြည့်ရှုအကဲဖြတ်ခြင်း အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ အစဉ်အလာအရ စီမံချက်တွေ ကို အကောင်အထည်ဖော်ရုံနဲ့မပြီးဘဲ ဘယ်လောက်အတိုင်း အတာအထိ အကျိုးကျေးဇူးရှိသလဲ၊ စီမံချက်တွေအတွက် ငွေကြေးကုန်ကျခံ ရင်းနှီးမြှုပ်နှံရကျိုးနပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းရေးဆွဲစဉ်ကတည်းက မှန်ကန်တဲ့ စာရင်း အင်းနဲ့ ကိန်းဂဏန်း အချက်အလက်တွေအပေါ် အခြေခံပြီး ရေးဆွဲမှသာ လက်တွေ့ကျပြီး လူထုကိုအကျိုးပြုစေတဲ့ စီမံကိန်း မျိုးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ အလားတူပဲ စီမံကိန်းတွေကို အကောင် အထည်ဖော်ရာမှာ စောင့်ကြပ်ကြည့်ရှုနိုင်ဖို့ စီမံချက် ယူနစ်တွေ ဖွဲ့စည်းပြီး တိုးတက်မှုအခြေအနေကို တိုင်းတာဖို့ အတွက် စာရင်းအင်းအချက်အလက်တွေ ပြုစုထားရှိရမှာ ဖြစ်ပါတယ်။ MSDP ကို အကောင်အထည်ဖော်ဆောင်ရာမှာ ကဏ္ဍအသီးသီးအတွက် တိုင်းတာနိုင်ဖို့ ““အမျိုးသားဩန်းကိန်း မူဘောင်”” သတ်မှတ်ဆောင်ရွက်တိုင်းတာမှာ ဖြစ်ပါတယ်။ ယခုဆိုရင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့အနေနဲ့ အမျိုးသားညွှန်းကိန်းမူဘောင် သတ်မှတ်ရေး ကိစ်္စရပ်ကို ဌာနအဖွဲ့အစည်းပေါင်း (၁၀၀) ကျော်နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာဟာ ညွှန်းကိန်းပေါင်း(၃၀၀) နီးပါးရှိမှာ ဖြစ်ပါတယ်။ အမျိုးသား ညွှန်းကိန်းမူဘောင်ဟာ စီမံကိန်းရေးဆွဲခြင်း၊ ကဏ္ဍများအကြား ဘတ်ဂျက်ခွဲဝေမှုများ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံချက်များဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း စတာတွေအတွက် အချက်အလက်တွေ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
အားနည်းချက်တွေကို အတူတကွဖြေရှင်း
ဒါ့ကြောင့် ““မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်”” မှာ မြန်မာ့ ကလေးသူငယ်များရဲ့ အနာဂတ်ကို ကဏ္ဍပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံမှ လေ့လာသုံးသပ်ဆွေးနွေးမှုများပြုပြီး ကလေးသူငယ် သေဆုံးမှုလျော့ပါးရေး၊ ကလေးသူငယ်များရဲ့ မွေးဖွားမှု မှတ်ပုံတင်ထုတ်ပေးနိုင်ရေး၊ ကျန်းမာပြီး ဘ၀နွေးထွေးလုံခြုံမှု ရှိစေရေး၊ ပညာသင်ကြားခွင့် သာတူညီမျှရရှိစေရေး၊ ကျောင်း နေ သက်တမ်း ပိုမိုတိုးမြှင့်စေနိုင်ရေး၊ အရွယ်မရောက်သေးသူ များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး၊ ကလေး သူငယ်များကို လူကုန်ကူးမှုမှ အကာအကွယ်ပေးရေး၊ ကလေး တွေရဲ့ အနာဂတ်ဘ၀လုံခြုံရေးနဲ့ သာယာဝပြောမှုရှိစေရေးတို့ အတွက် အစိုးရနဲ့ပုဂ်္ဂလိက ကဏ္ဍအသီးသီးမှာ အားလုံးပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီရဲ့ အားနည်းချက်တွေကို အတူတကွ ဖြေရှင်း ကြပြီး အားသာချက်ကို ပေါင်းစပ်ဆောင်ရွက်သွားကြဖို့ကို လည်း မှာကြားလိုပါတယ်။
လက်ရှိ UNICEF ရဲ့ နိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်အရ ကျန်းမာရေးနဲ့ အာဟာရ၊ ရေနှင့်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ပညာရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေး မူဝါဒနဲ့ ကလေးသူငယ်အခွင့် အရေး စောင့်ကြပ်ကြည့်ရှုရေး စတဲ့နယ်ပယ်တွေမှာ ချဉ်းကပ်ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်များအား အာဟာရအတွက် ငွေကြေးထောက်ပံ့တဲ့အစီအစဉ်၊ ကျောင်းတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အစီအစဉ်၊ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းအစရှိတဲ့ လုပ်ငန်းစဉ်တွေမှာ တိုးတက်မှုတွေကို တွေ့ရှိနေရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပျံ့နှံ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကုလသမဂ်္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) တို့အကြား ပူးပေါင်း ဆောင်ရွက်နေတဲ့ အရွယ်မရောက်သေးသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးကိစ်္စမှာ UNICEF ဟာ ပူးတွဲဥက်္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ အရွယ်မရောက်သေးသောသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး၊ စုဆောင်းခံခဲ့ရသူများအား နုတ်ထွက်ခွင့်ရရှိရေး၊ နုတ်ထွက်ခွင့်ရရှိပြီး သူများ လူမှုအသိုက်အ၀န်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် UNICEF က ကူညီဆောင်ရွက်ပေးနေတာတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အဆိုပါကိစ်္စ ကို နိုင်ငံရေးအရ ဆန်္ဒပြင်းပြစွာ ကိုင်တွယ်ဆောင်ရွက်နေကြောင်းကို ထပ်လောင်း ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မိမိတို့နိုင်ငံရဲ့ ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးမှုအတွက် ၂၀၁၆ ခုနှစ်ကတည်းက ““မြန်မာ့ကလေးများ ဖွံ့ဖြိုးဖို့ မျှော်မှန်းချက်သစ်နှင့် ရလဒ်သစ်များ ဖြင့် အားထုတ်စို့”” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ 1st High Level Conference on “New Vision, New Results for Children in Myanmar အဆင့်မြင့်ညီလာခံပွဲကတည်းက ဒီနယ်ပယ်ကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ UNICEF Country Office မှ တာဝန်ရှိသူတွေနဲ့ UNICEF Executive Director Ms. Henrietta H. Fore တို့ကို ကျေးဇူးတင်ပါတယ်။ ကျန်ရှိတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကလည်း ၀ိုင်းဝန်းပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ တက်ရောက် ဆွေးနွေးရေးအစီအစဉ်များတွင် ပါဝင်သူများနဲ့ ဖိုရမ်ကို ဦးစီးဦးဆောင်ကျင်းပပေးတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကနေ့ အဆင့်မြင့်ဖိုရမ်ရဲ့ ဆွေးနွေးချက်တွေဟာ မြန်မာကလေးငယ်တွေအတွက် MSDPပါ မဟာဗျူဟာလုပ်ငန်းစဉ်တွေနဲ့ ချိန်ညှိပြီး ထိရောက်အကျိုးရှိတဲ့ အစီအစဉ်တွေ၊ စီမံချက်တွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ။
No comments:
Post a Comment