Wednesday, January 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဆားဘီးယားသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ





 နေပြည်တော် ဇန်န၀ါရီ ၂၉


 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဆားဘီးယားသမ္မတ နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ် ခရီးစဉ်များ အပြန်အလှန်သွားရောက်ရန် စီစဉ်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲများ၊ပုံမှန် ကျင်းပသွားရေး၊ အားကစား၊ ကုန်သွယ်ရေး၊ ပညာရေး၊ သတင်း မီဒီယာနှင့် ယဉ်ကျေးမှုကဲ့သို့သော နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ်္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ်္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဆားဘီးယားသမ်္မတနိုင်ငံ အစိုးရတို့အကြား သံတမန် နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာ ကင်းလွတ်ခွင့်ပြုရေး သဘောတူစာချုပ်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဆားဘီးယားသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးH.E. Mr. Ivica Dacic တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
ယင်းသဘောတူစာချုပ်အရ နှစ်နိုင်ငံ၏ သံတမန်နှင့် အထူး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် ရက် ၉၀ ထက် မကျော်လွန်သည့် နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံသံတမန် နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအကြား ခရီး သွားလာရေးကိုလည်း အဆင်ပြေလွယ်ကူချောမွေ့စေမည် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆားဘီးယား သမ်္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် နေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ သတင်းစဉ်

No comments:

Post a Comment