Thursday, January 31, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ





 နေပြည်တော် ဇန်န၀ါရီ ၃၀



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အပြန်အလှန်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ခိုင်မြဲသောဆက်ဆံရေး ရရှိထားသည့် အခြေအနေ၊ ဆက်လက်၍ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲအောင်ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် စိတ်တူ ကိုယ်တူ ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်၏ ထုတ်ပြန်ချက်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်နိုင်ရန် လမ်းဖွင့် ဖိတ်ခေါ်ထားသည့်အခြေအနေ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ယဉ်ကျေးမှုဆိုင်ရာများ ဖလှယ်ခြင်းနှင့် အားကစားနှင့် ဆေးဘက်ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment