Wednesday, January 30, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆားဘီးယားသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အကျိုးတူကိစ်္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး






နေပြည်တော် ဇန်န၀ါရီ ၂၉



ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ဆားဘီးယားသမ်္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး H. E. Mr. Ivica Dacicအား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံ ခဲ့သည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခင်မင် ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့သည့် သမိုင်း ကြောင်းနှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထား ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ညှိနှိုင်းဆွေးနွေးပွဲများ ပုံမှန် ကျင်းပသွားရေး၊ နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အကျိုးတူကိစ်္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ်္စ ရပ်များနှင့် သတင်းမီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေး ကိစ်္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment