Friday, June 30, 2017

နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းများ ထိန်းချုပ်ရန် ကုလလက်နက်ဖျက်သိမ်းရေးဌာနအကြီးအကဲ တိုက်တွန်း

Image may contain: one or more people
ကုလသမဂ္ဂ ဇွန် ၂၉
ကုလသမဂ္ဂအဖွဲ့၏ လက်နက်ဖျက်သိမ်းရေးဌာန အကြီး အကဲက နျူကလီးယားလက်နက်နှင့် အခြားသောလက်နက်များကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်ပြီး ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကိစ္စရပ်များဆိုင်ရာ အထူးကိုယ်စားလှယ် အီဇူမီ နာကာမတ်ဇုက ဇွန် ၂၈ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာများနှင့် ကုန်ကြမ်းများကို တရားဝင် ထုတ်လုပ်ရောင်းချသော နိုင်ငံများရှိကြောင်းနှင့် ၄င်းတို့၏ ရောင်းဝယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးမည် ဖြစ်ကြောင်း အီဇူမီ နာကာမတ်ဇုက ပြောကြားခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များကို တားဆီးကာကွယ်နိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ဆွေးနွေးပွဲများကျင်းပရန် လိုအပ်ကြောင်း အီဇူမီ နာကာမတ်ဇုက ဆက်လက်ပြောကြားခဲ့သည်။
ဇွန် ၂၈ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပွဲသို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဖွဲ့ဝင်အများစုက ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက်များ အသုံးပြုလျက်ရှိသည်ဟု ထောက်ပြပြောကြားကြသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက မြောက်ကိုရီးယားနိုင်ငံ၏ နျူဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး ၄င်းတို့၏စိုးရိမ်မှုများကို ပြောကြားခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ မြောက်ကိုရီးယားဒုတိယ သံအမတ်ကြီး ကင်အင်ရောင်းက ပြုံယမ်းအနေဖြင့် နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သည် မြောက်ကိုရီးယားနိုင်ငံ၏ မိမိကိုယ်ကိုကာကွယ်ရေးအတွက်သာ ရည်ရွယ်ပါကြောင်း ပြောကြားခဲ့သည်။
ပြုံယမ်းနျူကလီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေး ပွဲများကျင်းပရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း ပြောကြားခြင်းသည် အချည်းအနှီးသာဖြစ်ပါကြောင်း မြောက်ကိုရီးယား ဒုတိယသံအမတ်ကြီး ကင်အင်ရောင်းက အမေရိကန်၏ ပြောကြားချက်ကို ပြန်လည်ချေပပြောကြား ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းများ ထိန်းချုပ်ရန် ကုလလက်နက်ဖျက်သိမ်းရေးဌာနအကြီးအကဲ တိုက်တွန်း

Image may contain: one or more people
ကုလသမဂ္ဂ ဇွန် ၂၉
ကုလသမဂ္ဂအဖွဲ့၏ လက်နက်ဖျက်သိမ်းရေးဌာန အကြီး အကဲက နျူကလီးယားလက်နက်နှင့် အခြားသောလက်နက်များကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်ပြီး ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကိစ္စရပ်များဆိုင်ရာ အထူးကိုယ်စားလှယ် အီဇူမီ နာကာမတ်ဇုက ဇွန် ၂၈ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာများနှင့် ကုန်ကြမ်းများကို တရားဝင် ထုတ်လုပ်ရောင်းချသော နိုင်ငံများရှိကြောင်းနှင့် ၄င်းတို့၏ ရောင်းဝယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးမည် ဖြစ်ကြောင်း အီဇူမီ နာကာမတ်ဇုက ပြောကြားခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များကို တားဆီးကာကွယ်နိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ဆွေးနွေးပွဲများကျင်းပရန် လိုအပ်ကြောင်း အီဇူမီ နာကာမတ်ဇုက ဆက်လက်ပြောကြားခဲ့သည်။
ဇွန် ၂၈ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပွဲသို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဖွဲ့ဝင်အများစုက ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက်များ အသုံးပြုလျက်ရှိသည်ဟု ထောက်ပြပြောကြားကြသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက မြောက်ကိုရီးယားနိုင်ငံ၏ နျူဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး ၄င်းတို့၏စိုးရိမ်မှုများကို ပြောကြားခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ မြောက်ကိုရီးယားဒုတိယ သံအမတ်ကြီး ကင်အင်ရောင်းက ပြုံယမ်းအနေဖြင့် နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သည် မြောက်ကိုရီးယားနိုင်ငံ၏ မိမိကိုယ်ကိုကာကွယ်ရေးအတွက်သာ ရည်ရွယ်ပါကြောင်း ပြောကြားခဲ့သည်။
ပြုံယမ်းနျူကလီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေး ပွဲများကျင်းပရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း ပြောကြားခြင်းသည် အချည်းအနှီးသာဖြစ်ပါကြောင်း မြောက်ကိုရီးယား ဒုတိယသံအမတ်ကြီး ကင်အင်ရောင်းက အမေရိကန်၏ ပြောကြားချက်ကို ပြန်လည်ချေပပြောကြား ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

ပြည်သူများလုံခြုံစိတ်ချမှုရှိစေရေး


လူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို စောင့်ရှောက်ရန်အတွက် လည်းကောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက်လည်းကောင်း ရဲတပ်ဖွဲ့သည် အရေးပါသည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီ ယင်းတာဝန်များကို ၂၄ နာရီကာလပတ်လုံး တာဝန်ထမ်းဆောင်ကြရသည်။ မြန်မာနိုင်ငံ၏ရဲလုပ်ငန်းကို ကိုလိုနီခေတ် ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး ခေတ်အဆက်ဆက်ပြောင်းလဲဖွဲ့စည်းကာ စနစ်ကျသော လုံခြုံရေးအဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ပြည်သူတို့ရွေးချယ် တင်မြှောက်ခဲ့သည့် အစိုးရအဖွဲ့အစည်း ယန္တရားမှတစ်ဆင့် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြဋ္ဌာန်းထားသောဥပဒေများနှင့်ကိုက်ညီအောင် ဆောင်ရွက်ရသည်။ ရဲလုပ်ငန်းများမှာ များပြားကျယ်ဝန်းပြီး ပြည်သူ လူထု၏ ထောက်ခံအားပေးမှုနှင့် လူ့အဖွဲ့အစည်းများကို လေးစားမှုဖြင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံရသောလုပ်ငန်းဖြစ်၍ အဆင့်အတန်း မြင့်မားပြီး ဥပဓိရုပ်ကောင်းမွန်သော ရဲလုပ်ငန်းအဖွဲ့အစည်းတစ်ခု ဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။
ပြည်သူလူထုအား ကူညီစောင့်ရှောက်ပေးပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားအားထားရသည့် တပ်ဖွဲ့ဝင်များဖြစ်လာစေရေး၊ ပြစ်မှု ကျူးလွန်သူများ၊ ဒုစရိုက်သမားများအား ထိရောက်စွာကိုင်တွယ်ဟန့်တား နိုင်ရေး၊ ရှာဖွေဖမ်းဆီးအရေးယူနိုင်ရေးတို့မှာ ရဲတပ်ဖွဲ့ဝင်များ အရည်အချင်း ပြည့်ဝပြီး လိုအပ်သည့်အင်္ဂါရပ်များ ပြည့်စုံကောင်းမွန်မှုရှိနေရန်လည်း လိုအပ်သည်။ လတ်တလောတွင် ရဲတပ်ဖွဲ့ဘဏ္ဍာရေးအခြေအနေအရ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် နှိုင်းစာလျှင် လိုအပ်ချက်များ ရှိနေသေးသည်ဟု ဆိုနိုင်သည်။
သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်ကာလနှင့်အညီ အဆင့်ဆင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ရဲတပ်ဖွဲ့ ခေတ်မီရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ဘတ်ဂျက်နှစ်အလိုက် ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာသည်ဟု ဆိုရမည်ဖြစ်သည်။ လုံခြုံရေးနှင့် ဒုစရိုက်မှုများနှိမ်နင်းရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား လုံလောက်သော ခေတ်မီလက်နက်ကိရိယာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်များ၊ စက်သုံးဆီများ၊ ယူနီဖောင်းများ၊ အသုံးစရိတ်များ၊ ရိက္ခာများ ပိုမိုဖြည့်တင်းဆောင်ရွက်ပေးလာသည်ကို တွေ့ရသည်။
လက်ရှိအခြေအနေတွင် မှုခင်းဖြစ်စဉ်များအား ချက်ချင်းရှာဖွေဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရေးနှင့် အရည်အချင်းပြည့်ဝသော ရဲတပ်ဖွဲ့ဝင်အသစ်များ တိုးတက်ရရှိနိုင်ရေးအတွက် လိုအပ်မှုများ ရှိနေသည်။ အမှုအခင်းဆိုင်ရာတို့အတွက် ချက်ချင်းသွားရောက် ဆောင်ရွက်နိုင်ရန်အတွက် အမှုစုံစမ်းရေးဆိုင်ရာ ခရီးစရိတ်လုံလောက်မှု ရှိရေးမှာ အရေးကြီးသည်။ အမှုလိုက်၊ အမှုစုံစမ်းရေးလိုအပ်မှုအတွက် ခရီးစရိတ်မလောက်သဖြင့် မဆောင်ရွက်နိုင်ခြင်းမှာ မဖြစ်သင့်ချေ။ ယခုအခါ အမှုလိုက်စုံစမ်းမှု၊ တရားခံသယ်ယူပို့ဆောင်မှု၊ ကြိုတင် ကာကွယ်မှု၊ အမှုဖြစ်ပွားမှုတို့အပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် ကြိုတင် ဆောင်ငွေများ ခွဲဝေပေးထားသည်ဟု သိရှိရသည်။ သို့ဖြစ်၍ အမှုများ ကြန့်ကြာမှုမဖြစ်စေဘဲ အမြန်ဆုံးဆောင်ရွက်နိုင်ရန်နှင့် အမှုအကြီး၊ အသေးအပေါ်မူတည်၍ လိုအပ်ပါက မမျှော်လင့်သောအသုံးစရိတ် ထပ်ဆောင်းထားရန်လည်း လိုအပ်မည်ဟု ယူဆပါသည်။
ရဲတပ်ဖွဲ့ဝင်များဟူသည်မှာ ပြည်သူများ လေးစားအားကိုးမှုရှိအောင် ဆောင်ရွက်ရသလို ဒုစရိုက်သမားတို့ကို အဟန့်အတားဖြစ်စေရန်အတွက် အခြေခံပညာလိုအပ်ချက်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုလိုအပ်ချက် အထိုက် အလျောက်ရှိဖို့ လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ ယုံကြည်ကိုးစားအားထားနိုင်ရေး တို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ခေတ်မီတိုးတက်ရေး၊ ရဲတပ်ဖွဲ့ဝင်များ အရည်အချင်းမြင့်မားရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဘဏ္ဍာ နှစ်အလိုက် တိုးတက်ဖြည့်ဆည်းပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် အေးချမ်းသာယာသော လူ့ဘောင်သစ်ကိုတည်ဆောက်ကြဖို့ ဆန္ဒပြုပါသည်။

မျိုးဆက်သစ်တို့ အတုယူဖွယ်ရာစိတ်ဓာတ်နှင့် သန္နိဋ္ဌာန်ကို အထင်အရှားပြသနိုင်ခဲ့သဖြင့် မထူးထူးမွန်ကို ၂ဝ၁၇ ခုနှစ်၊ ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်



ပြည်သူသို့ ကျေးဇူးတင်လွှာထုတ်ပြန်
နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံသူနိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ၊ လူမှုအသင်းအဖွဲ့များမှ လစဉ်ချီးကျူးဂုဏ်ပြုထိုက်သူများကို ရွေးချယ်၍ ပြည်သူသို့ကျေးဇူးတင်လွှာ ထုတ်ပြန်ပေးလျက်ရှိရာ ၂ဝ၁၇ ခုနှစ် ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မွေးရာပါကိုယ်အင်္ဂါချို့ယွင်းမှုများဖြင့် မွေးဖွား ကြီးပြင်းလာသော်လည်း မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ကာ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သူ မထူးထူးမွန်ကို ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဇွန် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်သူသို့ကျေးဇူးတင်လွှာ
၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက်
(၂ဝ၁၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
၁။ နိုင်ငံတော်တည်ဆောက်ကြရာတွင် ကုန်ခန်းနိုင်သော သဘာဝသယံဇာတ အရင်းအမြစ်ထက် ရေရှည်တည်တံ့ရှင်သန်နိုင်သော လူ့စွမ်းအားအရင်းအမြစ်ကသာ အဓိကကျပါသည်။ အထူးသဖြင့် လူငယ်လူရွယ်တို့သည် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့်သူများဖြစ်ရာ ယနေ့လူငယ်များသည် အထူးပင်အရေးကြီးလှသော အခန်းကဏ္ဍ၌ တည်ရှိနေပါသည်။ (၂၁)ရာစု က္ဘာကြီးကို ရင်ဆိုင်ရမည့် လူငယ်များ အနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံကုံလုံရန်သာမက ခိုင်မာသောစိတ်ဓာတ်၊ ကောင်းမွန်သော စာရိတ္တ၊ ပြင်းပြသော ဝီရိယတို့ဖြင့် ပြည့်ဝနေရန် အရေးကြီး လှပါသည်။ ခက်ခဲကြမ်းတမ်းသောဘဝကို ရန်လိုစိတ်ပျက်ခြင်း၊ အလျဉ်းမရှိဘဲ ကြိုးပမ်းအားထုတ်ခဲ့သော မထူးထူးမွန်သည် ယနေ့ခေတ် လူငယ်များအတွက် အတုယူဖွယ်ရာကြိုးစားအားထုတ်မှု သင်္ကေတတစ်ရပ်ဖြစ်လာခဲ့ပါပြီ။
၂။ မထူးထူးမွန်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ကျေးရွာတွင် အဖ ဦးမြင့်ငွေ (တောင်သူ/ကွယ်လွန်)နှင့် အမိ ဒေါ်စက်ငွေ (တောင်သူ)တို့မှ ၂၇-၁ဝ-၁၉၉၈ ရက်နေ့တွင် ကိုယ်အင်္ဂါချို့ယွင်းမှုများစွာဖြင့် မွေးဖွားခဲ့ ပါသည်။ မွေးချင်းမောင်နှမ (၃)ဦးရှိပြီး အငယ်ဆုံးသမီးဖြစ်သော မထူးထူးမွန်သည် မွေးဖွားစဉ်ကတည်းက ညာဘက်လက်တွင် လက်ချောင်းများမပါရှိခဲ့ပါ။ ဝဲဘက်လက် သည်လည်း တံတောင်ဆစ်အထိသာရှိပြီး ခြေထောက်နှစ်ဖက်မှာလည်း ဒူးဆစ်အထိ သာ ပါရှိလာခဲ့သူဖြစ်ပါသည်။
၃။ မိသားစုစားဝတ်နေရေးအဆင်မပြေသော်လည်း မိဘများ၏ အားပေးမှု၊ မထူးထူးမွန်၏ကြိုးစားအားထုတ်မှုတို့ကြောင့် သဖန်းဆိပ်ရွာ၊ အလယ်တန်းကျောင်း တွင် သတ္တမတန်းထိ တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင်ခဲ့ပါသည်။ သို့သော်လည်း မိသားစု စီးပွားရေးအခြေအနေအရ ကျောင်းဆက်တက်ရန် မဖြစ်နိုင်တော့သည့် အခြေအနေနှင့် ကြုံတွေ့ ခဲ့ရပါသည်။ ယင်းအခြေအနေကို လူမှုကွန်ရက်စာမျက်နှာ တွင် တွေ့ရှိသော အလှူရှင်တစ်ဦး၏ ပညာဒါနဖြင့် အဋ္ဌမတန်းနှင့် နဝမတန်းတို့ကို အောင်မြင်ခဲ့ပြီး ဒသမတန်းပညာကို ဆက်လက်သင်ယူခဲ့ပါသည်။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ပညာသင်နှစ်တွင် ဒသမတန်းကို ပထမဆုံးအကြိမ် ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ သို့ရာတွင် မထူးထူးမွန်၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှု၊ အလှူရှင်၏ ပံ့ပိုးမှု၊ မိခင်ဖြစ်သူ၏ အားပေးစောင့်ရှောက်မှုတို့ဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကလေးမြို့စာစစ်ဌာနတွင် ဝင်ရောက် ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့ပါသည်။
၎။ အကြောင်းအမျိုးမျိုးသော မတူကွဲပြားမှုများ၊ ခက်ခဲသော ဘဝပေးအနေအထား များပေါ် အခြေခံ၍ အလိုမပြည့်မှုနှင့် ဘဝကိုမကျေနပ်စိတ်များကြောင့် ခိုက်ရန် ဒေါသပွားများလျက်ရှိသော မျက်မှောက်ကမ္ဘာကြီးတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင် သည့် မိမိကိုယ်မိမိယုံကြည်စိတ်၊ မလျှော့သော လုံ့လတို့ဖြင့် ကြိုးပမ်း အားထုတ်ခဲ့သူ မထူးထူးမွန်သည် မျိုးဆက်သစ်တို့ အတုယူဖွယ်ရာစိတ်ဓာတ်နှင့် သန္နိဋ္ဌာန်ကို အထင် အရှားပြသနိုင်ခဲ့ပါသဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်၍ ဤကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်ပါသည်။
၅။ မတူကွဲပြားသော်လည်း အများနှင့် ရင်ပေါင်တန်းနိုင်သူ၊ မသန်သော်လည်း စွမ်းဆောင်နိုင်သူအဖြစ် ဘဝကိုရဲရင့်စွာစိန်ခေါ်ကာ သာဓကပြသနိုင်ခဲ့သော မထူးထူးမွန်ကဲ့သို့ပင် ခြားနားမှုများကို ကျော်လွှားနိုင်သော၊ ကွဲပြားမှုများကို ပပျောက်စေနိုင်သော၊ ကမ္ဘာလောကကြီးနှင့် လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သော ကမ္ဘာ့မိသားစုဝင် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်နိုင်ကြပါစေရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

မင်္ဂလာဒုံမြို့နယ်၌ ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်


နေပြည်တော် ဇွန် ၂၉
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းတစ်ရပ် ထုတ်ပြန်လိုက်သည်။
သတင်းထုတ်ပြန်ချက်တွင် မင်္ဂလာ ဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ် မြအေးချမ်းသာလမ်း၊ အမှတ်(မရှိ)ကျူးကျော်နေ ဒေါ်ရီရီနွဲ့ သည် ၂ဝ၁၆ခုနှစ် ဇွန် ၂ဝ ရက် နံနက် ၆ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်မှ ပြန်လာစဉ် ခြံဝင်းတံခါးနှင့် အိမ်ရှေ့တံခါး မကြီးမှာ ပိတ်ထားသဖြင့် အိမ်နီးချင်း မခင်မာချို၊ မအိဖြူနှင့် ကိုကျော်ရွှေ တို့နှင့်အတူ ခေါင်းရင်းဘက်ရှိ ပြတင်း တံခါးမှတစ်ဆင့် နေအိမ်အတွင်း ဝင်ရောက် ကြည့်ရှုရာ သမက်ဖြစ်သူ စိုးနောင် (၃၇နှစ်) နှင့် မြေးဖြစ်သူ မောင်ဟန်သူရ (၁၃နှစ်) တို့သည် အိမ်ရှေ့ခန်း၌ လည်းကောင်း၊ သမီး ဖြစ်သူ မချယ်ရီပွင့် (၃၄နှစ်) သည် မီးဖိုခန်း၌ လည်းကောင်း၊ မြေးဖြစ်သူ မောင်စွမ်းထက်မြတ် (၈နှစ်) သည် အိပ်ခန်းအတွင်းရှိ အိပ်ရာပေါ်၌ လည်းကောင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း၌ အမှုဖွင့် လှစ်ခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ ကြောင်း ဖော်ပြထားသည်။
သေဆုံးသူစိုးနောင်မှာ ဧည့်ခန်း အတွင်း၌ အဝတ်အစားမပါရှိဘဲ ပက်လက်အနေအထားဖြင့် ရင်ဘတ် တွင် ဓားသွားကန့်လန့် ထိုးသွင်း ဒဏ်ရာလေးချက်၊ ဇနီးဖြစ်သူ မချယ်ရီ ပွင့်မှာ မီးဖိုချောင်ခန်းအတွင်း၌ မျက်နှာ၊ ရင်ဘတ်၊ ကျောတို့၌ ဓားထိုးသွင်းဒဏ်ရာ ၁၂ ချက်၊ သား အကြီးဖြစ်သူ မောင်ဟန်သူရမှာ ဧည့်ခန်းအတွင်း၌ ယာဘက်နံစောင်း တွင် ဓားထိုးသွင်းဒဏ်ရာငါးချက်နှင့် သားငယ်ဖြစ်သူ မောင်စွမ်းထက်မြတ် မှာ အိပ်ခန်းအတွင်း အိပ်ရာပေါ်၌ ဓားသွားကန်လန့် ထိုးသွင်းဒဏ်ရာ လေးချက်တို့ဖြင့် တွေ့ရှိခဲ့ပြီး သေဆုံးသူ စိုးနောင်၏ ဝဲဘက်လက်အနီးတွင် အရိုးလေးလက်မ၊ အသွား ခုနစ်လက်မရှိ သတ္တုလက်ကိုင် တပ်ဆင်ထားသော သွေးစွန်းနေသည့် သက်သေခံဓားတစ် ချောင်းကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ ကြောင်း။
ထို့ပြင် သေဆုံးသူ စိုးနောင်၏ အလောင်းအနီးရှိ သွေးကွက်အတွင်း၌ ခြေရာအချို့နှင့် သေဆုံးသူ မောင်စွမ်း ထက်မြတ်၏ ခုတင်ဘေးရှိ သွေးစွန်း နေသော ကြမ်းပြင်ပေါ်၌ ဖိနပ်ရာတစ်ခု၊ သွေးများပေကျံနေသည့် စွပ်ကျယ် တစ်ထည်နှင့် သွေးများပေကျံနေသည့် ခြင်ထောင်အား သက်သေခံအထောက် အထားများအဖြစ် သိမ်းဆည်းရရှိခဲ့ သည်။ နေအိမ်အတွင်းသို့ ပြစ်မှု ကျူးလွန်သူများ ဝင်/ထွက်နိုင်သည့် လမ်းကြောင်းနှင့် ထူးခြားသည့် သဲလွန် စများ မတွေ့ရှိသော်လည်း နေအိမ် ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် ဖြစ်စဉ် မဖြစ်ပွားမီညက သေဆုံးသူ မချယ်ရီပွင့်၏ ဖခင်ဦးခွန်နောင်ပေးထားသော ငွေစက္ကူ ရောရာ ငွေကျပ် ၁ဝ၅ဝဝဝ မှာလည်း ပုံမပျက်ရှိနေခြင်း၊ သေဆုံးသူ မချယ်ရီ ပွင့်မှာ စိန်နားကပ် ဝတ်ဆင်ထားခြင်း တို့ကြောင့် ပစ္စည်းတစ်စုံတစ်ရာ ရယူလို မှုကြောင့် လူသတ်လုယက်ခံရခြင်း မဟုတ်ကြောင်း ယူဆနိုင်သည်ဟု ဖော်ပြ ထားသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည် လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက် သည့် မသင်္ကာဖွယ်လူသုံးဦး၏ ဓာတ်ပုံမှာ တရားလိုဒေါ်ရီရီနွဲ့၏ ထွက်ဆိုချက်အရ ဖြစ်စဉ်မဖြစ်ပွားမီ တစ်ပတ်ကျော်ခန့်က မချယ်ရီပွင့်သည် နေအိမ်အတွင်း ရှိနေစဉ် အိမ်အရှေ့ဘက် ခြံစည်းရိုး၌ ဓာတ်ပုံ ရိုက်နေသော လူသုံးဦးအား မသင်္ကာ သဖြင့် မချယ်ရီပွင့်မှ လက်ကိုင်ဖုန်း ဖြင့် ဓာတ်ပုံရိုက်ယူထားခဲ့ခြင်းဖြစ်၍ ဆက်လက် စုံစမ်းဖော်ထုတ်ဆဲဖြစ် ကြောင်းနှင့် သေဆုံးသူ စိုးနောင်သည် ရွှေပြည်သာမြို့နယ်(၁၈)ရပ်ကွက် ဆိပ် ကမ်းသာလမ်းရှိ သဲ/ကျောက်အရောင်း ဆိုင် ဖွင့်လှစ်ထားသူ ဦးမြင့်ကြိုင်၊ ဒေါ်တင်တင်ငြိမ်းတို့ထံမှ အုတ်၊ သဲ၊ ကျောက်များကို အကြွေးဝယ်ယူပြီး ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ငွေ$ကျပ် ၂၇ သိန်း အြေ<ွကးတင်ရာ ဒေါ်တင်တင်ငြိမ်း က ဖုန်းဖြင့် အကြိမ်ကြိမ်တောင်းခံမှု ကြောင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် စိုးနောင်က ငွေ$ကျပ် ၁ဝ သိန်း ပေး ဆပ်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားသည့် အိမ်ခြံဝင်း အတွင်းနှင့် အပြင်တို့၌ စစ်ဆေးချက် များအရ သေဆုံးသူ မိသားစုတို့ ဗေဒင်၊ ယတြာချေထားသော ပစ္စည်းများ၊ သေဆုံးသူ မချယ်ရီပွင့်၏ ခြေဖဝါး နှစ်ဖက်တွင် အြေ<ွကးပေးရန်ရှိသူ၏ အမည်အား မင်ဖြင့်ရေးသား၍ ယတြာ ချေထားသည်များ၊ နေအိမ်ဗီရိုအတွင်းမှ မှော်၊ ကဝေ၊ သရဲ၊ တ္ဆေ၊ ဝိညာဉ်နှင့် ဂန္ဘီရအကြောင်းအရာပါ စာအုပ်များ တွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။ အမှုစစ် ရဲတပ်ဖွဲ့အနေဖြင့် တရားလိုနှင့် လွတ်လပ် သော သက်သေ ၁၅၆ ဦး၊ သင်္ကာမကင်း သူ ခုနစ်ဦးတို့အား အသေးစိတ်စိစစ်ခဲ့ ရာ အမှုနှင့်ဆက်စပ်သည့် အခြင်း အရာများ ကျူးလွန်သည့် အချက်အလက် အထောက်အထား တစ်စုံတစ်ရာ ပေါ် ပေါက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
သက်သေခံ ခြေရာများမှာ သေဆုံး သူ စိုးနောင်၏ခြေရာများဖြစ်ပြီး ခုတင် ဘေးတွင် တွေ့ရှိသော ဖိနပ်ရာမှာ တရားလို ဒေါ်ရီရီနွဲ့၏ ဖိနပ်ရာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ သေဆုံးသူ မချယ်ရီ ပွင့်သည် တစ်ခါတစ်ရံတွင် အရက်နှင့် ဝိုင်ကိုသောက်လေ့ရှိပြီး နေအိမ်ထမင်း စားခန်းတွင် သောက်လက်စGrand Royal ဝီစကီပုလင်း၌ အရက်လေးပုံ တစ်ပုံကျန်ရှိမှုနှင့် ရေခဲသေတ္တာအတွင်း ၌ ဝိုင်အသစ်နှစ်ပုလင်းတို့ တွေ့ရှိခဲ့သည်။ ဓာတုဗေဒဝန်ရုံး၏ စစ်ဆေးချက်အရ စိုးနောင်၏ အစာအိမ်အရည်တွင် အရက် ပါဝင်မှု မတွေ့ရှိရဘဲ မချယ်ရီပွင့်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု ဝ ဒသမ ၁၆ ရာခိုင်နှုန်း တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူ စိုးနောင်အနီးမှ တွေ့ရှိခဲ့ သောဓားမှာ စိုးနောင်၏ ကိုယ်ပိုင်ဓား ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယင်း ဓားရိုးတွင် စိုးနောင်၏ DNA စိစစ် တွေ့ရှိရခြင်း၊ ဓားသွားပေါ်ရှိ သွေးများ မှာလည်း စိုးနောင်၊ မချယ်ရီပွင့်၊ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြတ် တို့၏DNA များသာ တွေ့ရှိခဲ့သည်။ သက်သေခံသိမ်းဆည်းရမိထားသော စွပ်ကျယ်မှာ သေဆုံးသူ စိုးနောင်၏ စွပ်ကျယ်ဖြစ်ပြီး စွပ်ကျယ်အား ချွတ်၍ သုတ်ထားသည့် အနေအထားဟု ယူဆ ခဲ့ရသည်။ ထို့ပြင် စွပ်ကျယ်တွင် ဓားဖြင့် ထိုးထားသော အပေါက်အရာ မရှိဘဲ ခြင်ထောင်ရှိ သွေးများနှင့် စွပ်ကျယ် တွင် ပေကျံနေသည့်သွေးများကို DNA စစ်ဆေးခဲ့ရာ သေဆုံးသူလေးဦးတို့၏DNA သာတွေ့ရှိရပြီး အခြားပြင်ပDNA မတွေ့ရကြောင်း စစ်ဆေးတွေ့ရှိရ သည်ဟု ဖော်ပြထားသည်။
သေဆုံးသူ စိုးနောင်၏ ဝဲဘက် လက်သန်းတွင် သွေးခြေဥဒဏ်ရာ တွေ့ရှိ ရသဖြင့် မှုခင်းဆရာဝန်က စစ်ဆေးရာ သက်သေခံဓား၏ သတ္တုအရိုးအား တင်းကျပ်စွာကိုင်ဆောင်၍ အချက်ပေါင်း များစွာထိုးစဉ် ရရှိနိုင်သော သွေးခြေဥ ဒဏ်ရာဖြစ်ကြောင်းနှင့် သေဆုံးသူ စိုးနောင်မှာ ဘယ်သန်ဖြစ်ကြောင်း၊ သေဆုံးသူတစ်ဦးချင်းစီတွင် တွေ့ရှိရသော ဓားဒဏ်ရာများမှာ သိမ်းဆည်းရမိခဲ့ သည့် သက်သေခံဓားဖြင့် ထိုးသွင်းရရှိ ခဲ့သော ဒဏ်ရာများဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့သည်။ ထို့ပြင် သေဆုံးသူ စိုးနောင် ၏ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန့်လန့်ပုံ ဓားထိုးသွင်းဒဏ်ရာ လေးချက်မှာလည်း သေဆုံးသူ အနေဖြင့် ပုံမှန်မဟုတ်သော စိတ်ခံ စားမှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးက အတည်ပြုပြော ကြားခဲ့သည့်အပြင် အလားတူ အခြားသာဓက ဖြစ်စဉ်မှုခင်းများ လည်းရှိကြောင်း။
သေဆုံးသူ စိုးနောင်သည် ဒဿနိကဗေဒဘွဲ့ ရရှိထားသူဖြစ်ပြီး စိတ်မြန်လက်မြန် ဆောင်ရွက်တတ် သူဖြစ်ကြောင်း၊ တုတ်၊ ဓားလက်နက် ကိုင်ဆောင်တတ်သည့် အလေ့အထ ရှိကြောင်း၊ ၄င်းတို့ဇနီးမောင်နှံသည် အိမ်ထောင်မပြုမီ အချိန်မှစ၍ သေဆုံး ချိန်အထိ အိမ်ထောင်ရေးပြဿနာ များ၊ လူမှုရေးပြဿနာများ ရှိနေခဲ့ ကြောင်း၊ အခင်းမဖြစ်မီ သုံးလခန့်မှ စ၍ မိသားစု စီးပွားရေးအကျပ် အတည်းများ ကြုံတွေ့နေရကြောင်း၊ ယင်းတို့ မကြာခဏ စကားများမှု ရှိ ကြောင်း၊ ထိုအချက်များအပေါ်တွင် အကြောင်းပြု၍ စိုးနောင်သည် အအိပ် အစားပျက်မှုများ၊ စိတ်မတည်ငြိမ်မှု များ ဖြစ်ပေါ်လျက်ရှိကြောင်း ပတ်ဝန်း ကျင်သက်သေများ၏ ထွက်ဆိုချက် များအရ သိရှိရသည်။
ထို့ပြင၄င်းတို့မိသားစု၏ အိမ် ထောင် ရေး၊ လူမှုရေးပြဿနာများအား ကောင်းစွာသိရှိထားသူ ရှစ်ဦးကလည်း သက်ဆိုင်ရာ တရားရုံးတွင် ကြိုတင် ထွက်ဆိုချက်များ ပြည့်စုံစွာထွက်ဆို ပေးထားပြီးဖြစ်ကြောင်းနှင့် သက်သေ၊ ကျွမ်းကျင်သူပညာရှင်များ၊ သက်မဲ့ သက်သေအထောက်အထားများမှ စစ်ဆေး ပေါ်ပေါက်ချက်များအရ အမှုအား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

ပျက်ကျY-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ

Image may contain: outdoor

နေပြည်တော် ဇွန် ၂၉
ပျက်ကျခဲ့သော Y-8 လေယာဉ်၏ ကျန်ရှိအစိတ်အပိုင်းများ ဆယ်ယူရရှိရေး အတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ် များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံ ငါးဖမ်းစက်လှေများပူးပေါင်း၍ လေယာဉ်အမြီးပိုင်းတွေ့ရှိသည့်နေရာ အနီးတစ်ဝိုက်၌ ရှာဖွေရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိသောနေရာများသို့ ဒေသခံ ငါးဖမ်းစက်လှေများက သွားရောက် ရှာဖွေရာ ယနေ့ညနေပိုင်းတွင် လေယာဉ် ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်း များအား ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
(သတင်းစဉ်)

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ပြဋ္ဌာန်းနိုင်တော့မည်

Image may contain: one or more people, people sitting and indoor

နေပြည်တော် ဇွန် ၂၉
စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်းနှင့် ဂေဟာ၊ သင်တန်းကျောင်းများတွင် အနိမ့်ဆုံး ရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်း များ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပရဟိတ လုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများက နည်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိပြီး ဆောင်ရွက်မှုပုံစံမှာလည်း အမျိုးမျိုးရှိသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း၊ အချို့ဂေဟာများသည် အစိုးရအသိအမှတ်ပြုဖြစ်ပြီး ၃၄၅ ခု ရှိကြောင်း၊ အစိုးရအသိအမှတ်မပြုရ သေးသော ပရဟိတဂေဟာ ၄ဝ၆ ခု ခန့်ရှိကြောင်း၊ အစိုးရအနေဖြင့် အသိ အမှတ်ပြုပြီး ဂေဟာများကို နှစ်စဉ် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ ငွေကျပ်ပေါင်း ၁ ဒသမ ၄ ဘီလီယံ ကျော် သုံးစွဲလျက်ရှိပါကြောင်း၊ ပရဟိတ ဂေဟာများသည် မိဘမဲ့ကလေး များ သာမက ချို့တဲ့သော မိဘရှိကလေး များကိုလည်း လက်ခံဆောင်ရွက်နေ သည်ကို တွေ့ရှိရကြောင်း၊ ကလေး၏သဘာဝမှာ မိသားစုဖြင့်နေထိုင်ခြင်း ဖြင့်သာဖွံ့ဖြိုးတိုးတက်မှု အမှန်ရရှိနိုင် သဖြင့် မိသားစုကို ပံ့ပိုးထောက်ပံ့ခြင်း ပြုလုပ်သောနည်းသည် ပိုမိုသင့်မြတ် သော စောင့်ရှောက်မှုနည်းလမ်းဖြစ်ပါ ကြောင်း၊ ဂေဟာများတွင် စောင့်ရှောက် မှု ခံယူရပါက ၄င်းတို့၏ အခွင့်အရေး အပြည့်အဝရရှိရန် လိုအပ်ပါကြောင်း၊ စွန့်ပစ်မွေးကင်းစ ကလေးများကို စောင့် ရှောက်မှုပေးရာတွင် စောင့်ရှောက်ခြင်း အရည်အသွေးမှာ အရေးကြီးပါကြောင်း၊ ကလေးသူငယ်များ ဦးနှောက်ဖွံ့ဖြိုးမှု နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုရရှိရေးကို မူဝါဒ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကလေးသူငယ် အခွင့်အရေး(၄)ရပ်ဖြစ်သော အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့် အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့် စသည် တို့ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖော်ဆောင်လျက်ရှိပါကြောင်း၊ ခေတ် စနစ်နှင့် လျော်ညီစေရန် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကိုလည်း မကြာမီ အသစ်ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါကြောင်း၊ သင်တန်းကျောင်း၊ ဂေဟာများတွင် လက်ခံစောင့်ရှောက် ထားသည့် ကလေးသူငယ်များအပေါ် စနစ်တကျပြုစု စောင့်ရှောက်နိုင်ရေး အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက် ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန် စံညွှန်းသတ်မှတ်နိုင်ရေးကို အစိုးရက ဦးဆောင်၍ ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ UNICEF Myanmar မှ Mr. Aron က အလုပ်ရုံဆွေးနွေးပွဲ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါကြောင်းနှင့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ် များရှိ ဌာနငယ်၊ သင်တန်းကျောင်းများ မှ တာဝန်ခံများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကေော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကို မြေပြင်အခြေအနေနှင့်အညီ အထိရောက်ဆုံးအကောင်ေအထည်ဖော်ရန် ဆောင်ရွက်လျက်ရှိ

Image may contain: one or more people and people standing


နေပြည်တော် ဇွန် ၂၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉမ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ မေးခွန်းလေးခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာနှစ်ခု ဖတ်ကြားတင်ပြခြင်း၊ ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းနှင့် အဆိုတစ်ခု ဆွေးနွေးအတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။
ပထမ ဦးစားပေး
ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ ပူတာအိုမြို့နယ်ရှိ ခုတင်(၁ဝဝ)ဆံ့ဆေးရုံ ကြီးအား ခုတင်(၁ဝဝ) ဆံ့ ဆေးရုံ စံကိုက်နှင့် ညီသောဆေးရုံ တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လူနာအရေ အတွက်နှင့် လိုက်လျောညီထွေဖြစ်သော ဆေးရုံအဆောက်အအုံများ ဆောက် လုပ်ပေးနိုင်ရေးအတွက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်စီမံကိန်းတွင် အဆိုပြုတင်ပြ ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိ တွင် ပူတာအိုဆေးရုံ၌ တာဝန်ထမ်း ဆောင်နေသော အရာထမ်းများနှင့် အမှုထမ်းဝန်ထမ်းများအတွက် နေအိမ် လုံလောက်မှုမရှိကြောင်း သိရှိရသည့် အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ရှစ်ခန်းတွဲ လေးထပ်နှင့် လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာနှစ်လုံးကို ပထမ ဦးစားပေး ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးလှဌေး ဝင်း၏ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ရခိုင်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ( Fact Finding Mission )ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့စေလွှတ်ရန် ဆုံးဖြတ် ချက် အပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် ထိရောက်လုံလောက်သော တားဆီး ကန့်ကွက်မှုပြုလုပ်ရန် မည်သို့စီစဉ် ထားသည်ကို သိရှိလိုကြောင်း မေးခွန်း နှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဥရောပသမဂ္ဂက အဓိကအဆိုရှင် အဖြစ်တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ၂ဝ၁၇ ခုနှစ် မတ် ၂၄ ရက်တွင် မဲမခွဲဘဲ အတည်ပြုချမှတ်ခဲ့ ပါကြောင်း။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်နိုင်ငံ မဟုတ်သဖြင့် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုပိုင်ခွင့် မရှိပါ ကြောင်း၊ သို့သော် အဆိုပါဆုံးဖြတ် ချက်တွင် မိမိတို့ လက်မခံနိုင်သည့် Fact Finding Mission စေလွှတ်ရေး ကိစ္စကို ထည့်သွင်းထားသည့်အတွက် ယင်းဆုံးဖြတ်ချက်အား ချမှတ်သည့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အဆိုပါ ဆုံးဖြတ်ချက်တစ်ခုလုံးအား သဘောတူလက်ခံခြင်းမရှိကြောင်း(Dissociate ) ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံနည်းတူ အိန္ဒိယ၊ တရုတ် စသည့် ကောင်စီဝင်နိုင်ငံ အချို့ကလည်း သဘောတူလက်ခံခြင်းမရှိကြောင်းကို ပြောကြားခဲ့ကြပါကြောင်း။
သဘောတူလက်ခံခြင်းမရှိ
နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးမစ်ရှင် (Fact Finding Mission) ဖွဲ့စည်းခြင်း သည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်မည် မဟုတ်သည့် အပြင် အသိုင်းအဝိုင်းနှစ်ရပ်အကြား တင်းမာမှုပြဿနာရပ်ကို ပိုမိုကြီးထွား လာစေမည်ဖြစ်ခြင်း၊ လက်ရှိပကတိ အခြေအနေများနှင့် ကိုက်ညီမှုမရှိ ခြင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင် ပြည်နယ်တွင် အေးချမ်းတည်ငြိမ်ရေး နှင့် ရေရှည်တည်တံ့သော ဖြေရှင်းချက် များရရှိရေးအတွက် အလေးထား ကြိုးပမ်းဖြေရှင်းနေခြင်း၊ ဒုတိယသမ္မတ ဦးဆောင်သော လွတ်လပ်သော ကော်မရှင်တစ်ခု ဖွဲ့စည်းပြီး ကြိုးပမ်း ဖြေရှင်းနေသည့်အတွက် အဆိုပါဆုံးဖြတ် ချက် တစ်ရပ်လုံးကို သဘောတူလက်ခံ ပါဝင်ခြင်းမရှိကြောင်း၊ (Dissociate)ပြုလုပ်ကြောင်းကို ပြတ်ပြတ်သားသား ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ အချက်အလက် ရှာဖွေရေးမစ်ရှင် စေလွှတ်ရေးကိစ္စအပါအဝင် ဆုံးဖြတ် ချက်အား သဘောတူလက်ခံခြင်းမရှိ ကြောင်းကို ၂ဝ၁၇ ခုနှစ် မတ် ၂၄ ရက်စွဲ ဖြင့် သတင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါကြောင်း၊။
Fact Finding Mission ဖွဲ့စည်းမည့်ကိစ္စနှင့်ပတ်သက်၍ ဂျီနီဗာ မြို့ရှိ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌက မြန်မာအမြဲတမ်း ကိုယ်စားလှယ်ကို ဆက်သွယ်လာပါကြောင်း၊ တရားဝင် အတိအလင်းDissociate ပြုလုပ် ထားပြီးဖြစ်သည့်အတွက် ယင်းလုပ်ငန်း စဉ်တွင် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ရှင်းလင်းပြောကြား ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်း Fact Finding Mission အား မြန်မာနိုင်ငံ သို့ လာရောက်ခွင့်မပြုရန် မြန်မာသံရုံး များသို့ လိုအပ်သော ညွှန်ကြားမှုများ ပြုလုပ်ကာ ကာကွယ်တားဆီးသွားမည် ဖြစ်ပါကြောင်း၊ သို့သော် ယင်းမစ်ရှင် အနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်စုံစမ်းခြင်း၊ ပြည်တွင်းရှိ သက်ဆိုင်သူများအား ဆက်သွယ် မေးမြန်းခြင်းများပြုလုပ်၍ တွေ့ရှိချက် အစီရင်ခံစာအား လူ့အခွင့်အရေး ကောင်စီသို့ တင်ပြသွားမည်ဖြစ်ပါ ကြောင်း။
ကြိုးပမ်းဆောင်ရွက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် မေလနှင့် ဇွန်လအတွင်းက ဥရောပသမဂ္ဂဌာနချုပ်နှင့် အနောက် နိုင်ငံများသို့ တရားဝင်ခရီးစဉ်များ ဆက်တိုက်သွားရောက်ခဲ့ပြီး အဆိုပါ မစ်ရှင်စေလွှတ်ရေးကိစ္စသည် မြေပြင် အခြေအနေများနှင့်ကိုက်ညီမှုမရှိသည့်အတွက် လက်မခံနိုင်ကြောင်း၊ ရခိုင် ဒေသရှိ အသိုက်အဝန်း ၂ ရပ်ကို ပိုမို ကွဲပြားစေနိုင်သည့် အကြံပြုချက်များ သည် ပြဿနာဖြေရှင်းရာတွင် အထောက်အကူ မပြုသည့်အတွက် လက်မခံနိုင်ခြင်း ဖြစ်ကြောင်းနှင့် ဒေါက်တာကိုဖီအာနန်၏ အကြံပေး ကော်မရှင်က ထောက်ခံတင်ပြချက် များအား အကောင်အထည်ဖော်ခြင်း ဖြင့် ရေရှည်တည်တံ့သည့် ဖြေရှင်းမှု ရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရောက်ရှိရာနိုင်ငံတိုင်းတွင် ပြတ်ပြတ် သားသားပြောကြားခဲ့ကြောင်း။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း နယ်စပ်ရဲစခန်းများ တိုက်ခိုက်ခံရပြီး နောက် နယ်မြေရှင်းလင်းရေး ဆောင် ရွက်ခဲ့ရာတွင် ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ကော်မရှင်သည် ဖြစ်စဉ်ဖြစ်ပွား သည့်ဒေသများသို့ သွားရောက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားသို့ လည်းသွားရောက်၍ စုံစမ်းမေးမြန်းမှု များပြုလုပ်နိုင်စေရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ အဆိုပါကော်မရှင်သည် နိုင်ငံတကာ ယုံကြည်လက်ခံနိုင်သည့် အစီရင်ခံစာထုတ်ပြန်လာနိုင်မည်ဆိုပါက လူ့အခွင့်အရေးကောင်စီက စေလွှတ် မည့် အချက်အလက်ရှာဖွေရေးမစ်ရှင် အားလက်ခံရန် နိုင်ငံတကာမှ ဖိအား ပေးမှုများကို ပိုမိုထိရောက်စွာတုံ့ပြန်နိုင် စေမည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း မြေပြင် အခြေအနေနှင့်အညီ အထိရောက်ဆုံး အကောင်အထည်ဖော်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင် ပြည်နယ်တွင် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုတိုးတက် ရရှိရေး၊ ပြန်လည်နေရာ ချထားရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ တိုးမြှင့် ပေးအပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း သက်သေအထောက် အထားခိုင်လုံပါက ဥပဒေနှင့်အညီ လိုအပ် သည့်အရေးယူမှုများ ပြုလုပ်သွားကြ ရန် လိုအပ်မည်ဖြစ်ကြောင်း ဖြေကြား သည်။
စာမျက်နှာ ၈ သို့
ထို့ပြင် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်နှင့် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုတို့၏ တိုင်းရင်းဆေး ကဏ္ဍတိုးတက်ပြန့်ပွားရန် ဆောင်ရွက် ပေးရေးနှင့် အုတ်တွင်းမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံအား ခုတင် ၅ဝ ဆံ့ ဆေးရုံအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရေး ဆိုင်ရာ မေးခွန်းများကိုလည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖြေကြားခဲ့သည်။
ဆက်လက်၍ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးတင်သွင်းထားသည့် ''မြန်မာ့ အားကစား ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ ဂုဏ်ဆောင် ထူးချွန်အားကစားသမား များ ထွက်ပေါ်လာရေးအတွက် ကျေးလက် ဒေသမှ မြို့ပြများအထိ လည်းကောင်း၊ အခြေခံကျောင်းများမှ တက္ကသိုလ် ကောလိပ်များအထိ လည်းကောင်း၊ အားကစားပြက္ခဒိန်များ ရေးဆွဲ၍ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း”အဆိုနှင့်စပ်လျဉ်း၍ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ရန်ကင်းမဲဆန္ဒ နယ်မှ ဒေါ်ဇင်မာအောင်၊ ဒလမဲဆန္ဒနယ် မှ ဒေါက်တာ ဦးစိန်မြအေး၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ မြိုင်မဲဆန္ဒနယ် မှ ဦးအောင်ခင်ဝင်း၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးမြင့်ဆွေ၊ ခေါင်လန်ဖူးမဲဆန္ဒ နယ်မှ ဦးအာမိုးဆီနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့က အကြံပြု ဆွေးနွေးကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အတည်ပြုသင့်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ယင်းအဆိုကို လွှတ်တော် က အတည်ပြုကြောင်း ဆုံးဖြတ် သည်။
ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာ ရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီတို့၏ နှစ်ပတ်လည် အစီရင်ခံစာများကို ဖတ်ကြားတင်ပြ ခြင်း၊ “''အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်း ခံရသူများအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''အား လွှတ်တော်၏ အဆုံး အဖြတ် ရယူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်၊
အေးအေးသန့်(သတင်းစဉ်)

ညောင်နှစ်ပင်သင်တန်းကျောင်း၏ မြေဧရိယာဧက ၆ဝဝ ခန့်တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်သွားမည်



နေပြည်တော် ဇွန် ၂၉
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉမပုံမှန် အစည်းအဝေး ၂၂ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မေးခွန်း လေးခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းနှစ်ခု အတည်ပြုခြင်းနှင့် ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြ သည်။
အဆင့်မြှင့်တင်ဖောက်လုပ်
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးသိန်းလွင်၏ ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော် - မိုးမောက် - ကျောက် စခန်း - လွယ်ဂျယ်ကားလမ်းမကြီးကို ရာသီမရွေး စိတ်ချလက်ချ ကုန်စည် ပို့ဆောင်နိုင်ရန်နှင့် ခရီးသွားလာနိုင်ရန် အဆင့်မြင့် ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းများ ဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ဗန်းမော် - မိုးမောက် - ကျောက်စခန်း - စိန်လုံး - လွယ်ဂျယ်လမ်းမကြီးသည် ၅၇ မိုင်ရှိ ပြီး မိုးမောက်မှ လွယ်ဂျယ်အထိ ကတ္တရာ လမ်း (ဝ/၇)မိုင်၊ ပြောင်းဖူးစေ့ ကျောက်စီလမ်း ၄၆ မိုင် ၅ ဖာလုံ စုစုပေါင်းအရှည် ၄၇ မိုင် ၄ ဖာလုံအား အကျယ် ၁၂ မီတာရှိ ကတ္တရာလမ်း အဖြစ် သုံးနှစ်အတွင်း အဆင့်မြှင့်တင် ဖောက်လုပ်ရန် မြောက်ပိုင်းတော်ဝင် ကျောက်စိမ်းကုမ္ပဏီအား ၂ဝ၁၅ ခုနှစ် တွင် ခွင့်ပြုခဲ့ပါကြောင်း။
ကုမ္ပဏီအနေဖြင့် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို သုံးနှစ် အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ် သော်လည်း ထိထိရောက်ရောက် ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုအခါ မိုင်တိုင် (၄၆/၄)နှင့် မိုင်တိုင် (၄၇/၄)အတွင်း လွယ်ဂျယ်မြို့တွင်းအပိုင်း စံပြလမ်း ၁ ဒသမ ၃ ကီလိုမီတာခန့် အား ၁၂ မီတာအကျယ် ကတ္တရာလမ်း ခင်းခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စံပြလမ်း ၁ ဒသမ ၃ ကီလိုမီတာခန့် အား ကုမ္ပဏီမှ အပြီးဆောင်ရွက်မည် ဖြစ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် အပြီးတည်ဆောက် နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ညောင်နှစ်ပင်ဒေသတစ်ဝိုက်ရှိ ဇုန်များအနက် ဇုန်(၃)ဧရိယာအတွင်း ပါရှိသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ထွန်းပေါ်ပေါက်ရာ အဆောက် အအုံ မြေနေရာများအား အကျိုး ရှိအောင် မည်သို့ဆောင်ရွက်မည်ကို သိရှိ လိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်း ကျောင်း၏ မြေဧရိယာဧက ၆ဝဝ ခန့် တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူဖြစ်စေ ရန်၊ အကျိုးရှိသော မြို့မြေ အသုံးပြု မှုဖြစ်ရန်၊ မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းပုံစံ များကို လေ့လာရေးဆွဲထားပြီး ဖြစ်ပါ ကြောင်း၊ အဆိုပါစီမံကိန်းများအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက် မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်းများ၊ အိမ်ရာ နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ များ စသည်ဖြင့် ပါဝင်မည်ဖြစ်ပါ ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ထွန်းလာခြင်းနှင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ များရရှိခြင်း စသည့်အကျိုးကျေးဇူး များ ရရှိမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်သန်းနှင့် ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော် လင်းက ပြန်လည်ရှင်းလင်းဖြေကြား သည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကိုပြင်ဆင် သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုး သားလွှတ်တော် ဥပဒေကြမ်းကော်မတီ ၏ အစီရင်ခံစာကို ကော်မတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဖတ်ကြား တင်ပြရာ လွှတ်တော်က ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ပြင်ဆင်ချက်အတိုင်း အတည်ပြု
ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ကချင် ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးသိန်းလွင်က ဖတ်ကြားတင်ပြရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယင်းနောက် တူးမြောင်း ဥပဒေ ကြမ်း နှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသ ကြီးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်း မောင်က ဥပဒေကြမ်းပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များ တိကျမှန်ကန်ရေး ဆွေးနွေးရာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည် ကြားနာဆောင်ရွက်ရန် လွှတ်တော်က ဆုံးဖြတ်ကြောင်းကြေညာသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ဇွန် ၃ဝ ရက်တွင် ကျင်းပရန် လျာထားကြောင်း ကြေညာ သည်။
သူရဇော်၊
မွှေးကြူဇင် (သတင်းစဉ်)

သမ္မတရှီ ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်သို့ရောက်ရှိ

Image may contain: 2 people, people smiling, people standing and suit

ဟောင်ကောင် ဇွန် ၂၉
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမိမြေအုပ်ချုပ်မှုအောက် ဟောင်ကောင်ပြန်လည် ရောက်ရှိလာမှု နှစ် ၂ဝ ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် ဟောင်ကောင်အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့၏ ပဉ္စမမြောက်သက်တမ်း ရာထူးအပ်နှင်းပွဲသို့ တက်ရောက်ရန် ဇွန် ၂၉ ရက်တွင် ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်း များတွင်ဖော်ပြသည်။
ထိုသို့ ဟောင်ကောင်သို့ ရောက်ရှိခြင်းသည် တရုတ်သမ္မတရှီကျင့်ဖျင်အနေဖြင့် ပထမဆုံးဖြစ်ကြောင်းသိရပြီး ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း လေ့လာ စစ်ဆေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သမ္မတရှီနှင့် ဇနီး ဖုန်းလိယွမ်တို့သည် ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အမှုဆောင်အရာရှိချုပ် လျန်ချွန်းယင်နှင့် ရွေးကောက်ခံအမှုဆောင်အရာရှိချုပ် ချန်ယွက်နော်တို့ပါဝင်သည့် အဆင့်မြင့်အရာရှိများအား လေဆိပ်တွင် မိန့်ခွန်းပြောခဲ့ ကြောင်း သိရသည်။ (ဆင်ဟွာ)

မင့်ခ်သဘောတူစာချုပ် အကောင်အထည်မဖော်နိုင်ဟုဆိုကာ အီးယူက ရုရှားနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ထပ်မံတိုးမြင့်

Image may contain: 4 people, people smiling, suit

မော်စကို ဇွန် ၂၉

ဂျာမနီ၊ ရုရှား၊ ပြင်သစ်၊ ယူကရိန်း စသည့်လေးနိုင်ငံ ချုပ်ဆိုသည့် ယူကရိန်း နိုင်ငံအရှေ့ပိုင်း အပစ်ရပ်စဲရေးသဘော တူညီမှုစာချုပ် မင့်ခ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိဟု ဆိုကာ အီးယူက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံတိုးမြင့် လိုက်ကြောင်း သိရသည်။
ထပ်မံတိုးမြင့်လိုက်သော သက်တမ်း မှာ ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ ဖြစ်ကာ စုစုပေါင်းခြောက်လ ထပ်မံ သက်တမ်းတိုးမြင့်လိုက်ကြောင်း သိရ သည်။
ထပ်မံသက်တမ်းတိုးမြင့်လိုက်သည့် အရေးယူပိတ်ဆို့မှုများတွင် ငွေကြေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ စစ်လက်နက်နှင့် စစ်ဘက်ကဏ္ဍဆိုင်ရာ ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ရေနံနှင့်ပတ်သက်သော ရှာဖွေမှုနှင့် တူး ဖော်မှုဆိုင်ရာ နည်းပညာနှင့် ဝန်ဆောင်မှု များပေးအပ်ရန် ကန့်သတ်မှုများလည်း ပါဝင်ကြောင်း သိရသည်။
အီးယူသည် ရုရှားနိုင်ငံအနေဖြင့် မင့်ခ်သဘောတူညီချက်အား ကောင်းမွန် စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိဟု သတ်မှတ်ပြီး ပိတ်ဆို့မှုသုံးကြိမ်အထိပြုလုပ်ခဲ့ဖူးကြောင်းသိရပြီး ယခုတစ်ကြိမ် နှင့်ဆိုလျှင် လေးကြိမ်မြောက်ဖြစ် ကြောင်း သိရသည်။
(ဆင်ဟွာ)

မည်သည့်ပညာရေးစနစ်တွင်ဖြစ်စေ ကျောင်းသား ကျောင်းသူများအနေဖြင့် တတ်မြောက်အောင်သင်ယူ ဆရာ၊ မိဘ၊ ကျောင်းသားများ ဟန်ချက်ညီဆောင်ရွက်မှ အောင်မြင်မှုရနိုင်

Image may contain: 3 people, people sitting and indoor

နေပြည်တော် ဇွန် ၂၉
နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား မန်းအောင်ငြိမ်းဖောင်ဒေးရှင်းက ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မည်သည့်ပညာရေး စနစ်တွင်ဖြစ်စေ ကျောင်းသား ကျောင်းသူ များအနေဖြင့် တတ်မြောက်အောင် သင်ယူရန်လိုအပ်ပါကြောင်း၊ ဆရာများ သည် ကျောင်းသား ကျောင်းသူများအား တတ်အောင် သင်ကြားပေးရန် လိုအပ် သကဲ့သို့ မိဘများကလည်း မိမိတို့ ကလေး များ ကျောင်းများတွင် ပညာသင်ယူနိုင် စေရန်နှင့် မည်သို့ ကြိုးစားပညာသင်ယူ နေသည်ကို ဆန်းစစ်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဟန်ချက်ညီညီပြုလုပ်နိုင်ပါက ကျောင်းသားသည် အောင်မြင်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ မိဘ၊ ကျောင်းသားများ အနေဖြင့် ဟန်ချက်ညီအောင်ဆောင်ရွက် နိုင်ပါမှ အောင်မြင်မှုရနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ဂုဏ်ထူးရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ရာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင် ထွန်းက ခြောက်ဘာသာဂုဏ်ထူးနှင့် ငါးဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အတွင်းရေးမှူး ဦးခင်မောင်ထွန်းက လေးဘာသာဂုဏ်ထူး ရရှိသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်က သုံးဘာသာဂုဏ်ထူးရရှိ သည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစံရွှေအောင်က နှစ်ဘာသာဂုဏ်ထူး ရရှိသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက တစ်ဘာသာဂုဏ်ထူး ရရှိသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း ဆုများချီးမြှင့်ကြသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဇေယျာသီရိမြို့နယ်မှ အောင်ချက် အကောင်းဆုံး ကျောင်းများအား ဆုချီး မြှင့်ရာ နေပြည်တော်တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်က အောင်ချက် အကောင်းဆုံး ပထမရရှိသော အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ချက်အကောင်းဆုံး ဒုတိယရရှိ သော အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်းနှင့် အောင်ချက်အကောင်း ဆုံး တတိယရရှိသော အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်း (ကျည်တောင်)တို့မှ ကျောင်းအုပ်ကြီး များအား ဆုများချီးမြှင့်သည်။
ဆက်လက်၍ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ခြောက် ဘာသာဂုဏ်ထူးရှင် မဆုလဲ့ပိုပိုက ဂုဏ်ထူး ရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
(သတင်းစဉ်)

ဥပဒေရေးရာနှင့် သက်ဆိုင်သောကိစ္စရပ်များ ဆွေးနွေး

Image may contain: 1 person, sitting, table and indoor

နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီးH.E.Mr.Steve Marshall အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေရေးရာနှင့် သက်ဆိုင်သော ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

မြန်မာ - နယူးဇီလန် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေး

Image may contain: 2 people, people sitting and indoor
နေပြည်တော် ဇွန် ၂၉
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးH.E. Mr. Steve Marshall အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

မြန်မာနိုင်ငံနှင့် IAEA တို့အကြား ပူးပေါင်းဆောင်ရွက်မှုတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေး

Image may contain: 3 people, people sitting and indoor

နေပြည်တော် ဇွန် ၂၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency- IAEA)ညွှန်ကြား ရေးမှူးချုပ် Mr. Yukiya Amano အား ယနေ့နံနက် ၁ဝနာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ်IAEA မှ ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ၊ အဏုမြူ နည်းပညာကို ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုး ရေးဏ္ဍ၊ ရေအရင်းအမြစ်ကဏ္ဍတို့တွင် အသုံးချခြင်းမှတစ်ဆင့် လူသား ကောင်းကျိုးကို ဖော်ဆောင်နိုင်မှု၊ မြန်မာ နိုင်ငံနှင့်IAEA တို့အကြား ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်ပတ်သက်၍ အမြင် ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။ (သတင်းစဉ်)

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

Image may contain: 2 people, people sitting, table and indoor

နေပြည်တော် ဇွန် ၂၉
ပြည်သှူလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Steve Marshall နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သှူလွှတ်တော်ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ နှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

KBZ Bank Cup 2017လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: 4 people, outdoor
ရန်ကုန် ဇွန် ၂၉
KBZ Bank Cup 2017ယူ-၂၂ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအဖွင့်ပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သည့် မြန်မာ ယူ-၂၂ အသင်းအပေါ် ပရိသတ်များ စိတ်ဝင်စားမှုပိုမို မြင့်တက်လာခဲ့ပြီး အုပ်စုဒုတိယပွဲအဖြစ် ဇွန် ၃ဝ ရက် တွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုပွဲ ထပ်မံအနိုင်ရပါက ချန်ပီယံဆုရယူနိုင်ရန် အခြေအနေ ကောင်းသွားမည်ဖြစ်သည်။
ဒုတိယနေ့ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဂျပန်တက္ကသိုလ်အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ညနေ ၆ နာရီတွင် မြန်မာ ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အဖွင့်ပွဲတွင် အနိုင်ရထားသည့် အိမ်ရှင် မြန်မာ ယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်းသည် ယခုပွဲတွင် အနိုင်ရခဲ့ပါက ချန်ပီယံဆုအတွက် နောက်ဆုံးပွဲက အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ ဇွန် ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမပွဲတွင် မြန်မာ ယူ-၂၂ အသင်းက ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို လေးဂိုး-တစ်ဂိုး၊ ဂျပန်တက္ကသိုလ်အသင်းက ဟောင်ကောင် ယူ-၂၂ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာယူ-၂၂ အသင်းသည် ပထမပွဲတွင် အကောင်းဆုံးခြေစွမ်းမဟုတ်သော်လည်းMNL All-Star အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲထက် ပိုကောင်းသည့် ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး လေးဂိုးသွင်းယူနိုင်ခဲ့သည့် တိုက်စစ်အတွက်လည်း ကျေနပ်စရာဖြစ်ခဲ့သည်။ မြန်မာအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘော ဒီးယားအသင်း၏ ခြေစွမ်းမှာ သာမန်သာရှိခဲ့ပြီး ယနေ့ကစားရမည့် ဟောင်ကောင်အသင်းသည် ခြေစွမ်းပိုင်းပိုမိုမြင့်မားနေရာ နိုင်ပွဲရယူနိုင်ရန် ပိုမိုအားထုတ်ရဖွယ်ရှိနေသည်။ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ပွဲထွက်လူစာရင်းတည်ငြိမ်မှုမရှိသေးဘဲ ယခုပွဲတွင်လည်း အပြောင်းအလဲ အချို့ပြုလုပ်ဖွယ်ရှိနေသည်။ အထူးသဖြင့် ကွင်းလယ်ခံစစ်နေရာတွင် နှစ်ပွဲကစားအပြီး၌ လူစာရင်းနှစ်မျိုးသုံးခဲ့ပြီး တိုက်စစ်တွင်လည်း သန်းပိုင် ပုံမှန်ခြေစွမ်းမရသေးသောကြောင့် အောင်သူနှင့် တွဲဖက်ကစားနိုင်မည့် တိုက်စစ်မှူး တစ်ဦးလိုအပ်နေသည်။ ဟောင်ကောင်အသင်းမှာမူ အဖွင့်ပွဲတွင် ရှုံးနိမ့်ထားသောကြောင့် ယခုပွဲတွင် ရုန်းကန်ရဖွယ်ရှိနေပြီး ဟောင်ကောင် လက်ရွေးစင်အသင်းနည်းပြချုပ် ကင်ပန်ဂွန် ကိုင်တွယ်နေသောကြောင့် မြန်မာ အသင်း၏ အားနည်းချက်၊ အားသာချက်ကို သိရှိနိုင်ဖွယ်ရှိနေသည်။ ဂျပန် တက္ကသိုလ်အသင်းသည် ယခုလာရောက်ယှဉ်ပြိုင်သည့်အသင်းများအနက် ခြေစွမ်းပိုင်းအကောင်းဆုံးအသင်းဖြစ်သည်။ မြန်မာအသင်းနှင့် နောက်ဆုံးပွဲတွင် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်လာနိုင်ပြီး အိမ်ရှင်အသင်းအနေဖြင့် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။မြန်မာ ယူ-၂၂ အသင်းသည် ယခုပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၃ ဦးရွေးချယ်ထားသော်လည်း မူလလူစာရင်းမှ ကွင်းလယ် ကစားသမား ဇင်ဖြိုးအောင်မှာ ဒူးဒဏ်ရာရရှိနေသောကြောင့် တိုက်စစ်မှူး အောင်ကောင်းမာန်ကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ပထမဆုံးယှဉ်ပြိုင် ကစားသည့် နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ခြေစမ်းပွဲတစ်ပွဲ၊ နိုင်ငံတကာပွဲ တစ်ပွဲ စုစုပေါင်းနှစ်ပွဲကစားထားရာတွင် နှစ်ပွဲစလုံး အနိုင်ရရှိထားသည်။
သတင်း-ရှိုင်းထက်ဇော်၊ဓာတ်ပုံ-စိုးညွန့်

ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက်ကုလားတန်ရေယာဉ်သစ် ခြောက်စင်း လွှဲပြောင်းပေးအပ်

Image may contain: sky, outdoor and water
ရန်ကုန် ဇွန် ၂၉
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း တွင် အသုံးပြုမည့် ကုလားတန်အမည်ရှိ ရေယာဉ်သစ် ခြောက်စင်းကို ဇွန် ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်ပါဝင်သည့် ကုလားတန်ရေယာဉ်များသည် အရှည် ၄၅ မီတာ၊ အကျယ် ၉ ဒသမ ၅ မီတာ၊ ကုန်တင်စွမ်းအား တန်ချိန် ၃ဝဝ ဖြစ်ပြီး ယင်းရေယာဉ် ခြောက်စင်းကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလ သင်္ဘောကျင်း၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းနှင့် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒေါပုံသင်္ဘောကျင်း တို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ကုလားတန်မြစ်ကြောင်း ဘက်စုံတစ်ဆင့်ခံ သယ်ယူ ပို့ဆောင်ရေးစီမံကိန်းဟာ အိန္ဒိယနဲ့ မြန်မာကြားမှာ အလွန် သိသာထင်ရှားတဲ့ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်မှုဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံး ဒေါ်လာငွေ သန်းပေါင်း ၄၅ဝ ကျော် ကုန်ကျခဲ့တဲ့ ဒီလုပ်ငန်းဟာ အိန္ဒိယနိုင်ငံအဖို့ အကျိုးတူပူးပေါင်းမှုလုပ်ငန်းများအနက် အကြီးကျယ်ဆုံး တာဝန်ယူဆောင်ရွက်မှုများထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်''ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေယာဉ်သစ်များ လွှဲပြောင်းပေးအပ်ပွဲ
အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ လွှဲပြောင်းပေးအပ်ခဲ့သော ရေယာဉ်များသည် ဆိပ်ကမ်းတွင်ချက်ချင်းအသုံးပြုနိုင်သည့်အပြင် ပြည်တွင်း ရေကြောင်းဆိပ်ကမ်းဖြစ်သော ပလက်ဝတစ်လျှောက် ကုန်ပစ္စည်းနှင့် ခရီးသည်များ သယ်ယူပို့ဆောင်ရန် အဆင်သင့်ရှိနေ ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း သက်သက်သာ မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးမှုလမ်းကြောင်းဖြစ်သည့်အပြင် ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်မှု၊ အလုပ်အကိုင်ရရှိမှု စသည့်တို့ကို ဖြစ်ပေါ်စေသည့် စီးပွားရေးအလားအလာကောင်းများ ဖြစ်ပေါ်လာပါက ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကဏ္ဍတွင် အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်သွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါ ရေယာဉ်သစ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးH.E. Mr. Shri Misri က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထံသို့ ကုလားတန်ရေယာဉ် ခြောက်စင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
(ဝဝ၁)

ကြီးအုံကြီးဝရေလှောင်တမံ ကန်ရေပြည့်မှတ် ရောက်ရှိရေပိုလွှဲများမှ ရေကျော်နေခြင်းဖြစ်၍ စိုးရိမ်စရာမလို

Image may contain: sky, outdoor, water and nature
ပွင့်ဖြူ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ဝန်လိုကျေးရွာအနီးရှိ ကြီးအုံကြီးဝရေလှောင်တမံသည် စေတုတ္တရာမြို့နယ် မုန်းချောင်းတမံမှ စီးဆင်းလာသော မုန်းချောင်း၊ ဆီးမီးချောင်းနှင့် မိုးတွင်းကာလတွင်သာ စီးဆင်းသော ကြီးချောင်းတို့မှရေကို သိုလှောင်ထားရှိပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီရေလွှဲဆည်မှ တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး နှစ်သွယ်မှ စိုက်ပျိုးမြေများသို့ ဖြန့်ဝေပေးရာ နွေစပါး၊ မိုးစပါး ဧက ၈၂ဝဝဝ ကျော်ကို စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်သည့် အပြင် လျှပ်စစ်ဓာတ်အား ၇၄ မဂ္ဂါဝပ်ကိုလည်း ထုတ်ဝေ ပေးလျက်ရှိသည်။
ကြီးအုံကြီးဝရေလှောင်တမံသည် ဇုန်တမံအမျိုးအစား ဖြစ်ပြီး တမံအလျား ပေ ၃၂၈ဝ၊ အမြင့် ၁၆၄ ပေရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ဧကပေ ၃၁၉၇ဝဝ ရှိ သည်။ ပင်မရေပိုလွှဲတွင် အကျယ် ၃၂၆ ပေရှိပြီး အကူ ရေပိုလွှဲတွင် အကျယ် ပေ ၂၅ဝ ကို ၂ဝ၁၆ ခုနှစ်တွင် အကျယ် ပေ ၂ဝဝ တိုးချဲ့ထားသည့်အတွက် စုစုပေါင်း ပေ ၄၅ဝ အကျယ်ရှိသည်။ ကြီးအုံကြီးဝရေလှောင်တမံ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ရေထုတ်လွှတ်ခြင်း၊ စိုက်ပျိုးရေးရေထုတ်ပေါက်မှ ရေထုတ်လွှတ်ခြင်းနှင့် ကန်ရေပြည့် ရေလှောင်ပမာဏထက် ကျော်လွန်လာပါက ပင်မရေပိုလွှဲနှင့် အကူရေပိုလွှဲတို့မှ ရေကျော်ကျခြင်းဟူ၍ ရေထွက်ပေါက် လေးခုဖြင့် တမံကြံ့ခိုင်ကောင်းမွန်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်သည်။
အဆိုပါရေလှောင်တမံဧရိယာသည် စေတုတ္တရာမြို့နယ် နယ်နိမိတ်အတွင်း အများဆုံးကျရောက်နေပြီး တမံမှ စေတုတ္တရာမြို့ တောင်ဘက်အထိ ရေမိုင် ၁၄ မိုင် ရှည်လျားသည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လကုန်ရက်ပိုင်း ကိုမန်မုန်တိုင်း၏ နောက်ဆက်တွဲအဖြစ် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေပိုလွှဲ၏ သတ်မှတ်ရေထုသည် စီးနှုန်းထက် ကျော်လွန်ခဲ့ပြီး ပင်မရေပိုလွှဲ၏ အောက်ဘက်တွင် ရေတိုက်စားမှုကြောင့် ပျက်စီးမှုများကိုလည်း ကာကွယ်ပြင်ဆင်ထား ရှိပြီးဖြစ်သည်ကို တွေ့ရှိရသည်။
ကြီးအုံကြီးဝရေလှောင်တမံ၏ အထက်ဘက်တွင်ရှိသော မုန်းချောင်းရေလှောင်တမံတွင် ရေပြည့်အမှတ်သို့ ရောက် ရှိရန် ခြောက်ပေအလိုတွင် တည်ရှိနေပြီး မုန်းချောင်းရေလှောင်တမံရေပိုလွှဲမှ ရေကျော်ခြင်းမရှိသော်လည်း ယခုနှစ် ဒေသအတွင်း မိုးဦးကောင်းခဲ့သဖြင့် ဆီမီးချောင်းနှင့် ကြီးချောင်းတို့မှ ဝင်လာသော ရေများကြောင့် ဇွန် ၂၃ ရက်မှ စတင်ကာ ကန်ရေပြည့်ခဲ့ပြီး ရေကျော်ခဲ့ခြင်းဖြစ်သည်။
ကြီးအုံကြီးဝရေလှောင်တမံ၏ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် ဇွန် ၂၉ ရက်အထိ မိုးရေချိန်/မိုးရွာရက်နှင့် ရေသို လှောင်မှုတို့ကို နှိုင်းယှဉ်ကြည့်လျှင်-
ခုနှစ် မိုးရေချိန်(လက်မ) မိုးရွာရက် ရေအမှတ် ရေလှောင်ပမာဏ
၂ဝ၁၅ ၁၂.၄၄ လက်မ ၁၈ ရက် ၃၃၈.ဝ ပေ ၃၁၁၇ဝ၅ ဧကပေ
၂ဝ၁၆ ၁၂.၅၂ လက်မ ၁၉ ရက် ၃၃၅.၃ ပေ ၂၈၅၅၄ဝ ဧကပေ
၂ဝ၁၇ ၁၇.ဝ၈ လက်မ ၂ဝ ရက် ၃၄၂.၆ ပေ ၃၂၇၁၄ဝ ဧကပေ
ကြီးအုံကြီးဝ ရေလှောင်တမံတွင် နွေစပါး၊ မိုးစပါး၊ စိုက်ပျိုးနိုင်ရန် ကန်ရေပြည့် ရေသိုလှောင်ထားရှိနိုင်ပြီး တမံ ကြံ့ခိုင်ကောင်းမွန်မှုကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ အကူရေပိုလွှဲကိုလည်း တိုးချဲ့ ဆောင်ရွက် လျက်ရှိရာ ပင်မရေပိုလွှဲအား ရေတိုက်စားမှုမဖြစ်စေရန် ကာကွယ်ဆောင်ရွက်ထားရှိပြီး ရေပိုလွှဲများမှ ရေလွှဲ ရေကျော် နေခြင်းသာဖြစ်၍ ဒေသခံပြည်သူများ စိုးရိမ်စရာမလိုဘဲ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင်ပါကြောင်း လက်ထောက်ညွှန်ကြားရေးမှူး(၂)ရုံး၊ တည်ဆောက်ရေး(၃)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။
သူရထွန်း(ပွင့်ဖြူ)

ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးရဲ့ ရုံတင်ဇာတ်ကားသစ် ကပ္ပိယ

Image may contain: 1 person
၃ဝ ရက်(သောကြာ)ကစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းက အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသသွား ကြမယ့် ရုပ်ရှင်ကားကြီးတွေအနက် စတင် ရုံတင်သွားမယ့် ရုပ်ရှင်ကားသစ် ''ကပ္ပိယ''ကို ကြေးမုံပရိသတ်တွေ အကြိုခံစားရနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။
ယင်းရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး အဖြစ် ဖွေးဖွေးက ပါဝင်ထားပြီး ဇာတ်ဆောင်မင်းသားတွေအဖြစ် ပြေတီဦးနဲ့ ကောင်းပြည့်တို့က ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ကျေးလက်သဘာဝ တွေ လွှမ်းခြုံနေပြီး တောသူတောင်သားတွေရဲ့ ရိုးသားတဲ့ ဘဝသရုပ်တွေနဲ့ အေးချမ်းတဲ့ ကျေးလက်သဘာဝရှုခင်းတွေကိုလည်း ဒီရုပ်ရှင်မှာ ခံစားကြရမှာပါ။ ဒါ့အပြင် ပွင်းလင်းရိုးသားမှုတွေက ဘဝအမောပြေ စေမယ့် ရယ်စရာဟာသတွေဖြစ်နေတာကို လည်း ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ပုံဖော်ပေးထားတာဖြစ်ပါတယ်။
ထူးခြားတဲ့ဇာတ်ရုပ်တွေကို ရွေးချယ် ကာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ မင်းသမီး ဖွေးဖွေးကိုတော့ ဒီရုပ်ရှင်မှာ ယခင် ရုံတင်ပြီးဖြစ်တဲ့ သူ့ရဲ့ ရုပ်ရှင်တွေက ဇာတ်ကောင်စရိုက်နဲ့ လုံးဝကွဲပြားကာ မာထန်တဲ့စရိုက်မျိုးမရှိ၊ ပျော့ပြောင်းပွင့်လင်း တဲ့ တောသူမလေး မြချစ်အဖြစ် ချစ်စဖွယ် အမူအရာလေးတွေနဲ့ တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။
မြချစ်ဟာ တောရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျေးလက်သူလေး တစ်ဦးဖြစ်ကာ ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်တာကြောင့် ရွာရဲ့ ကွမ်းတောင်ကိုင် လေးဖြစ်ပါတယ်။ ဒီလို လှပတဲ့မိန်းမပျို လေးတစ်ဦးဖြစ်တာကြောင့် ရွာသားတွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားပြီး အများရဲ့ ပိုးပမ်း မှုကိုလည်း ခံနေရသူပါ။ ဒါပေမယ့် ရွာ ဘုန်းကြီးကျောင်းမှာ ကပ္ပိယအဖြစ်လုပ်နေတဲ့ စံလှဘော်နဲ့ ရင်းနှီးခင်မင်နေပါတယ်။ ဒီလိုရိုးရိုးသားသားခင်မင်တာကို စံလှဘော် ကတော့ မိမိကိုသာ မြချစ်က အရေးပေး ကြောင်း ကြွားဝါလေ့ရှိပါတယ်။
ဒီလို သူငယ်ချင်းနှစ်ဦးအကြားကို ကြားဝင်လာသူတစ်ဦးကတော့ ပွဲစား အောင်သန်းကျော်ဖြစ်ပြီး အပြောကောင်းတဲ့ အောင်သန်းကျော်ကိုတော့ မြချစ်ရဲ့ မိခင် ဖြစ်သူက သဘောကျနှစ်ခြိုက်နေတာကြောင့် သမီးဖြစ်သူနဲ့ နေရာချထားပေးချင်နေတာ ဖြစ်ပါတယ်။ မိခင်ရဲ့ တွန်းအားပေးမှုကြောင့် အောင်သန်းကျော်နဲ့ အတူတွဲသွားလာနေရတဲ့ မြချစ်ကို မြင်ရတဲ့အခါမှာတော့ စံလှဘော်ရဲ့ မနာလိုမှုတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။
တစ်ရက်မှာ အောင်သန်းကျော် ချောင်းရိုက်ခံရပြီး လဲကျနေတဲ့နေရာမှာ စံလှဘော်ရဲ့ မာဖလာလေးကို တွေ့ခဲ့တာ ကြောင့် ရဲတွေက စံလှဘော်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဘုန်းကြီးကျောင်းမှာ လာရောက်အပ်နှံထားတဲ့ ကလေးငယ်တစ်ဦး ဖြစ်သူ ကောက်ဆွဟာလည်း စံလှဘော်နဲ့ အတူစား၊ အတူနေဖြစ်နေကာ သံယောဇဉ် တွေ တွယ်နေခဲ့တာကြောင့် စံလှဘော် ဖမ်းဆီးခံထားရချိန်မှာ ကောက်ဆွကလည်း မစားနိုင်မသောက်နိုင် မှိုင်တွေတွေဖြစ်နေ ခဲ့ပါတယ်။
အဖြစ်မှန်ပေါ်ပေါက်ပြီး အချုပ်က စံလှဘော် လွတ်လာချိန်မှာတော့ ကောက်ဆွ ကို မိခင်ဖြစ်သူက ပြန်လည်ခေါ်ဆောင် သွားပြီး မြချစ်ကလည်း အောင်သန်းကျော်နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်း ကြားလိုက်ရ တဲ့အခါ သံယောဇဉ်ရှိသူနှစ်ယောက်လုံးကို တစ်ပြိုင်နက်ဆုံးရှုံးလိုက်ရတဲ့ စံလှဘော်ရဲ့ ဝမ်းနည်းဖွယ်ဇာတ်လမ်းကို ''ကပ္ပိယ''မှာ တွေ့မြင်ခံစားကြရမှာပဲ ဖြစ်ပါတယ်။
ယခုသီတင်းပတ်မှာမှ စတင်ရုံတင်သွား မယ့် ''ကပ္ပိယ''ဟာ ယခင်သီတင်းပတ်အတွင်း ရုံတင်ခဲ့တဲ့ ''သူငယ်'' ''ဝိညာဉ်ကကြိုး''တို့နဲ့ အပြိုင်ပြသသွားမှာလည်း ဖြစ်ပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေအဖြစ် ယခင် သီတင်းပတ်အတွင်း ရုံတင်ခဲ့ကြတဲ့ ဟောလိဝုဒ်ရုပ်ရှင် ''The Mummy''နဲ့ ဘောလိဝုဒ်ရုပ်ရှင် ''Tube Light'' ရုပ်ရှင် တွေအပြင် ရုပ်သံဖန်တီးမှုရုပ်ရှင် ''Transformers: The Last Knight''ကိုလည်း စတင်ရုံတင်သွားမှာဖြစ်ပါတယ်။
အေးပြည့်

ချစ်သူတွေဖြစ်နေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားလာတဲ့ ဘိုရာနဲ့ ဖီးဒေါ့ဂ်

Image may contain: 2 people, people smiling, closeup and text
တောင်ကိုရီးယားရဲ့ ဂီတကြယ်ပွင့်တွေဖြစ်ကြတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ ''SISTAR''မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဘိုရာနဲ့ အမျိုးသားတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ''BIGSTAR''မှ ဖီးဒေါ့ဂ်တို့ချစ်သူတွေဖြစ်နေကြောင်း သတင်း တွေ ပေါ်ထွက်လာခဲ့ပြီးနောက် လတ်တလောမှာတော့ ကြယ်ပွင့်တွေက သူတို့ရဲ့အေဂျင်စီတွေကနေတစ်ဆင့် ကောလာဟလတွေနဲ့ပတ်သက်ပြီး အတည်ပြုပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ ဘိုရာနဲ့ ဖီးဒေါ့ဂ်တို့ချစ်သူတွေဖြစ်နေကြောင်း နဲ့ ချစ်သူတွေအဖြစ် လက်တွဲလာခဲ့သည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာတစ်ခုက ရေးသားဖော်ပြခဲ့ပြီးနောက် လတ်တလောမှာ တော့ ကြယ်ပွင့်တွေရဲ့ အေဂျင်စီတွေက ကာယကံရှင်တွေကို မေးမြန်းခဲ့ပြီးနောက် ဟုတ်မှန်ကြောင်း အတည်ပြုချက်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖီးဒေါ့ဂ်ရဲ့ ဖျော်ဖြေရေးအေဂျင်စီက ကြယ်ပွင့်တွေရဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ''ကျွန်တော်တို့အနေနဲ့ ဖီးဒေါ့ဂ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပြီးတဲ့နောက် ဘိုရာနဲ့ ချစ်သူတွေဖြစ်နေကြကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးချစ်သူတွေအဖြစ် လက်တွဲခဲ့တာ ခြောက်လခန့်သာ ရှိသေးပြီး တစ်နှစ်ခန့်ရှိပြီဆိုတာတော့ မမှန်ဘူးလို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာHit the Stage အစီအစဉ်ရိုက်ကူးခဲ့စဉ်မှာ ရင်းနှီးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်''လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဟွတ်ခ်အန်တာတိန်းမန့်က လည်း ဘိုရာကို မေးမြန်းခဲ့ပြီးတဲ့နောက် ဖီးဒေါ့ဂ်နဲ့ ချစ်သူတွေဖြစ်နေကြောင်း သိခဲ့ရတယ်လို့လည်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အေးပြည့်

ငြင်းချက်ထုတ်ပြီးမှ ပြန်လည်ဝန်ခံလိုက်တဲ့ဆိုဂျင်နဲ့ အက်ဒီကမ်တို့ရဲ့ ဆက်ဆံရေး

Image may contain: 2 people, people smiling
ကြယ်ပွင့်နှစ်ဦးဟာ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေပေါ်ထွက်လာခဲ့ရာမှာ အစပိုင်းမှာတော့ အဆိုပါကောလာဟလတွေဟာ မမှန်ကန်ကြောင်း ငြင်းဆို ခဲ့ကြပြီးတဲ့နောက် လတ်တလောမှာတော့ သူတို့နှစ်ဦးအကြားက ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ချစ်သူတွေဖြစ်နေကြကြောင်း ပြန်လည်ဝန်ခံလိုက်တာဖြစ်ပါတယ်။ ယင်းကြယ်ပွင့်စုံတွဲကတော့ အမျိုးသမီးတေးဂီတအဖွဲ့''Girl's Day''မှ ဆိုဂျင်နဲ့ ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ အက်ဒီကမ်တို့ ဖြစ်ကြပါတယ်။
နှစ်ဦးအကြား အသက်အရွယ်အားဖြင့် လေးနှစ်ခန့် ကွာခြားနေပေမယ့် ချစ်သူတွေအဖြစ် လက်တွဲလိုက်ပြီဖြစ်ကြောင်း အဆိုပါကြယ်ပွင့်တွေက ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ အေဂျင်စီတွေကနေတစ်ဆင့် အတည်ပြုပြောကြားခဲ့တာဖြစ်တယ် လို့ ကေပေါ့ပ်စတားဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
နာမည်ကျော်ကြယ်ပွင့်တွေဖြစ်ကြတာကြောင့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး နဲ့ပတ်သက်ပြီး အဆိုးမြင်တဲ့ဝေဖန်မှုတွေပြုကြမှာကို စိုးရိမ်မှုတွေရှိနေတာ ကြောင့် နှစ်ဦးအကြားက ဆက်ဆံရေးကို ပရိသတ်တွေကို တရားဝင်ထုတ်ဖော် ပြောကြားဖို့ နှောင့်နှေးနေခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

သြဂုတ်လအတွင်း လက်ထပ်တော့မယ့် လီဒေါင်ဂန်းနဲ့ ဂျိုယွန်ဟီး

Image may contain: 3 people, people smiling
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ လီဒေါင်ဂန်းဟာ လက်ရှိချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်ကြောင်း သတင်းတွေထွက်နေခဲ့ပါတယ်။ လတ်တလောမှာ အသက်(၃၇)နှစ်ခန့်ရှိပြီဖြစ်တဲ့ လီဒေါင်ဂန်းဟာ လက်ထပ်ဖို့ အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ကာ သူ့ရဲ့မင်္ဂလာပွဲကိုတော့ လာမယ့် သြဂုတ်လ အတွင်း ကျင်းပသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လီဒေါင်ဂန်းဟာ မင်းသမီးတစ်ဦးဖြစ်သူ ဂျိုယွန်ဟီးနဲ့ ယခုနှစ်အတွင်း ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြတာဖြစ်ပြီး လာမယ့် သြဂုတ် ၃ ရက်မှာတော့ မင်္ဂလာအခမ်းအနားကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ကြောင်းလည်း သိရပါ တယ်။ လတ်တလောမှာ ဂျိုယွန်ဟီးဟာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တယ်လို့လည်း သတင်းတွေပေါ်ထွက်နေကြောင်းလည်း သိရပါတယ်။
"The Gentlemen of Wolgyesu Tailor Shop"ရုပ်ရှင်မှာ အတူ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ လီဒေါင်ဂန်းနဲ့ ဂျိုယွန်ဟီးတို့ဟာ ယင်းရုပ်ရှင် ရိုက်ကူးနေစဉ်အတွင်းမှာပဲ ချစ်သူတွေဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့ မေလအတွင်း လက်ထပ်မှတ်ပုံတင်ခဲ့ကြပြီးဖြစ်ကာ နှစ်ဖက်မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက် လတ်တလောမှာမှ မင်္ဂလာပွဲရက်ကို သတ်မှတ်စီစဉ်ခဲ့ကြတာဖြစ်တယ် လို့လည်း သိရပါတယ်။
လီဒေါင်ဂန်းနဲ့ ဂျိုယွန်ဟီးတို့ရဲ့ မင်္ဂလာအခမ်းအနားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမျိုး လတ်တလောအချိန်အထိတော့ မရှိသေးကြောင်းလည်း သိရပါတယ်။
အေးပြည့်

ချင်းပြည်နယ် မြို့ကြီးနှစ်မြို့တွင် လာမည့်ဘဏ္ဍာနှစ်အတွင်း စက်မှုဇုန်တည်ဆောက်မည်

Image may contain: outdoor
ဟားခါး ဇွန် ၂၉
နိုင်ငံတော်အစိုးရသည် ချင်းပြည်နယ်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ တစ် ပြည်လုံးလွှမ်းခြုံနိုင်စေရန် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ ဟားခါးမြို့နှင့် ပလက်ဝမြို့တို့တွင် လာမည့်ဘဏ္ဍာရေးနှစ် အတွင်း စက်မှုဇုန် တည်ဆောက်သွားမည် ဖြစ်ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ယင်းသို့ စက်မှုဇုန်ရွေးချယ်တည်ဆောက် ရာတွင် ပလက်ဝမြို့သည်ကုလားတန် စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာ နိုင်မည်ဖြစ်ကြောင်း၊ မကြာမီမဟာ ဓာတ်အားလိုင်းကိုလည်း ရရှိတော့မည်ဖြစ် သည့်အပြင် လာမည့်ဘဏ္ဍာရေးနှစ်တွင်စက်မှုသင်တန်းကျောင်းကိုလည်း ဖွင့်လှစ် နိုင်ရန်စီစဉ်နေပြီး ချင်းပြည်နယ်အတွင်းရှိ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်း(SME)လုပ်ငန်းရှင်များကို တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ သည် အလယ်ပိုင်းဒေသများအတွက် အဆင်ပြေနိုင်မည့်နေရာဖြစ်သဖြင့် ဒေသ ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဟားခါး နှင့် ပလက်ဝမြို့တို့တွင် စက်မှုဇုန်တည် ဆောက်ရာ၌ ကလေးစက်မှုဇုန်ကဲ့သို့ ရှေးဦးစွာ ကားထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည့်အခြေအနေမရှိသေး သော်လည်း ကားပြုပြင်ရေးလုပ်ငန်း၊ ကား ရေဆေး၊ဆီလိုက်လုပ်ငန်းစ သည့်ယာဉ်နှင့် ပတ်သက်သောအသေးစားစက်မှုလက်မှုလုပ်ငန်းများဖြင့် စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့စည်ပင်၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
''ဒီလိုမျိုး စက်မှုဇုန်တွေဖွင့်လှစ်လိုက်ခြင်း အားဖြင့်စက်မှုကဏ္ဍအသီးသီးမှာ လူမှု စီးပွားဘဝအတွက် အခွင့်အလမ်းတွေရှိလာ မယ်။ မိမိဒေသနဲ့ကိုက်ညီတဲ့ တီထွင် ဖန်တီးမှု၊ တီထွင်ကြံဆမှုအပိုင်းတွေ ပိုပြီး တော့လုပ်ဆောင်လာနိုင်ပါမယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ချင်းပြည်နယ်အတွင်း စက်မှုလုပ်ငန်း များ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ချင်း ပြည်နယ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် များအသင်း(CFCCI)ကိုလည်းဖွဲ့စည်း ထားရာ လက်ရှိတွင် ချင်းပြည်နယ်အတွင်း၌ အကြီးစားစက်မှု လုပ်ငန်းခြောက်ခု၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ၂ဝဝ ကျော်ရှိကြောင်းသိရသည်။
ဇိုဟေဆာ

အတုယူဖွယ်ရာ ကြိုးစားအားထုတ်သူ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ပြီးခဲ့သည့် ဇွန် ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၇၁၆၁၈၈ ဦးရှိသည့်အနက် ၂၄၂၇၃၆ ဦး အောင်မြင်ခဲ့သည်။ အောင်ချက် ရာခိုင်နှုန်း ၃၃ ဒသမ ၈၉ ရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာချက်များအရ သိရှိခဲ့ရသည်။
သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ စသည်ဖြင့် ဘာသာတွဲအလိုက်စစ်မေးသော မေးခွန်းများကို ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများမှာ နေထိုင်ရာဒေသ၊ မိသားစုအခြေအနေ၊ ဘဝအခြေအနေ၊ ဉာဏ်ရည်အဆင့်အတန်း စသည်ဖြင့် မတူညီသော၊ ကွဲပြားခြားနားသော ဖြစ်တည်မှုများမှသည် ကံ၊ ဉာဏ်၊ လုံ့လ၊ ဝီရိယတို့ကို အခြေပြုကာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုတို့ကို လက်ခံခဲ့ကြရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတို့စိုက်ပျိုးခဲ့သမျှ မိမိတို့ကိုယ်တိုင် ပြန်လည်ရိတ်သိမ်းရခြင်းပင်ဖြစ်သည်။
ဖခင်ကွယ်လွန်၊ မိခင်မှာတောင်သူ၊ မိသားစုစားဝတ်နေရေးက အဆင်မပြေ၊ ကိုယ်တိုင်မှာလည်း မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုများ ကြောင့် အများနည်းတူ ဉာဏ်ရည်ပြည့်စုံသည့်တိုင်အောင် ပညာသင်ယူရန် ခက်ခက်ခဲခဲ အားထုတ်ခဲ့ရသူ၊ လူမှုကွန်ရက်ကျေးဇူးပြုမှုကြောင့် ကလျာဏမိတ္တနှင့်ကြုံဆုံရပြီး ပညာခရီးကိုဆက်ခဲ့ရသူ၊ တက္ကသိုလ် ဝင်တန်းကို ပထမအကြိမ် ဝင်ရောက်ဖြေဆိုရာတွင် မအောင်မြင်ခဲ့ သော်လည်း ရှုံးနိမ့်မှုကိုအလျှော့မပေးဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစား အားထုတ်မှု၊ အလှူရှင်ပုဂ္ဂိုလ်၏ ကူညီပေးမှု၊ မိခင်၏အားပေး စောင့်ရှောက်မှုတို့ဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ မထူးထူးမွန်အား ၂ဝ၁၇ ခုနှစ် ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည့် ကျေးဇူးတင်လွှာတွင် ရွေးချယ်ဖော်ပြခဲ့သည်။ ''ခက်ခဲကြမ်းတမ်းသော ဘဝကို ရန်လိုစိတ်ပျက်ခြင်း အလျဉ်းမရှိဘဲ ကြိုးပမ်းအားထုတ်ခဲ့သော မထူးထူးမွန်သည် ယနေ့ခေတ်လူငယ်များအတွက် အတုယူဖွယ်ရာ ကြိုးစားအားထုတ်မှု သင်္ကေတတစ်ရပ် ဖြစ်လာခဲ့ပါပြီ'' ဟူ၍လည်း ကျေးဇူးတင်လွှာတွင် ထုတ်ဖော်ချီးကျူး ဂုဏ်ပြုထားသည်ကို တွေ့ရသည်။ ဤသည်မှာ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးမှုကြောင့် ကိုယ့်အသက်ကိုပင် ပြန်ရန်ရှာခဲ့သည့်ဖြစ်စဉ်များ၊ စာမေးပွဲရှုံးနိမ့်မှုကို တစ်ဘဝစာ ဘဝပျက်စီးသွားသည့်နှယ် ခံယူမှုလွဲမှားခဲ့သူများကို လမ်းòန်ပြသထားသည့် အလင်းတံခါးဟုလည်း ဆိုရမည်ဖြစ်သည်။
ဘဝအောင်မြင်ရာ အောင်မြင်ကြောင်းအတွက် အဆုံးအမသြဝါဒများ၊ လမ်းညွှန်ချက်များ၊ အကြံပြုချက်၊ သွန်သင်ချက်များကို ဘာသာတရား အသီးသီး၌လည်းကောင်း၊ ဆရာအဆူဆူတို့၏ တက်ကျမ်းများတွင် လည်းကောင်း တွေ့နိုင်သည်။ ဗုဒ္ဓဝါဒအလိုအားဖြင့်မူ ဘဝအောင်မြင်ရေး တွင် အဓိပတိထိုက်သော စေတသိက်လေးပါးဖြစ်သည့် ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝီမံသာဓိပတိ(ပညာ)တို့သည် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံစေသော အထောက်အပံ့များပင်ဖြစ်သည်။ အလွန်တရာ ပြင်းပြသည့်ဆန္ဒ၊ အလွန်တရာထက်သန်သည့် ဝီရိယ၊ အလွန်တရာခိုင်ခံ့သည့် စိတ်ဓာတ်၊ အလွန်တရာကြီးမားမြော်မြင်သည့် ပညာတို့က ဘဝတွင် မည်သို့သော အတားအဆီး၊ အခက်အခဲ၊ အန္တရာယ်ရန်စွယ်ဟူသမျှကိုမဆို ရင်ဆိုင်ကျော်လွှားအောင်မြင်စေနိုင် သည်ချည်းဖြစ်သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သူတော်စင်သီလရှင်ကြီး မာသာထရီဇာ (၁၉၁ဝ-၁၉၉၇) က လူ့ဘဝဖြစ်တည်မှုနှင့်ပတ်သက်၍ အကျိုးရှိရှိအသုံးချ ရန်၊ ပကတိအတိုင်းခံယူရန်၊ အကောင်းဘက်ကရှုမြင်ရန်၊ လူတစ်ယောက် အဖြစ် တာဝန်ယူရန်၊ အကောင်းအဆိုးတို့ကို ရင်ဆိုင်ရန်တိုက်တွန်းခဲ့သည်။ အထူးသဖြင့် လူအဖြစ် ဖြစ်တည်လာသော ဘဝသည် တန်ဖိုးကြီးလှသဖြင့် ဖျက်ဆီးမပစ်ရန်နှင့် ကာကွယ်စောင့်ရှောက်သွားရန် အလင်းပြခဲ့သည်။
ဘဝကို ရဲရင့်စွာစိန်ခေါ်ကာ လောကလူ့ရွာတွင် တန်ဖိုးမြင့်မားသော လူသားတစ်ဦး၊ ကမ္ဘာလောကကို ကောင်းကျိုးပြုနိုင်သူတစ်ဦးအဖြစ် အရွယ်သုံးပါး လူသားတိုင်း အားထုတ်နိုင်ကြပါစေကြောင်း။ ။