Friday, June 30, 2017

သမ္မတရှီ ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်သို့ရောက်ရှိ

Image may contain: 2 people, people smiling, people standing and suit

ဟောင်ကောင် ဇွန် ၂၉
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမိမြေအုပ်ချုပ်မှုအောက် ဟောင်ကောင်ပြန်လည် ရောက်ရှိလာမှု နှစ် ၂ဝ ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် ဟောင်ကောင်အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့၏ ပဉ္စမမြောက်သက်တမ်း ရာထူးအပ်နှင်းပွဲသို့ တက်ရောက်ရန် ဇွန် ၂၉ ရက်တွင် ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်း များတွင်ဖော်ပြသည်။
ထိုသို့ ဟောင်ကောင်သို့ ရောက်ရှိခြင်းသည် တရုတ်သမ္မတရှီကျင့်ဖျင်အနေဖြင့် ပထမဆုံးဖြစ်ကြောင်းသိရပြီး ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း လေ့လာ စစ်ဆေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သမ္မတရှီနှင့် ဇနီး ဖုန်းလိယွမ်တို့သည် ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အမှုဆောင်အရာရှိချုပ် လျန်ချွန်းယင်နှင့် ရွေးကောက်ခံအမှုဆောင်အရာရှိချုပ် ချန်ယွက်နော်တို့ပါဝင်သည့် အဆင့်မြင့်အရာရှိများအား လေဆိပ်တွင် မိန့်ခွန်းပြောခဲ့ ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment