Friday, June 30, 2017

ချစ်သူတွေဖြစ်နေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားလာတဲ့ ဘိုရာနဲ့ ဖီးဒေါ့ဂ်

Image may contain: 2 people, people smiling, closeup and text
တောင်ကိုရီးယားရဲ့ ဂီတကြယ်ပွင့်တွေဖြစ်ကြတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ ''SISTAR''မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဘိုရာနဲ့ အမျိုးသားတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ''BIGSTAR''မှ ဖီးဒေါ့ဂ်တို့ချစ်သူတွေဖြစ်နေကြောင်း သတင်း တွေ ပေါ်ထွက်လာခဲ့ပြီးနောက် လတ်တလောမှာတော့ ကြယ်ပွင့်တွေက သူတို့ရဲ့အေဂျင်စီတွေကနေတစ်ဆင့် ကောလာဟလတွေနဲ့ပတ်သက်ပြီး အတည်ပြုပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ ဘိုရာနဲ့ ဖီးဒေါ့ဂ်တို့ချစ်သူတွေဖြစ်နေကြောင်း နဲ့ ချစ်သူတွေအဖြစ် လက်တွဲလာခဲ့သည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာတစ်ခုက ရေးသားဖော်ပြခဲ့ပြီးနောက် လတ်တလောမှာ တော့ ကြယ်ပွင့်တွေရဲ့ အေဂျင်စီတွေက ကာယကံရှင်တွေကို မေးမြန်းခဲ့ပြီးနောက် ဟုတ်မှန်ကြောင်း အတည်ပြုချက်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖီးဒေါ့ဂ်ရဲ့ ဖျော်ဖြေရေးအေဂျင်စီက ကြယ်ပွင့်တွေရဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ''ကျွန်တော်တို့အနေနဲ့ ဖီးဒေါ့ဂ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပြီးတဲ့နောက် ဘိုရာနဲ့ ချစ်သူတွေဖြစ်နေကြကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးချစ်သူတွေအဖြစ် လက်တွဲခဲ့တာ ခြောက်လခန့်သာ ရှိသေးပြီး တစ်နှစ်ခန့်ရှိပြီဆိုတာတော့ မမှန်ဘူးလို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာHit the Stage အစီအစဉ်ရိုက်ကူးခဲ့စဉ်မှာ ရင်းနှီးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်''လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဟွတ်ခ်အန်တာတိန်းမန့်က လည်း ဘိုရာကို မေးမြန်းခဲ့ပြီးတဲ့နောက် ဖီးဒေါ့ဂ်နဲ့ ချစ်သူတွေဖြစ်နေကြောင်း သိခဲ့ရတယ်လို့လည်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment