Friday, June 30, 2017

မင်္ဂလာဒုံမြို့နယ်၌ ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်


နေပြည်တော် ဇွန် ၂၉
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းတစ်ရပ် ထုတ်ပြန်လိုက်သည်။
သတင်းထုတ်ပြန်ချက်တွင် မင်္ဂလာ ဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ် မြအေးချမ်းသာလမ်း၊ အမှတ်(မရှိ)ကျူးကျော်နေ ဒေါ်ရီရီနွဲ့ သည် ၂ဝ၁၆ခုနှစ် ဇွန် ၂ဝ ရက် နံနက် ၆ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်မှ ပြန်လာစဉ် ခြံဝင်းတံခါးနှင့် အိမ်ရှေ့တံခါး မကြီးမှာ ပိတ်ထားသဖြင့် အိမ်နီးချင်း မခင်မာချို၊ မအိဖြူနှင့် ကိုကျော်ရွှေ တို့နှင့်အတူ ခေါင်းရင်းဘက်ရှိ ပြတင်း တံခါးမှတစ်ဆင့် နေအိမ်အတွင်း ဝင်ရောက် ကြည့်ရှုရာ သမက်ဖြစ်သူ စိုးနောင် (၃၇နှစ်) နှင့် မြေးဖြစ်သူ မောင်ဟန်သူရ (၁၃နှစ်) တို့သည် အိမ်ရှေ့ခန်း၌ လည်းကောင်း၊ သမီး ဖြစ်သူ မချယ်ရီပွင့် (၃၄နှစ်) သည် မီးဖိုခန်း၌ လည်းကောင်း၊ မြေးဖြစ်သူ မောင်စွမ်းထက်မြတ် (၈နှစ်) သည် အိပ်ခန်းအတွင်းရှိ အိပ်ရာပေါ်၌ လည်းကောင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း၌ အမှုဖွင့် လှစ်ခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ ကြောင်း ဖော်ပြထားသည်။
သေဆုံးသူစိုးနောင်မှာ ဧည့်ခန်း အတွင်း၌ အဝတ်အစားမပါရှိဘဲ ပက်လက်အနေအထားဖြင့် ရင်ဘတ် တွင် ဓားသွားကန့်လန့် ထိုးသွင်း ဒဏ်ရာလေးချက်၊ ဇနီးဖြစ်သူ မချယ်ရီ ပွင့်မှာ မီးဖိုချောင်ခန်းအတွင်း၌ မျက်နှာ၊ ရင်ဘတ်၊ ကျောတို့၌ ဓားထိုးသွင်းဒဏ်ရာ ၁၂ ချက်၊ သား အကြီးဖြစ်သူ မောင်ဟန်သူရမှာ ဧည့်ခန်းအတွင်း၌ ယာဘက်နံစောင်း တွင် ဓားထိုးသွင်းဒဏ်ရာငါးချက်နှင့် သားငယ်ဖြစ်သူ မောင်စွမ်းထက်မြတ် မှာ အိပ်ခန်းအတွင်း အိပ်ရာပေါ်၌ ဓားသွားကန်လန့် ထိုးသွင်းဒဏ်ရာ လေးချက်တို့ဖြင့် တွေ့ရှိခဲ့ပြီး သေဆုံးသူ စိုးနောင်၏ ဝဲဘက်လက်အနီးတွင် အရိုးလေးလက်မ၊ အသွား ခုနစ်လက်မရှိ သတ္တုလက်ကိုင် တပ်ဆင်ထားသော သွေးစွန်းနေသည့် သက်သေခံဓားတစ် ချောင်းကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ ကြောင်း။
ထို့ပြင် သေဆုံးသူ စိုးနောင်၏ အလောင်းအနီးရှိ သွေးကွက်အတွင်း၌ ခြေရာအချို့နှင့် သေဆုံးသူ မောင်စွမ်း ထက်မြတ်၏ ခုတင်ဘေးရှိ သွေးစွန်း နေသော ကြမ်းပြင်ပေါ်၌ ဖိနပ်ရာတစ်ခု၊ သွေးများပေကျံနေသည့် စွပ်ကျယ် တစ်ထည်နှင့် သွေးများပေကျံနေသည့် ခြင်ထောင်အား သက်သေခံအထောက် အထားများအဖြစ် သိမ်းဆည်းရရှိခဲ့ သည်။ နေအိမ်အတွင်းသို့ ပြစ်မှု ကျူးလွန်သူများ ဝင်/ထွက်နိုင်သည့် လမ်းကြောင်းနှင့် ထူးခြားသည့် သဲလွန် စများ မတွေ့ရှိသော်လည်း နေအိမ် ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် ဖြစ်စဉ် မဖြစ်ပွားမီညက သေဆုံးသူ မချယ်ရီပွင့်၏ ဖခင်ဦးခွန်နောင်ပေးထားသော ငွေစက္ကူ ရောရာ ငွေကျပ် ၁ဝ၅ဝဝဝ မှာလည်း ပုံမပျက်ရှိနေခြင်း၊ သေဆုံးသူ မချယ်ရီ ပွင့်မှာ စိန်နားကပ် ဝတ်ဆင်ထားခြင်း တို့ကြောင့် ပစ္စည်းတစ်စုံတစ်ရာ ရယူလို မှုကြောင့် လူသတ်လုယက်ခံရခြင်း မဟုတ်ကြောင်း ယူဆနိုင်သည်ဟု ဖော်ပြ ထားသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည် လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက် သည့် မသင်္ကာဖွယ်လူသုံးဦး၏ ဓာတ်ပုံမှာ တရားလိုဒေါ်ရီရီနွဲ့၏ ထွက်ဆိုချက်အရ ဖြစ်စဉ်မဖြစ်ပွားမီ တစ်ပတ်ကျော်ခန့်က မချယ်ရီပွင့်သည် နေအိမ်အတွင်း ရှိနေစဉ် အိမ်အရှေ့ဘက် ခြံစည်းရိုး၌ ဓာတ်ပုံ ရိုက်နေသော လူသုံးဦးအား မသင်္ကာ သဖြင့် မချယ်ရီပွင့်မှ လက်ကိုင်ဖုန်း ဖြင့် ဓာတ်ပုံရိုက်ယူထားခဲ့ခြင်းဖြစ်၍ ဆက်လက် စုံစမ်းဖော်ထုတ်ဆဲဖြစ် ကြောင်းနှင့် သေဆုံးသူ စိုးနောင်သည် ရွှေပြည်သာမြို့နယ်(၁၈)ရပ်ကွက် ဆိပ် ကမ်းသာလမ်းရှိ သဲ/ကျောက်အရောင်း ဆိုင် ဖွင့်လှစ်ထားသူ ဦးမြင့်ကြိုင်၊ ဒေါ်တင်တင်ငြိမ်းတို့ထံမှ အုတ်၊ သဲ၊ ကျောက်များကို အကြွေးဝယ်ယူပြီး ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ငွေ$ကျပ် ၂၇ သိန်း အြေ<ွကးတင်ရာ ဒေါ်တင်တင်ငြိမ်း က ဖုန်းဖြင့် အကြိမ်ကြိမ်တောင်းခံမှု ကြောင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် စိုးနောင်က ငွေ$ကျပ် ၁ဝ သိန်း ပေး ဆပ်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားသည့် အိမ်ခြံဝင်း အတွင်းနှင့် အပြင်တို့၌ စစ်ဆေးချက် များအရ သေဆုံးသူ မိသားစုတို့ ဗေဒင်၊ ယတြာချေထားသော ပစ္စည်းများ၊ သေဆုံးသူ မချယ်ရီပွင့်၏ ခြေဖဝါး နှစ်ဖက်တွင် အြေ<ွကးပေးရန်ရှိသူ၏ အမည်အား မင်ဖြင့်ရေးသား၍ ယတြာ ချေထားသည်များ၊ နေအိမ်ဗီရိုအတွင်းမှ မှော်၊ ကဝေ၊ သရဲ၊ တ္ဆေ၊ ဝိညာဉ်နှင့် ဂန္ဘီရအကြောင်းအရာပါ စာအုပ်များ တွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။ အမှုစစ် ရဲတပ်ဖွဲ့အနေဖြင့် တရားလိုနှင့် လွတ်လပ် သော သက်သေ ၁၅၆ ဦး၊ သင်္ကာမကင်း သူ ခုနစ်ဦးတို့အား အသေးစိတ်စိစစ်ခဲ့ ရာ အမှုနှင့်ဆက်စပ်သည့် အခြင်း အရာများ ကျူးလွန်သည့် အချက်အလက် အထောက်အထား တစ်စုံတစ်ရာ ပေါ် ပေါက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
သက်သေခံ ခြေရာများမှာ သေဆုံး သူ စိုးနောင်၏ခြေရာများဖြစ်ပြီး ခုတင် ဘေးတွင် တွေ့ရှိသော ဖိနပ်ရာမှာ တရားလို ဒေါ်ရီရီနွဲ့၏ ဖိနပ်ရာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ သေဆုံးသူ မချယ်ရီ ပွင့်သည် တစ်ခါတစ်ရံတွင် အရက်နှင့် ဝိုင်ကိုသောက်လေ့ရှိပြီး နေအိမ်ထမင်း စားခန်းတွင် သောက်လက်စGrand Royal ဝီစကီပုလင်း၌ အရက်လေးပုံ တစ်ပုံကျန်ရှိမှုနှင့် ရေခဲသေတ္တာအတွင်း ၌ ဝိုင်အသစ်နှစ်ပုလင်းတို့ တွေ့ရှိခဲ့သည်။ ဓာတုဗေဒဝန်ရုံး၏ စစ်ဆေးချက်အရ စိုးနောင်၏ အစာအိမ်အရည်တွင် အရက် ပါဝင်မှု မတွေ့ရှိရဘဲ မချယ်ရီပွင့်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု ဝ ဒသမ ၁၆ ရာခိုင်နှုန်း တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူ စိုးနောင်အနီးမှ တွေ့ရှိခဲ့ သောဓားမှာ စိုးနောင်၏ ကိုယ်ပိုင်ဓား ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယင်း ဓားရိုးတွင် စိုးနောင်၏ DNA စိစစ် တွေ့ရှိရခြင်း၊ ဓားသွားပေါ်ရှိ သွေးများ မှာလည်း စိုးနောင်၊ မချယ်ရီပွင့်၊ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြတ် တို့၏DNA များသာ တွေ့ရှိခဲ့သည်။ သက်သေခံသိမ်းဆည်းရမိထားသော စွပ်ကျယ်မှာ သေဆုံးသူ စိုးနောင်၏ စွပ်ကျယ်ဖြစ်ပြီး စွပ်ကျယ်အား ချွတ်၍ သုတ်ထားသည့် အနေအထားဟု ယူဆ ခဲ့ရသည်။ ထို့ပြင် စွပ်ကျယ်တွင် ဓားဖြင့် ထိုးထားသော အပေါက်အရာ မရှိဘဲ ခြင်ထောင်ရှိ သွေးများနှင့် စွပ်ကျယ် တွင် ပေကျံနေသည့်သွေးများကို DNA စစ်ဆေးခဲ့ရာ သေဆုံးသူလေးဦးတို့၏DNA သာတွေ့ရှိရပြီး အခြားပြင်ပDNA မတွေ့ရကြောင်း စစ်ဆေးတွေ့ရှိရ သည်ဟု ဖော်ပြထားသည်။
သေဆုံးသူ စိုးနောင်၏ ဝဲဘက် လက်သန်းတွင် သွေးခြေဥဒဏ်ရာ တွေ့ရှိ ရသဖြင့် မှုခင်းဆရာဝန်က စစ်ဆေးရာ သက်သေခံဓား၏ သတ္တုအရိုးအား တင်းကျပ်စွာကိုင်ဆောင်၍ အချက်ပေါင်း များစွာထိုးစဉ် ရရှိနိုင်သော သွေးခြေဥ ဒဏ်ရာဖြစ်ကြောင်းနှင့် သေဆုံးသူ စိုးနောင်မှာ ဘယ်သန်ဖြစ်ကြောင်း၊ သေဆုံးသူတစ်ဦးချင်းစီတွင် တွေ့ရှိရသော ဓားဒဏ်ရာများမှာ သိမ်းဆည်းရမိခဲ့ သည့် သက်သေခံဓားဖြင့် ထိုးသွင်းရရှိ ခဲ့သော ဒဏ်ရာများဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့သည်။ ထို့ပြင် သေဆုံးသူ စိုးနောင် ၏ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန့်လန့်ပုံ ဓားထိုးသွင်းဒဏ်ရာ လေးချက်မှာလည်း သေဆုံးသူ အနေဖြင့် ပုံမှန်မဟုတ်သော စိတ်ခံ စားမှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးက အတည်ပြုပြော ကြားခဲ့သည့်အပြင် အလားတူ အခြားသာဓက ဖြစ်စဉ်မှုခင်းများ လည်းရှိကြောင်း။
သေဆုံးသူ စိုးနောင်သည် ဒဿနိကဗေဒဘွဲ့ ရရှိထားသူဖြစ်ပြီး စိတ်မြန်လက်မြန် ဆောင်ရွက်တတ် သူဖြစ်ကြောင်း၊ တုတ်၊ ဓားလက်နက် ကိုင်ဆောင်တတ်သည့် အလေ့အထ ရှိကြောင်း၊ ၄င်းတို့ဇနီးမောင်နှံသည် အိမ်ထောင်မပြုမီ အချိန်မှစ၍ သေဆုံး ချိန်အထိ အိမ်ထောင်ရေးပြဿနာ များ၊ လူမှုရေးပြဿနာများ ရှိနေခဲ့ ကြောင်း၊ အခင်းမဖြစ်မီ သုံးလခန့်မှ စ၍ မိသားစု စီးပွားရေးအကျပ် အတည်းများ ကြုံတွေ့နေရကြောင်း၊ ယင်းတို့ မကြာခဏ စကားများမှု ရှိ ကြောင်း၊ ထိုအချက်များအပေါ်တွင် အကြောင်းပြု၍ စိုးနောင်သည် အအိပ် အစားပျက်မှုများ၊ စိတ်မတည်ငြိမ်မှု များ ဖြစ်ပေါ်လျက်ရှိကြောင်း ပတ်ဝန်း ကျင်သက်သေများ၏ ထွက်ဆိုချက် များအရ သိရှိရသည်။
ထို့ပြင၄င်းတို့မိသားစု၏ အိမ် ထောင် ရေး၊ လူမှုရေးပြဿနာများအား ကောင်းစွာသိရှိထားသူ ရှစ်ဦးကလည်း သက်ဆိုင်ရာ တရားရုံးတွင် ကြိုတင် ထွက်ဆိုချက်များ ပြည့်စုံစွာထွက်ဆို ပေးထားပြီးဖြစ်ကြောင်းနှင့် သက်သေ၊ ကျွမ်းကျင်သူပညာရှင်များ၊ သက်မဲ့ သက်သေအထောက်အထားများမှ စစ်ဆေး ပေါ်ပေါက်ချက်များအရ အမှုအား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment