Friday, June 30, 2017

မင့်ခ်သဘောတူစာချုပ် အကောင်အထည်မဖော်နိုင်ဟုဆိုကာ အီးယူက ရုရှားနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ထပ်မံတိုးမြင့်

Image may contain: 4 people, people smiling, suit

မော်စကို ဇွန် ၂၉

ဂျာမနီ၊ ရုရှား၊ ပြင်သစ်၊ ယူကရိန်း စသည့်လေးနိုင်ငံ ချုပ်ဆိုသည့် ယူကရိန်း နိုင်ငံအရှေ့ပိုင်း အပစ်ရပ်စဲရေးသဘော တူညီမှုစာချုပ် မင့်ခ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိဟု ဆိုကာ အီးယူက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံတိုးမြင့် လိုက်ကြောင်း သိရသည်။
ထပ်မံတိုးမြင့်လိုက်သော သက်တမ်း မှာ ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ ဖြစ်ကာ စုစုပေါင်းခြောက်လ ထပ်မံ သက်တမ်းတိုးမြင့်လိုက်ကြောင်း သိရ သည်။
ထပ်မံသက်တမ်းတိုးမြင့်လိုက်သည့် အရေးယူပိတ်ဆို့မှုများတွင် ငွေကြေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ စစ်လက်နက်နှင့် စစ်ဘက်ကဏ္ဍဆိုင်ရာ ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ရေနံနှင့်ပတ်သက်သော ရှာဖွေမှုနှင့် တူး ဖော်မှုဆိုင်ရာ နည်းပညာနှင့် ဝန်ဆောင်မှု များပေးအပ်ရန် ကန့်သတ်မှုများလည်း ပါဝင်ကြောင်း သိရသည်။
အီးယူသည် ရုရှားနိုင်ငံအနေဖြင့် မင့်ခ်သဘောတူညီချက်အား ကောင်းမွန် စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိဟု သတ်မှတ်ပြီး ပိတ်ဆို့မှုသုံးကြိမ်အထိပြုလုပ်ခဲ့ဖူးကြောင်းသိရပြီး ယခုတစ်ကြိမ် နှင့်ဆိုလျှင် လေးကြိမ်မြောက်ဖြစ် ကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment