Friday, June 30, 2017

သြဂုတ်လအတွင်း လက်ထပ်တော့မယ့် လီဒေါင်ဂန်းနဲ့ ဂျိုယွန်ဟီး

Image may contain: 3 people, people smiling
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ လီဒေါင်ဂန်းဟာ လက်ရှိချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်ကြောင်း သတင်းတွေထွက်နေခဲ့ပါတယ်။ လတ်တလောမှာ အသက်(၃၇)နှစ်ခန့်ရှိပြီဖြစ်တဲ့ လီဒေါင်ဂန်းဟာ လက်ထပ်ဖို့ အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ကာ သူ့ရဲ့မင်္ဂလာပွဲကိုတော့ လာမယ့် သြဂုတ်လ အတွင်း ကျင်းပသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လီဒေါင်ဂန်းဟာ မင်းသမီးတစ်ဦးဖြစ်သူ ဂျိုယွန်ဟီးနဲ့ ယခုနှစ်အတွင်း ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြတာဖြစ်ပြီး လာမယ့် သြဂုတ် ၃ ရက်မှာတော့ မင်္ဂလာအခမ်းအနားကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ကြောင်းလည်း သိရပါ တယ်။ လတ်တလောမှာ ဂျိုယွန်ဟီးဟာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တယ်လို့လည်း သတင်းတွေပေါ်ထွက်နေကြောင်းလည်း သိရပါတယ်။
"The Gentlemen of Wolgyesu Tailor Shop"ရုပ်ရှင်မှာ အတူ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ လီဒေါင်ဂန်းနဲ့ ဂျိုယွန်ဟီးတို့ဟာ ယင်းရုပ်ရှင် ရိုက်ကူးနေစဉ်အတွင်းမှာပဲ ချစ်သူတွေဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့ မေလအတွင်း လက်ထပ်မှတ်ပုံတင်ခဲ့ကြပြီးဖြစ်ကာ နှစ်ဖက်မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက် လတ်တလောမှာမှ မင်္ဂလာပွဲရက်ကို သတ်မှတ်စီစဉ်ခဲ့ကြတာဖြစ်တယ် လို့လည်း သိရပါတယ်။
လီဒေါင်ဂန်းနဲ့ ဂျိုယွန်ဟီးတို့ရဲ့ မင်္ဂလာအခမ်းအနားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမျိုး လတ်တလောအချိန်အထိတော့ မရှိသေးကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment