Friday, June 30, 2017

နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းများ ထိန်းချုပ်ရန် ကုလလက်နက်ဖျက်သိမ်းရေးဌာနအကြီးအကဲ တိုက်တွန်း

Image may contain: one or more people
ကုလသမဂ္ဂ ဇွန် ၂၉
ကုလသမဂ္ဂအဖွဲ့၏ လက်နက်ဖျက်သိမ်းရေးဌာန အကြီး အကဲက နျူကလီးယားလက်နက်နှင့် အခြားသောလက်နက်များကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်ပြီး ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကိစ္စရပ်များဆိုင်ရာ အထူးကိုယ်စားလှယ် အီဇူမီ နာကာမတ်ဇုက ဇွန် ၂၈ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာများနှင့် ကုန်ကြမ်းများကို တရားဝင် ထုတ်လုပ်ရောင်းချသော နိုင်ငံများရှိကြောင်းနှင့် ၄င်းတို့၏ ရောင်းဝယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးမည် ဖြစ်ကြောင်း အီဇူမီ နာကာမတ်ဇုက ပြောကြားခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များကို တားဆီးကာကွယ်နိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ဆွေးနွေးပွဲများကျင်းပရန် လိုအပ်ကြောင်း အီဇူမီ နာကာမတ်ဇုက ဆက်လက်ပြောကြားခဲ့သည်။
ဇွန် ၂၈ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပွဲသို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဖွဲ့ဝင်အများစုက ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက်များ အသုံးပြုလျက်ရှိသည်ဟု ထောက်ပြပြောကြားကြသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက မြောက်ကိုရီးယားနိုင်ငံ၏ နျူဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး ၄င်းတို့၏စိုးရိမ်မှုများကို ပြောကြားခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ မြောက်ကိုရီးယားဒုတိယ သံအမတ်ကြီး ကင်အင်ရောင်းက ပြုံယမ်းအနေဖြင့် နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သည် မြောက်ကိုရီးယားနိုင်ငံ၏ မိမိကိုယ်ကိုကာကွယ်ရေးအတွက်သာ ရည်ရွယ်ပါကြောင်း ပြောကြားခဲ့သည်။
ပြုံယမ်းနျူကလီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေး ပွဲများကျင်းပရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း ပြောကြားခြင်းသည် အချည်းအနှီးသာဖြစ်ပါကြောင်း မြောက်ကိုရီးယား ဒုတိယသံအမတ်ကြီး ကင်အင်ရောင်းက အမေရိကန်၏ ပြောကြားချက်ကို ပြန်လည်ချေပပြောကြား ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment