Saturday, February 28, 2015

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို အရှုံးခံပြီးတော့မှ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲခြင်းမဟုတ် ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာနက တခြားကဏ္ဍမှာ လိုအပ်ချက်အရ စိုက်ပေးရပေမယ့် သတင်းစာမှာ အမြတ်ရရှိပါတယ်၊၊ အဲဒီအတွက် ကြိုဆိုပါတယ် ဦးဖုန်းမြင့်အောင်

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ နိုင်ငံတော်အတွက် အမြတ်ငွေ ၄ ဘီလီယံကျော်ရရှိမည်ဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် အမြတ်ငွေ ၃ ဒသမ ၅ ဘီလီယံကျော်ရရှိခဲ့သည်ဟုလည်း သိရှိရသည်။ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးအခြေအနေအရ လိုငွေပြနေသည့် ၃ဝ ဒသမ ၁၉၄ ဘီလီယံကျော်မှာ ဦးစီးဌာနများ၏ ရုံးအသုံးစရိတ်များဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးအခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပြီးဖြစ်သည်။
နိုင်ငံပိုင်မီဒီယာများ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏မူနှင့်အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးလျက်ရှိရာ ပြည်သူ့ကိုယ်စားလှယ်များ၏ သုံးသပ်ချက်အမြင်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဒေါ်စန္ဒာမင်း
ဇမ္ဗူသီရိမြို့နယ်မဲဆန္ဒနယ်
နိုင်ငံပိုင်မီဒီယာတွေ အများပြည်သူ ဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲတာကို ဝမ်းသာစွာကြိုဆိုပါတယ်။ တချို့နိုင်ငံတွေမှာလည်း အစိုးရကနေ ပြည်သူလူထုအတွက် ဖော်ပြချင်တဲ့ ကိစ္စတွေ ပေါ်လစီတွေကိုတော့ အစိုးရကနေဦးစီးပြီး ထုတ်ဝေနေတဲ့ သတင်းစာတွေရှိပါတယ်။ ဒါမျိုးတွေ လည်း ရှိသင့်သေးတယ်လို့လည်း ထင်ပါတယ်။ အခုအခါမှာ ပုဂ္ဂလိက ပိုင်သတင်းစာတွေ ထွက်နေတာလည်း အများကြီးရှိပါတယ်။ သူတို့တွေ အနေနဲ့ မီဒီယာလွတ်လပ်ခွင့် အပြည့် အဝနဲ့ ရေးသားနေတယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် တချို့သတင်း တွေ မှားနေတယ်ဆိုတာလည်း ကျွန်မ တို့ သိပါတယ်။ အခုနိုင်ငံတော်က ဖော်ပြနေတဲ့ ပေါ်လစီတွေ နိုင်ငံတော် ရဲ့ ရပ်တည်ချက်မျိုးတွေကိုတော့ ပြောင်းလဲမသွားစေချင်ဘူးလို့ ပြော ချင်ပါတယ်။
ဦးဖုန်းမြင့်အောင်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)
ကျွန်တော်လေ့လာကြည့်လိုက် တော့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာမှာ အမြတ်ရှိတာတွေ့ရပါ တယ်။ အစိုးရပိုင်သတင်းစာ မထုတ် သင့်ဘူးလို့ ပြောနေကြတာတွေ ရှိပါ တယ်။ ဒါပေမယ့် အစိုးရပိုင်သတင်း စာကမြတ်နေတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက တခြားကဏ္ဍမှာ လိုအပ်ချက်အရ စိုက်ပေးရပေမယ့် သတင်းစာမှာ အမြတ်ရရှိပါတယ်။ အဲဒီအတွက် ကြိုဆိုပါတယ်။ ငွေရေး ကြေးရေးကဏ္ဍတွေ ကိစ္စတွေမှာ အစိုးရက လုပ်တာထက်စာရင် အများ ပြည်သူဝန်ဆောင်မှုအနေနဲ့ လုပ်တာ ပိုကောင်းပါတယ်။ စိတ်ဝင်စားတဲ့သူ တွေအနေနဲ့လည်း ရှယ်ယာပါတာမျိုး လေးလုပ်လို့ ရသွားတာပေါ့။ ခေတ် စနစ်တွေကလည်း ပြောင်းသွားပြီ။ မီဒီယာခေတ်ကို ရောက်နေပြီဆိုတော့ ဝန်ဆောင်မှုကို ပိုပြီးတော့ကောင်း အောင် လွတ်လွတ်လပ်လပ်လုပ်နိုင် အောင် အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်လုပ်တာ ခေတ်စနစ်နဲ့ လည်း လျော်ညီပါတယ်။ အခုက ပုဂ္ဂလိကသတင်းစာတွေမှာ ရှုံးနေတာ ရှိတယ်။ ဒါပေမယ့် အစိုးရသတင်းစာ က မြတ်နေတယ်။ နိုင်ငံတော်အတွက် လည်း ရရှိတဲ့အမြတ်ထဲကနေ နိုင်ငံတော်ကို ပြန်သွင်းနိုင်တယ်။ ဒါမျိုးလေးတွေကို ပြည်သူတွေသိရှိ အောင် Hightlight လုပ်သင့်တယ်။
အစိုးရသတင်းစာက ရှုံးနေရင်တော့ ကျွန်တော်တို့ကလည်း ထောက်ပြ ရမယ်။ ပြည်သူ့ဘဏ္ဍာငွေနဲ့ အရှုံးပြ နေရင်တော့ ထောက်ပြရမှာပေါ့။
အစိုးရပေါ်လစီပါတဲ့ သတင်းကို သတင်းစာတစ်ခုက ထုတ်ပြန်ရမှာပါ။ အစိုးရသတင်း ထုတ်ပြန်ချက်တွေကို ပုဂ္ဂလိကသတင်းစာကနေ ယူရတာ ကျတော့လည်း သိပ်ပြီး reliable မဖြစ်ဘူး။ ပြည်သူတွေအတွက် refer လုပ်မယ်ဆိုရင် အစိုးရပိုင်သတင်းစာ ကို မန်နမ လုပ်လို့ရတယ်။ အဲဒါတွေ အတွက် သတင်းစာကထုတ်ပေးသင့် တယ်။ အကယ်၍ အစိုးရသတင်းစာ တွေ ရှုံးနေမယ်ဆိုရင် ကြော်ငြာတွေ မထည့်ဘဲနဲ့ အစိုးရသတင်းသာ သီးသန့်ထုတ်သင့်တယ်။ ဒါပေမယ့် အစိုးရသတင်းစာက မြတ်နေတဲ့ အတွက် ဒီအတိုင်းပဲဆက်သွားရမယ်။ မြန်မာနိုင်ငံမှာdigital media က ဒီလောက်မဖွံ့ဖြိုးသေးဘူး။ ဒီတော့ ပုံနှိပ်မီဒီယာကိုပဲ အားကိုးနေရဦးမှာ ပါ။ ဒါကြောင့် အစိုးရသတင်းတွေကို ထုတ်ပြန်ပေးမယ့် ပုံနှိပ်မီဒီယာက ရှိသင့်တယ်။
ဒေါ်ခင်ဝိုင်းကြည်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)
ကျွန်မတို့နိုင်ငံက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားတာဖြစ်တယ်။ နိုင်ငံ တကာမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့သွားတယ်။ လိုအပ်သလို ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်လို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါတယ်။ လက်ရှိမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာတယ်။ မီဒီယာတွေ အမျိုးမျိုးရှိတဲ့အထဲမှာ အများပြည်သူဝန်ဆောင်မှုမီဒီယာ ကိုလည်း ကြိုဆိုပါတယ်။ ပြည်သူ အတွက် ရည်ရွယ်တဲ့ မီဒီယာတွေကို ကြိုဆိုပါတယ်။ မီဒီယာကို လက်ကိုင် တုတ်လုပ်ပြီး အသုံးချမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမဟုတ်ဘဲ ပြည်သူ လူထုအတွက် အသိပညာ၊ ဗဟုသုတ၊ capacity တိုးပွားအောင် ဆောင်ရွက် တာဆိုရင် ကြိုဆိုပါတယ်။ အများ ပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲရာမှာလည်း အားနည်းချက် တွေ အားသာချက်တွေရှိမှာပါ။ ဘယ်နေရာမှာဖြစ်ဖြစ် အားနည်းချက်၊ အားသာချက်ဆိုတာရှိပါတယ်။
ဦးပိုက်ထွေး
ဒုတိယဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စု လွှတ်တော်မှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းရဲ့မူနဲ့ အခြေခံ သဘောအပါအဝင် စီမံကိန်းလုပ်ငန်း တွေနဲ့စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ်တွေက မနေ့ကနဲ့ ဒီနေ့မှာဆွေးနွေးခဲ့ကြပါတယ်။ မနေ့ က ဆွေးနွေးတဲ့အထဲမှာ အလုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ပတ်သက်ပြီးဆွေးနွေးသွားတာရှိပါ တယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာ့ အလင်းနဲ့ ကြေးမုံသတင်းစာတွေကို အများပြည်သူဝန်ဆောင်မှုသတင်းစာ အဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန်ဆိုတဲ့အချက် ပါရှိတဲ့ အကြောင်း၊ အများပြည်သူဝန်ဆောင်မှု သတင်းစာအဖြစ် ပြောင်းလဲအကောင် အထည်ဖော်တဲ့အခါ နိုင်ငံတော်က အရှုံးခံပြီး ပြောင်းလဲရမယ်ဆိုတဲ့ အချက်ကို စဉ်းစားသင့်ကြောင်းဆိုပြီး ဆွေးနွေးသွားတာတွေ့ရပါတယ်။ တကယ်တော့ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာကို ထုတ်ဝေနေတဲ့ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းဟာ အရှုံးမရှိ ခဲ့ပါဘူး။ ဒီမိုကရေစီအစိုးရသစ် လက်ထက် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအနေနဲ့ နှစ်အလိုက် အကျိုး အမြတ်တွေရရှိခဲ့ပါတယ်။ ဒါတွေကို သိအောင် ချုပ်တင်ပြရမယ်ဆိုရင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ဝင်ငွေ ခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေမပါ အမြတ်ငွေကျပ် ၆၃၁၅ သန်းရပါ တယ်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှာ ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေ မပါ အမြတ်ငွေကျပ် ၆၉၂၇ သန်း ရရှိပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ နှစ်မှာ အမြတ်ငွေကျပ် ၆၅၄၄ သန်းနဲ့ ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေ နုတ်ပြီး သန်း ၃၅ဝဝ ကျော်၊ အခု ၂ဝ၁၄-၂ဝ၁၅ ဒီဇင်ဘာလကုန်ထိ အမြတ်ငွေကျပ်သန်း ခြောက်ထောင် ကျော် ရရှိနေပြီး နှစ်ကုန်ပါက ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေ နုတ်ပြီး အမြတ်ငွေ သန်း ၄ဝဝဝ ကျော်ရမယ်လို့ ခန့်မှန်းထားပါတယ်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေ နဲ့ အရှုံးမရှိတဲ့အကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်အနေနဲ့ ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ရည်မှန်းချက်၊ လုပ်ငန်း စဉ်တွေ ပြည်ထောင်စုလွှတ်တော်မှာ လာရှင်းတဲ့ အချိန်တုန်းကလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတစ်ခုမှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အရှုံးမရှိကြောင်း ကို ကျွန်တော်ကိန်းဂဏန်းတွေနဲ့တကွ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူသတင်းစာမှာလည်း အရှုံးမရှိ ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း ဦးခိုင်မောင်ရည်အနေ နဲ့ ဘယ်ဌာန၊ ဘယ်အချက်အလက် တွေကနေ ကိုးကားပြီး ဆွေးနွေးတယ် ဆိုတာမသိပါဘူး။ ကျွန်တော့်အနေနဲ့ တင်ပြချင်တာကတော့ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နိုင်ငံ တော်ဘဏ္ဍာငွေကို အရှုံးခံပြီးတော့မှ အများပြည်သူ ဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယနေ့ထုတ်နေတဲ့ သတင်းစာတွေဟာလည်း ရှုံးနေတာ မဟုတ်ဘဲ ခုနက ကျွန်တော် တင်ပြ ခဲ့သလို အမြတ်တွေရရှိနေတာဖြစ်တဲ့ အကြောင်း ကျွန်တော် တင်ပြလိုပါ တယ်။ ကျွန်တော်တို့ဝန်ကြီးဌာန အပေါ်မှာ စေတနာဖြင့် ထောက်ပြ ဆွေးနွေးတာကို ဝမ်းသာအားရ လက်ခံကြိုဆိုပါတယ်။ ဒါပေမယ့် တချို့ဆွေးနွေးချက်တွေဟာ မှန်မှန် ကန်ကန်နဲ့ တိတိကျကျဖြစ်ဖို့ လိုပါ တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေးရှုပြီး အပြုသဘော ဆောင်သင့်တာပေါ့ဗျာ။
ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကတော့ ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပေးတဲ့ အခုလာမယ့် မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ဦးခိုင်မောင်ရည် ဆွေးနွေးတာနဲ့ပတ်သက်ပြီး ပြန်လည် ရှင်းလင်းတင်ပြသွားမှာ ဖြစ်တဲ့ အကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ ပြည်သူလူထုအတွက် ဆောင်ရွက်မယ့်စီမံကိန်းက မြန်မာ့ အသံကို ပိုမိုကြည်လင်ပြီးပြတ်သားစွာ နားဆင်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာရှိစေဖို့ အက်ဖ်အမ်တွေ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒီဘတ်ဂျက်မှာ အက်ဖ်အမ် ၂၅ ရုံတိုးချဲ့ဆောင်ရွက်သွားမှာဖြစ် ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင် သံကြားမှာ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်တွေကို Analogue စနစ် ကနေDVB -T2 စနစ်ကို ပြောင်းလဲ ဆောင်ရွက်နေတာရှိပါတယ်။ ဒီ ဘတ်ဂျက်မှာတော့ DVB-T2 စက် မြို့ ၅ဝ မှာ တိုးချဲ့ဆောင်ရွက်သွားပါ မယ်။ DVB-T2 တိုးချဲ့ဆောင်ရွက်ပြီး သွားပြီဆိုရင် ပြည်သူလူထုအနေနဲ့ မြန်မာ့အသံမှာ ထုတ်လွှင့်နေတဲ့ရုပ်သံ လိုင်းအပြင် အခြား MRTV-4၊ Channel-7 အစရှိတဲ့ ရုပ်သံလိုင်း ၁၄၊ ၁၅ လိုင်းလောက်ကို အခမဲ့ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ သတင်းစာတွေအနေနဲ့ ပြည်သူလူထုလက်ဝယ်ကို အချိန်မီ ရောက်ရှိဖို့နဲ့ ကျေးလက်ဒေသထိ သတင်းစာတွေဖြန့်ဝေနိုင်ဖို့အတွက် ဒီနှစ်မှာ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမှာ သတင်းစာ တိုက်တွေ တည်ဆောက်ပါမယ်။ ပြည်သူလူထုအနေနဲ့ သတင်းစာ တွေကို အချိန်မီဖတ်ရှုနိုင်ဖို့နဲ့ သတင်း စာအရည်အသွေး ကောင်းမွန်စွာ ဖတ်ရှုနိုင်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ စာကြည့်တိုက်အနေနဲ့ ဒီနှစ်မှာ တစ်နိုင်ငံလုံး စာကြည့်တိုက် ၂ဝဝ အတွက် စာကြည့်တိုက် တစ်တိုက်ကို ကျပ်သိန်း ၂ဝ နှုန်းထောက်ပံ့ဆောင် ရွက်သွားဖို့ရှိကြောင်း ပြောကြား လိုပါတယ်။
အမေး၊ အရေး
မင်းမင်းဇော်(သတင်းစဉ်)
ဟန်နီဝင်း(သတင်းစဉ်)
ဓာတ်ပုံ - ရွှေကိုလေး

နေပြည်တော် အမျိုးသမီးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ



အမျိုးသားအားကစားပွဲတော်၏ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ကစားရာ နေပြည်တော်အသင်းက ရန်ကုန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်၌ အနိုင်ရဗိုလ်စွဲသွား သည်။
နေပြည်တော်-ငါးဂိုး
ရန်ကုန်-လေးဂိုး
နေပြည်တော် အမျိုးသမီးအသင်းမှာ ပင်နယ်တီအဆုံးအဖြတ်၌ အနိုင်ရရှိပြီး အမျိုး သား အားကစားပွဲတော်၌ ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့သည်။ နာမည်ကြီး ရန်ကုန်အသင်း ခြေအသာမရခဲ့သလို ပွဲပြီးခါနီး၌ ချေပဂိုးရရှိ ခဲ့၍သာ ပင်နယ်တီအထိ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ် သည်။
နေပြည်တော်အသင်းမှာ ပွဲစကတည်းက တိုက်စစ်အားမြှင့်ခဲ့ပြီး ၃၂ မိနစ်တွင် နှင်းကလျာ ကိုက အဝေးကန်ချက်ဖြင့် ဦးဆောင်ဂိုးရခဲ့သည်။ ဂိုးပေးလိုက်၍ ရန်ကုန်အသင်းချေပဂိုးရရှိရန် တရစပ်
တိုက်စစ် ဆင်ခဲ့သော်လည်း နေပြည်တော်နောက်တန်းက အမှား အယွင်းမရှိ ပိတ်ဆို့ကာကွယ်နိုင်ခဲ့၍ ထင်တိုင်းမပေါက်ခဲ့ပေ။ ၈၃ မိနစ်တွင် နေပြည်တော်ဂိုးသမား၏ အမှား မှတစ်ဆင့် သင်းသင်းမော်က ရန်ကုန်အတွက် ချေပဂိုးပြန်သွင်းခဲ့ သည်။ မိနစ် ၁၂ဝ ပြည့်သည်အထိ တစ်ဂိုးစီသရေကျနေ၍ ပင်နယ်တီ ကန်ရာ နေပြည်တော်က လေးဂိုးသုံးဂိုး ဖြင့် အနိုင်ရခဲ့သည်။ နေပြည်တော် အသင်းမှာ သဉ္ဇာချို၊ ပန်းအိခိုင်၊ နှင်း ကလျာကိုနှင့် ခင်ပြည့်လင်းတို့ ဂိုးဝင် ပြီး ကေဇာမြင့်၏ စတုတ္ထပင်နယ်တီ ဂိုးမဝင်ခဲ့ပေ။ ရန်ကုန်အသင်းမှ စုမြတ်မွန်၊ သဲသဲချိုနှင့် ဝေဇင်နှင်းတို့ သုံးဦးသာဂိုးဝင်ပြီး ခင်ခင်ကြွယ်နှင့် ယုယုဝင်းတို့လွဲချော်ခဲ့၍ နေပြည်တော် က အနိုင်ရခဲ့ခြင်းဖြစ်သည်။
နံနက်ပိုင်းတွင် ကျင်းပသော တတိယနေရာလုပွဲတွင် ဧရာဝတီ အသင်းက ရှမ်းအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အားပေးစနစ်ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ ရခိုင်ပြည်နယ်တစ်ဝန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ကျောက်ဖြူမြို့ရှိ GAS Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့ရှိ ဂုန်းချွိန်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ကျောက်ဖြူမြို့ GAS Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ လျှပ်စစ် ဓာတ်အားပို့လွှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးသည့် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စုစုပေါင်း ၄၄ ရုံဖြစ်ပြီး၊ စုစုပေါင်း စက်တပ်ဆင်အား ၄၇၁၄ မဂ္ဂါဝပ်ရှိပါကြောင်း၊ ဓာတ်အားစနစ် ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂ဝ၁၄ ခုနှစ် အတွင်း အများဆုံး ၂၂၃၂ မဂ္ဂါဝပ် အထိရှိပါကြောင်း။
၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က အိမ်ထောင် စုပေါင်း (၂ ဒသမ ၄၂)သန်း အတွက် သာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ယခု၂ဝ၁၅ ခုနှစ်တွင် အိမ်ထောင်စု ပေါင်း (၃ ဒသမ ၁၅ )သန်း အထိ ဓာတ်အားပေးထားနိုင်သည့်အတွက် (၃၄ ဒသမ ၆) ရာခိုင်နှုန်းခန့် ဓာတ်အား သုံးစွဲလာနိုင်ပြီဖြစ်ပါ ကြောင်း၊ လျှပ်စစ်ဓာတ်အားမရသေး သည့် ပြည်သူ (၆၅ ဒသမ ၄) ရာခိုင် နှုန်းဖြစ်သည့် ကျန်အိမ်ထောင်စုပေါင်း (၆ ဒသမ ၁၃) သန်းကို ဓာတ်အား ဆက်သွယ်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် လက်ရှိ ဆောင်ရွက်မှုနှုန်း၏ သုံးဆ တိုးမြှင့်ပြီး ဆောင်ရွက်မည်ဆိုပါက အချိန် (၁၂) နှစ်ခန့် ဆက်တိုက် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါ ကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း စွမ်းအင်အရင်းအမြစ် အမျိုးမျိုးဖြစ် သည့် ရေအား၊ သဘာဝဓာတ်ငွေ့၊ လေစွမ်းအင်၊ နေစွမ်းအင်၊ ကျောက်မီး သွေးစသည့် ဓာတ်အားထုတ်လုပ်ပေး နိုင်မည့် နည်းလမ်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်နေ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ရခိုင် ပြည်နယ်နှင့် နိုင်ငံတော် ဓာတ်အားပေး စနစ် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ဝန်း ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်တွင် မဟာဓာတ်အား လိုင်းမချိတ်ဆက်နိုင်သေးမီ ကာလ တစ်လျှောက်လုံး ဒီဇယ်ဆီမီးစက်များမှ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် အနည်းဆုံး ငွေကျပ် ၄၅ဝ ခန့်ပေးပြီး သုံးစွဲနေခဲ့ရသည်ကို နိုင်ငံတော်အစိုးရ အနေဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ သည်ကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ ပထမအဆင့်တွင် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့စတင် သုံးစွဲနိုင်သည်နှင့် ဓာတ်အားအမြန် ထုတ်လုပ်နိုင်ရန် ကျောက်ဖြူတွင် (၄ ဒသမ ၄) မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် စက်များ ငှားရမ်းပေးပြီး၊ ကျောက်ဖြူ မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက် က စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်နှင့် အနီးဆုံးဖြစ်သည့် ဥသျှစ်ပင် ဓာတ်အားခွဲရုံမှ တစ်ဆင့် တောင်ကုတ်- မအီ-ကျောက်ဖြူတို့ကို မဟာ ဓာတ်အားလိုင်းများ သွယ်တန်း တည်ဆောက်ပြီး ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပေးရန် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း (၄ဝ၈ ဒသမ ၂၅) မိုင်ကို တည်ဆောက်ရာတွင် ရခိုင်ရိုးမကို ဖြတ်ကျော်တည်ဆောက်ရခြင်း ဖြစ် သည့်အတွက် ပစ္စည်းများ လုပ်ငန်းခွင် ရောက်ရှိရန် သယ်ယူပို့ဆောင်ရေး အခက်အခဲများအပြင် မိုးများသည့် ဒေသဖြစ်သည့်အတွက် လိုင်းတည် ဆောက်ရေးဝန်ထမ်းများ မိုးထဲရေထဲ တွင် ဇွဲနပဲကြီးစွာ ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ယင်းကြိုးပမ်းချက် ရလဒ် အဖြစ် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တောင်ကုတ်၊ သံတွဲ၊ ငပလီ၊ အမ်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များကို ဓာတ်အားပေးစနစ်မှ ဓာတ်အားဖြင့် စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ဝန်း လျှပ်စစ် ဓာတ်အားပေးနိုင်ရေး စီမံကိန်းများ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁ဝ၂ ဒသမ ၄၁၉) သန်းနှင့် ပြည်တွင်း ငွေကျပ် (၈၈ ဒသမ ၅ဝ၈) ဘီလီယံ သုံးစွဲခဲ့ရပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည် နယ်နှင့် တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာရေး၊ စိုက်ပျိုးရေးအခြေခံ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထူထောင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ များ တိုးတက်နိုင်ရေးတို့ကို အဓိက အလေးထားပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင်လည်း လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ဖြစ်ထွန်းရေးအတွက် ရခိုင် ပြည်နယ်အပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလာနိုင်မည်ဖြစ်၍ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍ အားလုံး မှာ ဖွံ့ဖြိုးတိုးတက်အောင်မြင်လာ တော့မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အစိုးရနှင့်အတူ ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများက တစ်စိတ် တစ်ဝမ်း၊ တစ်သားတည်း အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရေး ရှင်း လင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးထိန်လွင်နှင့် Zeya & Associates Co,..Ltd Managing Director ဦးဇေယျသူရမွန်တို့က လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကGAS Engine အား စတင်မောင်းနှင်ပေးကာ လျှပ်စစ် ဓာတ်အားထုတ်လွှတ်မှုကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသူများသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံဝင်း အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြ သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိ ဓာတ်အားစနစ်ဖြင့် သံတွဲမြို့၊ ငပလီမြို့၊ တောင်ကုတ်မြို့၊ အမ်းမြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့များကို မီးလင်းစေခဲ့ပြီး ဖြစ် ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း ဓာတ်အားစနစ်ဖြင့် ဆက်လက်မီးလင်း နိုင်ရန်အတွက် မင်းပြား၊ မဒေးကျွန်း၊ ပေါက်တော၊ မြေပုံ၊ မအီ၊ ဂွ၊ တပ်တောင်၊ ကမ်းထောင့်ကြီး စသည့် မြို့များကို ဓာတ်အားစနစ်ဖြင့် ဆက်လက် မီးလင်းနိုင်စေရန် ဆောင်ရွက်နေ ကြောင်း၊ အလားတူ ဓာတ်အားစနစ်ဖြင့် ဆက်လက်မီးလင်းနိုင်မည့် မြို့များ အဖြစ် ကျိန္တလီမြို့နယ်ခွဲ၊ ရသေ့ တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲများကို လျှပ်စစ်မီးရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကွှ့The Daily ELEVEN နေ့စဉ်ထုတ်သတင်းစာတွင် မှားယွင်းရေးသားဖော်ပြမှုအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့ စာတစ်စောင်ရေးသားပေးပို့




နေပြည်တော် ဖေဖော်ဝါရီ ၂၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့ The Daily ELEVEN နေ့စဉ်ထုတ်သတင်းစာ၌ မှားယွင်းရေးသား ဖော်ပြမှုအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် ယနေ့တွင် စာတစ်စောင်ရေးသားပေးပို့ခဲ့ကြောင်း သိရ သည်။
၂၅-၂-၂ဝ၁၅ ရက်နေ့ထုတ်The Daily ELEVEN နေ့စဉ်ထုတ်သတင်းစာ စာမျက်နှာ(၄)တွင် "အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုပြန်လည်သုံးသပ်ရေး အလုပ်ရုံဆွေးနွေး"ဟူသော သတင်းကို ရေးသားဖော်ပြရာ ဓာတ်ပုံအောက် တွင် ဖော်ပြသောပုံစာမှာ "ဆေးသုတေသနဦးစီးဌာန (အောက် မြန်မာပြည်) သုတေသနဓာတ်ခွဲခန်းတစ်ခုအား တွေ့ရစဉ်"ဟု ဖော်ပြထားခြင်း၊ သတင်း၏ စတုတ္ထအပိုဒ် တွင် "မြန်မာနိုင်ငံ အဂတိလိုက်စားမှုကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ..."ဟု ကော်မရှင်အမည် ပြည့်စုံမှန်ကန်စွာ မဖော်ပြဘဲ မှားယွင်းဖော်ပြခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဖြေရှင်းပေးရန် စာရေးသား ရခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

တပ်မတော်နှစ်ရပ်အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန်စေလွှတ်သင်ကြားရေး၊ နယ်စပ်တည်ငြိမ်လုံခြုံရေးနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂၇
သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်း ၆ဝ ကျော်ကောင်းမွန် သော သံတမန်ဆက်ဆံရေးရှိခဲ့သည့်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော် အနေဖြင့် အလေးထားပါကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စစ်ဘက်သာမက နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးများ လည်း ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စတာ နီကိုးလတ်ကော့ပယ်လ်အား လက်ခံတွေ့ဆုံရာတွင် ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျ နိုင်ငံ သံအမတ်ကြီး မစ္စတာ နီကိုးလတ်ကော့ပယ်လ်နှင့် စစ်သံမှူး Captain Jonathan Dudley တို့ တက်ရောက်ကြသည်။
ဧည့်သည်တော်သံအမတ်ကြီးက မိမိတို့နှစ်နိုင်ငံသည် နွေးထွေးသည့် ဆက်ဆံရေးရှိသည်သာမက နှစ်နိုင်ငံလုံးမှာ ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်လိုကြပါကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးတိုးမြှင့်ရန်လည်း စိတ်အားထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များအား အပြည့်အဝ ထောက်ခံပါကြောင်း၊ ကိုးကန့်ဒေသတွင် နိုင်ငံတော်အတွက် အသက် စွန့်သွားရသော တပ်မတော်သားများအတွက်လည်း ဝမ်းနည်းပါကြောင်း၊ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ပြီး တစ်နိုင်ငံလုံးတည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများ နိုင်ငံတော် ကာကွယ်ရေးတွင် လိုအပ်လျှင် အသက်စွန့်လွှတ်ရပါကြောင်း၊ လျှောက်လှမ်း နေသည့် ဒီမိုကရေစီလမ်းကြောင်းကို မထိခိုက်စေရန် ကာကွယ်ခြင်းဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ဟု ခံယူထားပါကြောင်း၊ ကိုးကန့်သောင်းကျန်း သူများက ¤င်းတို့သည် အစိုးရကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တပ်မတော်ကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုနေသော်လည်း ကိုးကန့်ဒေသသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်၍ နိုင်ငံတော်အစိုးရ၏ တစ်စိတ်တစ်ဒေသပင် ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတွင် အစိုးရရုံးဌာန အဆောက်အအုံ၊ လူပုဂ္ဂိုလ်၊ တပ်ဌာနချုပ် များကို တိုက်ခိုက်ခြင်းဖြစ်၍ တပ်မတော်အနေဖြင့် မဖြစ်မနေ ကာကွယ်ရမှာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တည်ငြိမ်မှုအမြန်ဆုံးရရှိနိုင်မည့် လမ်းကြောင်းမှာ စစ်အုပ်ချုပ်ရေးသာဖြစ်၍ ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံ၏ အပြုသဘောဆောင်သည့် ကူညီလုပ်ဆောင်လိုမှုများ ကိုလည်း ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
အလားတူ မြန်မာ-လာအိုနှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ရှည်လျား သော သမိုင်းကြောင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့၍ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင်ညဇန်အား လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင်ညဇန်နှင့်အတူ စစ်သံမှူး Colonel Daokai Lertlivanh နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်နိမိတ်ဆက်စပ်ရာ ရွှေတြိဂံနယ်မြေအတွင်း မူးယစ် ဆေးဝါးပြဿနာအချို့ရှိသဖြင့် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းတားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသား ဓလေ့စရိုက်တူညီမှုများ ရှိသဖြင့် ပြည်သူများ အပြန်အလှန်လည်ပတ်နိုင်ရေး လမ်းဖွင့်ပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးနှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုလိုပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ဧည့်သည်တော်သံအမတ်ကြီးက မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၆ဝ ပြည့်အထိမ်းအမှတ်အဖြစ် တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ဘောလုံး အားကစားအဖွဲ့များကို စေလွှတ်သွားလိုပါကြောင်း၊ ရွှေတြိဂံဒေသ မူးယစ် ဆေးဝါးပြဿနာမှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသောကိစ္စဖြစ်၍ ပူးပေါင်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် ဆက်ဆံရေး တိုးတက်မှုသာမက နှစ်နိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် တပ်မတော်နှစ်ရပ်အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန် စေလွှတ်သင်ကြားရေး၊ နယ်စပ်တည်ငြိမ်လုံခြုံရေးနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် ၁၉၅၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်တွင် သံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့ပြီး ရန်ကုန်မြို့တွင် လာအိုနိုင်ငံသံရုံးကို ၁၉၅၆ ခုနှစ်၊ သြဂုတ် ၉ ရက်တွင် စတင်ဖွင့်လှစ်ကာ မြန်မာသံရုံးကို လာအို နိုင်ငံ ဗီယင်ကျန်းမြို့၌ ၁၉၆၇ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
(မြဝတီ)


28.2.2015(ကြေးမုံ ကာတွန်း)

အင်အားရှိသော တပ်မတော်



တပ်မတော်(လေ)၏ အပေါ့စားတိုက်ခိုက်ရေး အမောင်းသင် ဂျက်လေယာဉ်များနှင့် အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က မိတ္ထီလာမြို့ ၌ ကျင်းပခဲ့ရာ မြန်မာ့တပ်မတော်၏ အင်အားရှိသော စွမ်းဆောင်မှုများကို မြင်တွေ့ခဲ့ရပါသည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့တပ်မတော်ကို ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်အောင်၊ ကာကွယ်ရေးစွမ်းရည်များပြည့်ဝသည့် တပ်မတော် တစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လေ့ရှိပါသည်။ ထိုသို့စွမ်းဆောင် ရာတွင် လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ စွမ်းရည်တိုးတက်ရေးနှင့် ကာကွယ်ရေးပစ္စည်း ပိုင်းဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ဖြည့်ဆည်းဆောင်ရွက်လေ့ရှိပါသည်။
လူသားစွမ်းရည်တိုးတက်မှုနှင့် ကာကွယ်ရေးစစ်လက်နက်ပစ္စည်းများ မြင့်မားခေတ်မီရေးသည် ခေတ်မီတပ်မတော်ဖြစ်ထွန်းရေးအတွက် ဆောင်ကြဉ်းပေးသည့်အရာများဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စက်မှု ဖွံ့ဖြိုးသော နိုင်ငံမဟုတ်သည့်အတွက် အတတ်ပညာ၊ နည်းပညာမြင့်မား သည့် နိုင်ငံ၏အကူအညီကို ရယူဆောင်ရွက်ရသလို ကိုယ်ပိုင်စွမ်းရည်၊ ကိုယ်ပိုင်အင်အား၊ ကိုယ်ပိုင်စိတ်ဓာတ်တို့ဖြင့်လည်း ထူထောင်တည်ဆောက် ကြပါသည်။
စစ်၏သဘောတရားအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် ရာတွင် မြေထု၊ ရေထု၊ လေထုကို အသုံးပြုဆင်နွှဲရပါသည်။ ထို့ကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တို့၏ စွမ်းအားကိုမြင့်မားအောင် ခေတ်နှင့်အညီ စစ်ရေးဆိုင်ရာလိုအပ်ချက်များကို အစဉ်အမြဲဖြည့်ဆည်းပေးနေရသည်မှာ မိမိ နိုင်ငံနှင့် မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးရေး ရည်ရွယ်ချက် ဖြစ်ပါသည်။
မကြာသေးမီက ကျင်းပခဲ့သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ဗိုလ်ရှုခံ အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးအား ချီတက်အလေးပြုကြသော တပ်မတော် ၏လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်၊ အမြောက်တပ်ဖွဲ့စွမ်းရည်၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့စွမ်းရည်၊ ဆက်သွယ်ရေးတပ်ဖွဲ့စွမ်းရည်၊ ကြည်း၊ ရေ၊ လေ တပ်မတော် သားများ၏အင်အားနှင့် စစ်လက်နက်ပစ္စည်းများ၊ ဝေဟင်တွင် အုပ်စုဖွဲ့ ပျံသန်း ပြခဲ့သည့် တပ်မတော်(လေ)၏ စွမ်းရည်များကို မြင်တွေ့ကြရသော ပြည်သူ အပေါင်း၏ စိတ်နှလုံးတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မိမိနိုင်ငံ၊ မိမိလူမျိုးအား ကာကွယ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်ကြမည်မှာ အမှန်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီး ၁၉၆၁ ခုနှစ်က မြန်မာနိုင်ငံ၏ပိုင်နက်နယ်မြေကို ကျူးကျော်လာသူတို့အား မြန်မာ့တပ်မတော်က ရဲဝံ့စွန့်စားစွာ တွန်းလှန်တိုက်ထုတ် ရာ၌ တပ်မတော်(လေ)မှ စက်စနာကင်းထောက်လေယာဉ်၊ ဆီးဖြူရီတိုက် လေယာဉ်တို့ဖြင့် ရဲဝံ့စွန့်စားစွာဖြင့် တိုက်ထုတ်နိုင်ခဲ့သည်။ တပ်မတော်(လေ) သည် ၁၉၆ဝ ဝန်းကျင်ကာလက အရှေ့တောင်အာရှတွင် ထိပ်တန်းမှ ရပ်တည် နိုင်ခဲ့သည်။
ထို့နောက် နှစ်ပေါင်း ၂ဝ ကျော်ကြာအောင် ပန်ကာတပ် တိုက် လေယာဉ်အဆင့်ဖြင့် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျကျန်ခဲ့ရ သည်။
ယခုအခါ ပန်ကာတပ်လေယာဉ်အဆင့်မှ ဘက်စုံသုံးဂျက်တိုက် လေယာဉ်များကို အသုံးပြုပြီး ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်ခဲ့သည်။ ထိုသို့အမီလိုက်နိုင်ရန်အတွက် တပ်မတော်၏စွမ်းရည်ဖြင့် လေယာဉ် မျိုးဆက်များကို ခုန်ပျံကျော်လွှားရသည်။ တပ်မတော်၏ လေကြောင်းစွမ်းအား သည် စစ်နည်းဗျူဟာမြောက် လေတပ်စွမ်းအင်ကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့သည်။ ပိုမိုပြည့်စုံသော စစ်နည်းဗျူဟာမြောက် လေတပ်တစ်ခုကို တက်လှမ်းနိုင်ရန် လက်တစ်ကမ်းအလိုသာရှိတော့သည်။
ထို့ကြောင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ၊ မြေထု၊ ရေထု၊ လေထု ပိုင်နက်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်နိုင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အင်အားစုအဖြစ် အသင့်ရှိ နေပြီဖြစ်သည်။ ခေတ်စနစ်ပြောင်းလဲမှုနှင့်အတူ ခေတ်မီတပ်မတော်ကြီးဖြစ် ထွန်းအောင် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်လျက်ရှိသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိလာကာ ပြည်သူကိုအစဉ် အမြဲကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ နိုင်ငံ့အချုပ်အခြာအာဏာကို ထိပါးစော်ကားသူမှန်သမျှကို အမြစ်ကမကျန် တွန်းလှန်ဖယ်ရှားနိုင်မည်ဖြစ် ပါသည်။ ။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းများသိမ်းဆည်းရမိ


 'စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းများသိမ်းဆည်းရမိ

နေပြည်တော်    ဖေဖော်ဝါရီ     ၂၇

နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက်က နောင်တရားမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု ကန့်ကော်ပင်ကျေးရွာနေ ထွန်းလှ၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ခြေအိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂ ပြားနှင့် နေအိမ်ခုတင်အောက် စီးကရက်ဘူးခွံအတွင်းမှ ပလတ်စတစ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၃၂ ပြား သိမ်းဆည်းရမိသဖြင့် ထွန်းလှ(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မူးယစ်တပ်ဖွဲ့စု (၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၅ ရက်က အမရပူရမြို့နယ် ရွှေကြက်ယက် မထသ ဂိတ်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်အား ရှာဖွေရာ ထိုင်ခုံအမှတ် (၂ဝ)တွင် လိုက်ပါလာသူ မအေးလူ၏ ထိုင်ခုံအပေါ် ဘောက်ရှိ လက်ဆွဲအိတ်အတွင်းမှ ဂျပ်ဖာစက္ကူဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ဆပ်ပြာခွက် ၁ဝ ခွက် (ဘိန်းဖြူအလေးချိန် သုည ဒသမ ၁၂ ကီလို) သိမ်းဆည်းရမိသဖြင့် မအေးလူ (၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်က တောင်ကြီး-ဇလဲသွားကားလမ်း ဇလဲကျေးရွာ မိုင်တိုင်အမှတ် (၁ဝ/၂)တွင် ဇလဲကျေးရွာဘက်မှ တောင်ကြီးဘက်သို့ အောင်မျိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ  သိမ်းဆည်းရမိသဖြင့်  အောင်မျိုး(၃ဝ)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူပင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ဝ၉ ပြားအား သိမ်းဆည်း ရမိသဖြင့် လူမွှေး (ခ) ဝဏ္ဏလင်း(၃၃)နှစ်နှင့် ဂျူကိုဇင်သူ (၂၇)နှစ်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(မူးယစ်ဗဟို)'

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက်က နောင်တရားမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု ကန့်ကော်ပင်ကျေးရွာနေ ထွန်းလှ၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ခြေအိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂ ပြားနှင့် နေအိမ်ခုတင်အောက် စီးကရက်ဘူးခွံအတွင်းမှ ပလတ်စတစ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၃၂ ပြား သိမ်းဆည်းရမိသဖြင့် ထွန်းလှ(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မူးယစ်တပ်ဖွဲ့စု (၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၅ ရက်က အမရပူရမြို့နယ် ရွှေကြက်ယက် မထသ ဂိတ်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်အား ရှာဖွေရာ ထိုင်ခုံအမှတ် (၂ဝ)တွင် လိုက်ပါလာသူ မအေးလူ၏ ထိုင်ခုံအပေါ် ဘောက်ရှိ လက်ဆွဲအိတ်အတွင်းမှ ဂျပ်ဖာစက္ကူဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ဆပ်ပြာခွက် ၁ဝ ခွက် (ဘိန်းဖြူအလေးချိန် သုည ဒသမ ၁၂ ကီလို) သိမ်းဆည်းရမိသဖြင့် မအေးလူ (၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်က တောင်ကြီး-ဇလဲသွားကားလမ်း ဇလဲကျေးရွာ မိုင်တိုင်အမှတ် (၁ဝ/၂)တွင် ဇလဲကျေးရွာဘက်မှ တောင်ကြီးဘက်သို့ အောင်မျိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ သိမ်းဆည်းရမိသဖြင့် အောင်မျိုး(၃ဝ)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူပင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ဝ၉ ပြားအား သိမ်းဆည်း ရမိသဖြင့် လူမွှေး (ခ) ဝဏ္ဏလင်း(၃၃)နှစ်နှင့် ဂျူကိုဇင်သူ (၂၇)နှစ်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(မူးယစ်ဗဟို)

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဆက်လက်ကျင်းပ





နေပြည်တော် ဖေဖော်ဝါရီ ၂၇

၂ဝ၁၅ ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ဘော်လီဘော ပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်ထားသည့်နေရာများ၌ ယှဉ်ပြိုင် ကြသည်။

လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အမျိုးသမီးဗိုလ်လုပွဲများ၌ ၄၅ ကီလိုတန်းတွင် နီနီကို(နေပြည်တော်)က လည်းကောင်း၊ ၄၈ကီလိုတန်းတွင် သက်ထားစံ(ကရင်)ကလည်းကောင်း၊ ၅၁ ကီလိုတန်းတွင် နှင်းမို့မို့နိုင်(ရှမ်း)ကလည်းကောင်း၊ ၅၄ကီလိုတန်းတွင် နွယ်နီဦး(ပဲခူး)က လည်းကောင်း၊ ၆ဝ ကီလိုတန်းတွင် ဘယ်ရောနီကာ(ရှမ်း)ကလည်းကောင်း အသီးသီးအနိုင်ရကာ ဗိုလ်စွဲကြပြီး အမျိုးသားအကြို ဗိုလ်လုပွဲစဉ်များလည်း ယှဉ်ပြိုင်ကြသည်။

ကရာတေးဒို(ကုမိတဲ့)ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-A ၌ ကျင်းပရာ အမျိုးသမီး ၅ဝ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် သဇင်အေး(ကယား)က ပထမ၊ အေးအေးခိုင် (နေပြည်တော်)က ဒုတိယ၊ မော်မော်နိုင်(တနင်္သာရီ)နှင့် စောနန္ဒာ ကျော်(ရခိုင်)က ပူးတွဲတတိယ၊ ၆၈ ကီလိုအထက်ပြိုင်ပွဲတွင် ဇုန်လဲကျန်န်(ချင်း)က ပထမ၊ နီလာဝင်း (ရခိုင်)က ဒုတိယ၊ ငြိမ်းငြိမ်းလှ(ကချင်)နှင့် ဝင်းသူဇာမင်း (ကယား)က တတိယ၊ အသင်းလိုက်ပြိုင်ပွဲတွင် ကယားက ပထမ၊ ရန်ကုန်က ဒုတိယ၊ နေပြည်တော်နှင့် ဧရာဝတီက ပူးတွဲတတိယ၊ အမျိုးသား ၅၅ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် စံတိုး(ရန်ကုန်)က ပထမ၊ ကိုကို(မွန်)က ဒုတိယ၊ စောပလဲ ရယ်ဂျော့(ကယား)နှင့် ဝင်းရန်ပိုင်(နေပြည်တော်)က ပူးတွဲတတိယ၊ ၆ဝ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် အောင်ခင်စစ်(ကယား)က ပထမ၊ မြင့်မောင် မောင်ဟိန်း(ရန်ကုန်)က ဒုတိယ၊ ထက်အောင်(နေပြည်တော်)နှင့် ကျော်ဇင်ထက် (ဧရာဝတီ)က ပူးတွဲတတိယ၊ ၈၄ ကီလိုအထက်ပြိုင်ပွဲတွင် မျိုးသူ(ရှမ်း)က ပထမ၊ ခင်ညွန့်(ကယား)က ဒုတိယ၊ အောင်ဇော်မင်း(မွန်)နှင့် အောင်သီဟ (ရန်ကုန်)က ပူးတွဲတတိယရရှိကြသည်။

အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ ပဲခူးက ချင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရသည်။
အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တတိယနေရာလုပွဲတွင် ဧရာဝတီက ရှမ်းကို (၃-ဝ)ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်လုပွဲတွင် မန္တလေးက ပဲခူးကို (၈-၄)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-C ၌ ကျင်းပရာ အမျိုးသမီး တစ်ကိုယ်တော် လှံသိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် မိုးမိုးဇာ(နေပြည်တော်)က ပထမ၊ စုစုလှိုင် (နေပြည်တော်)က ဒုတိယ၊ သဇင်လှိုင်(မွန်)က တတိယ၊ အမျိုးသား တစ်ကိုယ်တော် လှံသိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် သိုက်မောင်မောင်ထွန်း(စစ်ကိုင်း)က ပထမ၊ နေလင်းဦး (တနင်္သာရီ)က ဒုတိယ၊ အောင်သူ(ပဲခူး)က တတိယရရှိပြီး အမျိုးသား/အမျိုးသမီး ဗန်တိုအတိုက်နှင့် ဓားသိုင်းအတိုက် ဗိုလ်လုပွဲ များကို ကီလိုတန်းအလိုက် ယှဉ်ပြိုင်ကြသည်။

ဘတ်စကက်ဘော အကြိုဗိုလ်လုပွဲစဉ်များကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် စစ်ကိုင်းက ရှမ်းကို (၁၃၆-၃၂)မှတ်ဖြင့် လည်း ကောင်း၊ ပဲခူးက ဧရာဝတီကို (၅၅-၃၁)မှတ်ဖြင့်လည်းကောင်း အမျိုးသား ပွဲစဉ်တွင် ရန်ကုန်က ကရင်ကို (၆၄-၄၁)မှတ်ဖြင့်လည်းကောင်း၊ ကချင်က ရှမ်းကို (၇၂-၄၅)မှတ်ဖြင့်လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက် သွားကြသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲအဖွဲ့လိုက် အကြိုဗိုလ်လုပွဲစဉ်များ ကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-B ၌ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် ပဲခူးက ရှမ်းကိုလည်းကောင်း၊ မွန်က ဧရာဝတီကိုလည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် ရခိုင်က တနင်္သာရီကိုလည်းကောင်း၊ စစ်ကိုင်းက ရန်ကုန်ကိုလည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ကြသည်။ သတင်းနှင့် ဓာတ်ပုံ - ကိုကိုစိုးညွန့်

ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းအမျိုးသားအသင်းနှင့် ရန်ကုန်အမျိုးသမီးအသင်းတို့ ချန်ပီယံဖြစ်


'ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းအမျိုးသားအသင်းနှင့် ရန်ကုန်အမျိုးသမီးအသင်းတို့ ချန်ပီယံဖြစ်
=============================

နေပြည်တော် ဖေဖော်ဝါရီ  ၂၈

အမျိုးသား   အားကစားပွဲတော် အမျိုးသား အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယနေ့နေ့လယ်ပိုင်းတွင်ဝဏ္ဏသိဒ္ဓိဘော်လီဘော လေ့ကျင့်ရေးရုံ၌ ကျင်းပရာ အမျိုး သားပြိုင်ပွဲ၌ ရှမ်းအသင်းက ရခိုင်အသင်းကိုလည်းကောင်း၊  အမျိုးသမီး ပြိုင်ပွဲ၌ ရန်ကုန်အသင်းက တနင်္သာရီ အသင်းကိုလည်းကောင်း  အနိုင်ရရှိ ခဲ့ကာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။

အမျိုးသမီးဗိုလ်လုပွဲတွင် ရန်ကုန်အသင်းက တနင်္သာရီအသင်းကို သုံးပွဲနှစ်ပွဲဖြင့် အကြိတ်အနယ်ကစားပြီး အနိုင်ရရှိခဲ့သည်။   ရန်ကုန် အသင်းမှာ ၂၂- ၂၅ မှတ်၊ ၂၅-၇ မှတ်၊ ၁၉-၂၅ မှတ်၊ ၂၅-၁၉ မှတ်၊ ၁၅-၈ မှတ်တို့ဖြင့်  အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အမျိုးသားဗိုလ်လုပွဲတွင် ရှမ်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းအသင်းမှာ ပထမပွဲငယ်တွင် ၂၅-၁၈ မှတ်ဖြင့် အခက်အခဲမရှိ   အနိုင်ရရှိခဲ့သော်လည်း နောက်နှစ်ပွဲတွင် အနိုင်ရရန် ရုန်းကန် ခဲ့ရသည်။ ရခိုင်အသင်းမှာ ဒုတိယပွဲငယ်နှင့်  တတိယပွဲငယ်တို့တွင် အမှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ရှမ်းအသင်းက ၂၆-၂၄ မှတ်၊ ၂၅-၂၃ မှတ်တို့ဖြင့် ထပ်မံအနိုင် ရခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် အစဉ်အလာရှိသည့်  ရှမ်းအမျိုးသားအသင်းမှာ ယခုပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် အမျိုးသား ပြိုင်ပွဲ၌ ပထမ ရှမ်း၊ ဒုတိယ ရခိုင်၊ ပူးတွဲတတိယ ရန်ကုန်နှင့် စစ်ကိုင်း၊ အမျိုးသမီးပြိုင်ပွဲ၌ ပထမ ရန်ကုန်၊ ဒုတိယ တနင်္သာရီ၊ ပူးတွဲတတိယ ရခိုင်နှင့် စစ်ကိုင်းတို့က ရရှိခဲ့သည်။

ဆုရရှိခဲ့သည့် အသင်းများကို အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။

သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို' 

နေပြည်တော် ဖေဖော်ဝါရီ ၂၈

အမျိုးသား အားကစားပွဲတော် အမျိုးသား အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယနေ့နေ့လယ်ပိုင်းတွင်ဝဏ္ဏသိဒ္ဓိဘော်လီဘော လေ့ကျင့်ရေးရုံ၌ ကျင်းပရာ အမျိုး သားပြိုင်ပွဲ၌ ရှမ်းအသင်းက ရခိုင်အသင်းကိုလည်းကောင်း၊ အမျိုးသမီး ပြိုင်ပွဲ၌ ရန်ကုန်အသင်းက တနင်္သာရီ အသင်းကိုလည်းကောင်း အနိုင်ရရှိ ခဲ့ကာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။
အမျိုးသမီးဗိုလ်လုပွဲတွင် ရန်ကုန်အသင်းက တနင်္သာရီအသင်းကို သုံးပွဲနှစ်ပွဲဖြင့် အကြိတ်အနယ်ကစားပြီး အနိုင်ရရှိခဲ့သည်။ ရန်ကုန် အသင်းမှာ ၂၂- ၂၅ မှတ်၊ ၂၅-၇ မှတ်၊ ၁၉-၂၅ မှတ်၊ ၂၅-၁၉ မှတ်၊ ၁၅-၈ မှတ်တို့ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အမျိုးသားဗိုလ်လုပွဲတွင် ရှမ်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းအသင်းမှာ ပထမပွဲငယ်တွင် ၂၅-၁၈ မှတ်ဖြင့် အခက်အခဲမရှိ အနိုင်ရရှိခဲ့သော်လည်း နောက်နှစ်ပွဲတွင် အနိုင်ရရန် ရုန်းကန် ခဲ့ရသည်။ ရခိုင်အသင်းမှာ ဒုတိယပွဲငယ်နှင့် တတိယပွဲငယ်တို့တွင် အမှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ရှမ်းအသင်းက ၂၆-၂၄ မှတ်၊ ၂၅-၂၃ မှတ်တို့ဖြင့် ထပ်မံအနိုင် ရခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် အစဉ်အလာရှိသည့် ရှမ်းအမျိုးသားအသင်းမှာ ယခုပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် အမျိုးသား ပြိုင်ပွဲ၌ ပထမ ရှမ်း၊ ဒုတိယ ရခိုင်၊ ပူးတွဲတတိယ ရန်ကုန်နှင့် စစ်ကိုင်း၊ အမျိုးသမီးပြိုင်ပွဲ၌ ပထမ ရန်ကုန်၊ ဒုတိယ တနင်္သာရီ၊ ပူးတွဲတတိယ ရခိုင်နှင့် စစ်ကိုင်းတို့က ရရှိခဲ့သည်။
ဆုရရှိခဲ့သည့် အသင်းများကို အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို

၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်


'၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၇

ရန်ကုန်မြို့တော်  စည်ပင် သာယာရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့  ချုပ်က ကြီးမှူး၍  KBZ Bank  က အဓိက ကူညီပံ့ပိုးပေးသော YCDC CUP OPEN GOLF CHAMPIONSHIP ၂ဝ၁၅ ဂေါက်သီးရိုက် ပြိုင်ပွဲ၏ နောက်ဆုံးနေ့ (၁၈)ကျင်း ပြိုင်ပွဲကို  ယနေ့တွင်  ရန်ကုန်မြို့   အင်းစိန်မြို့နယ်ရှိ  မြို့တော် ဂေါက်ကွင်း(မြကန်သာ)၌  ဆက်လက် ကျင်းပသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်း အနားကို  (ငွေသော်တာဂေါက်ကွင်း)တွင်ကျင်းပရာ နေ့အလိုက်အကောင်းဆုံး ရိုက်ချက်ဆုများကို မြန်မာပီဂျီအေ အတွင်းရေးမှူး  ဦးချမ်းဟန်က ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ ကော်မတီ ဝင် (၅)ဦးစိုးစည်က စုစုပေါင်းရိုက်ချက် ၂၂ဝ ဖြင့် တတိယရရှိသော မင်းနိုင်စိုး၊ စုစုပေါင်းရိုက်ချက်  ၂၁၉ ချက်ဖြင့် ဒုတိယရရှိသော မောင်မောင် ဦး၊ စုစုပေါင်းရိုက်ချက် ၂၁၈  ချက်ဖြင့်   ပထမရရှိသော  သိန်းနိုင်စိုး တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး   ဦးကျော်စိုးက Professional   အဆင့်တွင် စုစုပေါင်း ရိုက်ချက် ၂၁၃ ချက်ဖြင့် တတိယ ရရှိသော လှမျိုး (Mizuno)၊  စုစုပေါင်း ရိုက်ချက် ၂၁၂ ချက်ဖြင့် ဒုတိယ ရရှိသော စိုးကျော်နိုင်(HAN Golf Academy)၊ စုစုပေါင်း ရိုက်ချက် ၂ဝ၄  ချက်ဖြင့် ပထမရရှိသော  ဇော်ဇင်ဝင်း (HAN Golf Academy) တို့အား ဆုများ ပေးအပ်ချီးမြှင့်၍  ကမ္ဘောဇ ဘဏ်ကုမ္ပဏီများအုပ်စု အမှုဆောင် ဒါရိုက်တာ ဦးဖုန်းမြင့်ရွှေက ပထမဆု ရရှိသော ဇော်ဇင်ဝင်း (HAN Golf Academy)အား ဆုကြေးငွေ ချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်သည်။

YCDC Cup  Open Golf Championship ၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် KBZ Bank  Ltd မှ အဓိကကူညီပံ့ပိုးပေးပြီး    Event Management အဖြစ် HAN  Event Management တို့က ထပ်မံပံ့ပိုးပေးကြောင်း သိရသည်။   (ဖိုးသော်ဇင်)'

ရန်ကုန် ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ ချုပ်က ကြီးမှူး၍ KBZ Bank က အဓိက ကူညီပံ့ပိုးပေးသော YCDC CUP OPEN GOLF CHAMPIONSHIP ၂ဝ၁၅ ဂေါက်သီးရိုက် ပြိုင်ပွဲ၏ နောက်ဆုံးနေ့ (၁၈)ကျင်း ပြိုင်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြို့တော် ဂေါက်ကွင်း(မြကန်သာ)၌ ဆက်လက် ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်း အနားကို (ငွေသော်တာဂေါက်ကွင်း)တွင်ကျင်းပရာ နေ့အလိုက်အကောင်းဆုံး ရိုက်ချက်ဆုများကို မြန်မာပီဂျီအေ အတွင်းရေးမှူး ဦးချမ်းဟန်က ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ ကော်မတီ ဝင် (၅)ဦးစိုးစည်က စုစုပေါင်းရိုက်ချက် ၂၂ဝ ဖြင့် တတိယရရှိသော မင်းနိုင်စိုး၊ စုစုပေါင်းရိုက်ချက် ၂၁၉ ချက်ဖြင့် ဒုတိယရရှိသော မောင်မောင် ဦး၊ စုစုပေါင်းရိုက်ချက် ၂၁၈ ချက်ဖြင့် ပထမရရှိသော သိန်းနိုင်စိုး တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက Professional အဆင့်တွင် စုစုပေါင်း ရိုက်ချက် ၂၁၃ ချက်ဖြင့် တတိယ ရရှိသော လှမျိုး (Mizuno)၊ စုစုပေါင်း ရိုက်ချက် ၂၁၂ ချက်ဖြင့် ဒုတိယ ရရှိသော စိုးကျော်နိုင်(HAN Golf Academy)၊ စုစုပေါင်း ရိုက်ချက် ၂ဝ၄ ချက်ဖြင့် ပထမရရှိသော ဇော်ဇင်ဝင်း (HAN Golf Academy) တို့အား ဆုများ ပေးအပ်ချီးမြှင့်၍ ကမ္ဘောဇ ဘဏ်ကုမ္ပဏီများအုပ်စု အမှုဆောင် ဒါရိုက်တာ ဦးဖုန်းမြင့်ရွှေက ပထမဆု ရရှိသော ဇော်ဇင်ဝင်း (HAN Golf Academy)အား ဆုကြေးငွေ ချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်သည်။
YCDC Cup Open Golf Championship ၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် KBZ Bank Ltd မှ အဓိကကူညီပံ့ပိုးပေးပြီး Event Management အဖြစ် HAN Event Management တို့က ထပ်မံပံ့ပိုးပေးကြောင်း သိရသည်။ (ဖိုးသော်ဇင်)

28.2.2015 မြန်မာ့အလင်း ကာတွန်း

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ ဒေသခံပြည်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်


 'နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ
ဒေသခံပြည်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်

စဥ့်ကိုင်   ဖေဖော်ဝါရီ   ၂၇

စဥ့်ကိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေးလိုလားသူ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူ ၇ဝဝ ခန့်သည် ခွင့်ပြုချက်ရယူကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ ဒေသခံလမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ပြည်သူများသည် ''ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ၂ဝ၁၅ ခုနှစ် ငြိမ်းချမ်းရေးဖော်ဆောင်မှု''  ကြွေးကြော်သံများ ကြွေးကြော်ကာ ''တည်ငြိမ်အေးချမ်းမှုဖျက်ဆီးသူ ဒို့ရန်သူ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံး လဲလှယ်ပေး၊ တည်ငြိမ်အေးချမ်း ဒီမိုကရေစီပန်း ပွင့်လန်းဝေဖြာ ပြည်သာယာ၊ ဒီမိုကရေစီဖြောင့်ဖြူးရေး ဥပဒေကိုလေးစားလိုက်နာပါ၊ တရားဥပဒေစိုးမိုးမှုရရှိရန် တည်ငြိမ်အေးချမ်းဖို့လိုသည်'' စသည့်ပိုစတာ များကိုင်ဆောင်ပြီး မြို့လယ်အဝိုင်း တောင်ဘက်တစ်ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုမှတစ်ဆင့် မြို့လယ်လမ်းအတိုင်း မြို့တွင်းသို့ ဝင်ရောက်ကာ မြို့မရပ်ကွက်၊ ရန်နိုင်ရပ်ကွက် လမ်းများမှ ရွှေကျီးနားကွင်းသို့ ဝင်ရောက်ခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းနိုင်(ကျောက်ဆည်)'

စဥ့်ကိုင် ဖေဖော်ဝါရီ ၂၇

စဥ့်ကိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေးလိုလားသူ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူ ၇ဝဝ ခန့်သည် ခွင့်ပြုချက်ရယူကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ ဒေသခံလမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ပြည်သူများသည် ''ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ၂ဝ၁၅ ခုနှစ် ငြိမ်းချမ်းရေးဖော်ဆောင်မှု'' ကြွေးကြော်သံများ ကြွေးကြော်ကာ ''တည်ငြိမ်အေးချမ်းမှုဖျက်ဆီးသူ ဒို့ရန်သူ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံး လဲလှယ်ပေး၊ တည်ငြိမ်အေးချမ်း ဒီမိုကရေစီပန်း ပွင့်လန်းဝေဖြာ ပြည်သာယာ၊ ဒီမိုကရေစီဖြောင့်ဖြူးရေး ဥပဒေကိုလေးစားလိုက်နာပါ၊ တရားဥပဒေစိုးမိုးမှုရရှိရန် တည်ငြိမ်အေးချမ်းဖို့လိုသည်'' စသည့်ပိုစတာ များကိုင်ဆောင်ပြီး မြို့လယ်အဝိုင်း တောင်ဘက်တစ်ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုမှတစ်ဆင့် မြို့လယ်လမ်းအတိုင်း မြို့တွင်းသို့ ဝင်ရောက်ကာ မြို့မရပ်ကွက်၊ ရန်နိုင်ရပ်ကွက် လမ်းများမှ ရွှေကျီးနားကွင်းသို့ ဝင်ရောက်ခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ကျောက်ဆည်)

လောက်ကိုင်မြို့တွင်း လုံခြုံရေးဆောင်ရွက်စဉ် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



'လောက်ကိုင်မြို့တွင်း လုံခြုံရေးဆောင်ရွက်စဉ် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

လောက်ကိုင်မြို့တွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွေစင်မြို့သစ် ရပ်ကွက်(၃)အဝိုင်း၌ မသင်္ကာဖွယ်ရာ အရပ်သား သုံးဦးအား တွေ့ရှိ၍ စစ်ဆေးခဲ့ရာ တာဇင်ကျိုင်းကျေးရွာနေ လီဆင်းဝ (၂၆)နှစ်(ဘ) ဦးလီဖျင်ချန်၊ ချိန်ရီ (၂၇)နှစ်(ဘ) ဦးချိန်ဝင်ဆင်းနှင့် ဝူကွန်းဟိုင်(၂၄)နှစ် (ဘ)ဦးဝူလျှောက် ဝါတို့အား အိုက်စ်အမှုန့်ဂရမ် ၃၅ဝ၊ အက်ဖက်တမင်းအဖြူမှုန့် ဂရမ် ၄၅ဝဝ ပါ  တစ်ထုပ်၊ တစ်ကီလိုဂရမ်ပါ တစ်ထုပ်၊  သုံးဂရမ်ပါ တစ်ထုပ်နှင့် WY စာတမ်းပါ  စိတ်ကြွရူးသွပ် ဆေးပြား  ၁၅၅ဝ  (စုစုပေါင်းကာလ တန်ဖိုးကျပ် ၁၃၂ သိန်းခန့်)နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းများက အဆောက်အအုံ တစ်လုံးကို ဝင်ရောက်ရှင်းလင်းခဲ့ရာ ယင်းအဆောက်အအုံအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ဝဝ (ကာလတန်ဖိုးကျပ် ၁၈ သိန်း ခန့်) ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများကို လောက်ကိုင်မြို့ရှိ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ စနစ်တကျအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

(မြဝတီ)'

နေပြည်တော် ဖေဖော်ဝါရီ ၂၇

လောက်ကိုင်မြို့တွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွေစင်မြို့သစ် ရပ်ကွက်(၃)အဝိုင်း၌ မသင်္ကာဖွယ်ရာ အရပ်သား သုံးဦးအား တွေ့ရှိ၍ စစ်ဆေးခဲ့ရာ တာဇင်ကျိုင်းကျေးရွာနေ လီဆင်းဝ (၂၆)နှစ်(ဘ) ဦးလီဖျင်ချန်၊ ချိန်ရီ (၂၇)နှစ်(ဘ) ဦးချိန်ဝင်ဆင်းနှင့် ဝူကွန်းဟိုင်(၂၄)နှစ် (ဘ)ဦးဝူလျှောက် ဝါတို့အား အိုက်စ်အမှုန့်ဂရမ် ၃၅ဝ၊ အက်ဖက်တမင်းအဖြူမှုန့် ဂရမ် ၄၅ဝဝ ပါ တစ်ထုပ်၊ တစ်ကီလိုဂရမ်ပါ တစ်ထုပ်၊ သုံးဂရမ်ပါ တစ်ထုပ်နှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၅ဝ (စုစုပေါင်းကာလ တန်ဖိုးကျပ် ၁၃၂ သိန်းခန့်)နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းများက အဆောက်အအုံ တစ်လုံးကို ဝင်ရောက်ရှင်းလင်းခဲ့ရာ ယင်းအဆောက်အအုံအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ဝဝ (ကာလတန်ဖိုးကျပ် ၁၈ သိန်း ခန့်) ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများကို လောက်ကိုင်မြို့ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ စနစ်တကျအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

အူရီဒူးမြန်မာက တင်ဆက်သည့်ထာဝရတွဲလက်များ ဇာတ်လမ်းတိုကို ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်


'အူရီဒူးမြန်မာက တင်ဆက်သည့်ထာဝရတွဲလက်များ ဇာတ်လမ်းတိုကို
ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်
==========================================

အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G  အင်တာနက်အကြောင်း မိုဘိုင်း ဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင်ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်းဖြစ်သည့် ''ထာဝရတွဲလက်များ'' ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် ''သိရှိခံစား အချစ်စစ်စွမ်းအား'' အမည်ရှိ ရုပ်သံဇာတ်လမ်းကို MRTV, MRTV-4,  MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။  ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှစတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခုအနက်က ပထမဆုံး ''ဆုံတွေ့ခြင်း'' ကို ထုတ်လွှင့်တင်ဆက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦး ဖြစ်သည့် ကိုထက်နှင့် မသီရိတို့၏ အင်တာနက်ကြောင့် ပေါက်ဖွားလာသော အချစ်စစ်တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင်ကလေးများ၏ အနုပညာအရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရှုခင်းများ အသာယာဆုံးနေရာများကိုလည်း နောက်လာမည့် ဇာတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက်နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling  များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ပေးစွမ်းနိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာ မသီရိကြာညိုက ပြောသည်။   (ဝဝ၂)'

အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G အင်တာနက်အကြောင်း မိုဘိုင်း ဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင်ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်းဖြစ်သည့် ''ထာဝရတွဲလက်များ'' ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် ''သိရှိခံစား အချစ်စစ်စွမ်းအား'' အမည်ရှိ ရုပ်သံဇာတ်လမ်းကို MRTV, MRTV-4, MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှစတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခုအနက်က ပထမဆုံး ''ဆုံတွေ့ခြင်း'' ကို ထုတ်လွှင့်တင်ဆက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦး ဖြစ်သည့် ကိုထက်နှင့် မသီရိတို့၏ အင်တာနက်ကြောင့် ပေါက်ဖွားလာသော အချစ်စစ်တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင်ကလေးများ၏ အနုပညာအရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရှုခင်းများ အသာယာဆုံးနေရာများကိုလည်း နောက်လာမည့် ဇာတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက်နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ပေးစွမ်းနိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာ မသီရိကြာညိုက ပြောသည်။ (ဝဝ၂)

ပျဉ်းမနားမြို့ လောကမာရဇိန်ဘုရား တပေါင်းပွဲတော်ကြီး စည်ကားစွာကျင်းပမည်



ပျဉ်းမနား ဖေဖော်ဝါရီ ၂၇


 နေပြည်တော် ပျဉ်းမနားမြို့ မြို့ကျက်သရေဆောင် ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်မြတ်ကြီး (၁၄၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။
လောကမာရဇိန် ဘုရားပွဲတော်ကြီးကို ရှေးယခင်အဆက်ဆက်မှ ဒေသအစဉ်အလာ ရိုးရာအတိုင်း တပေါင်းလတွင် နှစ်စဉ်ကျင်းပလာခဲ့ရာယခု (၁၄၂)ကြိမ် ရောက်ရှိခဲ့ပြီး ပျဉ်းမနားမြို့၏ အစည်ကားဆုံး ဘုရားပွဲတော်ကြီးဖြစ်သည်။
ယခုနှစ် ဘုရားပွဲတော်ကြီးကို အထူးစည်ကားစွာ ကျင်းပမည်ဖြစ်ရာ ဈေးဆိုင်ခန်းများကို တိုးချဲ့ဆောက်လုပ်ပေးထားပြီး ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်း ရောင်းချမည့်ဆိုင်ခန်းများ၊ ကြွေထည်၊ မြေထည်၊ သောက်ရေအိုး၊စဥ့်အိုးဆိုင်များ၊ အညာဒေသ ထွက်ကုန်ဆိုင်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်ဖျာဆိုင်ကြီးများ၊ အဝတ်အထည်ဆိုင်များ၊ လက်မှုပစ္စည်း၊ လက်ယာသုံးပစ္စည်းဆိုင်များနှင့် မြန်မာ့ရိုးရာမုန့်ဆိုင်များ၊ (၁၂)ပွဲဈေးသည်များ စုံလင်စွာဖြင့် လာရောက်ရောင်းချကြမည်ဟု သိရသည်။
ဘုရားပွဲတော် ကျင်းပရာအနီးရှိ ကျေးရွာနေပြည်သူတစ်ဦးက ယခုကျင်းပသည့် ပွဲတော်ကြီးသည် ပျဉ်းမနားမြို့၏ အစည်ကားဆုံးပွဲတော် ကြီးဖြစ်ပြီး ပျဉ်းမနားမြို့ ဒေသခံများ၊ မြို့အရှေ့ဘက် မိုင်ပေါင်း ၄ဝ ကျော် ဝေးသောတောင်ပေါ်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများနှင့် အနီးဝန်းကျင်မြို့များ၊ကျေးရွာများမှ ပြည်သူများ စောင့်မျှော်အားထားကြသည့် ဘုရားပွဲဖြစ် ကြောင်း၊ ကျေးရွာနေပြည်သူများမှာ တစ်နှစ်တစ်ခါကျင်းပမြဲ ဘုရားပွဲတော်ကြီးရောက်မှ မိမိအိမ်တွင် လိုအပ်သောပစ္စည်းများကို ဝယ်ယူကြသည့်ဒေသ အစဉ်အလာဓလေ့ကို ယနေ့တိုင် ကျင့်သုံးနေကြောင်း၊ တောင်သူလယ်သမားမိသားစုများက လယ်ယာသုံးပစ္စည်းများကို ယခုလိုပွဲတော်ကြီး အချိန်ရောက်မှသာလျှင် ဝယ်ယူလေ့ရှိကြောင်း ပြောကြားသည်။
လောကမာရဇိန် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ တေးသရုပ်ဖော်ပွဲများ၊ မျက်လှည့်၊ ကလေးအားကစားကွင်း၊ ချားရဟတ်များ၊ ဇာတ်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လောင်းကစားဝိုင်း၊ လောင်းကစားဆန်သော ကစားနည်းမျိုးစုံ၊ လောင်းကစားဟု ယူဆရသော ကစားနည်းမျိုးစုံနှင့်ဥပဒေအရ ခွင့်မပြုသော လုပ်ငန်းအားလုံးကို စေတီတော်ဝတ္တကမြေနှင့် ပွဲတော်ကွင်းနေရာအသီးသီး၌ ရောင်းချသုံးစွဲပြုလုပ်ခြင်း မပြုလုပ်ကြရန် တပေါင်းပွဲတော်ကျင်းပရေးကော်မတီက အထူးပင်တားမြစ်ထားကြောင်းသိရသည်။
သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-စိုးမိုး(မူဆယ်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုက်ပွဲရှောင်ဒုက္ခသည်များအား တွေ့ဆုံအားပေးစကားပြောကြား


 

 နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးရဲထွဋ်၊ ဒေါက်တာသန်းအောင်၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လောက်ကိုင်ဒေသတိုက်ပွဲများ၌ နိုင်ငံတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော်သားအရာရှိ၊ စစ်သည်များ နှင့် မိသားစုဝင်များအား လားရှိုးတပ်နယ် တပ်မတော်ဆေးရုံ၌ သွား ရောက်တွေ့ဆုံပြီး တစ်ဦးချင်းစီ တွေ့ဆုံအားပေးကာ ဂုဏ်ပြုငွေကျပ် သိန်း၁ဝဝနှင့်လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးရုံရှိ တပ်မှူးခန်းမ၌ ကျဆုံးစစ်သည်များ၏ မိသားစုဝင်များအား တွေ့ဆုံပြီး ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ပေးအပ်ကာ အားပေးစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကိုးကန့်သောင်းကျန်းသူများက အရပ်ဘက်ယာဉ်တန်းများအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရပ်သားများနှင့် ပညာရေး ဝန်ထမ်းများအား ကြည့်ရှုအားပေးပြီး
ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ ပြည်နယ် အထွေထွေဆေးရုံကြီးသို့ ရောက်ရှိကြပြီး ကိုးကန့်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဆေးရုံကြီး၌ တက်ရောက်ဆေးဝါးကုသမှု ခံယူနေသည့် ကြက်ခြေနီဝန်ထမ်းများ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အရပ်သားများအား ထောက်ပံ့ငွေ၊လက်ဆောင်ပစ္စည်း၊စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တပုညနန္ဒနှင့်အတူ တိုက်ပွဲရှောင် ဒုက္ခသည်များအား တွေ့ဆုံ အားပေးစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန်ဆူကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် အလှူငွေကျပ် ၃၂၅ သိန်း၊ ဆန်အိတ် ၁ဝဝ၊ ဆီပိဿာ ၁ဝဝနှင့် ဆား၊ ငရုတ်၊ ကြက်သွန်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တိုက်ပွဲရှောင် ဒုက္ခသည်များအား ထောက်ပံ့ပစ္စည်း များကိုပေးအပ်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)

တုတ်ဖြင့်ရိုက်၍ သေနတ်လုရန်ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး


 'တုတ်ဖြင့်ရိုက်၍ သေနတ်လုရန်ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး

နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင်  သောင်းကျန်းသူအဖွဲ့များက  နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက်   နံနက် ၅ နာရီခွဲခန့်က နမ့်ဆလပ်မြို့၏   အနောက်ဘက် သုံးမိုင်ခွဲခန့်အကွာ ကားလမ်း၏  မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် (၃၂)နှစ်ခန့်ရှိ  အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်းဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့် ရိုက်နှက်၍ သေနတ်အား လုယူရန် ကြိုးစားခဲ့သည်။ 

ထို့ကြောင့် ၎င်းစစ်သည်က သေနတ်လုယူရန် ကြိုးစားသူအား ပြန်လည်ခုခံ၍ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဘတ်သို့ ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသူ နေထိုင်ရာ တဲအတွင်းမှ  ဒုံးပစ်လောင်ချာပို့ကျည်တစ်တောင့် တွေ့ရှိရပြီး  ဖြစ်စဉ်နေရာနှင့်  အနီးဆုံးဖြစ်သော တန့်ဆော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူကြီးများနှင့် ရွာသားများအား မေးမြန်းစိစစ်ချက်အရ အဆိုပါအမျိုးသားသည် ၎င်းတို့ရွာသားမဟုတ်ကြောင်း၊ အနီးပတ်ဝန်းကျင်၌လည်း ဆွေမျိုးတော်စပ်သူ  မရှိကြောင်း၊ ယခင်ကလည်း ၎င်းအား မြင်တွေ့ဖူး ခြင်းမရှိကြောင်းနှင့် ၎င်းရော်ဘာခြံရှိ လူမနေသောအစောင့်တဲသို့ လွန်ခဲ့သော သုံးရက်ခန့်က မြောက်ဘက်အရပ်မှ လာရောက်နေထိုင်သည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။ 

ထို့နောက် သေဆုံးသူအမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီး၌ ရပ်ရွာဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)'


နေပြည်တော် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင် သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်က နမ့်ဆလပ်မြို့၏ အနောက်ဘက် သုံးမိုင်ခွဲခန့်အကွာ ကားလမ်း၏ မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် (၃၂)နှစ်ခန့်ရှိ အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်းဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့် ရိုက်နှက်၍ သေနတ်အား လုယူရန် ကြိုးစားခဲ့သည်။
ထို့ကြောင့် ၎င်းစစ်သည်က သေနတ်လုယူရန် ကြိုးစားသူအား ပြန်လည်ခုခံ၍ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဘတ်သို့ ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသူ နေထိုင်ရာ တဲအတွင်းမှ ဒုံးပစ်လောင်ချာပို့ကျည်တစ်တောင့် တွေ့ရှိရပြီး ဖြစ်စဉ်နေရာနှင့် အနီးဆုံးဖြစ်သော တန့်ဆော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူကြီးများနှင့် ရွာသားများအား မေးမြန်းစိစစ်ချက်အရ အဆိုပါအမျိုးသားသည် ၎င်းတို့ရွာသားမဟုတ်ကြောင်း၊ အနီးပတ်ဝန်းကျင်၌လည်း ဆွေမျိုးတော်စပ်သူ မရှိကြောင်း၊ ယခင်ကလည်း ၎င်းအား မြင်တွေ့ဖူး ခြင်းမရှိကြောင်းနှင့် ၎င်းရော်ဘာခြံရှိ လူမနေသောအစောင့်တဲသို့ လွန်ခဲ့သော သုံးရက်ခန့်က မြောက်ဘက်အရပ်မှ လာရောက်နေထိုင်သည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီး၌ ရပ်ရွာဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

ကောင်းမွန်မှန်ကန်သော တင်ဒါစနစ်ကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာငွေများ မှန်ကန်စွာအသုံးပြုနိုင်မည်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး


 နေပြည်တော် ဖေဖော်ဝါရီ ၂၇

 ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂ဝ) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ကိုရီးယားသမ္မတနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်များကို လွှတ်တော်က မှတ်တမ်းတင်ဆောင်ရွက်သည်။
ထို့နောက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအောင်သန်းက ကျန်းမာရေးဘတ်ဂျက်များ ပိုမိုချထားပေးသည်နှင့်အမျှ ဆေးရုံ၊ ဆေးခန်း၊ ဌာနသစ်များရရှိလာပါကြောင်း၊ တိုးပွားလာသည့်ဌာနသစ်၊ အဆောင်သစ်များနှင့်အတူ ဝန်ထမ်းများကိုလည်း စနစ်တကျ စီမံကိန်းများရေးဆွဲပြီး တိုးချဲ့ခန့်အပ် ရမည်ဖြစ်ပါကြောင်း၊ရှိပြီးသားဝန်ထမ်းများကိုလည်း သူ့နေရာနှင့်သူ ချထားပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံသားများသည် ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်တွင် ညီမျှသည့်ကျန်းမာ ရေးဝန်ဆောင်မှုများ ရရှိမည်ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက်ရေးဆွဲထားသည့်စီမံချက်များအပေါ်တွင် အခြေခံပြီးရေးဆွဲမည်ဆိုပါက ကျန်းမာရေးလိုအပ်ချက်များ တစ်မြို့နယ်နှင့် တစ်မြို့နယ် မျှတလုံလောက်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီ က လက်ရှိကျင့်သုံးနေသော ပညာရေး အခြေခံမူသဘောအရ အခြေခံပညာ မူလတန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အခြေခံ ပညာအထက်တန်းကျောင်းများတိုးချဲ့ခြင်း၊အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် လမ်းပန်းဆက် သွယ်ရေး ခက်ခဲရမည်။ မူလတန်းကျောင်းဆိုလျှင် ကျောင်းသားအင်အား ၁ဝဝ ရှိရမည်။ အထက်တန်း ကျောင်းဆိုလျှင် ကျောင်းသားအင်အား ၁ဝဝဝ ရှိရမည်။ ကျောင်းဆောင်ရှိရမည်။ ပရိဘောဂရှိရမည်ဆိုသော အခြေခံမူများ သတ်မှတ်ဆောင်ရွက်လုပ်ကိုင်ခြင်းကြောင့် မူလတန်းကျောင်း(ခွဲ)များ တိုးချဲ့မှု လျော့နည်းခဲ့ပါကြောင်း၊ အလယ်တန်းကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်း (ခွဲ) အဆင့်မြှင့်တင်မှုများလည်း နည်းခဲ့ပါကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကျောင်းသားများ ကျောင်းမတက်နိုင်ဘဲ ကျောင်းထွက်နှုန်း မြင့်မားပါကြောင်း၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုကြောင့် အလယ်တန်း၊ အထက်တန်းကူးပြောင်းနှုန်းများလည်း လျော့နည်းနေသည်ကို တွေ့ရှိရပါကြောင်းဖြင့် ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဇော်မြင့်ဖေက ဘဏ်များ၏ငွေပေးချေမှု စနစ်တိုးတက်ကောင်းမွန်အောင် ပြုပြင် အားပေးပြီးပြည်သူများဘဏ်အသုံးချမှုတိုးပွားလာအောင် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ဌာနများ၏အသုံးစရိတ်ကို လုပ်ငန်းများထပ်မနေစေရန် စိစစ်သွားရမည်ဖြစ်ပါကြောင်း၊ သာမန် သုံးငွေနှင့် ငွေလုံးငွေရင်းအသုံးစရိတ်များကို တင်းကျပ်စွာထိန်းချုပ်သုံးစွဲသွားရမည်ဖြစ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်းသုံးစွဲခြင်းမျိုး ကွယ်ပျောက်သွားရန် တိတိကျကျစနစ်ချပြီး စိစစ်ရမည်ဖြစ်ပြီး နိုင်ငံခြားချေးငွေများကို ယခုထက်ပိုမို၍ အဆင့်ဆင့်တင်းကြပ် စိစစ်သင့်ပါကြောင်းဖြင့် ဆွေးနွေး သည်။
ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဒေါက်တာ နေလင်းက အဓိကလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးကဏ္ဍတွင် ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ စသည့် လူသားအရင်းအမြစ်များကို ပိုမိုမွေး ထုတ်ရန် လိုအပ်နေသည့်အတွက် လူသားအရင်းအမြစ်မွေးထုတ်ရေးစီမံကိန်းများကို ဦးစားပေးဆောင်ရွက် ပေးရန်အကြံပြုလိုပါကြောင်း၊ လုပ်ငန်းစီမံကိန်းများသတ်မှတ်ရာတွင် နေရာဒေသအကျယ်အဝန်း၊ လူဦးရေ ထူထပ်မှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့်ဝေးလံခေါင်းပါးမှုများကို အခြေမခံသင့်ပါကြောင်း၊ တူညီသော ရည်မှန်းချက်ပန်းတိုင်ကို တည်ဆောက်သည့်နေရာတွင် ပြည်သူလူထု ၏ယုံကြည်မှုရရှိရန် လိုအပ်ပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊လူတိုင်းသက်တမ်းစေ့ နေနိုင်ပြီး ရောဂါဘယကင်းဝေးရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ကြရာတွင် ကောင်းမွန်သည့် မူဝါဒ၊မျှတသည့်စီမံကိန်း၊ တာဝန်ယူ၊ တာဝန်ခံ၊ တာဝန်သိမှုတို့ဖြင့် အားလုံးပေါင်းစည်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဉာဏစိုးက ဝန်ထမ်းဖွဲ့စည်းပုံများကို ကျစ်လျစ်စွာ ခန့်ထားဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ ဝန်ထမ်းများကို တိကျသည့် လစာတစ်ရပ်တိုးမြှင့်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ကျစ်လစ်သည့် ဝန်ထမ်းဖွဲ့စည်းပုံဖြင့် သွားမှသာ ထိုက်တန်သည့် လုပ်ခလစာ (သို့ မဟုတ်) မိမိဘာသာရပ်တည်နိုင်သည့် အနေအထားကိုပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ထိုက်တန်သည့်လစာပေးနိုင်မှသာ quality ကို ရရှိမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာက ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်သည့်အချိန်ကာလတွင် တင်ဒါစနစ်များကို စနစ်တကျစီမံခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ပါက ပြည်သူ့ငွေများကို အလေအလွင့် မရှိ သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် ဈေးကွက်အရလည်း ကောင်းမွန်သော ယှဉ်ပြိုင်မှုများကို ဖြစ်ထွန်းလာစေပြီး အရည်အသွေးပါ ပိုမိုမြင့်လာစေမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရက စီမံကိန်းလုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ရာတွင် အမှန်တကယ် လိုအပ်၊ မလိုအပ်နှင့် အမှန်တကယ်လိုအပ်ခဲ့လျှင် အမှန်တကယ်သုံး၊ မသုံး စိစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကောင်းမွန်မှန်ကန်သော တင်ဒါစနစ်ကို လက်တွေ့ကျကျ စနစ်တကျဆောင်ရွက်ခြင်းဖြင့် ပြည်သူနှင့်နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများကို မှန်ကန်စွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ယင်းဥပဒေကြမ်း၏ မူနှင့်အခြေခံ သဘောအပါအဝင် စီမံကိန်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း ပြီးဆုံးကြောင်းနှင့်ကိုယ်စားလှယ်များ ၏ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကို မတ်လ ၅ ရက်နှင့် ၆ ရက်တွင် ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

(သတင်းစဉ်)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာအိုနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

မြန်မာ-လာအို နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားရှည်လျား သောသမိုင်းကြောင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့၍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာလိုင်ရင်း ဆိုင်ညဇန်အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာလိုင်ရင်း ဆိုင်ညဇန်နှင့်အတူ စစ်သံမှူး Colonel Daokai Lertlivanhနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၊လာအို၊ ထိုင်းသုံးနိုင်ငံနယ်နိမိတ် ဆက်စပ်ရာ ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ဆေးဝါးပြဿနာအချို့ ရှိသဖြင့် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းတားဆီးကာကွယ်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အတွက် နယ်စပ်ဒေသတိုင်းရင်းသား ဓလေ့စရိုက် တူညီမှုများရှိသဖြင့် ပြည်သူများ အပြန်အလှန် လည်ပတ်နိုင်ရေး လမ်းဖွင့်ပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးနှင့်နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ဧည့်သည်တော်သံအမတ်ကြီးက မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်အဖြစ် တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့်ဘောလုံးအားကစားအဖွဲ့များကို စေလွှတ်သွားလိုပါကြောင်း၊ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးပြဿနာမှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသောကိစ္စဖြစ်၍ ပူးပေါင်းတိုက်ဖျက် သွားမည်ဖြစ်ကြောင်း၊ကုန်သွယ်မှု မြှင့်တင်ခြင်းဖြင့် ဆက်ဆံရေးတိုးတက်မှုသာမက နှစ်နိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် တပ်မတော်နှစ်ရပ် အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန် စေလွှတ်သင်ကြားရေး၊ နယ်စပ်တည်ငြိမ် လုံခြုံရေးနှင့်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ တို့သည် ၁၉၅၅ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ရန်ကုန်မြို့၌ လာအိုနိုင်ငံသံရုံးကို ၁၉၅၆ ခုနှစ် သြဂုတ် ၉ ရက်တွင် စတင်ဖွင့်လှစ်ကာ မြန်မာသံရုံးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ၁၉၆၇ ခုနှစ် ဧပြီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
(မြဝတီ)

ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှုအောင်မြင်မှုမှတ်တိုင်သစ်


မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

မြန်မာ့ဆေးပညာရှင်များ လောကတွင် အောင်မြင်စွာကုသ နိုင်မှုတစ်ရပ်မှာ အမြွှာကလေးများ ခွဲစိတ်ပေးနိုင်မှုပင်ဖြစ်ပါသည်။ရင်ချင်းဆက်၊ တင်ချင်းဆက်အမြွှာကလေးများကို အောင်မြင်စွာ ခွဲစိတ်ပေးလျက်ရှိပါသည်။ ဤသည်မှာ မြန်မာနိုင်ငံနှင့် မြန်မာ့ဆေးပညာရှင်များအတွက် ဂုဏ်ယူစရာပင်ဖြစ်ပါသည်။ကလေးအမြွှာများကို ပြည်ပနိုင်ငံများသို့ သွားရောက်ခွဲစိတ်ကုသစရာမလိုဘဲ မြန်မာနိုင်ငံအတွင်း၌ပင် ခွဲစိတ်ကုသပေးနိုင်ခြင်းသည် မြန်မာ့ဆေးပညာလောက၏ တိုးတက်မှုသမိုင်းမှတ်တိုင်သစ်ပင် ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ရန်ကုန်ကလေးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် အသက် တစ်နှစ်နှင့် ခုနစ်လအရွယ်ရှိ (ဘေဘီမိုးသူဇာ ၁နှင့် ၂)တို့ကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ရင်ချင်းဆက်အမြွှာညီအစ်မအား ရန်ကုန်ကလေးဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန် ပါမောက္ခ ဒေါက်တာဦးထူးဟန်၊ ရန်ကင်းကလေးဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်အေးအေး၊ ကလေးကျန်းမာရေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာဦးရဲမြင့်ကျော်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ မေ့ဆေးအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါ်ကြည်ကြည်စန်းနှင့် မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြစိုးတို့ ဦးဆောင်သော ဆရာဝန်ဆရာမများက အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ခန္ဓာကိုယ်ချင်းဆက်အမြွှာခွဲစိတ်မှုကို ၁၉၇၁ ခုနှစ်က မနန်းစိုး၊ မနန်းစံရင်ချင်းဆက် အမြွှာအား ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၃ ခုနှစ်တွင် အေးအေးငြိမ်း၊ အိအိငြိမ်းရင်ချင်းဆက်အမြွှာကို ရန်ကုန်ကလေးဆေးရုံကြီး၌ပင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ၂ဝဝ၂ ခုနှစ်တွင် မိုးမမအောင်၊ မိုးပပအောင် တင်ချင်းဆက်အမြွှာကို မန္တလေး ကလေးဆေးရုံကြီး၌ အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

၂ဝဝ၉ ခုနှစ်တွင် စိုပြေလင်း၊ စိုပြေဝင်း ရင်ချင်းဆက်အမြွှာ၊ ၂ဝ၁၁ ခုနှစ်တွင် အင်ကြင်းခိုင်၊အင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာနှင့်ရန်ကင်း၊ ရန်ရှင်း ရင်ချင်းဆက်အမြွှာ၊၂ဝ၁၂ ခုနှစ်တွင် ဘေဘီချိုချိုဝင်း ရင်ချင်းဆက်အမြွှာတို့ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ရာ မြန်မာ့ဆေးလောက၏ ရင်ချင်းဆက်အမြွှာခွဲစိတ်မှု ကိုးကြိမ်ရှိသည့်အနက် ယခုခွဲစိတ်မှုသည် ရန်ကုန် ကလေးဆေးရုံကြီး၌ ခွဲစိတ်မှုသည် သတ္တမမြောက် ရင်ချင်းဆက် အမြွှာခွဲစိတ်မှုပင်ဖြစ်ပါသည်။

ဤသို့အားဖြင့် မြန်မာ့ဆေးပညာလောက၏ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရမည်ဖြစ်ပါသည်။မျိုးဆက်သစ်လူငယ်ဆရာဝန်များအား ခွဲစိတ်အတတ်ပညာများ ဖြန့်ဝေပေးနိုင်ရမည်ဖြစ်ပါသည်။ ဤကဲ့သို့ ရင်ချင်းဆက်အမြွှာခွဲစိတ်မှု သာမက အခြားအခြားသော ရောဂါများ၊ ခွဲစိတ်ကုသမှုများကိုလည်း ပြည်ပတိုင်းပြည်များသို့ သွားရောက်ကုသစရာမလိုဘဲ မြန်မာနိုင်ငံအတွင်း၌ အောင်မြင်စွာ ကုသနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။ မြန်မာ့ဆေးပညာလောက တိုးတက်အဆင့်မြင့်မားလာသည်နှင့်အမျှ ပြည်သူများ၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း။ ။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း လာအို၊သြစတြေးလျနိုင်ငံ သံအမတ်ကြီးတို့အား လက်ခံတွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာလိုင်ရင်း ဆိုင်ညဇန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

အလားတူ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံသံအမတ်ကြီး မစ္စတာနီကိုးလတ် ကော့ပယ်လ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)