Saturday, February 28, 2015

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဆက်လက်ကျင်းပ





နေပြည်တော် ဖေဖော်ဝါရီ ၂၇

၂ဝ၁၅ ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ဘော်လီဘော ပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်ထားသည့်နေရာများ၌ ယှဉ်ပြိုင် ကြသည်။

လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အမျိုးသမီးဗိုလ်လုပွဲများ၌ ၄၅ ကီလိုတန်းတွင် နီနီကို(နေပြည်တော်)က လည်းကောင်း၊ ၄၈ကီလိုတန်းတွင် သက်ထားစံ(ကရင်)ကလည်းကောင်း၊ ၅၁ ကီလိုတန်းတွင် နှင်းမို့မို့နိုင်(ရှမ်း)ကလည်းကောင်း၊ ၅၄ကီလိုတန်းတွင် နွယ်နီဦး(ပဲခူး)က လည်းကောင်း၊ ၆ဝ ကီလိုတန်းတွင် ဘယ်ရောနီကာ(ရှမ်း)ကလည်းကောင်း အသီးသီးအနိုင်ရကာ ဗိုလ်စွဲကြပြီး အမျိုးသားအကြို ဗိုလ်လုပွဲစဉ်များလည်း ယှဉ်ပြိုင်ကြသည်။

ကရာတေးဒို(ကုမိတဲ့)ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-A ၌ ကျင်းပရာ အမျိုးသမီး ၅ဝ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် သဇင်အေး(ကယား)က ပထမ၊ အေးအေးခိုင် (နေပြည်တော်)က ဒုတိယ၊ မော်မော်နိုင်(တနင်္သာရီ)နှင့် စောနန္ဒာ ကျော်(ရခိုင်)က ပူးတွဲတတိယ၊ ၆၈ ကီလိုအထက်ပြိုင်ပွဲတွင် ဇုန်လဲကျန်န်(ချင်း)က ပထမ၊ နီလာဝင်း (ရခိုင်)က ဒုတိယ၊ ငြိမ်းငြိမ်းလှ(ကချင်)နှင့် ဝင်းသူဇာမင်း (ကယား)က တတိယ၊ အသင်းလိုက်ပြိုင်ပွဲတွင် ကယားက ပထမ၊ ရန်ကုန်က ဒုတိယ၊ နေပြည်တော်နှင့် ဧရာဝတီက ပူးတွဲတတိယ၊ အမျိုးသား ၅၅ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် စံတိုး(ရန်ကုန်)က ပထမ၊ ကိုကို(မွန်)က ဒုတိယ၊ စောပလဲ ရယ်ဂျော့(ကယား)နှင့် ဝင်းရန်ပိုင်(နေပြည်တော်)က ပူးတွဲတတိယ၊ ၆ဝ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် အောင်ခင်စစ်(ကယား)က ပထမ၊ မြင့်မောင် မောင်ဟိန်း(ရန်ကုန်)က ဒုတိယ၊ ထက်အောင်(နေပြည်တော်)နှင့် ကျော်ဇင်ထက် (ဧရာဝတီ)က ပူးတွဲတတိယ၊ ၈၄ ကီလိုအထက်ပြိုင်ပွဲတွင် မျိုးသူ(ရှမ်း)က ပထမ၊ ခင်ညွန့်(ကယား)က ဒုတိယ၊ အောင်ဇော်မင်း(မွန်)နှင့် အောင်သီဟ (ရန်ကုန်)က ပူးတွဲတတိယရရှိကြသည်။

အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ ပဲခူးက ချင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရသည်။
အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တတိယနေရာလုပွဲတွင် ဧရာဝတီက ရှမ်းကို (၃-ဝ)ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်လုပွဲတွင် မန္တလေးက ပဲခူးကို (၈-၄)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-C ၌ ကျင်းပရာ အမျိုးသမီး တစ်ကိုယ်တော် လှံသိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် မိုးမိုးဇာ(နေပြည်တော်)က ပထမ၊ စုစုလှိုင် (နေပြည်တော်)က ဒုတိယ၊ သဇင်လှိုင်(မွန်)က တတိယ၊ အမျိုးသား တစ်ကိုယ်တော် လှံသိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် သိုက်မောင်မောင်ထွန်း(စစ်ကိုင်း)က ပထမ၊ နေလင်းဦး (တနင်္သာရီ)က ဒုတိယ၊ အောင်သူ(ပဲခူး)က တတိယရရှိပြီး အမျိုးသား/အမျိုးသမီး ဗန်တိုအတိုက်နှင့် ဓားသိုင်းအတိုက် ဗိုလ်လုပွဲ များကို ကီလိုတန်းအလိုက် ယှဉ်ပြိုင်ကြသည်။

ဘတ်စကက်ဘော အကြိုဗိုလ်လုပွဲစဉ်များကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် စစ်ကိုင်းက ရှမ်းကို (၁၃၆-၃၂)မှတ်ဖြင့် လည်း ကောင်း၊ ပဲခူးက ဧရာဝတီကို (၅၅-၃၁)မှတ်ဖြင့်လည်းကောင်း အမျိုးသား ပွဲစဉ်တွင် ရန်ကုန်က ကရင်ကို (၆၄-၄၁)မှတ်ဖြင့်လည်းကောင်း၊ ကချင်က ရှမ်းကို (၇၂-၄၅)မှတ်ဖြင့်လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက် သွားကြသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲအဖွဲ့လိုက် အကြိုဗိုလ်လုပွဲစဉ်များ ကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-B ၌ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် ပဲခူးက ရှမ်းကိုလည်းကောင်း၊ မွန်က ဧရာဝတီကိုလည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် ရခိုင်က တနင်္သာရီကိုလည်းကောင်း၊ စစ်ကိုင်းက ရန်ကုန်ကိုလည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ကြသည်။ သတင်းနှင့် ဓာတ်ပုံ - ကိုကိုစိုးညွန့်

No comments:

Post a Comment