Saturday, February 28, 2015

နေပြည်တော် အမျိုးသမီးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ



အမျိုးသားအားကစားပွဲတော်၏ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ကစားရာ နေပြည်တော်အသင်းက ရန်ကုန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်၌ အနိုင်ရဗိုလ်စွဲသွား သည်။
နေပြည်တော်-ငါးဂိုး
ရန်ကုန်-လေးဂိုး
နေပြည်တော် အမျိုးသမီးအသင်းမှာ ပင်နယ်တီအဆုံးအဖြတ်၌ အနိုင်ရရှိပြီး အမျိုး သား အားကစားပွဲတော်၌ ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့သည်။ နာမည်ကြီး ရန်ကုန်အသင်း ခြေအသာမရခဲ့သလို ပွဲပြီးခါနီး၌ ချေပဂိုးရရှိ ခဲ့၍သာ ပင်နယ်တီအထိ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ် သည်။
နေပြည်တော်အသင်းမှာ ပွဲစကတည်းက တိုက်စစ်အားမြှင့်ခဲ့ပြီး ၃၂ မိနစ်တွင် နှင်းကလျာ ကိုက အဝေးကန်ချက်ဖြင့် ဦးဆောင်ဂိုးရခဲ့သည်။ ဂိုးပေးလိုက်၍ ရန်ကုန်အသင်းချေပဂိုးရရှိရန် တရစပ်
တိုက်စစ် ဆင်ခဲ့သော်လည်း နေပြည်တော်နောက်တန်းက အမှား အယွင်းမရှိ ပိတ်ဆို့ကာကွယ်နိုင်ခဲ့၍ ထင်တိုင်းမပေါက်ခဲ့ပေ။ ၈၃ မိနစ်တွင် နေပြည်တော်ဂိုးသမား၏ အမှား မှတစ်ဆင့် သင်းသင်းမော်က ရန်ကုန်အတွက် ချေပဂိုးပြန်သွင်းခဲ့ သည်။ မိနစ် ၁၂ဝ ပြည့်သည်အထိ တစ်ဂိုးစီသရေကျနေ၍ ပင်နယ်တီ ကန်ရာ နေပြည်တော်က လေးဂိုးသုံးဂိုး ဖြင့် အနိုင်ရခဲ့သည်။ နေပြည်တော် အသင်းမှာ သဉ္ဇာချို၊ ပန်းအိခိုင်၊ နှင်း ကလျာကိုနှင့် ခင်ပြည့်လင်းတို့ ဂိုးဝင် ပြီး ကေဇာမြင့်၏ စတုတ္ထပင်နယ်တီ ဂိုးမဝင်ခဲ့ပေ။ ရန်ကုန်အသင်းမှ စုမြတ်မွန်၊ သဲသဲချိုနှင့် ဝေဇင်နှင်းတို့ သုံးဦးသာဂိုးဝင်ပြီး ခင်ခင်ကြွယ်နှင့် ယုယုဝင်းတို့လွဲချော်ခဲ့၍ နေပြည်တော် က အနိုင်ရခဲ့ခြင်းဖြစ်သည်။
နံနက်ပိုင်းတွင် ကျင်းပသော တတိယနေရာလုပွဲတွင် ဧရာဝတီ အသင်းက ရှမ်းအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment