Saturday, February 28, 2015

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းများသိမ်းဆည်းရမိ

 'စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းများသိမ်းဆည်းရမိ

နေပြည်တော်    ဖေဖော်ဝါရီ     ၂၇

နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက်က နောင်တရားမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု ကန့်ကော်ပင်ကျေးရွာနေ ထွန်းလှ၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ခြေအိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂ ပြားနှင့် နေအိမ်ခုတင်အောက် စီးကရက်ဘူးခွံအတွင်းမှ ပလတ်စတစ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၃၂ ပြား သိမ်းဆည်းရမိသဖြင့် ထွန်းလှ(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မူးယစ်တပ်ဖွဲ့စု (၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၅ ရက်က အမရပူရမြို့နယ် ရွှေကြက်ယက် မထသ ဂိတ်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်အား ရှာဖွေရာ ထိုင်ခုံအမှတ် (၂ဝ)တွင် လိုက်ပါလာသူ မအေးလူ၏ ထိုင်ခုံအပေါ် ဘောက်ရှိ လက်ဆွဲအိတ်အတွင်းမှ ဂျပ်ဖာစက္ကူဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ဆပ်ပြာခွက် ၁ဝ ခွက် (ဘိန်းဖြူအလေးချိန် သုည ဒသမ ၁၂ ကီလို) သိမ်းဆည်းရမိသဖြင့် မအေးလူ (၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်က တောင်ကြီး-ဇလဲသွားကားလမ်း ဇလဲကျေးရွာ မိုင်တိုင်အမှတ် (၁ဝ/၂)တွင် ဇလဲကျေးရွာဘက်မှ တောင်ကြီးဘက်သို့ အောင်မျိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ  သိမ်းဆည်းရမိသဖြင့်  အောင်မျိုး(၃ဝ)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူပင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ဝ၉ ပြားအား သိမ်းဆည်း ရမိသဖြင့် လူမွှေး (ခ) ဝဏ္ဏလင်း(၃၃)နှစ်နှင့် ဂျူကိုဇင်သူ (၂၇)နှစ်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(မူးယစ်ဗဟို)'

(မူးယစ်ဗဟို)

No comments:

Post a Comment