Saturday, February 28, 2015

အူရီဒူးမြန်မာက တင်ဆက်သည့်ထာဝရတွဲလက်များ ဇာတ်လမ်းတိုကို ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်


'အူရီဒူးမြန်မာက တင်ဆက်သည့်ထာဝရတွဲလက်များ ဇာတ်လမ်းတိုကို
ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်
==========================================

အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G  အင်တာနက်အကြောင်း မိုဘိုင်း ဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင်ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်းဖြစ်သည့် ''ထာဝရတွဲလက်များ'' ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် ''သိရှိခံစား အချစ်စစ်စွမ်းအား'' အမည်ရှိ ရုပ်သံဇာတ်လမ်းကို MRTV, MRTV-4,  MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။  ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှစတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခုအနက်က ပထမဆုံး ''ဆုံတွေ့ခြင်း'' ကို ထုတ်လွှင့်တင်ဆက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦး ဖြစ်သည့် ကိုထက်နှင့် မသီရိတို့၏ အင်တာနက်ကြောင့် ပေါက်ဖွားလာသော အချစ်စစ်တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင်ကလေးများ၏ အနုပညာအရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရှုခင်းများ အသာယာဆုံးနေရာများကိုလည်း နောက်လာမည့် ဇာတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက်နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling  များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ပေးစွမ်းနိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာ မသီရိကြာညိုက ပြောသည်။   (ဝဝ၂)'

အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G အင်တာနက်အကြောင်း မိုဘိုင်း ဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင်ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်းဖြစ်သည့် ''ထာဝရတွဲလက်များ'' ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် ''သိရှိခံစား အချစ်စစ်စွမ်းအား'' အမည်ရှိ ရုပ်သံဇာတ်လမ်းကို MRTV, MRTV-4, MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှစတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခုအနက်က ပထမဆုံး ''ဆုံတွေ့ခြင်း'' ကို ထုတ်လွှင့်တင်ဆက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦး ဖြစ်သည့် ကိုထက်နှင့် မသီရိတို့၏ အင်တာနက်ကြောင့် ပေါက်ဖွားလာသော အချစ်စစ်တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင်ကလေးများ၏ အနုပညာအရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရှုခင်းများ အသာယာဆုံးနေရာများကိုလည်း နောက်လာမည့် ဇာတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက်နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ပေးစွမ်းနိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာ မသီရိကြာညိုက ပြောသည်။ (ဝဝ၂)

No comments:

Post a Comment