Saturday, February 28, 2015

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ ဒေသခံပြည်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်

 'နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ
ဒေသခံပြည်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်

စဥ့်ကိုင်   ဖေဖော်ဝါရီ   ၂၇

စဥ့်ကိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေးလိုလားသူ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူ ၇ဝဝ ခန့်သည် ခွင့်ပြုချက်ရယူကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ ဒေသခံလမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ပြည်သူများသည် ''ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ၂ဝ၁၅ ခုနှစ် ငြိမ်းချမ်းရေးဖော်ဆောင်မှု''  ကြွေးကြော်သံများ ကြွေးကြော်ကာ ''တည်ငြိမ်အေးချမ်းမှုဖျက်ဆီးသူ ဒို့ရန်သူ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံး လဲလှယ်ပေး၊ တည်ငြိမ်အေးချမ်း ဒီမိုကရေစီပန်း ပွင့်လန်းဝေဖြာ ပြည်သာယာ၊ ဒီမိုကရေစီဖြောင့်ဖြူးရေး ဥပဒေကိုလေးစားလိုက်နာပါ၊ တရားဥပဒေစိုးမိုးမှုရရှိရန် တည်ငြိမ်အေးချမ်းဖို့လိုသည်'' စသည့်ပိုစတာ များကိုင်ဆောင်ပြီး မြို့လယ်အဝိုင်း တောင်ဘက်တစ်ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုမှတစ်ဆင့် မြို့လယ်လမ်းအတိုင်း မြို့တွင်းသို့ ဝင်ရောက်ကာ မြို့မရပ်ကွက်၊ ရန်နိုင်ရပ်ကွက် လမ်းများမှ ရွှေကျီးနားကွင်းသို့ ဝင်ရောက်ခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းနိုင်(ကျောက်ဆည်)'

ထွန်းထွန်းနိုင်(ကျောက်ဆည်)

No comments:

Post a Comment