Saturday, February 28, 2015

တုတ်ဖြင့်ရိုက်၍ သေနတ်လုရန်ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး

 'တုတ်ဖြင့်ရိုက်၍ သေနတ်လုရန်ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး

နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင်  သောင်းကျန်းသူအဖွဲ့များက  နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက်   နံနက် ၅ နာရီခွဲခန့်က နမ့်ဆလပ်မြို့၏   အနောက်ဘက် သုံးမိုင်ခွဲခန့်အကွာ ကားလမ်း၏  မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် (၃၂)နှစ်ခန့်ရှိ  အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်းဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့် ရိုက်နှက်၍ သေနတ်အား လုယူရန် ကြိုးစားခဲ့သည်။ 

ထို့ကြောင့် ၎င်းစစ်သည်က သေနတ်လုယူရန် ကြိုးစားသူအား ပြန်လည်ခုခံ၍ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဘတ်သို့ ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသူ နေထိုင်ရာ တဲအတွင်းမှ  ဒုံးပစ်လောင်ချာပို့ကျည်တစ်တောင့် တွေ့ရှိရပြီး  ဖြစ်စဉ်နေရာနှင့်  အနီးဆုံးဖြစ်သော တန့်ဆော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူကြီးများနှင့် ရွာသားများအား မေးမြန်းစိစစ်ချက်အရ အဆိုပါအမျိုးသားသည် ၎င်းတို့ရွာသားမဟုတ်ကြောင်း၊ အနီးပတ်ဝန်းကျင်၌လည်း ဆွေမျိုးတော်စပ်သူ  မရှိကြောင်း၊ ယခင်ကလည်း ၎င်းအား မြင်တွေ့ဖူး ခြင်းမရှိကြောင်းနှင့် ၎င်းရော်ဘာခြံရှိ လူမနေသောအစောင့်တဲသို့ လွန်ခဲ့သော သုံးရက်ခန့်က မြောက်ဘက်အရပ်မှ လာရောက်နေထိုင်သည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။ 

ထို့နောက် သေဆုံးသူအမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီး၌ ရပ်ရွာဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)'

(မြဝတီ)

No comments:

Post a Comment