Saturday, February 28, 2015

ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းအမျိုးသားအသင်းနှင့် ရန်ကုန်အမျိုးသမီးအသင်းတို့ ချန်ပီယံဖြစ်

'ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းအမျိုးသားအသင်းနှင့် ရန်ကုန်အမျိုးသမီးအသင်းတို့ ချန်ပီယံဖြစ်
=============================

နေပြည်တော် ဖေဖော်ဝါရီ  ၂၈

အမျိုးသား   အားကစားပွဲတော် အမျိုးသား အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယနေ့နေ့လယ်ပိုင်းတွင်ဝဏ္ဏသိဒ္ဓိဘော်လီဘော လေ့ကျင့်ရေးရုံ၌ ကျင်းပရာ အမျိုး သားပြိုင်ပွဲ၌ ရှမ်းအသင်းက ရခိုင်အသင်းကိုလည်းကောင်း၊  အမျိုးသမီး ပြိုင်ပွဲ၌ ရန်ကုန်အသင်းက တနင်္သာရီ အသင်းကိုလည်းကောင်း  အနိုင်ရရှိ ခဲ့ကာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။

အမျိုးသမီးဗိုလ်လုပွဲတွင် ရန်ကုန်အသင်းက တနင်္သာရီအသင်းကို သုံးပွဲနှစ်ပွဲဖြင့် အကြိတ်အနယ်ကစားပြီး အနိုင်ရရှိခဲ့သည်။   ရန်ကုန် အသင်းမှာ ၂၂- ၂၅ မှတ်၊ ၂၅-၇ မှတ်၊ ၁၉-၂၅ မှတ်၊ ၂၅-၁၉ မှတ်၊ ၁၅-၈ မှတ်တို့ဖြင့်  အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အမျိုးသားဗိုလ်လုပွဲတွင် ရှမ်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းအသင်းမှာ ပထမပွဲငယ်တွင် ၂၅-၁၈ မှတ်ဖြင့် အခက်အခဲမရှိ   အနိုင်ရရှိခဲ့သော်လည်း နောက်နှစ်ပွဲတွင် အနိုင်ရရန် ရုန်းကန် ခဲ့ရသည်။ ရခိုင်အသင်းမှာ ဒုတိယပွဲငယ်နှင့်  တတိယပွဲငယ်တို့တွင် အမှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ရှမ်းအသင်းက ၂၆-၂၄ မှတ်၊ ၂၅-၂၃ မှတ်တို့ဖြင့် ထပ်မံအနိုင် ရခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် အစဉ်အလာရှိသည့်  ရှမ်းအမျိုးသားအသင်းမှာ ယခုပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် အမျိုးသား ပြိုင်ပွဲ၌ ပထမ ရှမ်း၊ ဒုတိယ ရခိုင်၊ ပူးတွဲတတိယ ရန်ကုန်နှင့် စစ်ကိုင်း၊ အမျိုးသမီးပြိုင်ပွဲ၌ ပထမ ရန်ကုန်၊ ဒုတိယ တနင်္သာရီ၊ ပူးတွဲတတိယ ရခိုင်နှင့် စစ်ကိုင်းတို့က ရရှိခဲ့သည်။

ဆုရရှိခဲ့သည့် အသင်းများကို အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။

သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို' 

သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို

No comments:

Post a Comment