Tuesday, April 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ - ပစိဖိတ်ဒေသ ဆိုင်ရာအကြီးအကဲMr. Justin Wood အား လက်ခံတွေ့ဆုံ





Image may contain: 5 people, people sitting, table and indoor
 နေပြည်တော် ဧပြီ ၂၉



ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ- ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲMr. Justin Wood အား ယနေ့မွန်းလွဲ ၃ နာရီခွဲ တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်မြန်မာနိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်အကြား ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုပြုလုပ်သွားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်သည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ အဖွဲ့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အစီအစဉ်များ ပုံဖော်နိုင်ရန် ထင်ရှားသောနိုင်ငံရေး၊ စီးပွားရေးနှင့် အခြားလူမှုရေးခေါင်းဆောင်များကို ချိတ်ဆက်ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် စတင် တည်ထောင်သည့် ၁၉၇၁ ခုနှစ်မှ စတင်၍ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် နှစ်စဉ်အစည်း အဝေးပွဲများကို ကျင်းပလျက်ရှိသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အာရှ-ပစိဖိတ် ဆိုင်ရာ ဒေသတွင်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာCommunity Lead နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ Mr. Piyamit Bing Chomprasob လည်း တက်ရောက်သည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောင်းလဲလာသော နည်းပညာကိုရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ညီလာခံသို့တက်ရောက်





Image may contain: one or more people, people sitting and text
 နေပြည်တော် ဧပြီ ၂၉



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက်ပိုင်းက စင်ကာပူနိုင်ငံ၌ကျင်းပသည့် ပြောင်းလဲလာသော နည်းပညာကိုရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အထူးအစီအစဉ်နှင့် ညီလာခံသို့ တက်ရောက်သည်။
ညီလာခံတွင် စင်ကာပူနိုင်ငံ လှူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ အလုပ်သမား ဝန်ကြီး Mr. Josephine Teo နှင့် အခြားအာဆီယံနိုင်ငံများမှ အလုပ်သမား ဝန်ကြီးများ၊ အာဆီယံ၏ ဆွေးနွေးဖက်ခြောက်နိုင်ငံမှ ကိုယ်စားလှယ်များ၊ ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi ၊ ILO Global Commissioner ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်း နှင့် နိုင်ငံတကာမှဖိတ်ကြားထားသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြားတာဝန်ရှိသူများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံ လှူစွမ်းအားအရင်းအမြစ်ဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထုတ်ပြန်ကြေညာချက်အား လွှဲပြောင်းပေး
ထို့နောက် ညီလာခံတွင် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ ပြင်ဆင် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံအလိုက် Country Statement များကို ဖတ်ကြားရှင်းလင်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ Country Statement ကို ဖတ်ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ILO ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုမှုအဖြစ် အာဆီယံ နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၏ အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ထုတ်ပြန် ကြေညာချက် (ASEAN Statement on Future of Work) တွင် အခြားအာဆီယံ အလုပ်သမားဝန်ကြီးများနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံ အလုပ်သမား ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ (ALMM’s Chair) က အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ အဆိုပါထုတ်ပြန်ကြေညာချက်အား လွှဲပြောင်းပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ILO Global Commission ၏ ''ပိုမိုတောက်ပသော အနာဂတ်အတွက် အလုပ်အကိုင်(Work for a Brighter Future)”အစီရင်ခံစာ အပေါ် ခြုံငုံသုံးသပ်ခြင်း၊ အလုပ်ခွင်တွင် လူသားဗဟိုပြုအစီအစဉ် တိုးမြှင့်ခြင်းနှင့် နည်းပညာကိုလက်ခံခြင်း၊ အားလုံးပါဝင်သည့် စဉ်ဆက်မပြတ်တိုးတက်မှုကို မြှင့်တင်ရာတွင် သုံးပွင့်ဆိုင်၏အခန်းကဏ္ဍ၊ နည်းပညာဖြင့် အခွင့်အလမ်းများ ဖန်တီးခြင်း၊ တက်ကြွ၍ အနာဂတ်အတွက် အဆင်သင့်ဖြစ်မည့် လုပ်သားထုမွေးထုတ် ခြင်း စသည့်ဆွေးနွေးမှုအစီအစဉ်များတွင် ပါဝင်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း ညွှန်ကြားရေးမှူးချုပ်Mr. Guy Ryder နှင့်တွေ့ဆုံကာ ILO ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အလုပ်သမားရေးရာကိစ္စများကို ဆွေးနွေးကြပြီး ဆက်လက်၍ လာအိုပြည်သှူဒီမိုကရက်တစ်နိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ကိစ္စရပ်များကို နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။
ကျွမ်းကျင်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသွားမည်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အလုပ်သမားရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် Singapore’s Center for Domestic Employees မှ တာဝန်ရှိသူများ၊ Singapore Polytechnic International PTE. LTD မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျွမ်းကျင်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့အပြင် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး ASEAN Statement on Future of Work အား အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုတိုက်တွန်းချက်များ ပေါ်ထွက်လာ နိုင်ရေး ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ





Image may contain: 1 person
 နေပြည်တော် ဧပြီ ၂၉




မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မဏ္ဍိုင်သုံးရပ်မှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနှင့် မြန်မာ ဂျာနယ်လစ်ကွန်ရက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ မျိုးသန့်တင်တို့က အမှာ စကားပြောကြား ပြီး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် အစီအမံများကို လည်းကောင်း၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်း ရေးမှူး ဦးကျော်စွာမင်းက ဆောင်ရွက် နိုင်မည့် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီး ဌာနတို့မှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ရက်တို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူ များက အထွေထွေဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ သည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းများဖွင့်ပွဲ တက်ရောက်





Image may contain: 1 person, crowd
ရန်ကုန် ဧပြီ ၂၉ 



နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသော ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၅)၊ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၂)၊ စာရေး ဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၅)၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃၅) သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်း သား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယòန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်း သူများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်မည်ဖြစ်သည်။
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုလေ့ကျင့်ရေး ကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ကျောင်း၏တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးထပ်စာသင်ဆောင်နှင့် ဒုတိယ ကျောင်းအုပ်ကြီး နေအိမ်တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ သင်တန်းဆွေးနွေးပို့ချနေမှုများကို လိုက်လံကြည့်ရှုပြီး သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်သို့ရောက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးထပ်စာသင်ဆောင်၊ ကျောင်းသား ၅၀၀ ဆံ့ စုပေါင်း စာသင်ခန်းမ(Theatre)နှင့် ခြောက်ခန်းတွဲ သုံးထပ် ဝန်ထမ်း အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေး
တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများဖြစ်သဖြင့် မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများ မရှိစေရေး၊ ခွင့်ပြုသည့်လုပ်ငန်းတန်ဖိုးနှင့် ညီမျှသည့်အရည် အသွေးနှင့် သတ်မှတ်စံချိန်စံòန်းပြည့်မီစေရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုမှာကြားခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဆောက်လုပ်ရန် လျာထားသည့် လေးထပ် ကျောင်းသူအိပ်ဆောင် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့်က ဒုတိယစာသင်နှစ်ဝက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကျောင်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်း၏လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ ဆက်လက်၍ ဒီဂရီကောလိပ်ရှိ စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဝန်ထမ်းအိမ်ရာများ ကျောင်းတွင်းစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုများနှင့် ရေ၊ မီး ရရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
သင်ကြားပေးလျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာနအောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တစ်ခုနှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် နှစ်ကျောင်းကို ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး နယ်စပ်ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများအား လက်ခံသင်ကြားပေးလျက်ရှိသည်။
ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တွင် ပညာရေးဘွဲ့နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် အေဂျီတီအိုင်ဒီပလိုမာ ပေးအပ်လျက်ရှိပြီး တစ်နှစ်လျှင် ကျောင်းသား ကျောင်းသူ ၉၀၀ ကျော် မွေးထုတ်လျက်ရှိပြီး နယ်စပ်ဒေသ လှူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု





Image may contain: 5 people, people standing and outdoor
ဟားခါး ဧပြီ ၂၉



 ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ထန်တလန်မြို့ လမ်းဦးစီးဌာနရိပ်သာ၌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတအား ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ထန်တလန်မြို့ ရေပေးဝေရေးအတွက် လက်ရှိဆောင် ရွက်နေသည့် အခြေအနေ၊ ရေရရှိရေး အတွက် အသုံးပြုမည့် ဘဏ္ဍာငွေ လျာထားမှုအခြေအနေ၊ Feasibility Survey တိုင်းတာလေ့လာခဲ့သည့် ပိုက်လမ်းကြောင်း အခြေအနေ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံ များနှင့် လိုအပ်သည်များကို ရှင်းလင်း တင်ပြသည်။
မြန်ဆန်စွာဆောင်ရွက်
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယ သမ္မတက ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး စီမံ ကိန်းများ တင်ပြရာတွင် အနီးစပ်ဆုံး ခန့်မှန်းခြေစာရင်းများကို သေချာစွာ တွက်ချက်၍ တင်ပြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှုမရှိစေရန် နည်းလမ်း များ ကြံဆ၍ မြန်ဆန်စွာဆောင်ရွက်သွား ရန် လိုအပ်ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူလူထုအနေဖြင့်လည်း ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
ထန်တလန်မြို့ ရေရရှိရေးလုပ်ငန်း အား ခွေဗားချောင်းနှင့် မွာလ်ရွာလ် ချောင်းရေထွက်များမှ ရေသွယ်ရေး ဆောင်ရွက်နိုင်ပါက တစ်မိနစ်ဂါလန် ၁၃၀ နှုန်းဖြင့် တစ်နေ့လျှင် ဂါလန် ၁၈၇၂၀၀ ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိ လူဦးရေ ၈၈၈၅ ဦးအား တစ်နေ့လျှင် ၂၁ ဂါလန်နှုန်းဖြင့် (လက်ရှိရေထွက်များမပါ)ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးပေါင်လွန်းမင်ထန် က အစိုးရနည်းပညာ အထက်တန်းကျောင်း (ထန်တလန်) ဖွင့်လှစ်နိုင်ရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ရာ ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ မြို့မိ၊ မြို့ဖများက ဒေသတွင်းလိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး အခြေအနေများကို တင်ပြ ကြရာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး ထန်တလန်မြို့နယ်အတွင်း ရေရရှိခြင်း မရှိသေးသည့် ဟိုတယ်ဇုန်နှင့် ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေ ရရှိရေး အတွက် ရေပိုက်နှင့်ဂါလန် ၁၀၀၀၀ ဆံ့ ရေကန်တည်ဆောက်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှု ရန်ပုံငွေမှ ငွေကျပ်ကျပ်သိန်း ၅၁၀ ထောက်ပံ့ ပေးသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် ထန်တလန်မြို့နယ် ခုတင် ၅၀ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံ အုပ်ကြီး ဒေါက်တာခွန်စောထွန်းက ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အချက်အလက်များ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြချက်များအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီ အမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားသည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိ ရာ ပရောဂျက် မန်နေဂျာ ဦးတင်ထွန်း အောင်က တိုးချဲ့နှစ်ထပ်ဆောင် ဆောက် လုပ်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဝန်ထမ်းအိမ်ရာဆောက်လုပ်
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ဆေးရုံဆောက်လုပ်ရန် မြေအသုံးချရာတွင် ရေရှည်မျှော်မှန်း၍ စီမံဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေ နေရာနှင့် ဆေးရုံအတွင်း လမ်းဖောက် လုပ်ထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ထန်တလန်မြို့ ဟိုတယ်ဇုန် အတွင်း တည်ဆောက်နေသည့် Thantlang Hill Resort စီမံကိန်းသို့ သွားရောက်၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
ခရီးစဉ်အသစ်များ ဖော်ထုတ်
ထို့နောက် ဒုတိယသမ္မတအားTint Tint Travels & Tours Co.Ltd မှ ဒေါ်တင့်တင့်လွင်က စီမံကိန်းဆောက် ရွက်နေမှု အခြေအနေ၊ ထန်တလန်မြို့ ဝန်းကျင်တွင် ခရီးစဉ်အသစ်များ ဖော် ထုတ်နေမှု အခြေအနေ၊ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆောင်ရွက်နေ သည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် စီမံကိန်းတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်မီးရရှိရေး တို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး၊ ဒုတိယòန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်တို့က ပံ့ပိုးဖြည့်ဆည်း ပေးနိုင်မည့် အစီအစဉ်များအား ရှင်းလင်း ဖြေကြားရာ ဒုတိယသမ္မတက ပေါင်းစပ် ညှိနှိုင်းပေးသည်။
လာရောက်အပန်းဖြေနိုင်
အဆိုပါ စီမံကိန်းဆောက်လုပ်နေ သည့် မြေနေရာသည် ၁၁ ဧကကျယ်ဝန်း ပြီး ခရီးသွားပြည်သူများအေးချမ်းစွာ လာရောက်အပန်းဖြေနိုင်စေရန် ခရီးသွား ရာသီအမီ အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းနောက် ထန်တလန်မြို့နယ် မိုးလုံလေလုံအားကစားရုံ တည်ဆောက် ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်၌ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က မိုးလုံလေလုံအားကစားရုံ ဆောက် လုပ်မည့် အခြေအနေ၊ တည်ဆောက်မှု ပြီးစီးပါက ရရှိလာမည့် အကျိုးကျေးဇူး များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီ အမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ သည် ထန်တလန်မြို့View Point မှ ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် က ဟားခါး - ထန်တလန် - ဆာဆီချောက်လမ်း (ထန်တလန်မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့်ထန်တလန်- လုံလဲလမ်း (ထန်တလန်မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရစ်ခင်းရန် လျာထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကြည့်ရှုစစ်ဆေး
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဟားခါးနည်းပညာ ကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ် ကြီး ဦးလျန်ဇခုပ်က လက်ရှိကောလိပ် အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီး မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များကို တတ်နိုင်သမျှ ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားရန် မှာကြားပြီး လုပ်ငန်းပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
စာကြည့်တိုက် ဆောက်လုပ်
ထို့နောက် ဟားခါးကောလိပ်ဝင်း အတွင်းရှိ အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေး (၃)၊ အဆောက်အဦ အထူးအဖွဲ့ (၉) ရှင်းလင်းဆောင်၌ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေက ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက လိုအပ်ချက် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးပြီး ကောလိပ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေး လုပ်ငန်းနှင့် စာကြည့်တိုက် ဆောက်လုပ် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ရေနှင့် လျှပ်စစ်မီးရရှိရေး
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ သည် ဟားခါးမြို့ရှိ သားဖွားသင်တန်း ကျောင်း ဆောက်လုပ်နေသည့် လုပ်ငန်း ခွင်သို့ ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက လက်ရှိသင်တန်းကျောင်းနှင့် သင်တန်းသူအိပ်ဆောင် ဆောက်လုပ်နေ မှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေ၊ သင်တန်းကျောင်းအတွင်း ဆက်စပ် လုပ်ငန်းများဖြစ်သော မြေတူးခြင်း၊ ကျောက်ချောလမ်းခင်းခြင်းနှင့် မြေထိန်း နံရံ တည်ဆောက်ခြင်း လုပ်ငန်းစဉ်များနှင့် လိုအပ်လျက်ရှိသည့် ရေနှင့် လျှပ်စစ်မီး ရရှိရေးတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး ပြီး လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အလေးထားဆောက်လုပ်ရန် မှာကြား
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ရှိ ဘက်စုံသုံးသဘာဝဘေး ဒဏ်ခိုလှုံရာ အဆောက်အအုံ (Cyclone Shelter) ဆောက်လုပ်နေသည့် လုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ စံချိန်စံòန်းကိုက်ညီပြီး အရည်အသွေး ပြည့်ဝသည့် အဆောက်အဦဖြစ်စေရေး အလေးထားဆောက်လုပ်ရန် မှာကြား သည်။
ထို့နောက် ဒုတိယသမ္မတသည် အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက် ရေးအဖွဲ့ (၂)၊ အဆောက်အဦ အထူး အဖွဲ့ (၆) မှ တည်ဆောက်နေသည့် ချင်းပြည်နယ် တရားလွှတ်တော် RC သုံးထပ်အဆောက်အအုံ တည်ဆောက် ခြင်း လုပ်ငန်းသို့ သွားရောက်၍ တည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် အားကစားနှင့် ကာယပညာ သိပ္ပံ (ဟားခါး) တည်ဆောက်မည့် မြေနေရာသို့ရောက်ရှိရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်က အားကစားနှင့် ကာယ ပညာသိပ္ပံ တည်ဆောက်ရေးလုပ်ငန်းစဉ် များနှင့် မြေပြုပြင်ပြီးမှုအခြေအနေ၊ မြေသားလမ်းသစ် ဖောက်လုပ်မည့် အခြေအနေ၊ ရေနှင့်လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်ထားမှု အခြေအနေ၊ အရည် အသွေးပြည့်မီသည့် အဆောက်အဦများ ဖြစ်စေရန် ဆောင်ရွက်ထားရှိသည့် အခြေ အနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက ငွေကျပ်ကျပ် ၁၅ သိန်းတန်ဖိုးရှိ အားကစား ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် အားကစားနှင့် ကာယ ပညာသိပ္ပံ (ဟားခါး) အုပ်ချုပ်မှုရုံး ရတနာပန္နက်တော်တင် မင်္ဂလာအခမ်း အနားကို ဆက်လက်ကျင်းပရာ ဟားခါး နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ သိက္ခာတော်ရ ဆရာတော် Dr..စတီး ဗန်လျန်ဟုပ်လင်းက ဆုတောင်းစကား ပြောကြားသည်။
အမွှေးနံ့သာရည်များ ပက်ဖျန်း
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က သတ်မှတ်နေရာများတွင် ရတနာပန္နက် တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
အဆိုပါ အားကစားနှင့် ကာယ ပညာသိပ္ပံ (ဟားခါး) ကို ဟားခါးမြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာ ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၃၀ရှိ ဟိုင်တလန် ရေကူးကန်အနီး ၅၆ ဒသမ ၉၄ ဧက ကျယ်ဝန်းသည့် မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး တည် ဆောက်မှု ပြီးစီးပါက ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေးဒို စသည့် အားကစားနည်းများကို လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အားပေးစကားပြောကြား
ထို့နောက် ဒုတိယသမ္မတသည် ခုတင် ၂၀၀ ဆံ့ ဟားခါးပြည်သူ့ဆေးရုံကြီး သို့ သွားရောက်၍ ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည် ကြည့်ရှုပြီး ဆေးဝါးကုသမှုခံယူနေကြ သည့် ဒေသခံပြည်သူများအား အားပေး စကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဟားခါးပြည်သူ့ဆေးရုံ ကြီးတွင် တိုးချဲ့ဆောက်လုပ်နေသည့် ဓာတ်မှန်ခန်းပါ နှစ်ထပ်တိုးချဲ့လူနာ ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာတိုရှိအိုနီရှိမူရနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ





 နေပြည်တော် ဧပြီ ၂၉


 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် ဂျပန်နိုင်ငံ နာဂိုယာမြို့ အအိချိ ခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲ တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ မောင်းသူမဲ့လေယာဉ် (Drone) နှင့် ပတ်သက်၍ ဝန်ဆောင်မှုဆိုင်ရာအသုံးပြု နိုင်ပုံများကို ဗီဒီယိုဆလိုက်ဖြင့် ရှင်းလင်း တင်ပြခြင်း၊ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ Investment Forum များ၊ Seminar များတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာများကို Drone ဖြင့် ရိုက်ကူးပြသပြီး ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်နိုင်ရေး၊ ဂျပန်နိုင်ငံနာဂိုယာမြို့ နှင့် မြန်မာနိုင်ငံ တောင်ကြီးမြို့တို့အား ညီအစ်မမြို့တော်အဖြစ် ဆောင်ရွက်နိုင် ရေးနှင့် နောင်အနာဂတ်တွင် လုပ်ငန်းများ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ




Image may contain: 4 people, people smiling, people sitting and indoor
 နေပြည်တော် ဧပြီ ၂၉



ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာ ကော်မတီဆောင်I- 20 ၌ ကျင်းပသည်။
ပဋိပက္ခများ ဖြေလျှော့နိုင်ရေး
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီ၏ ပထမအကြိမ်ခရီးစဉ် တွင် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့၌ ရခိုင်တိုင်းရင်းသား လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ခဲ့ ပါကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ဖြေလျှော့နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ယင်းဆွေးနွေးချက်များတွင် ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ဖြေလျှော့နိုင်ရေးနှင့် ပတ်သက်၍ အထောက်အကူပြုနိုင်မည့် အကြံပြုချက်များ၊ တင်ပြချက်များကို တွေ့ရပါကြောင်း၊ ကော်မတီအနေဖြင့် စစ်တွေမြို့တွင် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး သံဃာတော်များ ထံမှ ဩဝါဒခံယူခဲ့ပါကြောင်း။
တွေ့ဆုံမှုများမှ ရရှိလာသည့် အကြံ ပြုချက်၊ တင်ပြချက်များသည် ကော်မတီ အတွက်သော်လည်းကောင်း၊ နိုင်ငံတော် အစိုးရအတွက်သော် လည်းကောင်း များစွာအကျိုးရှိသည့် အချက်များပါဝင် သည်ကိုတွေ့ရပါကြောင်း၊ ဒုတိယအကြိမ် ခရီးစဉ် သွားရောက်သည့်အခါတွင် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာ ကြသူများအနေဖြင့် ပထမအကြိမ်ခရီးစဉ် နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။
ရေတို၊ ရေရှည် ဆောင်ရွက်
ထို့နောက် ကော်မတီဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦဇော်အေးမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးသွားရေး၊ လတ်တလောလိုအပ်ချက်နှင့် မိုးမကျမီ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လက်ရှိ ရခိုင်ပြည်နယ်အခြေအနေနှင့် အကြိမ်ကြိမ် ကွင်းဆင်းလေ့လာ ဆောင်ရွက်ရေး၊ တွေ့ဆုံသင့်သူများ တွေ့ဆုံဆွေးနွေးရေး၊ ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည့် အချက်များ နည်းလမ်းရှာကြံရေးတို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြသည်။ သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ရောက်ရှိ






ဖနောင်ပင် ဧပြီ ၂၉



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ် ဖြင့် ပေကျင်းမြို့မှ ကူမင်းမြို့ Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ ကြရာ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးMr. Zhang Guohua ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
လက်ခံတွေ့ဆုံ
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr.Chen Haoအား လေဆိပ် အထူးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မြန်မာအထူးလေယာဉ် ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅ မိနစ်တွင် ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသမီးရေးရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Kantha Phavi ၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms.Eat Sophea ၊ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးMr. Sok Chea နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် The Great Duke Phnom Penh Hotel သို့ ရောက်ရှိကြသည်။
မိသားစုဝင်များနှင့် တွေ့ဆုံ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို၊ သံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံသည်။
ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မြန်မာသံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်

နွေရာသီနှင့် မီးဘေးအန္တရာယ်



မြန်မာ့အလင်းအယ်ဒီတာအာဘော်





ရာသီဥတုပူသည်နှင့် ယှဉ်တွဲလိုက်ပါလာသော မြန်မာနိုင်ငံ၏ ပြဿနာ ကြီး တစ်ခုမှာ မီးဘေးအန္တရာယ်ဖြစ်ပါသည်။ ရာသီဥတုက ပူလွန်း လှသည်ဖြစ်သည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးက ကြွပ်ရွနေကာ မီးစ မီးနလာသည်နှင့် လောင်ကျွမ်းရန် လွယ်ကူနေလေ့ရှိ၏။
လျှပ်စစ်မီး မလုံလောက်မှုပြဿနာက တွဲဖက်နေသည့်အခါ ညဘက် ဖယောင်းတိုင်အသုံးပြုရာမှစ၍ လည်းကောင်း၊ လျှပ်စစ်မီးလာစဉ် လျှပ်စစ် မီးဖို၊ မီးပူ အစရှိသည်တို့ကို ဖွင့်ကာ အလုပ်လုပ်နေစဉ် မီးပျက် သွားကာ အလုပ်ရပ်သွားသော်လည်း မီးကို မပိတ်မိဘဲ မီးပြန်လာသည့် အခါ အမှတ်မထားမိရာမှ လည်းကောင်း၊ လျှပ်စစ်မီး အတက်အကျ မမှန်ရာမှ ရုတ်တရက် မီးအားမြှင့်သွားသဖြင့် လျှပ်စစ်မီးကြိုးများ၊ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများတို့မှ တစ်ဆင့် လည်းကောင်း စသည်စသည် တို့သော အကြောင်းအမျိုးမျိုးကြောင့်လည်း မီးဘေးအန္တရာယ်က ဖြစ်ပွားတတ်လေ့ရှိပါသည်။
အထူးသဖြင့် မြို့စီမံကိန်းကျကျနန မပြုလုပ်နိုင်ဘဲ ပေါ်ပေါက်လာ သော မြေကွက်စိပ်စိပ်ခွဲကာ ဆောက်သည့် သစ်အိမ် ဝါးအိမ်များသည် ဖွဲ့စည်းတည်ဆောက်ထားပုံက ကျပ်တည်းကျဉ်းမြောင်းနေ၏။ တစ်အိမ် နှင့်တစ်အိမ် အလွန်နီးကပ်နေသည်ဖြစ်သောကြောင့် မီးလောင်သည်နှင့် အလွယ်တကူ ကူးသွားနိုင်နေ၏။ မီးသတ်ကား အစရှိသည်တို့ ဝင်ရောက် ရန် လုံလောက်အောင် ကျယ်ဝန်းသည့် လမ်းပန်းလည်း မရှိသည့်အခါ မီးဘေးအန္တရာယ် တစ်စုံတစ်ရာဖြစ်လျှင် ငြိမ်းသတ်နိုင်ရန် အလွန်ခက်ခဲ နေသည့်အတွက် အပျက်အစီး အဆုံးအရှုံး ပိုမိုများပြားသွားလေ့ရှိသည်။
သူခိုး ခိုးလျှင် ကျန်သေးသည်၊ မီးခိုးလျှင် အားလုံးကုန်ဆိုသော စကားကဲ့သို့ မီးလောင်ကျွမ်းမှုဖြစ်လျှင် ဘာဆိုဘာမှ မကျန်အောင် ဖြစ်တတ်သည်ကို သတိပြုရန် လိုအပ်ပါမည်။ ဤသို့သော ဆုံးရှုံးမှုသည် ပုဂ္ဂလိကတစ်ဦးချင်း ဆုံးရှုံးမှုအဖြစ်သာမက နိုင်ငံ၏ ထိခိုက်ဆုံးရှုံးမှု လည်းဖြစ်ပါသည်။
ယနေ့ကာလတွင် စနစ်တကျဆောက်လုပ်သည့် အဆောက်အအုံ များတွင် မီးဘေးအန္တရာယ်က သက်သာလွတ်မြောက်နိုင်စေရေး၊ လူတို့ အတွက် အကူအညီ အထောက်အပံ့ဖြစ်စေမည့် အရေးပေါ် ထွက်ပေါက်၊ မီးခိုးငွေ့သတိပေးခေါင်းလောင်း၊ မီးအချက်ပေးနှင့် ရေဖျန်းစနစ် အစရှိ သည်တို့ကို အဆောက်အအုံ၏ အရွယ်အစား၊ အထပ်အရေအတွက်နှင့် အသုံးပြုပုံ စသည်တို့ပေါ်မူတည်၍ ဆောက်လုပ်ခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ရှိပါသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ကြရန် လိုအပ်လှပါသည်။
စည်ပင်သာယာ၏ စည်းမျဉ်းစည်းကမ်းများကဲ့သို့ မီးသတ်ဦးစီး ဌာနက သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်လည်း လိုအပ်မည် ဖြစ်ပါသည်။
ယနေ့ မီးသတ်ဦးစီးဌာနသည် ယခင်ကာလများကကဲ့သို့ မဟုတ်ဘဲ အထူးဂရုတစိုက် အလုပ်လုပ်ကြသည်ကို တွေ့မြင်နေရပြီး ပြည်သူလူထု ကလည်း အားကိုးကြ၊ ကျေနပ်အားပေးနေကြသည့် အဖွဲ့အစည်းဖြစ်လာ နေပါသည်။ မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်သည်နှင့် ချက်ချင်းဆိုသလို အများပြည်သူကို သတင်းပေးလိုက်ပြီး အမြန်ဆုံးရောက်အောင်သွားကာ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြသည့်အတွက် တစ်ခေတ် တစ်ခါက ပြည်သူတို့ လှောင်ပြောင်သရော်လေ့ရှိသည့် အဖွဲ့အစည်းတစ်ခု အဖြစ်မှသည် ပြည်သူတို့ ချီးကျူးအားပေးခြင်းနှင့် အားကိုးယုံကြည်ခြင်း ကို ရသည့် အဖွဲ့ အစည်းတစ်ခုအဖြစ်သို့ ပြောင်းလဲလာနေပြီဖြစ်ပါသည်။
ထို့ပြင် အချို့သော မြို့ပြစီမံကိန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း များသည် ပြင်ဆင်ဆဲ၊ အသစ်ဖြည့်စွက်ရေးဆွဲဆဲဖြစ်သည့်အတွက် လက်ရှိ စည်းမျဉ်းစည်းကမ်းနှင့် ကင်းလွတ်သည့်တိုင် မိမိတို့၏ အဆောက် အအုံအတွက် လိုအပ်သည်ဟုယူဆလျှင် ဉာဏ်ဖြင့်ချင့်ချိန်ဆောင်ရွက် ကြရန်လည်း လိုအပ်ပါမည်။
အချုပ်ကိုဆိုရပါမူ မီးဘေးအန္တရာယ်ဟူသည် မလောင်ခင်က တားရမည့် ပြဿနာဖြစ်ပါသောကြောင့် ယခုလို ရာသီဥတုပူလွန်း သည့်ကာလများတွင် သတိဝီရိယ ပိုမိုထားရှိကြရေး နှိုးဆော်လိုက် ရပါကြောင်း။ ။

Monday, April 29, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကချင်ပြည်နယ်အတွင်းရှိ လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





Image may contain: one or more people, people standing, outdoor and nature
 နေပြည်တော် ဧပြီ ၂၈



 ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ကချင် ပြည်နယ်ပူတာအို - မချမ်းဘော့ လမ်းပေါ် ရှိ မလိခတံတား (မချမ်းဘော့) ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စဉ်ဆက် မပြတ်စစ်ဆေး၍ ထိန်းသိမ်းစောင့်ရှောက် ကြရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် မချမ်းဘော့- ဖရုခ - နောင်မွန်လမ်းပေါ်ရှိ တံတားအထူးအဖွဲ့ (၁)မှ တည်ဆောက်သော အရှည်ပေ ၄၀၀ ရှိ တံတားအမှတ်(၁/၈) ထီခ တံတားတည်ဆောက်ရေးလုပ်ငန်းခွင် ၌ သံကူကွန်ကရစ်ရေလယ်တိုင် တည်ဆောက်နေမှုနှင့် Steel Plate Girder တပ်ဆင်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား အရည် အသွေး ၊ စံချိန်စံòန်းနှင့်အညီ သတ်မှတ် အချိန်ကာလအတွင်း ပြီးစီးရေး၊ မိုးမကျမီ ပြီးစီးနိုင်မည့် လုပ်ငန်းများကို ပြီးစီး အောင်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် အဆိုပါလမ်းပေါ်ရှိ အရှည်ပေ ၂၀၀ ရှိ တံတားအမှတ်(၃/၂၂) ထာခတံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ တံတား တိုင်လုပ်ငန်းများ တည်ဆောက်နေမှုနှင့် အရှည်ပေ ၂၁၀ ရှိ တံတားအမှတ် (၁/၅၆) တဆာတံတား ဘေလီသံပေါင် တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး နောင်မွန် မြို့ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထန်ထု - ကဆန်ခူး - ထုံလာ - ခူထီ ကျေးရွာချင်းဆက်လမ်း မြေသားလမ်း ဖောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ရပ်ဘော့ - ပန်နန်းဒင် - ဒဇွန်ဒမ်း လမ်းကို ကြည့်ရှုစစ်ဆေး၍ မဂွေဇ - ခေါင်လန်ဖူးလမ်းနှင့် မချမ်းဘော့ - ဖရုခ - နောင်မွန်လမ်းတို့အား ဆက်သွယ်မည့် မဂွေဇတံတား တည်ဆောက်မည့်နေရာ နှင့် မြေပြင်အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ပျိုးဥယျာဉ်များနှင့် စိုက်ခင်းများကြည့်ရှုစစ်ဆေး




 နေပြည်တော် ဧပြီ ၂၈



 ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့ သည် ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနား မြို့နယ် သစ်တောဦးစီးဌာန မြို့မ ပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး မြို့မပျိုးဥယျာဉ်တည်ရှိရာ ရုက္ခဥယျာဉ် အတွင်း ပေါက်ရောက်လျက်ရှိသည့် သစ်မျိုးများအား စာရင်းကောက်ယူရန်၊ လေ့လာသူများ လွယ်ကူစေရန်အတွက် ရုက္ခဥယျာဉ်အတွင်းရှိ သစ်ပင်များ၏ သစ်မျိုးအမည်နှင့် ရုက္ခဗေဒအမည်များ ချိတ်ဆွဲထားရှိရန်၊ ရုက္ခဥယျာဉ်အား အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ လူထု ဖြန့်ပျိုးပင်များအား စိုက်ပျိုးလိုသည့် ပြည်သူများလက်ဝယ်သို့ စနစ်တကျ ဖြန့်ဖြူးရန်၊ ပျိုးပင်များမဖြန့်ဝေမီ ကျန်းမာ ကြံ့ခိုင်သန်စွမ်းသည့် ပျိုးပင်များဖြစ်စေ ရေးအတွက်Hardening Process ဆောင်ရွက်ရန်၊ နှစ်ချို့ပျိုးပင်ကြီးများ အား ပျိုးအိတ်ကြီးများဖြင့် ပြောင်းထည့် ရန်တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရွှေကျ ပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး ရွှေကျပျိုးဥယျာဉ်အတွင်း ယခုထက် သစ်မျိုးများစုံလင်အောင် ဦးစီးရုံးချုပ် ပျိုးဥယျာဉ်နှင့် ချိတ်ဆက်၍ ထပ်မံတိုးချဲ့ ပျိုးထောင်ထားရှိရန်၊ ပျိုးအိတ်ကြီး ပျိုးပင် များကို အပူဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိအောင် စနစ်တကျပြုစုထိန်းသိမ်းရန် တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၁၆ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် များအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတော် ပြုလုပ်၍ တည်ထောင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းများ ရှင်သန်အောင်မြင်မှုနှင့် ပြုစု ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် မိုးရာသီ တွင် တည်ထောင်စိုက်ပျိုးမည့် စိုက်ခင်း အတွက် မြေနေရာရှင်းလင်းပြင်ဆင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးပြီးသစ်ပင်များ သေကျေပျက်စီး မှုမရှိစေရန် စနစ်တကျပြုစုထိန်းသိမ်းရန်၊ အပူဒဏ်ကြောင့် သေကျေပျက်စီးသည့် အပင်များကို ယခုမိုးရာသီတွင် သက်တမ်း တူ ပျိုးပင်များဖြင့် ဖာထေးစိုက်ပျိုးရန်၊ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ဆောင်ရွက်မည့်မြေနေရာအား မြေရှင်း လင်းရာတွင် အပေါ်ယံမြေဆီလွှာများ မဆုံးရှုံးအောင် မြေညှိခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်၊ အပင်စိုက်ပျိုး ရန် ကျင်းတူးခြင်းလုပ်ငန်းဆောင်ရွက် ပြီးပါက လိုအပ်သည့်မြေဩဇာဖြည့်တင်း ခြင်း ဆောင်ရွက်ထားရှိရန်တို့ကို မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်သို့ဆက်လက် ထွက်ခွာ၍ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၁၄/၅နှင့် ၂၁၄/၆ အကြားရှိ ငလိုက်ပျိုးဥယျာဉ်အားကြည့်ရှု စစ်ဆေး၍ လူထုဖြန့်ဝေခြင်းဆောင်ရွက် ရာတွင် ယခုနှစ်ပျိုးပင်ထက် ယခင်နှစ် ပျိုးထောင်ထားသည့် သက်တမ်းရင့် ယူကလစ်၊ မယ်ဇလီပျိုးပင်ကြီးများအား ဖြန့်ဝေရန်၊ ပျိုးအိတ်သေးများဖြင့် ပျိုးထောင်ထားရှိသည့် သက်တမ်းရင့် ပျိုးပင်များအား ပျိုးအိတ်ကြီးများဖြင့် ပြောင်းရွှေ့ပြုစုပျိုးထောင်ရန်၊ မိုးကျ သည်နှင့် တစ်ပြိုင်နက်ပျိုးပင်များအား စိုက်ပျိုးလိုသည့် ပြည်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

ရန်ကုန် နှလုံး၊ ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံသစ်ကြီးပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ





Image may contain: 3 people, people sitting, child and shoes
 နေပြည်တော် ဧပြီ ၂၈



ရန်ကုန် နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါ အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေး စီမံကိန်းမြေနေရာ၌ ကျင်းပသည်။
အကျိုးကျေးဇူးများရရှိနိုင်
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆေးပညာရပ်အပါအဝင် ကုသရေး ကဏ္ဍကြီးတစ်ခုလုံး ပိုမိုတိုးတက်ကောင်းမွန် စေမည့် အထူးကုဆေးရုံသစ်ကြီး ပြီးစီးပါ က လူနာများ အနေဖြင့် သက်သောင့်သက် သာဖြင့် ပိုမိုကျယ်ဝန်းသန့်ရှင်းသပ်ရပ် သော ဆေးရုံကြီးတွင် ကုသမှုခံယူနိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက် အကူပြုပညာရှင်များ အားလုံးသည် လည်း ကောင်းမွန်ခေတ်မီသော ဆေးရုံ သစ်ကြီးတွင် ဆေးပစ္စည်းကိရိယာစုံလင် စွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဆေးနှင့်ဆေးနှီးနွှယ် ပညာ သင်ကြားသင်ယူမှုလုပ်ငန်းများပါ ဆောင်ရွက်နိုင်ခြင်း စသည်ဖြင့် များစွာ သော အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း။
ဆေးရုံသစ်ကြီး တည်ဆောက်လည် ပတ်ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံ အစိုးရကဂျပန် ယန်းငွေ (၈ ဒသမ ၆) ဘီလီယံခန့်အား ထောက်ပံ့ကူညီမည် ဖြစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ မြန်မာကျပ်ကျပ်ငွေ ၄၂ ဘီလီယံ ခန့် ကျခံသုံးစွဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်
ဂျပန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံတို့ အကြား ကျန်းမာရေးကဏ္ဍတွင် ကာလ တာရှည် ရင်းနှီးချစ်ကြည်စွာပူးပေါင်း ဆောင်ရွက်ခဲ့မှုများစွာရှိခဲ့ပြီး လားရှိုး၊ လွိုင်ကော်၊ မကွေးနှင့် ထားဝယ် ဆေးရုံ ကြီးများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးကု ဆေးရုံသစ်ကြီးပြီးစီးပြီးနောက် နှလုံးရောဂါဆေးပညာ၊ နှလုံးခွဲစိတ်ကုသ မှုပညာ၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုပညာ၊ ဦးနှောက်နှင့်အာရုံ ကြောခွဲစိတ်ကုသမှု ပညာဌာနများဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်မည်ဖြစ်ကာ ဆေးနှင့် ဆေးနှီးနွှယ်သင်ကြား သင်ယူမှုများ ပိုမို လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြော ကြားသည်။
သိသာထင်ရှားသောလက္ခဏာဖြစ်
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန် တိုင်းဒေသကြီးတွင် အများပြည်သူ အကျိုးအတွက် အရည်အသွေးကောင်း မွန်ပြီး ပစ္စည်းကိရိယာ ပြည့်စုံသည့် အထူး ကုဆေးရုံကြီး ပေါ်ထွန်းလာမည်ဖြစ် သဖြင့် ဝမ်းမြောက်ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုအထူးကုဆေးရုံ သစ်ကြီး သည် လွန်ခဲ့သော နှစ် ၄၀ ခန့်က JICA မှ ဆောက်လုပ်လှူဒါန်းခဲ့သော ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး ကဲ့သို့ရန်ကုန်မြို့၏ အချက်အချာကျ သောနေရာတွင် တည်ရှိသဖြင့် လူနာ လွှဲပြောင်းပေးပို့ရာတွင်လည်း အဆင်ပြေ ကာမြန်မာ- ဂျပန်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏သိသာထင်ရှား သော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း ပြောကြားသည်။
ဝိုင်းဝန်းကြိုးစားဆောင်ရွက်
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H. E. Mr. Ichiro Maruyama က ဂျပန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Shinzo Abe ကိုယ်တိုင်ကတိပြုခဲ့သည့် ယခုအထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံ ကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်သည့်အတွက် ဝမ်းမြောက်ပါ ကြောင်း၊ JICA အဖွဲ့မှ ဆောက်လုပ်ပေး ခဲ့သော ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး ဘက်စုံအဆင့်မြှင့်တင်ရေး လုပ်ငန်းများကိုလည်း အလေးအနက် ထားစဉ်းစားသွားမည် ဖြစ်ပါကြောင်း၊ မြန်မာ- ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု သင်္ကေတဖြစ်သော အထူးကုဆေးရုံသစ် ကြီး အကောင်းဆုံးတည်ဆောက် လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုး စားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် JICA Myanmar Office မှ Chief Representative ဖြစ်သူ Mr. Masayuki Karasa- wa က ယခုအထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံကိန်းသည် နှလုံး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ များအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ပိုမိုမြှင့်တင်ရန်နှင့်အဆင့် မြင့်နည်းပညာများအသုံးပြု၍ ခွဲစိတ်ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံသံအမတ်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ JICA အဖွဲ့မှ တာဝန်ရှိသူများက မင်္ဂလာ ပန္နက်တော်များ တင်ပေးကြသည်။
တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ငှက်ဖျား ရောဂါဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှုဌာနနှင့် သူနာ ပြုနှင့် သားဖွားဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှုဌာနတို့ ပိုမိုတိုးတက်ဖွံ့ဖြိုးရေး ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကေသွယ် ဟန်တို့က ဆေးသုတေသနဦးစီးဌာနရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ငှက်ဖျားရောဂါဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှုဌာန နှင့် ပတ်သက်၍လည်းကောင်း၊ သူနာပြု တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမြတ်သန္တာက သူနာ ပြု တက္ကသိုလ် (ရန်ကုန်) ရှိ က္ဘာ့ကျန်းမာ ရေးအဖွဲ့ အသိအမှတ်ပြုသူနာပြုနှင့် သားဖွားဆိုင်ရာ သုတေသနနှင့် လေ့ကျင့် ရေး ပူးပေါင်းဆောင်ရွက်မှုဌာနနှင့် ပတ်သက်၍လည်းကောင်း၊ ဆေး သုတေသန ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာမို့မို့ထွန်းက မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနမှတ်ပုံ တင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မတူပီ-ဟားခါးလမ်းပိုင်း လမ်းတာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး




ဟားခါး ဧပြီ ၂၈


ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ဆက်သွယ်သည့် မတူပီ - ဟားခါး လမ်းပိုင်း လမ်းတာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေး၍ ဆူရ်ခွားမြို့တွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့သည် မတူပီမြို့မှတစ်ဆင့် မော်တော်ယာဉ် များဖြင့်ထွက်ခွာလာရာ လမ်းတစ်လျှောက်ရှိ မြို့၊ ရွာများမှ ဒေသခံပြည်သူများက ရိုးရာဓလေ့အတိုင်း ဂုဏ်ပြုကြိုဆိုကြပြီး ဒုတိယသမ္မတက ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးသည်။
ထို့နောက် ဦးမျိုးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်နေသည့် ဟားခါး- မတူပီလမ်း (၁၂၈ ဒသမ၇၀ကီလိုမီတာ) (၈၀/၀)မိုင်မှ (၁၂၉ ဒသမ ၀၀ ကီလိုမီတာ) (၈၀/ ၁ ဒသမ ၅ မိုင်) အတွင်း လမ်းတာချဲ့ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူ များက လက်ရှိ လမ်းတာချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များ အပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဆူရ်ခွားမြို့သို့ရောက်ရှိကြပြီး စော်ဘွားကြီး ဦး VAN KIO ၏နေအိမ် တွင် ချင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသ ထားသည့်ပြတိုက်ကို ကြည့်ရှုလေ့လာ သည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဆူရ်ခွားမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
အခမ်းအနား၌ ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ရောက်ရှိလာခဲ့သည့်အခါ ဆူရ်ခွား ကျေးရွာကို မြို့အဆင့်သို့ နိုင်ငံတော်မှ တိုးမြှင့်ပေးသည့် အချိန်အခါသမယနှင့် တိုက်ဆိုင်သည့်အတွက် အားလုံးအတွက် ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည့် အချိန်အခါဟု ပြောလိုပါကြောင်း။
မြို့အဆင့် တိုးမြှင့်သတ်မှတ်
ဆူရ်ခွားကျေးရွာကို ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မြို့ပြအုပ်ချုပ် ရေးရုံးကိုဖွင့်လှစ်ပြီး ဝန်ထောက်ရုံး စိုက်ခဲ့ပါကြောင်း၊ ၁၉၆၆ ခုနှစ်မှ စတင်ပြီး ၁၉၇၄ ခုနှစ်အထိ ဆူရ်ခွား ကျေးရွာအုပ်စုကို လက်ထောက်မြို့ပိုင် ရုံးစိုက်သည့် မြို့နယ်ခွဲအဖြစ်သတ်မှတ်ပြီး လက်ထောက်မြို့ပိုင်တစ်ဦးကို အုပ်ချုပ်စေ ခဲ့ပါကြောင်း၊ သို့သော် ၁၉၇၄ ခုနှစ် မှစတင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့နယ်ခွဲမှ ကျေးရွာအုပ်စုအဆင့်ကို ပြန်လည်လျှော့ချခဲ့ပါကြောင်း၊ သို့သော် ဒေသခံပြည်သူများ၏ တင်ပြချက်၊ လိုလားချက်အရ ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်တွင် ဆူရ်ခွားကျေးရွာအုပ်စုကို မြို့အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း။
ဆူရ်ခွားကျေးရွာနှင့် ပတ်သက်ပြီး ၁၉၇၈ ခုနှစ်တွင် ၁၆ ခုတင်ဆံ့ ဆေးရုံနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲကင်းကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ အလားတူ ၁၉၉၁ ခုနှစ်တွင် အခြေခံပညာအထက်တန်း ကျောင်း၊ မူလတန်းကျောင်း၊ နယ်မြေ မီးသတ်စခန်းများကိုလည်း နိုင်ငံတော် အစိုးရမှ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု မြို့အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ကြောင့် အခြားမြို့အဂ¯ရပ်နှင့် ဆက်စပ် သည့် ရုံးလုပ်ငန်း၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများကိုလည်း နိုင်ငံတော်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုအဆင့်မှ မြို့အဆင့်သို့ တိုးမြှင့် သတ်မှတ်ပေးခြင်းသည်လည်း နယ်မြေဒေသ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးများကို အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန်အတွက် ယခုကဲ့သို့ ဖွဲ့စည်းပေးခြင်းကြောင့် နိုင်ငံတော်အစိုးရ ၏ စေတနာကိုလည်း ဒေသခံပြည်သူများ အားလုံးက အလေးအနက် သိရှိနားလည် သဘောပေါက်ပေးစေလိုပါကြောင်း။
နယ်မြေဒေသ ဖွံ့ဖြိုးရန်ကြိုးစား
ချင်းပြည်နယ်သည် လမ်းပန်းဆက် သွယ်ရေး အလွန်ခက်ခဲသည့်ဒေသ ဖြစ်သည့်အတွက်ကြောင့် အစစအရာရာ တွင် နောက်ကျကျန်ခဲ့သည့် ပြည်နယ် တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဆင်းရဲမွဲတေမှုသည် ၂၆ ရာခိုင်နှုန်းခန့် ပျမ်းမျှရှိပြီး ချင်း ပြည်နယ်တွင် ၇၄ ရာခိုင်နှုန်းရှိပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် တို့ထက် ပိုမိုကြိုးစားရမည် ဖြစ်ပါကြောင်း။
ထိုသို့ ပိုမိုကြိုးစားနိုင်စေရန် ယခုကဲ့သို့ ကျေးရွာအုပ်စုများအား မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေသည့်အချိန် တွင် ဒေသခံပြည်သူအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးကြီး ပါကြောင်း။
မြို့အဆင့် မြို့ငါးမြို့ တိုးမြှင့်သတ်မှတ်
အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ နှင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် လိုလားသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ဆူရ်ခွားကို မြို့အဆင့် သတ်မှတ်ပေးသကဲ့သို့ လက်ရှိ အစိုးရသုံးနှစ်သက်တမ်းအတွင်း ချင်း ပြည်နယ်တွင် ကျေးရွာအုပ်စုအဆင့်မှ မြို့အဆင့်သို့ မြို့ငါးမြို့ကို တိုးမြှင့် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ချင်းပြည်နယ် တောင်ပိုင်းတွင် ကျင်ဒွေးရွာ၊ မကွီအိမ်နူး ရွာနှင့် ယခု မြောက်ပိုင်းတွင်လည်း နှာဟရိန်မြို့၊ ဆူရ်ခွားမြို့နှင့် ဝေဘူလ မြို့တို့ကိုလည်း ကျေးရွာအုပ်စုအဆင့်မှ မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါ ကြောင်း။
ပြည်ထောင်စုစိတ်ဓာတ် မွေးမြူ
ချင်းပြည်နယ်၏ အဓိက နောက်ကျ ကျန်ခဲ့သည့် အကြောင်းရင်းသည် လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်ပါ ကြောင်း၊ ယခုအခါ လမ်းပန်းဆက်သွယ် ရေးသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို အရှိန်အဟုန်ဖြင့် တိုးတက်လာရန်အတွက် ကြိုးစားဆောင်ရွက်နေသည့် အချိန်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်တွင် ချင်းတိုင်းရင်းသား လူမျိုးများသည် အမျိုးသားအရေးတွင် အခြားပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ တက်တက်ကြွကြွဖြင့် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာ ကောင်းများကို ထိန်းသိမ်းပြီး လာမည့် နှစ်များတွင် နိုင်ငံသူ နိုင်ငံသားများ အားလုံး၏ အဓိက လိုလားတောင့်တနေ သည့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူပြီး နိုင်ငံတော်အစိုးရ၏ ကြိုးစားဆောင်ရွက် ပေးနေမှုအပေါ်တွင် ဒေသခံပြည်သူ များအနေဖြင့် တက်တက်ကြွကြွပူးပေါင်း လက်တွဲပြီး ပါဝင်ဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖ တစ်ဦးကတင်ပြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးဖြည့်ဆည်းပေးသွားမည့် အစီအစဉ်များကို ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ဦးရွှေထီးယို၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်များနှင့်တွေ့ဆုံ၊ သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်





Image may contain: 6 people, people sitting, table and indoor
 ပေကျင်း ဧပြီ ၂၈



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၉ နာရီ မိနစ် ၅၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်များနှင့် တွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံရုံးအတွင်း လှည့်လည် ကြည့်ရှုပြီး မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာသို့ ရောက်ရှိပြီး Chinese People's Political Consultative Conference- CPPCC ဥက္ကဋ္ဌ Mr. Wang Yang နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကိုယ်စား(Chinese People's Political Consultative Conference - CPPCC ) ဥက္ကဋ္ဌMr. Wang Yang က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ယန်းချင့်မြို့Beijing International Horti- cultural Exhibition သို့ရောက်ရှိပြီး မြန်မာပြခန်း (Myanmar Garden) သို့ သွားရောက်လေ့လာကြည့်ရှုရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြခန်းတာဝန်ခံ ဒေါ်ခင်ဌေးကြွယ်တို့က ရှင်းလင်းပြသ ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာပြခန်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးပြီး ပြခန်းတာဝန်ရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
Beijing International Horticultural Exhibition တွင် နိုင်ငံတကာနှင့် အဖွဲ့ အစည်းများ၏ ပြခန်း ပေါင်း ၁၁၀ ပြသထားပြီး ပြပွဲကို အောက်တိုဘာ ၇ ရက်ထိ ဖွင့်လှစ်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပြခန်းသို့ ရောက်ရှိပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ၊ ကမ္ဘာ့နိုင်ငံ များမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရ အဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့ကိုယ်စား လှယ်များနှင့်အတူ နိုင်ငံကိုယ်စားပြု ဗီဒီယိုမှတ်တမ်းများကို ကြည့်ရှုကြကာ နိုင်ငံတကာပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ (2019 Beijing International Horticultural Exhibition) ဖွင့်ပွဲ အမှတ်တရပန်းသီး ပင်ကို စိုက်ပျိုးပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကွေးရွေ့ပြဇာတ် ရုံသို့ ရောက်ရှိပြီး သစ်သီးဝလံနှင့် ပန်းမန် ဥယျာဉ်ပြပွဲ (2019 Beijing Inter- national Horticultural Exhibi- tion ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။ သတင်းစဉ်

ကြိုးပမ်းအားထုတ်မှုနှင့် အခြေအနေအခွင့်အလမ်း



မြန်မာ့အလင်းအယ်ဒီတာအာဘော်



မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဘ၀သို့ ကျရောက် ခဲ့ရာမှ ပြန်လည်ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေရသည်။ LDCဟူ၍လည်း လူသိများကြသည့် နိုင်ငံမွဲဘ၀ကိုခံယူကာ အကူအညီအထောက်အပံ့များ၊ သက်သာခွင့်များ စသည်တို့ရယူရန် ရည်ရွယ်ခဲ့သော်လည်း အခြားသော နိုင်ငံမွဲများနည်းတူ အခွင့်အရေးများ အပြည့်အဝမရရှိခဲ့။ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် နိုင်ငံမွဲဘ၀ကို ကျရောက်ခဲ့ရခြင်းသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေခဲ့သည်။ မည်သို့ပင် ဆိုစေ လက်ရှိအခြေအနေတွင်တော့ နိုင်ငံမွဲဘ၀မှ ပြန်လည်လွတ်မြောက် တော့မည့် အလားအလာကောင်းများ ရှိနေပြီဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသား များ၏ ကြိုးပမ်းအားထုတ်မှုအပေါ်တွင် အဓိကမူတည်နေပြီး အစိုးရ ပိုင်းကမူ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ ပေါ်ပေါက်လာရေး အတွက် အခြေအနေအခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖို့ပင် ဖြစ်သည်။ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ အားကောင်းမောင်းသန် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ဘ၀ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများ၊ ရပ်ဓလေ့ ရွာဓလေ့များ၊ အာဟာရပြည့်ဝအောင် စားသောက်နိုင်သည့် အခြေအနေများနှင့် အဆင့်ဆင့်သော ဦးစီးဦးဆောင်မှုများ စသည်တို့က ဖန်တီးပေးသည်ဟူ၍ ပညာရှင်တို့က ဆိုသည်။
မဝေးသေးသည့် အတိတ်ကာလ နှစ်ပေါင်း ၅၀ ကျော်မျှကြာအောင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရာမှ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်အခြေအနေတို့လည်း နိမ့်ကျခဲ့ရပြီး ဖိနှိပ် တင်းကျပ်သည့် အုပ်ချုပ်ရေးပုံစံများ၏အောက်တွင် လူတို့၏ အတွေး အခေါ်အယူအဆများ၊ အမူအကျင့်များ၊ စိတ်ဓာတ်ရေးရာ အခြေအနေများ သည်လည်း ပြောင်းလဲသွားခဲ့သည်။ ခေတ်ကာလအခြေအနေများ၏အောက်တွင် နိမ့်ကျသွားခဲ့ကြရာတွင် မိမိတို့မှီတင်းနေထိုင်ရာ နိုင်ငံ၏ အရေးကိုလည်းကောင်း၊ မိမိပါဝင်သည့် လူ့အဖွဲ့အစည်းကိုလည်းကောင်း စိတ်ဝင်စားမှု နည်းပါးလာသည်။ အများအကျိုးဆောင်လိုခြင်းထက် အကျပ်အတည်းမှ လွတ်မြောက်ရာလွတ်မြောက်ကြောင်းနှင့် မိမိ တစ်ကိုယ်စာအတွက်ကိုသာ ဦးစားပေးစဉ်းစားလာကြသည်။ ဆင်းရဲမွဲတေ ခြင်းနှင့် နိမ့်ကျခြင်းကို အရှိတရားအဖြစ်လက်ခံကာ လိုက်လျောညီထွေ ညှိယူနေထိုင်လာကြသည်။ ကာလကြာရှည်စွာ တိုးတက်မှုကင်းမဲ့နေသည့် အခြေအနေကို ပြောင်းလဲဖြစ်ပေါ်လာအောင် အားထုတ်ကြိုးပမ်းမည့် အစား (ကျောက်နံရံကို ခေါင်းနှင့်မတိုက်တော့ဘဲ) တင်းတိမ်ရောင့်ရဲ ငိုက်မျဉ်းတတ်လာသည်။ ဤအခြေအနေနှင့် ဤစိတ်ဓာတ်များ ရာစုနှစ်ထက်ဝက်ကျော်မျှ အမြစ်တွယ်ခဲ့သည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ခေတ်အပြောင်းအလဲတွင် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ထအား၊ ရုန်းအားတို့ ရရှိရန်မှာ အဘက်ဘက်မှ ပြုပြင်မှုတို့ ပြုလုပ်ပေးရမည်ဖြစ်သည်။ အထူးသဖြင့် မျိုးဆက်သစ်များကို နည်းလမ်း မှန်ကန်စွာ ပြုစုပျိုးထောင်ရင်း တစ်ဖက်တွင်လည်း လက်ရှိမျိုးဆက်များကို နိုင်ငံ၏ အရေးအရာများ၌ တက်ကြွစွာပါဝင်လာရေး၊ စည်းကမ်းရှိသော၊ စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းအဖြစ် ဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံရေးဆိုင်ရာနည်းလမ်း၊ လူမှုရေးဆိုင်ရာနည်းလမ်းများဖြင့် ပြုပြင် ပြောင်းလဲသွားရမည်ဖြစ်သည်။
မြန်မာလူမျိုးတို့သည် ပင်ကိုဗီဇအားဖြင့် အားနည်းနိမ့်ကျသူများ မဟုတ်သည်မှာ လွန်စွာမှပင် သေချာပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံဘ၀သို့ ကျရောက်ခဲ့ရခြင်းသည် ထိုခေတ်ထိုအခါက ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု နိမ့်ကျခဲ့ခြင်းကြောင့် မဟုတ်ဘဲ ပြည်သူတို့၏ အားထုတ်ကြိုးပမ်းမှုများကို ရယူနိုင်စွမ်းမရှိခဲ့သော၊ အခြေအနေ အခွင့်အလမ်းများ ဖန်တီးပေးနိုင်စွမ်းမရှိခဲ့သော ထိုခေတ် နိုင်ငံအုပ်စိုးသူ တို့ကြောင့်သာဖြစ်ပြီး သမိုင်းသင်ခန်းစာယူဖွယ်ရာအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်သည်။ လူတိုင်းလူတိုင်း မိမိကိုယ်တိုင် စွမ်းဆောင်နိုင်သူတစ်ဦးအဖြစ် နှင့် မိမိဘ၀ တိုးတက်မြင့်မားရေး၊ မိမိနေထိုင်ရာပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် အခြေအနေ၊ အခွင့်fအလမ်းကောင်းများလည်း ဖြစ်ထွန်းပေါ်ပေါက်ပါစေကြောင်း။ ။

Sunday, April 28, 2019

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ (၂၆) ကြိမ်မြောက် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်အမှာစကားပြောကြား





Image may contain: 10 people, people sitting and indoor
ရန်ကုန် ဧပြီ ၂၇



 မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် (၂၆) ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာ နိုင်ငံ အလှကုန်အသင်းတို့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ကော်မတီငါးရပ်ဖွဲ့စည်း
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေ က အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ တွင် အဖွဲ့ဝင် ၂၀ ဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို စတင် ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းအား ဖြင့်(၂)နှစ်ခွဲရှိပြီဖြစ်ပါကြောင်း၊ စီးပွား ရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အတွက် လုပ်ငန်း ကော်မတီ(၅) ရပ်ဖွဲ့စည်းကာ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခု တွေ့ဆုံပွဲသည် (၂၆)ကြိမ်မြောက် ဖြစ်ပါ ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၅)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် အားလုံး ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှတစ်ဆင့် သက်ဆိုင် ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အဆိုပါပြန်ကြားချက်များသည် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ သည်များရှိသကဲ့သို့ အချို့အချက်များ သည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက် ပေးရမည့်လုပ်ငန်းများ ဖြစ်ပါကြောင်း။
အချို့ ဆက်လက်ဖြေရှင်းဆောင်ရွက် ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်း ကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ အနေဖြင့် သက်ဆိုင်သည့်ဝန်ကြီးဌာန များနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံကာ ဆွေးနွေးပွဲ ( Public- Private Dialogue ) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့်နေရာ တွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီး သော အခန်းကဏ္ဍတွင်တည်ရှိပြီး နှစ်စဉ် ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် (ဧပြီလ ၁၂ ရက်နေ့အထိ) ကိန်းဂဏန်း များအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၁၂ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၁၂ ဘီလီယံ ပိုမိုဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အဆိုပါကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၁၂ ဘီလီယံတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၆၂ ဘီလီယံ ပါဝင်သည့်အတွက် ၈၄ ရာခိုင် နှုန်း အထိပါဝင် ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း။
လုပ်ငန်းရှင်များပူးပေါင်းရန်လို
စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြောင်းလဲလျက်ရှိသည့် စီးပွားရေးဝန်း ကျင်ကို အမီလိုက်နိုင်စေရန် နောက်ဆုံးအခြေအနေနှင့်ကိုက်ညီသည့် သတင်း အချက်အလက်များ ရရှိစေရေးမှာ အဓိက ကျသည့်အချက်ဖြစ်သည့်အတွက် မိမိတို့ အစိုးရဌာနများ၏ Website Pageနှင့် Facebook Page တို့တွင် အခါအား လျော်စွာ ဝင်ရောက်ကြည့်ရှုကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန် ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးရန် တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရား မဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် မတ်လ အထိ ဖမ်းဆီး အရေးယူမှု ၄၃၆ ကြိမ် ခန့်မှန်းတန်ဖိုးငွေကျပ်ကျပ် ၅ ဒသမ ၁၄၅ ဘီလီယံဖမ်းဆီးနိုင်ခဲ့ကြောင်း။
ကုန်ပစ္စည်းများအရည်အသွေးမြှင့်တင်ရေးနှင့်ပတ်သက်၍ ရေရှည်ထိန်းသိမ်း နိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်နိုင် ရန်လိုကြောင်း၊ ထုတ်လုပ်သူ ၊ သယ်ယူပို့ ဆောင်သူ၊ ဆိပ်ကမ်းရှင်းလင်းရေး၊ သင်္ဘောလိုင်းများ၊ သိုလှောင်သူ၊ ထုပ်ပိုး သူ၊ ဖြန့်ဖြူးရောင်းချသူ၊ စားသုံးသူစသည့် Supply Chain တစ်ခုလုံးတွင်ရှိသည့် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
Doing Business တိုးတက်မှု အနေဖြင့် ယခုနှစ်တွင် နောက်ဆုံးကြိုးစား ရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း၊ အòန်းကိန်းအလိုက် တာဝန်ရှိသည့်ဌာန များက မိမိတို့ရည်မှန်းချက်အတိုင်း ပြောင်းလဲမှုများကို အချိန်မီဆောင်ရွက် ကြရန် လိုအပ်သည်ဟု ပြောကြားလိုပါ ကြောင်း၊ ယခုနှစ်တွင်၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအတွက် ကြိုတင်ဆောင်ရွက် နေသည့် ပြုပြင်ပြောင်းလဲမှု(Reform)များကို အညွှန်းကိန်း(Indicator) တစ်ခု ချင်းအလိုက် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ အòန်းကိန်းများကို ဆောင်ရွက်နေသည့် သက်ဆိုင်ရာအစိုးရ ဌာနများအနေဖြင့် ပြုပြင်ပြောင်းလဲမှု များကို မည်သို့ဆောင်ရွက်နေသည်၊ မည်သို့ ဆက်သွယ်မေးမြန်းရမည်တို့ကို စီးပွားရေးလုပ်ငန်းရှင်များ လွယ်ကူလျင် မြန်စွာ သိရှိနိုင်စေရန်အတွက်လည်း ဝန်ကြီးဌာနများ၏ Website များတွင် သာမက Ease of Doing Business ဆိုင်ရာ လုပ်ငန်းစဉ်များအား သီးသန့် လွယ်ကူစွာသိရှိနိုင်စေရန်အတွက်Mya- nmar Ease of Doing Business Website ကို ယနေ့မှ စတင်၍ ထုတ်လွှင့် သွားတော့မည်ဟု သိရှိရပါကြောင်း။
အဆိုပါ Website တွင် အòန်း ကိန်း ၁၀ ခုစလုံးအတွက် ဆောင်ရွက် လျက်ရှိပုံများ၊ မေးလိုသည်များကို ဖြေကြားပေးမည့် Call Centerများ၊ မကြာခဏမေးလေ့ရှိသော မေးခွန်းနှင့် အဖြေများ၊ အစိုးရဌာနများမှ ပြုပြင် ပြောင်းလဲဖြေလျှော့လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ကြန့်ကြာချိန်များ၊ ပေးသွင်းရမည့် ငွေကြေးတန်ဖိုးများ စသည်တို့အားလုံးကို တစ်နေရာတည်းတွင် ပြည့်ပြည့်စုံစုံကြည့်ရှု ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ပေး ထားသည်ကိုလည်း ပြောကြားလိုပါ ကြောင်း။
ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြရန်လို
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စီးပွား ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်နေသောကြောင့် မိမိတို့ အနေဖြင့် လုပ်ငန်းရှင်များ အဆင်ပြေ ချောမွေ့စေရေးကို ဦးစားပေးလျက်ရှိပြီး ဖြေလျှော့ပေးနိုင်သည့် လုပ်ငန်းစဉ်များ ကို ဖြေလျှော့ပေးလျက်ရှိကြောင်း၊ အပြန် အလှန်အားဖြင့် လုပ်ငန်းရှင်များဘက်မှ လည်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက် ရာတွင် တာဝန်ယူမှုရှိသည့် စီးပွားရေး လုပ်ငန်းများဖြစ်အောင် ကြိုးစားဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး မည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေး မည့် ကဏ္ဍများနှင့်သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများတက်ရောက် လာကြသည့်အတွက် မိမိတို့ အသင်းအဖွဲ့ များ၏ တွေ့ကြုံနေရသော အခက်အခဲ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြည်ပနိုင်ငံ များသို့ ပဲနှင့်ဆန်များ တင်ပို့ရောင်းချနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ဝန်ကြီး ဌာနမှ ဆောင်ရွက်နေမှု အခြေအနေများ နှင့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့် အခါတွင် ကိုယ်ပိုင်အိမ်ရာနေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လစဉ်ပင်စင်ထောက်ပံ့ပေးနိုင်ရေး တို့အတွက် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံ ငွေ (Central Provident Fund - CPF ) ထူထောင်ကာ ဆောင်ရွက်သွား မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တွေ့ကြုံနေရသည့် အခက်အခဲအကြံပြု တင်ပြချက်များအပေါ် ဝန်ကြီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ဖိုရမ်ကျင်းပနိုင်ရေးစီစဉ်ဆောင် ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်း မင်းက Myanmar Doing Business Website လွှင့်တင်ထားခြင်းအား အသိ ပေးဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် မူဆယ် - နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုး၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်စုလှိုင် နှင့် မြန်မာနိုင်ငံအလှကုန်အသင်းမှ ဥက္ကဋ္ဌ ဦးကျော်မင်းတို့က သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံး ချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ခေါ်နူးစုမ်အမျိုးသားဥယျာဉ် အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




Image may contain: 3 people, people standing, outdoor and nature
မင်းတပ် ဧပြီ ၂၇



 ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် မှု အခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၆ရက် ညနေပိုင်းတွင် ကန်ပက်လက်မြို့ အမှတ် (၂) ရပ်ကွက်ရှိ ''ကန်ပုလဲ'' ' ၀' ဥ နှင့် တောင်ပေါ်သီးနှံများ အခြောက်ခံခြင်း နှင့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းသို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတအား မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့
ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက လက်ရှိ '၀ ' ဥ၊ ထောပတ် နှင့် ကော်ဖီစိုက်ပျိုးနေမှုအခြေအနေများ၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ရှင်းလင်း တင်ပြချက်များအပေါ် ဒုတိယသမ္မတက '၀' ဥ၊ ထောပတ်နှင့် ကော်ဖီများကို တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ထုတ်လုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ ထိုသို့တင်ပို့ ရောင်းချရာတွင် ဈေးကွက်ကို တတ်နိုင် သမျှ ထိန်းညှိဆောင်ရွက်သွားနိုင်ရေး၊ ချင်းပြည်နယ်ထွက်ကုန်ပစ္စည်းများအား အစုအဖွဲ့အသင်းအဖွဲ့များ ဖွဲ့စည်း၍ ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်နှင့် အသေးစားနှင့် အလတ်စား စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများ အတွက် လိုအပ်သောအရင်းအနှီးရရှိရန် ချေးငွေထုတ်ချေးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။
တောင်သူများ ဝင်ငွေတိုး
ချင်းပြည်နယ်တွင် '၀' ဥ ကို မတူပီ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များတွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး '၀'ဥ အစို တစ်ပိဿာလျှင် ဒေသ္တရပေါက်ဈေး ငွေကျပ်ကျပ် ၁၇၅၀ ၊ '၀'ဥ အခြောက်ဖြစ်ပါက တစ်ပိဿာလျှင် ဒေသ္တရပေါက်ဈေး ငွေကျပ်ကျပ် ၁၂၀၀၀ ဖြစ်ကာ '၀' ဥ တစ်ဧက စိုက်ပျိုးပါက '၀'ဥ ပိဿာသုံးထောင် ခန့်ရရှိပြီး စနစ်တကျ စိုက်ပျိုးနိုင်ပါက အထွက်နှုန်း ပိဿာ ၅၀၀၀ မှ ၈၀၀၀ ကြား ပိုမိုထွက်ရှိနိုင်မည်ဖြစ်ပြီး တောင်သူ တစ်ဦးလျှင် ဝင်ငွေကျပ်ကျပ် ၈၃ သိန်းကျော် ရရှိနိုင်မည် ဖြစ်သည်။
ထောပတ်တစ်ဧကလျှင် သုံးတန် ခန့်ထွက်ရှိပြီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၃၀၀ ခန့်ရှိရာ ဝင်ငွေအနေဖြင့် ငွေကျပ်ကျပ် ၅၈ သိန်း ရရှိနိုင်ပြီး '၀' ဥ နှင့် ထောပတ်ကို သီးညှပ်စိုက်ပျိုးပါက တစ်ဧကလျှင် တောင်သူတစ်ဦး ငွေကျပ်ကျပ် သိန်း ၁၄၀ ကျော် ဝင်ငွေ ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေးနှင့် ဂေဟ စနစ်များ ပျက်စီးမှုမရှိစေရေး၊ ရှားပါး မျိုးစိတ်များအား ဌာနဆိုင်ရာနှင့် ဒေသခံ ပြည်သူများက ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက် သွားရန် မှာကြားသည်။
ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သည် ၁၉၃၆ ခုနှစ်တွင် ဘောလီမိုးကြိုးဝိုင်း အဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုခဲ့ကာ ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အတည်ပြုဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ဥယျာဉ်မှာ အကျယ်အဝန်းအားဖြင့် ၁၇၆၂၀၂ ဧက/ ၇၁၃၀၅ ဟက်ကာရှိပြီး အမြင့်ပေ အားဖြင့် ပေ ၁၀၂၀၀ / ၃၀၅၃မီတာ ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ Hornbill ကော်ဖီထုတ်လုပ်ရေး စက်ရုံ သို့ ရောက်ရှိကြရာ စက်ရုံပိုင်ရှင် ဦးမာဟုန်းက ကော်ဖီစိုက်ပျိုးထားရှိမှု အခြေအနေ၊ စက်ကိရိယာ အဆင့်ဆင့်ဖြင့် ကော်ဖီထုတ်လုပ်နေမှု အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ချင်းပြည်နယ်အတွင်းရှိ ကမ္ဘာ့အဆင့်မီ ကော်ဖီမျိုးအား အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အရည်အသွေးမြင့်ကော်ဖီ များ ထုတ်လုပ်၍ အဆင့်မီထုပ်ပိုးမှု စနစ်များဖြင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးစားသွားရမည် ဖြစ်ကြောင်းပြောကြားပြီး လိုအပ်ချက် များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
အဆင့်မြင့်စက်များ အသုံးပြု
အဆိုပါ ကော်ဖီထုတ်လုပ်ရေးစက်ရုံ တွင် ချင်းပြည်နယ်မှ သဘာဝအတိုင်း စိုက်ပျိုးထွက်ရှိသော အကောင်းဆုံး အရည်အသွေးပြည့်မီသည့် Arabica ကော်ဖီသီးကိုသာ စနစ်တကျ ရွေးချယ် ၍ အရည်အသွေး စမ်းသပ်စစ်ဆေးမှု များကို အဆင့်ဆင့်ပြုလုပ်ပြီး အဆင့်မြင့် စက်များ အသုံးပြုထုတ်လုပ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ သည် မင်းတပ်မြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည် ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် ဒုတိယသမ္မတသည် ဆောက်လုပ်ရေးဝန်ကြီးဌာန တည် ဆောက်ရေး (၃)၊ အဆောက်အဦအထူး အဖွဲ့ (၉) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေက အဆောက်အဦအထူးအဖွဲ့ (၉) မှ တည်ဆောက်လျက်ရှိသည့် ဆေးရုံတိုးချဲ့ လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး တည်ဆောက်ရေးမြေနေရာသို့ သွား ရောက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မင်းတပ်တက္ကသိုလ် တည်ဆောက် ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက တက္ကသိုလ် တည်ဆောက်ရာတွင် သစ်တောသစ်ပင် များကို အတတ်နိုင်ဆုံး ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက် မှုများကိုလည်း အမြန်ဆုံးဆောလျင်စွာ ဆောင်ရွက်သွားရန်နှင့် လိုအပ်သော သန့်ရှင်းသည့် သောက်သုံးရေရရှိရေး ကိုပါတစ်ပါတည်း စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဘောခွီးဥယျာဉ်ခြံသို့ သွားရောက်၍ ထောပတ်ပျိုးပင်နှင့် ဆေးဖက်ဝင်သစ်ခွပျိုးပင်များ စိုက်ပျိုး ဖြစ်ထွန်းနေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဘောခွီးဥယျာဉ်ခြံအတွင်း ၂၀၁၈ - ၂၀၁၉ ခုနှစ်မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
လည်မျိုချောင်းတံတား
ယင်းနောက် ဒုတိယသမ္မတသည် တံတားအထူးအဖွဲ့ (၁)မှ တည်ဆောက် လျက်ရှိသည့် မင်းတပ် - မတူပီလမ်း ကီလိုမီတာ (၁၀၈ - ၁၀၉)အကြားရှိ မုန်းချောင်းတံတားနှင့် မင်းတပ် - မတူပီ လမ်း ကီလိုမီတာ (၁၅၆- ၁၅၇)အကြားရှိ လည်မျိုချောင်းတံတား တည်ဆောက် ပြီးစီးမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
မုန်းချောင်းတံတားသည် ပေ ၆၀ ရှည်လျားပြီး လက်ရှိတွင် လုပ်ငန်းဆောင် ရွက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် တံတား တစ်စင်းလုံးပြီးစီးမည်ဖြစ်ပြီး လည်မျို ချောင်းတံတားသည် ပေ ၂၄၀ ရှည်လျား ပြီး၂၀၂၀ခုနှစ် ဧပြီ ၃၀ ရက်တွင် တံတား တစ်စင်းလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ဆေးရုံလိုအပ်ချက် ပံ့ပိုးဖြည့်ဆည်း
ဆက်လက်၍ ဒုတိယသမ္မတသည် မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဒေါက်တာ တလွန်ကျုံးထန်က ဆေးရုံသို့ တက်ရောက်သည့် လူနာအခြေအနေ၊ လူနာများအား ဆေးဝါးအခမဲ့ပေးဝေမှု၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်း အခြေအနေ၊ ၆ ခန်းတွဲ ၂ ထပ်ဆောင် အရာထမ်းအိမ်ရာ ဆောက်လုပ်မည့် အခြေအနေနှင့် ဆေးရုံ တွင် လိုအပ်လျက်ရှိသည့် တိုက်နယ် ဆရာဝန်များနှင့် နေ့စားဝန်ထမ်းများ ခန့်ထားပေးရေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး ဆောက်လုပ်ပေးရေးနှင့် ဆေးရုံပတ်လမ်းများ၊ ဝန်ထမ်းအိမ်ရာနှင့် ဆက်သွယ်သည့်လမ်းများအား ကွန်ကရစ် လမ်းခင်းပေးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦးက ဆေးရုံ၏ လိုအပ် ချက်များအပေါ် ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
သတင်းစဉ်

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြန်ဆက်ရုံးများနှင့် ရုပ်ရှင်စတူဒီယိုများ ကြည့်ရှုစစ်ဆေး





ရန်ကုန် ဧပြီ ၂၇



 ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်း က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မြို့နယ်ရုံးများ၊ ဗဟန်းမြို့နယ် ရွှေတောင် ကြားလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ စတူဒီယိုများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိ ရန်ကုန်တိုင်း ဒေသကြီးရုံး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်နှင့် လှိုင်မြို့နယ်၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရှိ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ၏ သင်တန်းခန်းမများ၊ စာကြည့် တိုက်များ၊ ပြတိုက်ငယ်များ၊ စာဖတ် ခန်းများ၊ ကလေးစာဖတ်ခန်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ရုံးများတွင် အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဆောက် အဦနှင့် မြေနေရာရရှိနိုင်မှု အနေအထား များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင် စတူဒီယိုများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဒုတိယဝန်ကြီးက စာကြည့်တိုက်များအတွင်း စာဖတ်သူများ စိတ်ချမ်းမြေ့စွာ စာဖတ်နိုင်ရန် ဆောင်ရွက်ပေးရေး၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်၊ စာစောင်များ အတတ် နိုင်ဆုံး စုံလင်စွာရှိရန် ဝယ်ယူဖြည့်တင်း နိုင်ရေး၊ ရုံးများ၏လုံခြုံရေး၊ သဘာဝ ဘေးအ္တရာယ်၊ လျှပ်စစ်မီး၊ မီးဘေး အန္တရာယ် အထူးဂရုပြုရေး၊ ပြန်ဆက်ရုံး များတွင် အခြားဝန်ကြီးဌာနများ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ဟောပြော ပွဲ၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် ဒေသခံပြည်သူများအတွက် အားကစား ပစ္စည်းများ တတ်နိုင်သလောက် ဖြည့်တင်းနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအား ပံ့ပိုးကူညီခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်






Image may contain: 2 people, people sitting, crowd and indoor
ရန်ကုန် ဧပြီ ၂၇



လူမှုဝန်ထမ်းဦးစီးဌာနမှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး òန်ကြားရေးမှူးချုပ်ရုံးသို့ Wheel Chair အစီး ၅၀ လှူဒါန်းသည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Wheel Chairအစီး ၅၀ကို ပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြန်လည်နေရာချထားရေးòန်ကြား ရေးမှူးချုပ်ရုံးမှ ဗိုလ်ချုပ်ဝင်းလွင်က လက်ခံရယူပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထောက်ပံ့ငွေပေးအပ်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် အုတ်ဖိုမြို့နယ်အတွင်း မိခင်ဝိုင်းများနှင့် မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီးက အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်ရှိသော လူသားအရင်းအမြစ်များသည် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် ဘ၀ကပင် စတင်ပျိုးထောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဘတ်ဂျက်ရန်ပုံငွေ အကန့်အသတ်ရှိသောကြောင့် မိခင်ဝိုင်းများ၊ မူကြိုကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရာတွင် ပုဂ္ဂလိက မူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ရန် အစိုးရက နည်းပညာပံ့ပိုးမှုပေးခြင်း၊ အစိုးရနှင့် ပြည်သူလက်တွဲ၍ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေး ဆရာဖြစ်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း၊ မိဘများ၊ မိသားစုဝင်များနှင့် ပြည်သူများအားလုံးက သဘောပေါက်နားလည် ပြီး ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းများအတွက် တစ်နိုင်ငံလုံး သာတူညီမျှ ခံစားရရှိစေရန် ကနဦးထောက်ပံ့မှုကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မသန်စွမ်းများအတွက် ထောက်ပံ့မှုပြုရာတွင် မသန်စွမ်းမှုအလိုက် အဆင့်ခွဲခြားပြီးပါက တစ်နိုင်ငံလုံး စနစ်တကျ ဆက်လက်ထောက်ပံ့နိုင်ရန် အစီအစဉ် များလည်း ချမှတ်ထားကြောင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။
မိခင်ဝိုင်းများဖွင့်လှစ်ရန် ထောက်ပံ့
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုတ်ဖိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၅၆၄ ဦးအတွက် ထောက်ပံ့ငွေကျပ်ကျပ် ၁၆၉၂၀၀၀၀၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများအတွက် ထောက်ပံ့ငွေကျပ်ကျပ်သိန်း ၆၀ နှင့် မိခင်ဝိုင်းများ ဖွင့်လှစ်ရန် အတွက် ထောက်ပံ့ငွေကျပ် ၂၀၂၃၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ် ကြပြီး ထောက်ပံ့မှုများအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း စုစုပေါင်း ထောက်ပံ့ငွေကျပ်ကျပ် ၂၄၉၄၃၁၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ဟားခါးမြို့တွင် လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲကျင်းပ




Image may contain: one or more people
ဟားခါး ဧပြီ ၂၇



ဟားခါးမြို့တွင် လူထုအခြေပြုဗဟိုဌာန(Community Centre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့တို့ ပူးပေါင်းစီမံမှုဖြင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးလ်၊ လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင်ထန်၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ညန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြရာ ကျောင်း သား ကျောင်းသူများက ဘင်ခရာနှင့် ပန်းပွားအကတို့ဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ က လူထုအခြေပြုဗဟိုဌာနဆိုင်းဘုတ် နှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်တို့ကို အမွေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး ရွေ့လျားစာကြည့်တိုက်အား ကြည့်ရှု အားပေးကြသည်။
ယင်းနောက် လူထုအခြေပြုဗဟိုဌာန တွင် ဆောင်ရွက်ထားသည့် စာကြည့် တိုက်နှင့် ကလေးစာဖတ်ခန်းတို့အား လှည့်လည်ကြည့်ရှုကြပြီး ကလေးစာဖတ် ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲဝင်နေကြသည့် ကလေးများအား လက်ဆောင် အရုပ်များ ပေးအပ်သည်။ ဆက်လက်၍ ကွန်ပျူတာသင်တန်းခန်းမ၌ သင်တန်း ဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးသည်။
အသိပညာ ဗဟုသုတ မျှဝေ
ထို့နောက် လူထုအခြေပြုဗဟိုဌာန နှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲအခမ်း အနား ဒုတိယပိုင်းကို ယာယီမဏ္ဍပ်နှင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းအချက်အလက် ဖြန့်ဝေ ပေးသည့် ပြန်ကြားရေးလုပ်ငန်း၊ အသိ ပညာ ဗဟုသုတ မျှဝေဖြည့်ဆည်းပေးသည့် ပညာပေးလုပ်ငန်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့် ရုပ်/သံ ထုတ်လွှင့်မှု အပြင် အသံလွှင့်လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးရေးအတွက် နည်းဥပဒေရေးဆွဲ လျက်ရှိရာ ၎င်းလုပ်ငန်းများပြီးစီးပါက ရုပ်/သံ လုပ်ငန်းများအပြင် Commu-nity Radio လုပ်ငန်းများလည်း ပိုမို တိုးတက်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါ ကြောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနအနေဖြင့် နိုင်ငံတော်ပြန်တမ်း ထုတ်ဝေခြင်း၊ စာပေဆုချီးမြှင့်ခြင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ် ထုတ်ဝေခြင်း၊ စာပေဗိမာန်မှ စာအုပ် ထုတ်ဝေခြင်းလုပ်ငန်းများအပြင် ထွန်း ဖောင်ဒေးရှင်းနှင့်ပူးပေါင်းပြီး မြန်မာ စွယ်စုံကျမ်းကို လက်ရှိအခြေအနေနှင့် ကိုက်ညီအောင်ပြုစုပြီး ထုတ်ဝေရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် မြန်မာ့ အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာသုံးစောင်ကို နေ့စဉ်ထုတ်ဝေမှု အပြင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ရန်ကုန်နှင့် မ္တလေးစာမျက်နှာများ၊ တိုင်းရင်းသားရေးရာနှင့် လူငယ်များ အတွက် မျိုးဆက်သစ်ရင်ပြင်၊ ကလေး များအတွက် ကာတွန်းစာမျက်နှာ စသည်ဖြင့် အချပ်ပိုစာမျက်နှာများ ထည့်သွင်း ထုတ်ဝေဖြန့်ချိလျက်ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အများ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်မှုကို ပြောကြား လိုပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သှူ ဆက်ဆံရေးရုံးများနှင့် စာကြည့်တိုက် များကို ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ ဘက်စုံသုံးခန်းမများဖြင့် ဖွဲ့စည်း ဆောင်ရွက်မှုအပြင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့်ပူးပေါင်းပြီး ကွန်ပျူတာ သင်တန်းခန်းမ၊ ရွေ့လျားစာကြည့်တိုက် လုပ်ငန်းများဖြည့်စွက်၍ လူထုအခြေပြု ဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ၎င်းတွင် စာဖတ်ဝိုင်းများ၊ ပြည်သူ့စကားဝိုင်းများ၊ သင်တန်းများ ကျင်းပမှုအပြင် အားကစား ပစ္စည်းများပါထည့်သွင်းပြီး အများပြည်သူ ဝင်/ထွက် သွားလာစုဝေးရာ အကျိုးရှိ သည့်နေရာဖြစ်အောင် ကြိုးပမ်း လုပ်ဆောင်နေပါကြောင်း၊ ပြည်သူ့ စကားဝိုင်းများကို ကာလဒေသနှင့် ကိုက်ညီသည့် ခေါင်းစဉ်၊ အကြောင်းအရာ များ ရွေးချယ်ပြီး အပြန်အလှန်ဆွေးနွေးမှု ဖြင့် ဒီမိုကရေစီအဂ¯ရပ်နှင့်အညီ ပြည်သူများအကြား စနစ်တကျဝေဖန် သုံးသပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အများပြည်သူအတွက် အကျိုးရှိအောင် ရည်ရွယ်ချက်ရှိစွာဖြင့် စီမံဆောင်ရွက်နေမှုအပေါ် ပြည်သူများ ကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် အောင်မြင်မှုရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ရှင်း လင်းပြောကြားသည်။
စာပေဖတ်ရှုလေ့လာမှု တိုးမြှင့်
ယင်းနောက် ပြည်နယ်လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင်ထန်က ပြည်သူများ အသိပညာဗဟုသုတတိုးပွား ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စာပေဖတ်ရှုလေ့လာမှု တိုးမြှင့်ဆောင်ရွက် ရန်ကို လည်းကောင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြား ရေးမှူး ဦးမိုးဇော်ဦးက ဖောင်ဒေးရှင်း၏ ရေတို/ရေရှည် အစီအမံနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ရှင်းလင်းပြောကြားရာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖ ဦးငွန်ဝုန်းက ဟားခါးဒေသအတွက် လူထု အခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့် တိုက် စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြန်လည် ပြောကြားသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဟိုတယ်နှင့် ချက်နည်းပြုတ်နည်းသင်တန်း ကျောင်း (Hospitality and Cateriy Traing Academy)နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဖြစ်သော လမ်းဖောက်ခြင်း၊ တံတား ဆောက်ခြင်း၊ လူနေအိမ်၊ ဆရာဆောင်နှင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ဆိုလာမီး၊ လျှပ်စစ်မီးရရှိရေး ကူညီပေး ခြင်း၊ ရေတွင်းရေကန်များ တူးဖော်ခြင်း၊ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူ များကို ကူညီခြင်း စသည့် လုပ်ငန်း ဆောင်ရွက်မှုအပြင် ရွေ့လျားစာကြည့် တိုက်လုပ်ငန်း ၁၅ ခု ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် ဟားခါးမြို့ လူထုအခြေပြုဗဟိုဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၁၄ ခု ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟားခါးမြို့ရှိ ချင်းတိုင်းရင်းသား တို့၏ ရိုးရာနေအိမ်ပြတိုက်ကို လည်း ကောင်း၊ ရှုခင်းသာမျှော်စင်ကို လည်း ကောင်း၊ ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းသစ် ဖောက်လုပ်မှုကို လည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ





Image may contain: 2 people, people smiling, people standing, suit and outdoor
 နေပြည်တော် ဧပြီ ၂၇




ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၆ ရက် ညနေပိုင်းက Pulkovo - 3 လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး၊ ရုရှားတပ်မတော် ရေတပ်မှ Commander Dmitry Krainov နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay A. Listopadov ၊ ဒုတိယစစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်

လုံခြုံမှု အထူးဂရုပြု



မြန်မာ့အလင်းအယ်ဒီတာအာဘော်





အီရတ်နှင့် ဆီးရီးယားတွင် အရေးနိမ့်လာခဲ့သည့် အိုင်အက်စ် အကြမ်းဖက် အဖွဲ့က ဖိလစ်ပိုင်တောင်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံအချို့သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် မလေးရှားနိုင်ငံ ဆာဘားပြည်နယ်အတွင်း စုရပ်များ ရွေးချယ်ထားကြောင်း မလေးရှားရဲမင်းကြီးက ပြောကြားခဲ့ခြင်း နှင့် စပ်လျဉ်းသည့် နိုင်ငံတကာသတင်းက မိမိတို့နိုင်ငံတွင် လုံခြုံရေးကို အထူးဂရုပြုကြရန် နှိုးဆော်လိုက်သကဲ့သို့ပင်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အရေးနိမ့်ခဲ့သည့် အကြမ်းဖက်ဝါဒီတို့က ၎င်းတို့၏ လှုပ်ရှားမှုအချက်အချာဒေသကို လုံခြုံရေးအားနည်းမည်ဟု ၎င်းတို့ယူဆသည့်နေရာများသို့ ရွှေ့ပြောင်းကာ ခြေကုပ်ယူကြရန် ပြင်ဆင် လာကြခြင်းဖြစ်သည်။ အရှေ့တောင်အာရှဘက်သို့ ဦးတည်လာသော အိုင်အက်စ်အကြမ်းဖက်သမားများတွင် အင်ဒိုနီးရှားနှင့် အခြား အရှေ့တောင်အာရှသားများလည်း ပါဝင်သည်ဟု ယူဆရကြောင်း မလေးရှားရဲမင်းကြီး၏ ပြောကြားချက်နှင့်အတူ မြန်မာနိုင်ငံတွင် ရခိုင် ပြည်နယ်ဘက်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သတင်းများ လည်း ထွက်ပေါ်လာရာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်နေရာကို အခွင့်ကောင်းယူရန် ကြိုးပမ်းလာခြင်းပင်ဖြစ်သည်။
နိုင်ငံရေးရည်မှန်းချက် သို့မဟုတ် ဘာသာရေးရည်မှန်းချက်တစ်ခုခု အတွက် ပြည်သူလူထုကို အကြောက်တရား သွတ်သွင်းနိုင်ရန်အလို့ငှာ ခြိမ်းခြောက်မှု သို့မဟုတ် အကြမ်းဖက်မှု နည်းလမ်းများဖြင့် အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်ခြင်းသည် အကြမ်းဖက်ဝါဒ၏ သရုပ်သကန်ပင် ဖြစ်သည်။ ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုများဆောင်ရွက်ရာမှာ လူ့အဖွဲ့အစည်းများထဲတွင် ၎င်းတို့၏ အမြုတေ (Cell) များ မြှုပ်နှံခြင်း၊ ၎င်းတို့၏ အစွန်းရောက် အတွေးအခေါ်များကို သွတ်သွင်းကာ ဦးနှောက် ဆေးကြောခြင်း၊ အတွင်းနှင့်အပြင် ချိတ်ဆက်ဆောင်ရွက်ခြင်း စသည့် နည်းလမ်းများကို ကျင့်သုံးကြခြင်းဖြစ်သည်။ အိုင်အက်စ်ကဲ့သို့သော အဖွဲ့ကမူ ဘာသာရေးအရေခြုံထားသော်လည်း ၎င်းတို့၏ အတွေးအခေါ်၊ အကျင့်အကြံများသည် ဘာသာရေးနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းသာ ဖြစ်ပြီး ဆန့်ကျင်ကြောင်း ဘာသာရေးအကြီးအကဲများနှင့် လူကြီးသူမ များက ပြောကြားကြသည့်အလျောက် လူငယ်လူရွယ်များ လမ်းမှားရောက် မသွားစေရန် ဂရုပြုစောင့်ရှောက်ကြရန် လိုအပ်မည်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် အီစတာပွဲတော်နေ့က ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွင် အကြမ်းဖက်သမားတို့၏ ချိတ်ဆက် လှုပ်ရှားခဲ့ပုံ၊ သာမန်ပြည်သူ လူထုများအကြားတွင် လှုပ်ရှားသွားလာနေပုံ တို့ကို သတင်းများတွင် ဖော်ပြခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မည့် သတင်း များကို သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတို့က ကြိုတင်ရရှိထားခဲ့ သော်လည်း ပေါ့ဆစွာ လျစ်လျူရှုခဲ့ခြင်းနှင့်အတူ လုံခြုံရေးအရ ကြိုတင်ပြင်ဆင်မှု ကင်းမဲ့ခဲ့ခြင်းတို့ကြောင့် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရကာ အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံး ခဲ့ကြရသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။
အကြမ်းဖက်ခြင်းသည် သာမန်လူ့အဖွဲ့အစည်းကို ရက်ရက်စက်စက် တိုက်ခိုက်ခြင်းပင် ဖြစ်ခြင်းကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်ရာတွင် လူတိုင်းလူတိုင်းက ပါဝင်ကြရမည်ဖြစ်သည်။ ဘာသာရေး၊ နိုင်ငံရေး စသည်တို့မှာ အကြမ်းဖက်ဝါဒီတို့၏ အကြောင်းပြချက်မျှသာဖြစ်ပြီး ၎င်းတို့၏ အဓိကဦးတည်ချက်မှာ အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း လူ့အဖွဲ့အစည်းကို အကြောက်တရား လွှမ်းမိုးထားရန်သာ အဓိကဖြစ်သည်။ လူတိုင်းက မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် လူစိမ်းသူစိမ်း ဝင်ထွက်သွားလာ မှုများ၊ မသင်္ကာဖွယ်လှုပ်ရှားမှုများ၊ အယောင်ဆောင်ဖုံးကွယ်နေထိုင် မှုများ၊ အစွန်းရောက် အတွေးအခေါ်သင်ကြားမှု၊ သွေးဆောင်ဖြားယောင်း မှုများ စသည်တို့ကို ဂရုပြုစောင့်ကြည့်ကာ သက်ဆိုင်ရာသို့ သတင်းပို့ခြင်း၊ လုံခြုံရေးဆောင်ရွက်မှုများ၌ ပူးပေါင်းပါဝင်ခြင်း၊ ကူညီဆောင်ရွက်ခြင်း နည်းလမ်းများအားဖြင့် မိမိတို့၏ လူ့အသိုင်းအဝိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားပေါ်ပေါက်ခြင်း၊ အေးချမ်းသာယာမှု ပျက်ပြားကာ အကြောက် တရား လွှမ်းမိုးခံရခြင်းတို့မှ ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ တက်ရောက် ပါဝင်ဆွေးနွေး




Image may contain: 2 people, people smiling, people standing and suit
 ပေကျင်း ဧပြီ ၂၇



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ရန် Yanqi Lake International Conference Centre သို့ ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ကြိုဆိုနှုတ်ဆက်သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲများသို့ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်Jixian Hall ၌ Boosting Connectivity to Explore New Sources of Growth ခေါင်းစဉ်ဖြင့် ကျင်းပ သည့် စကားဝိုင်းဆွေးနွေးပွဲ (ပထမပိုင်း) သို့ တက်ရောက်၍ ပါဝင်ဆွေးနွေးသည်။
မိတ်ဖက်နိုင်ငံများအတွက် အကျိုးကျေးဇူးများ ပေါ်ပေါက်
ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အခြေခံအဆောက်အအုံ တိုးတက်မှုနှင့် ပြည်သူအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှုများကို မြှင့်တင်နိုင်ခြင်းဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမမိတ်ဖက်နိုင်ငံများအတွက် အကျိုးကျေးဇူးများ ပေါ်ပေါက်လာ မည်ဟု မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝအသိအမှတ်ပြုပါကြောင်း၊ ဒေသတွင်း အခြေခံအဆောက်အအုံ ဆက်သွယ်ချိတ်ဆက်မှုများနှင့် ကြီးမားသည့် အခြေခံ အဆောက်အအုံစီမံကိန်းများသည် ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပြည်သူများ စီးဆင်းသွားလာမှု များမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးပေးရေးတို့ကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။
တစ်ချိန်တည်းမှာပင် အခြေခံအဆောက်အအုံစီမံကိန်းကြီးများ အကောင် အထည်ဖော်သည့်အခါ ဘဏ္ဍာရေးဆိုင်ရာ စွန့်စားရမှုများ၊ စိန်ခေါ်မှုများရှိသည်ကို မိမိတို့အနေဖြင့် သတိပြုမိပါကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း မူဘောင်အောက် တွင် ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ် နိုင်စေရန် ပြည့်စုံသည့် ရေရှည်ဘဏ္ဍာရေးအစီအစဉ်၊ လုံလောက်သည့်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေနှင့် ဒေသတွင်းဘဏ္ဍာရေးဆိုင်ရာ အ္တရာယ်များကို ကြိုတင်သတိပေးမည့် ကောင်းမွန်သော စနစ်တစ်ရပ်သည် အရေးကြီးပါကြောင်း။
နိုင်ငံ၏စီးပွားရေးကို တိုးတက်ပြောင်းလဲစေနိုင်
စီမံကိန်းကြီးများကို စတင်အကောင်အထည်ဖော်ခြင်းထက် ထိန်းသိမ်းရေးကိစ္စ ရပ်တွင် စိန်ခေါ်မှုပိုမိုကြီးမားသည်ကို မိမိတို့အနေဖြင့် သတိပြုရန်လိုအပ်ပါကြောင်း၊ သို့ရာတွင် အချို့သောအောင်မြင်နေသည့် အခြေခံအဆောက်အအုံစီမံကိန်းကြီး
များသည် နိုင်ငံ၏စီးပွားရေးကို တိုးတက် ပြောင်းလဲစေနိုင်ပြီး ဒေသခံပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ကိုလည်း ထိရောက်စွာတိုးတက်စေနိုင် ပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေပါကြောင်း။
အခြေခံအဆောက်အအုံ ဆက်သွယ် ချိတ်ဆက်မှု အထောက်အပံ့များသာမက ပြည်သူအချင်းချင်း ဆက်သွယ်ချိတ်ဆက် မှုသည်လည်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ပါ ကြောင်း၊ မိမိအနေနှင့် ပြည်သူအချင်းချင်း ချိတ်ဆက်မှု တိုးတက်စေရန်လိုအပ်သော အထူးသတိမူရမည့် နယ်ပယ်အချို့ကို အသားပေးဖော်ပြလိုပါကြောင်း။
ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
ပထမအချက်မှာ ပညာရေးနယ်ပယ် ဖြစ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ် နှင့်အတူ အဆင့်မြင့်ပညာရေးတွင် အရည် အသွေးအာမခံနိုင်ရေးအတွက် မိမိတို့ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် စံသတ်မှတ်ရေးများ လိုအပ်ပါကြောင်း၊ ယင်းကိစ္စအတွက် ပညာရပ်များ၊ တွေးခေါ် ကြံဆမှုများနှင့် အတွေ့အကြုံဖလှယ်မှု များကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ပြည်သူအချင်းချင်းစည်းနှောင် မှုနှင့် ချစ်ခင်ရင်းနှီးမှု တိုးတက်လာရေး တို့အတွက် ဘာသာရပ်ဆိုင်ရာဖလှယ် မှုများ၊ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပညာတော်သင် အစီအစဉ်များကို ဆောင်ရွက်သင့် ပါကြောင်း။
ဒုတိယအချက်အနေဖြင့် ခရီးသွား ကဏ္ဍသည် အပြန်အလှန်နားလည်မှုကို တိုးမြှင့်စေပြီး များပြားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုနှင့် အလုပ် အကိုင် အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင် ပါကြောင်း၊ ခရီးသွားကဏ္ဍသည် မတူ ကွဲပြားသည့် လှူအဖွဲ့ အစည်းများအကြား သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို လည်း ပေါ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ က္ဘာလှည့် ခရီးသွားများအတွက် အ္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး ကိစ္စများပံ့ပိုးဆောင်ရွက်ခြင်း၊ ပြည်ဝင် ဗီဇာကန့်သတ်ချက်များ လျှော့ချပေးခြင်း တို့ဖြင့် ခရီးသွားကဏ္ဍကို မြှင့်တင်နိုင် ရန်နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့နှင့် ဆက်စပ် လျက် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ခရီး သွားကဏ္ဍပေါ်ထွန်းလာစေရေး ဆောင် ရွက်သင့်ပါကြောင်း။
ယဉ်ကျေးမှုဖလှယ်ခြင်းက ပံ့ပိုးပေး
တတိယအချက်မှာ ယဉ်ကျေးမှုများ အကြား နားလည်မှုနက်ရှိုင်းလာစေရေး နှင့် ပထဝီအနေအထားအရ ဝေးလံသည့် ဒေသများမှ ပြည်သူများကို နီးကပ်လာ စေရန်အတွက် ယဉ်ကျေးမှုဖလှယ်ခြင်းက ပံ့ပိုးပေးနိုင်ပါကြောင်း။
စတုတ္ထအချက်အနေဖြင့် စီးပွားရေး လုပ်ငန်းကဏ္ဍအနေနှင့်လည်း လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိသည့် စီးပွားရေးလုပ်ငန်းများ
ဖော်ဆောင်ပေးခြင်းမှတစ်ဆင့် ပြည်သူ များအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု တိုးမြှင့်ပေါ်ပေါက်လာစေရန် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို လည်း မှတ်သားထားရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး ကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ဆွေးနွေးပွဲတက်ရောက်
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Yanqi Hotel, Haiyan Hall ၌ အလုပ် သဘောနေ့လယ်စာစားပွဲနှင့် Streng- thening Policy Synergy and Building Closer Patnership ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Yanqi Lake International Con-ference Centre , Jixian Hall ၌ Promoting Green and Sustai-nable Development to Imple-ment the UN 2030 Agenda ခေါင်းစဉ်ဖြင့်ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲ(တတိယပိုင်း)သို့ တက်ရောက် သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ တရုတ်ပြည်သှူသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဩစတြီးယား ဝန်ကြီးချုပ်Mr. Sebastian KURZ နှင့် Yanqi Lake International Conference Centre ၌ တွေ့ဆုံ သည်။
မြန်မာ- ဩစတြီးယားဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာ- ဩစတြီး ယား နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ E - Government ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာများကို ဆွေးနွေး ကြသည်။
သတင်းစဉ်