Monday, April 29, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ပျိုးဥယျာဉ်များနှင့် စိုက်ခင်းများကြည့်ရှုစစ်ဆေး




 နေပြည်တော် ဧပြီ ၂၈



 ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့ သည် ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနား မြို့နယ် သစ်တောဦးစီးဌာန မြို့မ ပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး မြို့မပျိုးဥယျာဉ်တည်ရှိရာ ရုက္ခဥယျာဉ် အတွင်း ပေါက်ရောက်လျက်ရှိသည့် သစ်မျိုးများအား စာရင်းကောက်ယူရန်၊ လေ့လာသူများ လွယ်ကူစေရန်အတွက် ရုက္ခဥယျာဉ်အတွင်းရှိ သစ်ပင်များ၏ သစ်မျိုးအမည်နှင့် ရုက္ခဗေဒအမည်များ ချိတ်ဆွဲထားရှိရန်၊ ရုက္ခဥယျာဉ်အား အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ လူထု ဖြန့်ပျိုးပင်များအား စိုက်ပျိုးလိုသည့် ပြည်သူများလက်ဝယ်သို့ စနစ်တကျ ဖြန့်ဖြူးရန်၊ ပျိုးပင်များမဖြန့်ဝေမီ ကျန်းမာ ကြံ့ခိုင်သန်စွမ်းသည့် ပျိုးပင်များဖြစ်စေ ရေးအတွက်Hardening Process ဆောင်ရွက်ရန်၊ နှစ်ချို့ပျိုးပင်ကြီးများ အား ပျိုးအိတ်ကြီးများဖြင့် ပြောင်းထည့် ရန်တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရွှေကျ ပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး ရွှေကျပျိုးဥယျာဉ်အတွင်း ယခုထက် သစ်မျိုးများစုံလင်အောင် ဦးစီးရုံးချုပ် ပျိုးဥယျာဉ်နှင့် ချိတ်ဆက်၍ ထပ်မံတိုးချဲ့ ပျိုးထောင်ထားရှိရန်၊ ပျိုးအိတ်ကြီး ပျိုးပင် များကို အပူဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိအောင် စနစ်တကျပြုစုထိန်းသိမ်းရန် တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၁၆ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် များအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတော် ပြုလုပ်၍ တည်ထောင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းများ ရှင်သန်အောင်မြင်မှုနှင့် ပြုစု ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် မိုးရာသီ တွင် တည်ထောင်စိုက်ပျိုးမည့် စိုက်ခင်း အတွက် မြေနေရာရှင်းလင်းပြင်ဆင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးပြီးသစ်ပင်များ သေကျေပျက်စီး မှုမရှိစေရန် စနစ်တကျပြုစုထိန်းသိမ်းရန်၊ အပူဒဏ်ကြောင့် သေကျေပျက်စီးသည့် အပင်များကို ယခုမိုးရာသီတွင် သက်တမ်း တူ ပျိုးပင်များဖြင့် ဖာထေးစိုက်ပျိုးရန်၊ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ဆောင်ရွက်မည့်မြေနေရာအား မြေရှင်း လင်းရာတွင် အပေါ်ယံမြေဆီလွှာများ မဆုံးရှုံးအောင် မြေညှိခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်၊ အပင်စိုက်ပျိုး ရန် ကျင်းတူးခြင်းလုပ်ငန်းဆောင်ရွက် ပြီးပါက လိုအပ်သည့်မြေဩဇာဖြည့်တင်း ခြင်း ဆောင်ရွက်ထားရှိရန်တို့ကို မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်သို့ဆက်လက် ထွက်ခွာ၍ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၁၄/၅နှင့် ၂၁၄/၆ အကြားရှိ ငလိုက်ပျိုးဥယျာဉ်အားကြည့်ရှု စစ်ဆေး၍ လူထုဖြန့်ဝေခြင်းဆောင်ရွက် ရာတွင် ယခုနှစ်ပျိုးပင်ထက် ယခင်နှစ် ပျိုးထောင်ထားသည့် သက်တမ်းရင့် ယူကလစ်၊ မယ်ဇလီပျိုးပင်ကြီးများအား ဖြန့်ဝေရန်၊ ပျိုးအိတ်သေးများဖြင့် ပျိုးထောင်ထားရှိသည့် သက်တမ်းရင့် ပျိုးပင်များအား ပျိုးအိတ်ကြီးများဖြင့် ပြောင်းရွှေ့ပြုစုပျိုးထောင်ရန်၊ မိုးကျ သည်နှင့် တစ်ပြိုင်နက်ပျိုးပင်များအား စိုက်ပျိုးလိုသည့် ပြည်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment