Monday, April 29, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကချင်ပြည်နယ်အတွင်းရှိ လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





Image may contain: one or more people, people standing, outdoor and nature
 နေပြည်တော် ဧပြီ ၂၈



 ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ကချင် ပြည်နယ်ပူတာအို - မချမ်းဘော့ လမ်းပေါ် ရှိ မလိခတံတား (မချမ်းဘော့) ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စဉ်ဆက် မပြတ်စစ်ဆေး၍ ထိန်းသိမ်းစောင့်ရှောက် ကြရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် မချမ်းဘော့- ဖရုခ - နောင်မွန်လမ်းပေါ်ရှိ တံတားအထူးအဖွဲ့ (၁)မှ တည်ဆောက်သော အရှည်ပေ ၄၀၀ ရှိ တံတားအမှတ်(၁/၈) ထီခ တံတားတည်ဆောက်ရေးလုပ်ငန်းခွင် ၌ သံကူကွန်ကရစ်ရေလယ်တိုင် တည်ဆောက်နေမှုနှင့် Steel Plate Girder တပ်ဆင်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား အရည် အသွေး ၊ စံချိန်စံòန်းနှင့်အညီ သတ်မှတ် အချိန်ကာလအတွင်း ပြီးစီးရေး၊ မိုးမကျမီ ပြီးစီးနိုင်မည့် လုပ်ငန်းများကို ပြီးစီး အောင်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် အဆိုပါလမ်းပေါ်ရှိ အရှည်ပေ ၂၀၀ ရှိ တံတားအမှတ်(၃/၂၂) ထာခတံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ တံတား တိုင်လုပ်ငန်းများ တည်ဆောက်နေမှုနှင့် အရှည်ပေ ၂၁၀ ရှိ တံတားအမှတ် (၁/၅၆) တဆာတံတား ဘေလီသံပေါင် တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး နောင်မွန် မြို့ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထန်ထု - ကဆန်ခူး - ထုံလာ - ခူထီ ကျေးရွာချင်းဆက်လမ်း မြေသားလမ်း ဖောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ရပ်ဘော့ - ပန်နန်းဒင် - ဒဇွန်ဒမ်း လမ်းကို ကြည့်ရှုစစ်ဆေး၍ မဂွေဇ - ခေါင်လန်ဖူးလမ်းနှင့် မချမ်းဘော့ - ဖရုခ - နောင်မွန်လမ်းတို့အား ဆက်သွယ်မည့် မဂွေဇတံတား တည်ဆောက်မည့်နေရာ နှင့် မြေပြင်အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။ သတင်းစဉ်

No comments:

Post a Comment