Tuesday, April 30, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ရောက်ရှိ






ဖနောင်ပင် ဧပြီ ၂၉



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ် ဖြင့် ပေကျင်းမြို့မှ ကူမင်းမြို့ Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ ကြရာ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးMr. Zhang Guohua ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
လက်ခံတွေ့ဆုံ
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr.Chen Haoအား လေဆိပ် အထူးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မြန်မာအထူးလေယာဉ် ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅ မိနစ်တွင် ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသမီးရေးရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Kantha Phavi ၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms.Eat Sophea ၊ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးMr. Sok Chea နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် The Great Duke Phnom Penh Hotel သို့ ရောက်ရှိကြသည်။
မိသားစုဝင်များနှင့် တွေ့ဆုံ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို၊ သံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံသည်။
ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မြန်မာသံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်

No comments:

Post a Comment