Tuesday, April 30, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းများဖွင့်ပွဲ တက်ရောက်





Image may contain: 1 person, crowd
ရန်ကုန် ဧပြီ ၂၉ 



နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသော ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၅)၊ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၂)၊ စာရေး ဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၅)၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃၅) သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်း သား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယòန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်း သူများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်မည်ဖြစ်သည်။
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုလေ့ကျင့်ရေး ကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ကျောင်း၏တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးထပ်စာသင်ဆောင်နှင့် ဒုတိယ ကျောင်းအုပ်ကြီး နေအိမ်တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ သင်တန်းဆွေးနွေးပို့ချနေမှုများကို လိုက်လံကြည့်ရှုပြီး သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်သို့ရောက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးထပ်စာသင်ဆောင်၊ ကျောင်းသား ၅၀၀ ဆံ့ စုပေါင်း စာသင်ခန်းမ(Theatre)နှင့် ခြောက်ခန်းတွဲ သုံးထပ် ဝန်ထမ်း အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေး
တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများဖြစ်သဖြင့် မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများ မရှိစေရေး၊ ခွင့်ပြုသည့်လုပ်ငန်းတန်ဖိုးနှင့် ညီမျှသည့်အရည် အသွေးနှင့် သတ်မှတ်စံချိန်စံòန်းပြည့်မီစေရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုမှာကြားခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဆောက်လုပ်ရန် လျာထားသည့် လေးထပ် ကျောင်းသူအိပ်ဆောင် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့်က ဒုတိယစာသင်နှစ်ဝက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကျောင်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်း၏လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ ဆက်လက်၍ ဒီဂရီကောလိပ်ရှိ စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဝန်ထမ်းအိမ်ရာများ ကျောင်းတွင်းစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုများနှင့် ရေ၊ မီး ရရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
သင်ကြားပေးလျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာနအောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တစ်ခုနှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် နှစ်ကျောင်းကို ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး နယ်စပ်ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများအား လက်ခံသင်ကြားပေးလျက်ရှိသည်။
ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တွင် ပညာရေးဘွဲ့နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် အေဂျီတီအိုင်ဒီပလိုမာ ပေးအပ်လျက်ရှိပြီး တစ်နှစ်လျှင် ကျောင်းသား ကျောင်းသူ ၉၀၀ ကျော် မွေးထုတ်လျက်ရှိပြီး နယ်စပ်ဒေသ လှူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment