Monday, April 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်များနှင့်တွေ့ဆုံ၊ သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်





Image may contain: 6 people, people sitting, table and indoor
 ပေကျင်း ဧပြီ ၂၈



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၉ နာရီ မိနစ် ၅၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်များနှင့် တွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံရုံးအတွင်း လှည့်လည် ကြည့်ရှုပြီး မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာသို့ ရောက်ရှိပြီး Chinese People's Political Consultative Conference- CPPCC ဥက္ကဋ္ဌ Mr. Wang Yang နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကိုယ်စား(Chinese People's Political Consultative Conference - CPPCC ) ဥက္ကဋ္ဌMr. Wang Yang က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ယန်းချင့်မြို့Beijing International Horti- cultural Exhibition သို့ရောက်ရှိပြီး မြန်မာပြခန်း (Myanmar Garden) သို့ သွားရောက်လေ့လာကြည့်ရှုရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြခန်းတာဝန်ခံ ဒေါ်ခင်ဌေးကြွယ်တို့က ရှင်းလင်းပြသ ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာပြခန်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးပြီး ပြခန်းတာဝန်ရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
Beijing International Horticultural Exhibition တွင် နိုင်ငံတကာနှင့် အဖွဲ့ အစည်းများ၏ ပြခန်း ပေါင်း ၁၁၀ ပြသထားပြီး ပြပွဲကို အောက်တိုဘာ ၇ ရက်ထိ ဖွင့်လှစ်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပြခန်းသို့ ရောက်ရှိပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ၊ ကမ္ဘာ့နိုင်ငံ များမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရ အဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့ကိုယ်စား လှယ်များနှင့်အတူ နိုင်ငံကိုယ်စားပြု ဗီဒီယိုမှတ်တမ်းများကို ကြည့်ရှုကြကာ နိုင်ငံတကာပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်ပြပွဲ (2019 Beijing International Horticultural Exhibition) ဖွင့်ပွဲ အမှတ်တရပန်းသီး ပင်ကို စိုက်ပျိုးပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကွေးရွေ့ပြဇာတ် ရုံသို့ ရောက်ရှိပြီး သစ်သီးဝလံနှင့် ပန်းမန် ဥယျာဉ်ပြပွဲ (2019 Beijing Inter- national Horticultural Exhibi- tion ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။ သတင်းစဉ်

No comments:

Post a Comment