Tuesday, April 30, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု





Image may contain: 5 people, people standing and outdoor
ဟားခါး ဧပြီ ၂၉



 ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ထန်တလန်မြို့ လမ်းဦးစီးဌာနရိပ်သာ၌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတအား ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ထန်တလန်မြို့ ရေပေးဝေရေးအတွက် လက်ရှိဆောင် ရွက်နေသည့် အခြေအနေ၊ ရေရရှိရေး အတွက် အသုံးပြုမည့် ဘဏ္ဍာငွေ လျာထားမှုအခြေအနေ၊ Feasibility Survey တိုင်းတာလေ့လာခဲ့သည့် ပိုက်လမ်းကြောင်း အခြေအနေ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံ များနှင့် လိုအပ်သည်များကို ရှင်းလင်း တင်ပြသည်။
မြန်ဆန်စွာဆောင်ရွက်
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယ သမ္မတက ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး စီမံ ကိန်းများ တင်ပြရာတွင် အနီးစပ်ဆုံး ခန့်မှန်းခြေစာရင်းများကို သေချာစွာ တွက်ချက်၍ တင်ပြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှုမရှိစေရန် နည်းလမ်း များ ကြံဆ၍ မြန်ဆန်စွာဆောင်ရွက်သွား ရန် လိုအပ်ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူလူထုအနေဖြင့်လည်း ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
ထန်တလန်မြို့ ရေရရှိရေးလုပ်ငန်း အား ခွေဗားချောင်းနှင့် မွာလ်ရွာလ် ချောင်းရေထွက်များမှ ရေသွယ်ရေး ဆောင်ရွက်နိုင်ပါက တစ်မိနစ်ဂါလန် ၁၃၀ နှုန်းဖြင့် တစ်နေ့လျှင် ဂါလန် ၁၈၇၂၀၀ ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိ လူဦးရေ ၈၈၈၅ ဦးအား တစ်နေ့လျှင် ၂၁ ဂါလန်နှုန်းဖြင့် (လက်ရှိရေထွက်များမပါ)ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးပေါင်လွန်းမင်ထန် က အစိုးရနည်းပညာ အထက်တန်းကျောင်း (ထန်တလန်) ဖွင့်လှစ်နိုင်ရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ရာ ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ မြို့မိ၊ မြို့ဖများက ဒေသတွင်းလိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး အခြေအနေများကို တင်ပြ ကြရာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး ထန်တလန်မြို့နယ်အတွင်း ရေရရှိခြင်း မရှိသေးသည့် ဟိုတယ်ဇုန်နှင့် ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေ ရရှိရေး အတွက် ရေပိုက်နှင့်ဂါလန် ၁၀၀၀၀ ဆံ့ ရေကန်တည်ဆောက်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှု ရန်ပုံငွေမှ ငွေကျပ်ကျပ်သိန်း ၅၁၀ ထောက်ပံ့ ပေးသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် ထန်တလန်မြို့နယ် ခုတင် ၅၀ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံ အုပ်ကြီး ဒေါက်တာခွန်စောထွန်းက ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အချက်အလက်များ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြချက်များအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီ အမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားသည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိ ရာ ပရောဂျက် မန်နေဂျာ ဦးတင်ထွန်း အောင်က တိုးချဲ့နှစ်ထပ်ဆောင် ဆောက် လုပ်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဝန်ထမ်းအိမ်ရာဆောက်လုပ်
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ဆေးရုံဆောက်လုပ်ရန် မြေအသုံးချရာတွင် ရေရှည်မျှော်မှန်း၍ စီမံဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေ နေရာနှင့် ဆေးရုံအတွင်း လမ်းဖောက် လုပ်ထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ထန်တလန်မြို့ ဟိုတယ်ဇုန် အတွင်း တည်ဆောက်နေသည့် Thantlang Hill Resort စီမံကိန်းသို့ သွားရောက်၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
ခရီးစဉ်အသစ်များ ဖော်ထုတ်
ထို့နောက် ဒုတိယသမ္မတအားTint Tint Travels & Tours Co.Ltd မှ ဒေါ်တင့်တင့်လွင်က စီမံကိန်းဆောက် ရွက်နေမှု အခြေအနေ၊ ထန်တလန်မြို့ ဝန်းကျင်တွင် ခရီးစဉ်အသစ်များ ဖော် ထုတ်နေမှု အခြေအနေ၊ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆောင်ရွက်နေ သည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် စီမံကိန်းတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်မီးရရှိရေး တို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး၊ ဒုတိယòန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်တို့က ပံ့ပိုးဖြည့်ဆည်း ပေးနိုင်မည့် အစီအစဉ်များအား ရှင်းလင်း ဖြေကြားရာ ဒုတိယသမ္မတက ပေါင်းစပ် ညှိနှိုင်းပေးသည်။
လာရောက်အပန်းဖြေနိုင်
အဆိုပါ စီမံကိန်းဆောက်လုပ်နေ သည့် မြေနေရာသည် ၁၁ ဧကကျယ်ဝန်း ပြီး ခရီးသွားပြည်သူများအေးချမ်းစွာ လာရောက်အပန်းဖြေနိုင်စေရန် ခရီးသွား ရာသီအမီ အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းနောက် ထန်တလန်မြို့နယ် မိုးလုံလေလုံအားကစားရုံ တည်ဆောက် ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်၌ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က မိုးလုံလေလုံအားကစားရုံ ဆောက် လုပ်မည့် အခြေအနေ၊ တည်ဆောက်မှု ပြီးစီးပါက ရရှိလာမည့် အကျိုးကျေးဇူး များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီ အမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ သည် ထန်တလန်မြို့View Point မှ ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် က ဟားခါး - ထန်တလန် - ဆာဆီချောက်လမ်း (ထန်တလန်မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့်ထန်တလန်- လုံလဲလမ်း (ထန်တလန်မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရစ်ခင်းရန် လျာထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကြည့်ရှုစစ်ဆေး
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဟားခါးနည်းပညာ ကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ် ကြီး ဦးလျန်ဇခုပ်က လက်ရှိကောလိပ် အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီး မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များကို တတ်နိုင်သမျှ ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားရန် မှာကြားပြီး လုပ်ငန်းပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
စာကြည့်တိုက် ဆောက်လုပ်
ထို့နောက် ဟားခါးကောလိပ်ဝင်း အတွင်းရှိ အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေး (၃)၊ အဆောက်အဦ အထူးအဖွဲ့ (၉) ရှင်းလင်းဆောင်၌ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေက ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက လိုအပ်ချက် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးပြီး ကောလိပ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေး လုပ်ငန်းနှင့် စာကြည့်တိုက် ဆောက်လုပ် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ရေနှင့် လျှပ်စစ်မီးရရှိရေး
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ သည် ဟားခါးမြို့ရှိ သားဖွားသင်တန်း ကျောင်း ဆောက်လုပ်နေသည့် လုပ်ငန်း ခွင်သို့ ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက လက်ရှိသင်တန်းကျောင်းနှင့် သင်တန်းသူအိပ်ဆောင် ဆောက်လုပ်နေ မှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေ၊ သင်တန်းကျောင်းအတွင်း ဆက်စပ် လုပ်ငန်းများဖြစ်သော မြေတူးခြင်း၊ ကျောက်ချောလမ်းခင်းခြင်းနှင့် မြေထိန်း နံရံ တည်ဆောက်ခြင်း လုပ်ငန်းစဉ်များနှင့် လိုအပ်လျက်ရှိသည့် ရေနှင့် လျှပ်စစ်မီး ရရှိရေးတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး ပြီး လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အလေးထားဆောက်လုပ်ရန် မှာကြား
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ရှိ ဘက်စုံသုံးသဘာဝဘေး ဒဏ်ခိုလှုံရာ အဆောက်အအုံ (Cyclone Shelter) ဆောက်လုပ်နေသည့် လုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ စံချိန်စံòန်းကိုက်ညီပြီး အရည်အသွေး ပြည့်ဝသည့် အဆောက်အဦဖြစ်စေရေး အလေးထားဆောက်လုပ်ရန် မှာကြား သည်။
ထို့နောက် ဒုတိယသမ္မတသည် အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက် ရေးအဖွဲ့ (၂)၊ အဆောက်အဦ အထူး အဖွဲ့ (၆) မှ တည်ဆောက်နေသည့် ချင်းပြည်နယ် တရားလွှတ်တော် RC သုံးထပ်အဆောက်အအုံ တည်ဆောက် ခြင်း လုပ်ငန်းသို့ သွားရောက်၍ တည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် အားကစားနှင့် ကာယပညာ သိပ္ပံ (ဟားခါး) တည်ဆောက်မည့် မြေနေရာသို့ရောက်ရှိရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်က အားကစားနှင့် ကာယ ပညာသိပ္ပံ တည်ဆောက်ရေးလုပ်ငန်းစဉ် များနှင့် မြေပြုပြင်ပြီးမှုအခြေအနေ၊ မြေသားလမ်းသစ် ဖောက်လုပ်မည့် အခြေအနေ၊ ရေနှင့်လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်ထားမှု အခြေအနေ၊ အရည် အသွေးပြည့်မီသည့် အဆောက်အဦများ ဖြစ်စေရန် ဆောင်ရွက်ထားရှိသည့် အခြေ အနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက ငွေကျပ်ကျပ် ၁၅ သိန်းတန်ဖိုးရှိ အားကစား ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် အားကစားနှင့် ကာယ ပညာသိပ္ပံ (ဟားခါး) အုပ်ချုပ်မှုရုံး ရတနာပန္နက်တော်တင် မင်္ဂလာအခမ်း အနားကို ဆက်လက်ကျင်းပရာ ဟားခါး နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ သိက္ခာတော်ရ ဆရာတော် Dr..စတီး ဗန်လျန်ဟုပ်လင်းက ဆုတောင်းစကား ပြောကြားသည်။
အမွှေးနံ့သာရည်များ ပက်ဖျန်း
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က သတ်မှတ်နေရာများတွင် ရတနာပန္နက် တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
အဆိုပါ အားကစားနှင့် ကာယ ပညာသိပ္ပံ (ဟားခါး) ကို ဟားခါးမြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာ ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၃၀ရှိ ဟိုင်တလန် ရေကူးကန်အနီး ၅၆ ဒသမ ၉၄ ဧက ကျယ်ဝန်းသည့် မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး တည် ဆောက်မှု ပြီးစီးပါက ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေးဒို စသည့် အားကစားနည်းများကို လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အားပေးစကားပြောကြား
ထို့နောက် ဒုတိယသမ္မတသည် ခုတင် ၂၀၀ ဆံ့ ဟားခါးပြည်သူ့ဆေးရုံကြီး သို့ သွားရောက်၍ ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည် ကြည့်ရှုပြီး ဆေးဝါးကုသမှုခံယူနေကြ သည့် ဒေသခံပြည်သူများအား အားပေး စကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဟားခါးပြည်သူ့ဆေးရုံ ကြီးတွင် တိုးချဲ့ဆောက်လုပ်နေသည့် ဓာတ်မှန်ခန်းပါ နှစ်ထပ်တိုးချဲ့လူနာ ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ သတင်းစဉ်

No comments:

Post a Comment