Sunday, April 28, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအား ပံ့ပိုးကူညီခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်






Image may contain: 2 people, people sitting, crowd and indoor
ရန်ကုန် ဧပြီ ၂၇



လူမှုဝန်ထမ်းဦးစီးဌာနမှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး òန်ကြားရေးမှူးချုပ်ရုံးသို့ Wheel Chair အစီး ၅၀ လှူဒါန်းသည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Wheel Chairအစီး ၅၀ကို ပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြန်လည်နေရာချထားရေးòန်ကြား ရေးမှူးချုပ်ရုံးမှ ဗိုလ်ချုပ်ဝင်းလွင်က လက်ခံရယူပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထောက်ပံ့ငွေပေးအပ်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် အုတ်ဖိုမြို့နယ်အတွင်း မိခင်ဝိုင်းများနှင့် မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီးက အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်ရှိသော လူသားအရင်းအမြစ်များသည် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် ဘ၀ကပင် စတင်ပျိုးထောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဘတ်ဂျက်ရန်ပုံငွေ အကန့်အသတ်ရှိသောကြောင့် မိခင်ဝိုင်းများ၊ မူကြိုကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရာတွင် ပုဂ္ဂလိက မူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ရန် အစိုးရက နည်းပညာပံ့ပိုးမှုပေးခြင်း၊ အစိုးရနှင့် ပြည်သူလက်တွဲ၍ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေး ဆရာဖြစ်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း၊ မိဘများ၊ မိသားစုဝင်များနှင့် ပြည်သူများအားလုံးက သဘောပေါက်နားလည် ပြီး ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းများအတွက် တစ်နိုင်ငံလုံး သာတူညီမျှ ခံစားရရှိစေရန် ကနဦးထောက်ပံ့မှုကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မသန်စွမ်းများအတွက် ထောက်ပံ့မှုပြုရာတွင် မသန်စွမ်းမှုအလိုက် အဆင့်ခွဲခြားပြီးပါက တစ်နိုင်ငံလုံး စနစ်တကျ ဆက်လက်ထောက်ပံ့နိုင်ရန် အစီအစဉ် များလည်း ချမှတ်ထားကြောင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။
မိခင်ဝိုင်းများဖွင့်လှစ်ရန် ထောက်ပံ့
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုတ်ဖိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၅၆၄ ဦးအတွက် ထောက်ပံ့ငွေကျပ်ကျပ် ၁၆၉၂၀၀၀၀၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများအတွက် ထောက်ပံ့ငွေကျပ်ကျပ်သိန်း ၆၀ နှင့် မိခင်ဝိုင်းများ ဖွင့်လှစ်ရန် အတွက် ထောက်ပံ့ငွေကျပ် ၂၀၂၃၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ် ကြပြီး ထောက်ပံ့မှုများအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း စုစုပေါင်း ထောက်ပံ့ငွေကျပ်ကျပ် ၂၄၉၄၃၁၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment