Sunday, March 31, 2019

မြန်မာ-ရုရှားနှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး




Image may contain: 2 people, people sitting
 နေပြည်တော် မတ် ၃၀



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V. Fomin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး၊ ဆေးဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားနိုင်ငံတွင်International Army Games -2019 ကျင်းပမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအဆောက်အဦသစ် ဖွင့်လှစ်



Image may contain: 5 people, people smiling, people standing, outdoor and text
ရန်ကုန် မတ် ၃၀



တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကိုယနေ့ညနေ ၅ နာရီကရန်ကုန်မြို့ ကမာရွတ် မြို့နယ် (၁၀)ရပ်ကွက်ရှိ အဆိုပါတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးသစ်အဆောက်အဦတွင် ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးညွှန်ကြားရေးမှူးရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာန၏ရုံးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပြီး တိုင်းရင်းသားအရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့ ရန်ကုန်တိုင်း ဒေသကြီး òန်ကြားရေးမှူးရုံးကို ဝန်ကြီး ဌာန၏ သုံးနှစ်ပြည့် မင်္ဂလာအခါသမယ နှင့် တိုက်ဆိုင်ပြီး အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ပါ ကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ ကဏ္ဍအလိုက် ရည်မှန်းချက် အသီးသီးကို အကောင်အထည်ဖော် နေသည့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ အရပ်ဘက် တိုင်းရင်းသားအဖွဲ့အစည်း များနှင့်အတူ လက်တွဲပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက ကြိုးပမ်း ထမ်းဆောင်ရာတွင် တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေဆိုသည့် အခြေခံမူနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ညှိနှိုင်းဆောင်ရွက်
မိမိတို့ တိုင်းရင်းသားများ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုးရေးဆိုရာတွင် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည်များကို နိုင်ငံ၏ ဘဏ္ဍာငွေ အခြေအနေပေါ် မူတည်ပြီး နိုင်ငံအဝန်း အချိုးညီ တိုးတက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာ ရေး စသည့်လူမှုစီးပွားဘ၀ မြှင့်တင်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေလိုအပ်ချက်သည်လည်း ပိုမို များပြားလာသည် ဖြစ်သည့်အလျောက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေနှင့် နိုင်ငံ၏အမျိုးသား ထုတ်ကုန် တိုးတက်ရေးတွင် အထူးကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ နိုင်ငံ ထုတ်ကုန်တိုးမှ အမျိုးသားဝင်ငွေ တိုးတက်မည်ဖြစ်ပြီး ညီနောင်တိုင်းရင်း သားတွေ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေး ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ဒီနေရာတွင် ပြောကြားလိုသည့် အရေးကြီးကိစ္စတစ်ခုအနေဖြင့် တိုင်းရင်း သား လူငယ်များနှင့် စိတ်ကြွရူးသွပ် ဆေးဝါးအန္တရာယ်ဖြစ်ပါကြောင်း၊ ယနေ့ အချိန်အခါတွင် စိတ်ကြွရူးသွပ်ဆေးပြား များ တိုင်းရင်းသားလူငယ်များအကြား အကြီးအကျယ် ပျံ့နှံ့လျက်ရှိပြီး လူငယ်ထု ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အနာဂတ်အလားအလာ ကောင်းများကို အဓိက ဖျက်ဆီးနေခြင်းဖြစ်ပါကြောင်း။
လူငယ်ထုတင်မက အသက်အရွယ် မရွေး အလွှာအသီးသီးနှင့် ဘာသာရေး နယ်ပယ်ပါမကျန် စိမ့်ဝင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေမည့် အခြေအနေ ကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။
အဆိုပါ အန္တရာယ်ကို ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုမရှိဘဲ အစိုးရဌာနချည်း သက်သက်က တွန်းလှန်ချေမှုန်းနိုင်မည့် အခြေအနေမရှိပါကြောင်း ဖော်ပြလိုပါ ကြောင်း။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက မိမိတို့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်စေမည့် အ္တရာယ်ဖြစ် သည့်အလျောက် ပူးပေါင်းကာကွယ်ကြ ရန် အထူးတိုက်တွန်းအပ်ပါကြောင်း။
တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင် ခြင်း၊ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်စေရန်ဆိုသည့် တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဌာန၏ မျှော်မှန်းချက် ပေါက်မြောက် အောင်မြင် စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး တက်ကြွစွာဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပန်ကြားရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြော ကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရုံးအဆောက်အဦနှင့်စပ်လျဉ်း ပြီး ရှင်းလင်းပြောကြားသည်။
စုပေါင်းဓာတ်ပုံရိုက်
ယင်းနောက် ဒုတိယဝန်ကြီးက တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ အား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာသူများသည် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ သတင်းစဉ်

မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း-ကျွန်းကုန်း ရိုးမဖြတ်ကျော်လမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကြည့်ရှုစစ်ဆေး



 
 
နေပြည်တော် မတ် ၃၀
 
 
 
ပဲခူးတိုင်းဒေသကြီးရှိ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း - ကျွန်းကုန်း လမ်း (မြို့ချောင်း-ကျွန်းကုန်းအပိုင်း) လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ လမ်းရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက မူလလမ်း အကျယ် ၁၂ ပေမှ ၁၈ ပေအကျယ်အထိ လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီးနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးကို ဆက်သွယ် သော လမ်းအပိုင်းဖြစ်သည့်အတွက် ယာဉ်သွားလာမှု များပြား သည့်အပေါ်မူတည်ပြီး လမ်းချဲ့ခြင်းလုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရိုးမဖြတ်ကျော်လမ်း (မင်းလှ - စိန်ကန့်လန့် - မြို့ချောင်းအပိုင်း) ပြုပြင်ထိန်းသိမ်း ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင်အမှတ် ၁၈ မိုင် ၂ ဖာလုံတွင် ကတ္တရာဖျန်းစက်ဖြင့် ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ တောင်ပေါ် လမ်းအပိုင်းဖြစ်သည့်အတွက် ကတ္တရာခင်းရာတွင် သတ်မှတ်လမ်း အဂ¯ရပ်နှင့်အညီ စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
မင်းလှ - စိန်ကန့်လန့် - မြို့ချောင်း - ကျွန်းကုန်းလမ်းသည် အရှည် ၈၄ မိုင် ၇ ဖာလုံ ရှိ၍ ရိုးမဖြတ်ကျော်လမ်း ခုနစ်လမ်းတွင် တစ်လမ်းအပါအဝင်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း ရန်ကုန် - မ္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနှင့် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း ရန်ကုန် - ပြည် လမ်းမကြီးတို့ကို ဆက်သွယ်သွားလာနိုင်သည့်အပြင် ဧရာဝတီတိုင်းဒေသကြီးကိုလည်း အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် လမ်းတစ်လမ်းဖြစ်သည်။
အဆိုပါလမ်းကို ကတ္တရာတစ်ဆက်တစ်စပ်တည်းခင်းပြီး ပါက ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းမှ ခရီးသွား ပြည်သူများအပြင် ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသွား ပြည်သူ များကလည်း မြန်မာပြည်အထက်ပိုင်း နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ ယခုလမ်းကိုအသုံးပြုပြီး အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

စည်ပင်ရွေးကောက်ပွဲ မဲပေးကြရေးနှင့် ဒီမိုကရေစီအလေ့


 
 
 
မြန်မာ့အလင်းအယ်ဒီတာအာဘော်


 
သည်နေ့ ရန်ကုန်မြို့၏ စည်ပင်သာယာရွေးကောက်ပွဲများ မဲပေးရမည် ဖြစ်၏။ ရန်ကုန်မြို့သူ မြို့သားများအတွက် အရေးပါသော ရွေးချယ်ပွဲ တစ်ခု ဖြစ်ပါသည်။ ရန်ကုန်မြို့ စည်ပင်သာယာသည် မြို့သူမြို့သားများ အကြားတွင် နာမည်ကောင်းမရ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ ပြီ။ ခေတ်အဆက်ဆက် မြို့တော်ဝန်အသီးသီး၏ လက်အောက်တွင် မြို့တွင်းလမ်းမများသည်ပင် ချိုင့်ခွက်ကင်းအောင် တစ်ရံတစ်ဆစ်မျှ မပြင်ဆင်နိုင်ခဲ့ဘူးဟု ဆိုလျှင်မမှားပါ။ သည်လိုအနေအထားမှာ ယနေ့ ပြည်သူ့အစိုးရလက်ထက်ရောက်မှ အတော်အသင့် ပြုပြင်ပြောင်းလဲမှုများ စတင်တွေ့မြင်လာကြသည်ကို ဝန်ခံရပါမည်။
ယင်းအပြောင်းအလဲများဆိုသည်ပင် မြို့လူထုအတွက် မလုံလောက် သေးဘူးဆိုသည်ကို ပြည်သူ့ဝေဖန်မှုအသံများကို နားထောင်လျှင် သိနိုင် ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ၏ အခြေခံပြဿနာများစွာထဲက တစ်ခုမှာ ပြည်သူလူထုရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်များ လိုအပ် နေခြင်းဖြစ်ပါသည်။
ယနေ့ ထို ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်စတင်ရရှိလာပြီ။ စတင်ပြောင်းလဲခြင်းဖြစ်သည့်အတွက် ပြည်သူလူထုမျှော်မှန်းသည့် ထိပ်တန်းပြုပြင်မှုများ ရုတ်ချည်းပေါ်ပေါက်လာဖို့ မလွယ်လှသော်လည်း အစကောင်းတစ်ရပ် ပေါ်ပေါက်နိုင်ရေးအတွက် ပြည်သူလူထုက အားကိုး ရမည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရန် လိုသည်ကား အမှန်ပင်ဖြစ်ပါ၏။
ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ခွင့်၊ မိမိ ရွေးချယ်ထားသူများကို မိမိ၏ သဘောဆန္ဒအတိုင်း ဖြစ် မဖြစ် ဝေဖန်ထောက်ပြနိုင်ခြင်းဆိုသည်က ဒီမိုကရေစီ အလေ့အကျင့်ဖြစ်ပါသည်။
မြန်မာပြည်သူလူထုသည် ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာ သိမ်းလိုက်ချိန်ကစပြီး ဒီမိုကရေစီနှင့် ဝေးကွာခဲ့ရ၏။ ဒီမိုကရေစီ တဖြည်း ဖြည်းချင်း ဆိတ်သုဉ်းသွားခဲ့ရသည့် ရလဒ်အဖြစ် နိုင်ငံတိုးတက်ဖွံ့ဖြိုးမှု ရပ်တန့်သွားခဲ့၏။
ဒီမိုကရေစီ ညှိုးချုံးလာသည့်အခါ အထက်အောက် ဝေဖန်ပြောဆို ခြင်း၊ တည့်မတ်ထောက်ပြခြင်း အလေ့အထတို့ တစ်စ တစ်စ ပျောက်ကွယ် သွားခဲ့ရသည်။ အာဏာရှင်တစ်ဦး၏ လမ်းòန်မှုနှင့် အဆုံးအဖြတ်အောက် တွင် မှားမှားမှန်မှန် လျှောက်ပေရော့၊ ပြေးပေရော့ ဆိုသည့်အခါ ကြာလေ အမှန်ဆိုသည်နှင့် ကင်းဝေးလာလေ ဖြစ်တော့သည်။ အမှားတွင်းထဲသို့ ဆင်းရင်း မှားပြီးရင်းမှားရင်း ဖြစ်လာခဲ့ရာမှသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် နယ်ပယ်အားလုံးလိုလိုတွင် တိုးတက်မှု တုံ့ဆိုင်းသွားခဲ့ရ၏။ နိုင်ငံတကာရင်ပြင်တွင် အောက်တန်းနောက်တန်းသို့ ရောက်သွားခဲ့ရ၏။ ရှေ့တန်းက ပြေးနေခဲ့သော မြန်မာ့ပညာရေးစနစ်မှာ နောက်တန်းသို့ ရောက်သွားခဲ့ရ၏။ အာရှနိုင်ငံများကြားမှာ ရင်ပေါင်တန်း ခဲ့ရုံမက ထိပ်တန်းမှာနေခဲ့သည့် အားကစားကဏ္ဍကအစ ကြုံလှီသွားခဲ့ရ၏။
ဤသည်တို့က ထင်ရှားမြင်သာသော ဥပမာအနည်းငယ်မျှကို အမှန် အတိုင်း ရှုမြင်သုံးသပ်ကြည့်ခြင်းမျှသာ။ ထိုအတိတ်ကာလများက လက်တွေ့ဘ၀များကိုကြည့်လျှင် များပြားလှသော အမှားအယွင်းများ၊ ဆုံးရှုံးမှုများ၊ အရာရာ ဘိတ်ဆုံးဖြစ်ခဲ့ရမှုများကို မလွဲမသွေ တွေ့ရမည် ဖြစ်ပါ၏။
ယနေ့ ဒီမိုကရေစီအပြောင်းအလဲများ စတင်လာနေပြီ။ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်လာကာ လျှောက်လှမ်းနေကြပြီ။ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အားစိုက် ရုန်းကန်ကြရပေဦးမည်။
ဒီမိုကရေစီသည် စနစ်နှင့် အလေ့အကျင့်ဖြစ်၏။ ပြည်သူလူထု အင်အားဖြင့် ဒီမိုကရေစီအလေ့အကျင့်ကို အသားကျအောင် ဆောင်ရွက် ကြရန်လိုပါမည်။ ဒီမိုကရေစီအလေ့အကျင့်ကို ခိုင်မာအောင် ဆောင်ရွက် ခြင်းက ဒီမိုကရေစီအုတ်မြစ်ကို ခိုင်မာအောင်လုပ်ခြင်းဖြစ်၏။
ဒီမိုကရေစီအလေ့အကျင့်များစွာထဲက အရေးပါသော အားသာသော ကျင့်စဉ်တစ်ခုမှာ ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ခွင့် ဖြစ်ပါသည်။ ရန်ကုန်မြို့တော် အမှန်တကယ် စည်ပင်သာယာရေးနှင့် မြို့သူမြို့သားများ၏ အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သူများကို တာဝန် ပေးအပ်နိုင်ရေးသာမက ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေးကို တစ်ဖက် တစ်လမ်းက ဝိုင်းဝန်းထောက်ပံ့ပေးသည့်စိတ်ဓာတ်ဖြင့် မဲရုံများဆီသို့ မပျက်မကွက်သွားရောက် မဲပေးကြပါရန် တိုက်တွန်းနှိုးဆော်ရပါ ကြောင်း . . . ။ ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရွှေတိဂုံစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ ဆေးဝါးစက်ရုံ(အင်းစိန်)နှင့်ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့် တင်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး






Image may contain: 6 people, people smiling, people standing
ရန်ကုန် မတ် ၃၀



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် နေပြည်တော်မှထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် ရွှေတိဂုံစေတီတော်သို့ရောက်ရှိပြီး ပတ္တမြားမျက်ရှင်ဘုရားအား ရွှေကြာသင်္ကန်းကပ်လှူကာ စေတီတော်အထွတ်ရှိ စိန်ဖူးတော်အား တက်ရောက်ဖူးမြော်ကြည်ညိုသည်။
နိုင်ငံတော်သမ္မတသည် သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဖွဲ့စည်းတည်ရှိမှုနှင့်
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်အစီအမံများကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာဖြစ်
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ သည် ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စု ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများအားလုံး စုပေါင်းပါဝင် မှသာ ပြည်ထောင်စုနိုင်ငံဖြစ်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ များ အပန်းဖြေလေ့လာရာတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ၌ တိုင်းရင်းသားအားလုံး၏ ရိုးရာယဉ်ကျေးမှု၊ အသုံး အဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ပကတိအနေ အထားအတိုင်း တစ်စုတစ်စည်းတည်းလေ့လာနိုင်အောင် စနစ်တကျ ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ယင်းသို့ စနစ်တကျစုစည်းပြသထားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါ်လွင်စေပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများမှာ သမိုင်းအစဉ် အဆက်တွင် အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြသူများဖြစ်ပါကြောင်း၊ မိမိတို့ခံယူထားသည်မှာ တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ဖွံဖြိုးတိုးတက်အောင်၊ မပျောက်ပျက်အောင် ဆောင်ရွက်ပေးရန် မူဝါဒများရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာ များ စနစ်တကျရှိစေရန် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးစေလိုကြောင်း၊ ယင်းမှာ မိမိနိုင်ငံ၊ မိမိတို့ တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာဖြစ်ပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ၊ အများပြည်သူများ ယခုထက် ပိုမိုလာရောက် စေရန် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ သန့်ရှင်းသာယာလှပလာပါက ဧည့်သည်များ ပိုမိုလာရောက်ကြမည်ဖြစ်သည့်အတွက် ဝင်ငွေပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် မိမိတို့နိုင်ငံ၏ ပြယုဂ်ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှများ အတူတကွ ချစ်ခင်စွာနေထိုင်ကြသည့် သင်္ကေတလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်သမ္မတသည် တိုင်းရင်းသား ကျေးရွာ ကပွဲခန်းမတွင် ယဉ်ကျေးမှုသရုပ်ပြ ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်သည့် ရိုးရာယဉ်ကျေးမှု အကများအား ကြည့်ရှုကာ ဖျော်ဖြေတင်ဆက်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေများကိုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် စက်မှု ဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်)သို့ရောက်ရှိရာ အစည်း အဝေးခန်းမ၌ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံများမှ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဈေးကွက်တိုးတက်အောင် ဆောင်ရွက်
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ဆေးဝါး ထုတ်လုပ်မှုနှင့် အမြတ်ငွေတိုးတက်ရရှိမှုမှာ သုံးစွဲသူနှင့် ဈေးကွက်တိုးတက်လာသည့်အတွက် ဖြစ်ပါကြောင်း၊ သုံးစွဲသူ များပြားလာသည်နှင့်အမျှ သုံးစွဲသူများ၏ အန္တရာယ်ကင်းရှင်း ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှုစနစ်ကောင်းမွန်စေရန်နှင့် ဆေးဝါးများ အရည်အသွေးမီပြီး ခေတ်မီရန်လိုအပ်ပါကြောင်း၊ အတုအပ မထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးဝါးထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိအောင်ဆောင်ရွက်ပြီး ဈေးကွက်တိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြွေဆိပ်ဖြေဆေးကို ပြည်တွင်းလိုအပ်ချက်ပြည့်မီရုံသာမက ပြည်ပတင်ပို့မှုကိုလည်း ပိုမိုအောင်မြင်စေရန် ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
စက်ရုံအတွင်းကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတသည် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ အသစ်ထုတ်လုပ်ထား သည့် ဆေးဝါးများ၊ စက်မှုဝန်ကြီးဌာနမှထုတ်လုပ်သည့် လူနာတင်ယာဉ်၊ Snake Farm ၌ မြွေဆိပ်ထုတ်ယူမှု၊ ဆေးဝါးပစ္စည်း သိုလှောင်ရုံနှင့် စက်ရုံအတွင်း လိုက်လံကြည့်ရှု သည်။
ရထားလမ်းအဆင့်မြှင့်တင်ခြင်း ကြည့်ရှု
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် အင်းစိန် ဘူတာသို့ရောက်ရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့နှင့်အတူ RBEရထားဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေ များကို လိုက်လံကြည့်ရှုသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရန်ကုန် ဘူတာကြီးသို့ရောက်ရှိရာ ရန်ကုန်ဘူတာကြီး အစည်းအဝေး ခန်းမ၌ မြန်မာ့မီးရထား ဦးဆောင်òန်ကြားရေးမှူး ဦးဘမြင့်က ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ရထားလမ်းနှင့်မလွတ်ကင်းသည့် ပျံကျ ဈေးသည်များအား စနစ်တကျနေရာချထားပေးမှုနှင့် ရန်ကုန် မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း(YUMRT) လေ့လာ ဆန်းစစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဝင်ငွေတိုးတက်လာမည်
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ပြည်သူများ၏ သွားလာရေးအဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်စေလိုပါကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပတ် ရထားလမ်းများဆောင်ရွက်ရာတွင် အချက်ပြစနစ်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ အ္တရာယ်ကင်းရှင်းရေးအတွက် လမ်းကူးတံတားများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ရထားလမ်း နှင့် ကားလမ်းဆုံရာနေရာများတွင် ပြည်သူများ အ္တရာယ် ကင်းစေရေး၊ မြို့ပတ်ရထားလမ်းပတ်ဝန်းကျင်နှင့် လမ်း တစ်လျှောက် ဘူတာများ သန့်ရှင်းသပ်ရပ်ရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစီးခရီးသည်များ တိုးတက်လာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချ နိုင်ပြီး ဌာနအတွက်လည်း ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း မှာကြားသည်။
အဆိုပါ စီမံကိန်းကို ခရီးသည်များ သက်သောင့်သက်သာဖြင့် ရထားစီးနင်းနိုင်စေရန်၊ မြန်နှုန်းမြှင့်ပြေးဆွဲနိုင်စေရန်၊ ပြေးဆွဲချိန် လျော့နည်းစေရန်၊ ရထားအသုံးပြုသည့် ခရီးသွားသူများ ပိုမိုတိုးတက်လာစေရန်နှင့် ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်ကျပ်တည်းမှုကို တစ်ထောင့်တစ်နေရာမှ ဖြေရှင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

Saturday, March 30, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ


Image may contain: 9 people, people standing and suit



နေပြည်တော် မတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့သည် နီပွန်ဖောင်ဒေးရှင်း၏ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ မတ် ၂၈ ရက်မှ ဧပြီ ၂ ရက်အထိ သွားရောက်ပြီး Education for Peace and Development စီမံကိန်းဆိုင်ရာ အခြေအနေများ၊ ဂျပန်နိုင်ငံရှိ သက်မွေးပညာသင်တန်းကျောင်း Vocational Training School များနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးများကို သွားရောက်လေ့လာမည်ဖြစ်သည်။
လိုက်ပါပို့ဆောင်
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါသွားခဲ့ပြီး အဆိုပါအဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့စီးပွားရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံပြည်သူလူထုသည် နိုင်ငံရေးအပြောင်းအလဲများ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲများ၊ ပြည်တွင်း ပဋိပက္ခတို့ ပြေလည်ငြိမ်းချမ်းမည့် အပြောင်းအလဲများကို မျှော်လင့်နေကြ၏။ ထို့နောက် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများကို တောင့်တနေကြ သကဲ့သို့ နေ့စဉ်လူမှုဘ၀များ လုံခြုံအဆင်ပြေ ချောမွေ့ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများရေးတို့ကိုလည်း အထူးတလည် မျှော်လင့် နေကြ၏။


ထို့ပြင်တစ်ဝ၊ ဒီမိုကရေစီအရှိန်အဟုန်ကို မြင့်မားတိုးတက်အောင် မြှင့်တင် ကြိုးပမ်းနေသည့် ပြည်သူ့အစိုးရလက်ထက်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားစွာ ဝင်ရောက်လာမည်ဟုလည်း အားရ ဝမ်းသာ မျှော်လင့်ကြပါ၏။
ဤကဲ့သို့သော နိုင်ငံတကာက ဝင်ရောက်လာမည့် စီးပွားရေးလုပ်ငန်း များကို မျှော်လင့်ကြသည်မှာ မဆန်း။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာမည်ဆိုပါက စီးပွားရေးအနေအထားက မြင့်မားလာမည့်အပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာမည်ဟု ယူဆ ကာ မျှော်လင့်ကြခြင်းဖြစ်ပါသည်။


ဤမျှော်လင့်ချက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးက အရေးပါသလို ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မြင့်မားလာရေးကလည်း အရေးကြီးသည်ပဲဖြစ်၏။ ထိုချိန်ညှိမှုတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတို့ ဝင်ရောက်လာနိုင်မည့် ဆွဲဆောင်မှုများလိုအပ်သကဲ့သို့ ပြည်တွင်း လုပ်ငန်းရှင်ကြီးငယ်ရွယ်လတ်တို့သည်လည်း တန်းတူညီမျှ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပိုမို ကောင်းမွန်အောင် ပြုပြင်ရန်၊ ဝန်းကျင်အနေအထားနှင့် အခင်းအကျင်း များကို ပိုမိုချောမွေ့အောင် ဖန်တီးပေးနိုင်ရန်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များဆိုင်ရာ အကျပ်အတည်းနှင့် အခက်အခဲများကို ဖြေလျှော့ပေးနိုင် ရေးတို့ကလည်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအဖြစ် ရှိနေမည်ဟု ယုံကြည်ပါသည်။


ထိုနည်းတူစွာ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များသည်လည်း နိုင်ငံတကာလုပ်ငန်းရှင်များနှင့် အရည်အသွေးတွင် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားကြရန် လိုအပ်ပါလိမ့်မည်။ အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ပေါ်လစီများကလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတို့ကို ဆွဲဆောင်ရန် လိုအပ်သကဲ့သို့ ပြည်တွင်းရင်းနှီးမြှုပ်နှံ စီးပွားလုပ်ကိုင်သူတို့ကိုလည်း တန်းတူညီမျှသည့် အခွင့်အရေးပေးရန် လိုအပ်နေမည်ဟု နားလည်ပါ သည်။


ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေ၊ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများဖြစ်စေ၊ ထိုသူတို့ အမှန်တကယ် အလုပ်လုပ်နိုင်မည့် စီးပွားရေး ဝန်းကျင်နှင့် အာဝါသ၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တို့ကို ဖန်တီးပေးနိုင်ရေးက အဓိကကျသော လုပ်ငန်းရပ်များဟု ထင်မြင် ပါသည်။
ထို့အပြင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အခင်းအကျင်းတို့က တန်းတူ ညီမျှသည့် အခြေခံများဖြစ်ဖို့ လိုပါမည်။


ပြည်တွင်းစီးပွားရေး လုပ်ကိုင် သူတို့ကို အထူးအကာအကွယ်ပေးသည့် မူဝါဒမျိုးကိုအခြေခံ၍မရ သကဲ့သို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အထူး ဦးစားပေးခြင်းကလည်း မျှတသည့် ဈေးကွက်စီးပွားရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျရှိရေးနှင့် ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်းပညာရှင်များ ပါဝင်နိုင်မှုအခန်းကဏ္ဍကိုလည်း အလေးအနက်ထားရန် လိုအပ်ပါမည်။ နိုင်ငံတကာ ပညာရှင် များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရင်း နည်းပညာ အတတ်ပညာဖလှယ် နိုင်ကာ ပြည်တွင်းနည်းပညာ အတတ်ပညာ တိုးတက်မြင့်မားလာရေးကို အထောက်အပံ့ဖြစ်မည့် အစီအမံများကိုလည်း ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ပါမည်။


ကုန်သွယ်ရေးကဏ္ဍများတွင်သာမက စက်မှုလက်မှုထုတ်ကုန် လုပ်ငန်း များ တိုးတက်ရေးကိုလည်း မည်သို့ ကိုင်တွယ်မောင်းနှင်နိုင် မည်ဆိုသည်ကို ပြင်ဆင်သင့်ပါသည်။
စီးပွားရေး အခြေခံအဆောက်အအုံများနှင့် အခင်းအကျင်းများ အတွက် လိုအပ်နေသော ဖြေလျှော့မှုများ ပြုလုပ်ပေးရမည် ဖြစ်သကဲ့သို့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတို့ တိတိကျကျ သတ်မှတ် ရန်၊ ထိုစည်းကမ်းများကို အမှန်တကယ် လိုက်နာနိုင်ကြရန်၊ ဗျူရိုကရေစီ ကြိုးနီစနစ်တို့ကြောင့် ကြန့်ကြာတတ်သော ခေတ်ဟောင်း လက်ကျန် အမွေဆိုးများ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်တို့ကလည်း များစွာ အရေးကြီးမည်ဟု မြင်ပါသည်။


အဂတိကင်းရှင်းရေး လာဘ်ပေးလာဘ်ယူ ကင်းစင်ပပျောက်ရေး ဆိုသည်တို့ကလည်း ပြည်တွင်း နိုင်ငံတကာ မခွဲခြားဘဲ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ကြရန် လိုမည်ဟု ရှုမြင်သုံးသပ်မိပါကြောင်း တင်ပြ လိုက်ပါသည်။ ။


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု''စံ'' သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ နိုင်ငံတကာအဆင့်မီကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိ


Image may contain: 6 people, people sitting, people standing and indoor

နေပြည်တော် မတ် ၂၉


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ''စံ'' သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိခြင်းနှင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လုပ်သားများ ကျွမ်းကျင်မှုရှိစေရန်အတွက် ကဏ္ဍတွင် NSSA ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်သည် များစွာကျယ်ပြန့်ခြင်းကြောင့် အားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို နိုင်ငံတကာ ''စံ'' နှုန်းများနှင့် ကိုက်ညီစေရန်၊
လုပ်ငန်းစဉ် အရည်အသွေးပြည့်ဝရေး အလေးထားဆောင်ရွက်ရန် အရည်အသွေး စီမံခန့်ခွဲမှုစနစ် (Quality Management System) အတွက် ISO 9001:2015အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း။


NSSA သည် သက်မွေးပညာလေ့ကျင့်ရေးကဏ္ဍ၏ အမျိုးသားအဆင့် ကျွမ်းကျင်မှုအရည်အသွေးမူဘောင်အတွင်း Level 1 မှ level 4 အထိ နိုင်ငံအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် နေကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ သက်ဆိုင်ရာနိုင်ငံအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်ဝသည့် စီမံခန့်ခွဲမှုရှိပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေမှုကို သက်သေပြရန် လိုကြောင်း၊ သို့မှသာ အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အစိတ်အပိုင်းဖြစ်သော ကျွမ်းကျင်မှု အပြန်အလှန်အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ အာဆီယံဒေသတွင်းနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား ရွှေ့ပြောင်းကျွမ်းကျင်လုပ်သားများ၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ အနေဖြင့် ဒေသတွင်းနိုင်ငံများရှိ ကျွမ်းကျင်လုပ်သားများနှင့် တန်းတူရရှိလာနိုင်မည် ဖြစ်ကြောင်း။


NSSA တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ISO 9001:2015အသိအမှတ်ပြုလက်မှတ်ရရှိထားမှုကြောင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု ''စံ'' ရေးဆွဲသတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို အရည်အသွေးရှိရန်နှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။


NSSA အနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်သားများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လ တတိယပတ်အထိ အလုပ်အကိုင်ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ် ခဲ့ရာ အလုပ်အကိုင် ၂၃ မျိုးအတွက် Level 1 ၁၀၀၀၉ ဦး၊ Level 2 ၇၆၆ ဦး စုစုပေါင်း ၁၀၇၇၅ ဦးကို အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Friday, March 29, 2019

ဥတုသပ္ပါယ မျှတစွာနေထိုင်ကြပါမှ


မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ နေ့အပူချိန်များ တစ်စတစ်စ မြင့်တက် လာနေသည်။ မိုးလေ၀သပညာရှင်များ၏ ခန့်မှန်းချက်များအရ ယခုနှစ် တွင် အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်ကို ပြင်းပြင်းထန်ထန်ခံစားရဖွယ် ရှိသည်ဟုလည်း သိရသည်။ အပူချိန်မြင့်တက်လာခြင်းက မီးလောင် ခြင်းကဲ့သို့သော ဘေးအ္တရာယ်များ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားလာစေ သကဲ့သို့ အပူချိန်မြင့်မားခြင်းနှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ ဘေးအ္တရာယ်များကိုလည်း ဖြစ်ပွားနိုင်သည့်အတွက် နေ့ပိုင်းအပူချိန် မြင့်မားနေချိန်တွင် သွားလာလှုပ်ရှား နေထိုင်မှုများကို ဂရုပြုသွားကြရန် လည်း လိုအပ်မည်ဖြစ်သည်။


ရာသီဥတုပူပြင်းခြင်းကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုများကာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက် တက်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)နှင့် နေရောင် အောက်တွင် အကာအကွယ်မဲ့သွားလာခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် သင့်ခြင်းတို့ဖြစ်ပေါ်နိုင်သည်။ နေရောင်ခြည်နှင့် အပူဒဏ်တို့က အသက် အ္တရာယ်အထိ ကျရောက်နိုင်သည်ကို သတိမူကြရမည် ဖြစ်သည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်လာသည့်အခါ ပျို့ခြင်း၊ ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်း၊ အားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူအချိန်မြင့်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ နုံးချည့်ခြင်းတို့ကိုပါ ရောဂါလက္ခဏာများအဖြစ် ခံစားရနိုင်သည်။

ရောဂါပိုမိုပြင်းထန်လာသည့်အခါ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ကိုပါ ခံစားရနိုင်သည်။ Heat Stroke ၏ လက္ခဏာများမှာ အရေပြားပူ၍ ခြောက်သွေ့နေခြင်း(သို့မဟုတ်) ချွေးအလွန်အကျွံ ထွက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း တို့ဖြစ်ပေါ်နိုင်သည်။
အပူဒဏ်ခံစားရသည့် လူနာကို အရိပ်ရ၍ အေးမြသည့်နေရာ၊ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့် ဓာတ်ဆား ရည်တို့ကို တိုက်ကျွေးခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေ ရန် နဖူး၊ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးပတ် တိုက်ခြင်းကို ဦးစွာဆောင်ရွက်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာ ရေးဌာနတို့သို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အကြံပေးထားသည်။ ခရမ်းလွန်ရောင်ခြည်အ္တရာယ်သည် လည်း ခရမ်းလွန်ရောင်ခြည်အòန်းကိန်းမြင့်မားသည့် အချိန်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခန့်အတွင်း နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကြောင့် အန္တရာယ်ရှိနိုင်သည်။ နေလောင်ခြင်း၊ အသား အရောင်ညိုမည်းခြင်းတို့ လတ်တလောဖြစ်နိုင်ပြီး ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကာလကြာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာဖြစ်ပေါ်ခြင်းစသည့် ဆိုးကျိုးများဖြစ်စေနိုင်သည်။


အသက်ကို ဉာဏ်စောင့်ဆိုသည့် ဆိုရိုးစကားရှိသည့်အတိုင်း အပူဒဏ် နှင့် ခရမ်းလွန်ရောင်ခြည်တို့ကြောင့် အ္တရာယ်များ မကျရောက်စေရန် အတွက် ရှောင်သင့်သည်တို့ကို ရှောင်ရန်နှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ နေ့အပူချိန်မြင့်မားနေသည့် ကာလ အတွင်း ကိုယ်ခံအားနည်းသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ နေ့လယ်နေ့ခင်းအချိန်များ တွင် အရိပ်ရအေးမြသည့်နေရာများ၌ နားနေရန်၊ ပူပြင်းသည့်နေရောင် အောက်တွင် ပင်ပန်းသည့်အလုပ်၊ ကိုယ်ကာယအင်အားသုံးရသည့် လှုပ်ရှားမှုများမပြုလုပ်ရန်၊ မဖြစ်မနေသွားရပါက အရိပ်လုံလောက်စွာရ သည့် ထီး၊ ဦးထုပ်တို့ ယူဆောင်အသုံးပြုရန်နှင့် အရိပ်အောက်တွင် မကြာ မကြာ အနားယူရန်၊ နေပူမှပြန်လာပြီး အအေးခန်းများ၊ အဲယားကွန်းခန်း များသို့ ချက်ချင်းဝင်ခြင်း၊ ရေချိုးခြင်း၊ လွင်တီးခေါင်များ၊ မြစ်ကမ်းနား ရေချိုး ဆိပ်များ၌ နေပူပြင်းချိန်တွင် အဝတ်လျှော်ရေချိုးခြင်း၊ အရက် သေစာ သောက်စားခြင်းတို့ကို ရှောင်ကြဉ်ကြရန်လည်း ကျန်းမာရေး ဆိုင်ရာ အကြံပြုချက်များရှိသည်။


ဥတုသပ္ပါယမျှတစွာ နေထိုင်ခြင်း၊ အစားအစာအာဟာရတို့ကို ကျန်းမာရေးနှင့်အညီ စားသုံးခြင်းတို့ဖြင့် အသက်ရှည်ကြာ အနာမဲ့စွာ မိမိတို့၏ ရုပ်နမ်ခန္ဓာကို စောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။

ကလေးများ စာဖတ်နိုင်ရန်အတွက် စာကောင်းပေကောင်းများ ရေးပေးနိုင်သည့် စာရေးဆရာကြီးတွေ များများလိုကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် ပြောကြား


 
Image may contain: 11 people, people standing
ကလေးစာပေပွဲတော်(ပဲခူး) ဖွင့်ပွဲအခမ်းအနား ကျင်းပ


ပဲခူး မတ် ၂၈


ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေး စာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်အားပေး ချီးမြှင့်သည်။
ရှေးဦးစွာ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ထူးချွန်ကျောင်းသား ကျောင်းသူ ခြောက်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ် များကို ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်ကျင်းပရာ ပဲခူးမြို့ အထက(၃)၊ အထက(ခွဲ)ပန်းလှိုင်နှင့် ''ပန်''ကိုယ်ပိုင်အထက် တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများက ကလေး စာပေပွဲတော် Theme Song သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။


ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် ကလေးစာပေပွဲတော်သည် ပဲခူးတိုင်းဒေသကြီးတွင်ရှိသည့် ကလေးများအတွက် ပျော်စရာ၊ ရွှင်စရာပွဲတော်ကြီး ဖြစ်ပါ ကြောင်း၊ သူတို့၏ နဂိုရှိပြီးသည့် စာပေမြတ်နိုးသောစိတ်များ၊ ပိုပြီးထက်သန်လာအောင်၊ ပိုပြီးစာပေဖတ်ချင်စိတ် ပေါ်လာ အောင် ထပ်ပြီးအားပေးသည့်၊ လှုံ့ဆော်ပေးသည့် ပွဲတော်ကြီးဟု ဆိုရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဤပွဲတော်ကြီးတွင် ကလေးများ အတွက် စာပေဆိုင်ရာ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အားကစား ပွဲများ၊ ဖျော်ဖြေပွဲများ၊ စာဖတ်သည့်ကိစ္စများ၊ စာပေဆွေးနွေး သည့်ကိစ္စများ၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်နှင့် ပြုစုပျိုးထောင်ပေးသည့် အခန်းကဏ္ဍများ အများကြီးထည့်ပေး ထားသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ အနာဂတ်၏ ခေါင်းဆောင် ဖြစ်လာမည့် ကလေးသူငယ်များအတွက် ယခုလိုလုပ်ပေးခြင်းမှာ အင်မတန်အားရကျေနပ်ဖွယ် ကောင်းပါကြောင်း။
သက်လုံကောင်းအောင် လုပ်ပေးခြင်းဖြစ်
ဤပွဲကြီးတွင် ကလေးများပါဝင်ပတ်သက်ခြင်း၊ ပါဝင်ဆင်နွှဲ ခြင်းအားဖြင့် ဘ၀အတွက် ပျော်ရွှင်ခြင်းများဖြစ်မည်၊ အတူ ပူးပေါင်းဆောင်ရွက်ချင်စိတ်များဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ရှိရင်းစွဲ စာပေမြတ်နိုးသည့်စိတ်များ ပိုပြီးလေးနက်လာ မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိ ဤနေရာတွင် တစ်ခုပြောချင် သည်မှာ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့် စကားရှိပါကြောင်း၊ ထို စကားအတိုင်း ကလေးသူငယ်များ စာဖတ်ချင်သည့်စိတ်များ သန္ဓေတည်သည့်အချိန်တွင် ယခုလိုပွဲတော်များ လုပ်ပေးခြင်း သည် ကလေးများ ဘ၀တစ်လျှောက် အများကြီး သက်လုံကောင်း အောင် လုပ်ပေးခြင်းဖြစ်ပါကြောင်း။
စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာဖတ်ဝါသနာပါ သည့် ကလေးများစိတ်က သူတို့ဘ၀ တစ်သက်တာတွင် အထီးမကျန်တော့ပါကြောင်း၊ သူတို့လက်တစ်ကမ်းတွင် စာအုပ် တစ်အုပ် ရှိနေမည်ဆိုလျှင်၊ စာအုပ်လက်လှမ်းမီနေမည်ဆိုလျှင် ဘယ်နေရာမှာပဲရောက်ရောက် စာအုပ်သည် သူတို့၏ မိတ်ဆွေ တစ်ယောက်ဖြစ်မည်ဖြစ်ပါကြောင်း၊ စာအုပ်မှာ အထီးကျန် သည်ဆိုတာ မဖြစ်ပါကြောင်း၊ သူတို့နှစ်သက်ရာစာအုပ်များ ဖတ်ရင်းဖြင့် အသိပညာကြွယ်ဝလာစေမည်၊ အတွေးအခေါ် ပိုပြီးမြင့်မားလာစေမည်၊ ဗဟုသုတကြွယ်ဝလာစေမည်၊ ပျော်ရွှင်မှု ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊ စာအုပ်များဖတ်ပြီး သိတာ ပိုများလာမည်၊ အမြင်ပိုကျယ်လာမည်ဖြစ်ပါကြောင်း၊ ဘ၀တွင် အခက်အခဲများကို ရင်ဆိုင်သည့်နေရာတွင်လည်း ဘယ်လို ကျော်လွှားရမည်ဆိုသည့် သင်ခန်းစာကို တဖြည်းဖြည်း ရလာမည်ဖြစ်ပါကြောင်း၊ ငယ်ငယ်က စာဖတ်လာသည့် အလေ့အကျင့်မှ အသက်အရွယ်ကြီးလာသည်နှင့် အမျှ၊ သူတို့ ဖတ်သည့် ကဏ္ဍများ တိုးမြှင့်လာသည်နှင့်အမျှ ပိုပိုပြီး ရင့်ကျက် လာကာ နိုင်ငံတော်အတွက် အများကြီးအကျိုးပြုနိုင်လိမ့် မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။
ယနေ့ ကမ္ဘာမှာကြည့်လိုက်လျှင်လည်း တိုးတက်သည့် နိုင်ငံတွင် စာဖတ်အားကောင်းသည့် ပုဂ္ဂိုလ်များ ၊ စာဖတ်ချိန် များများပေးသူများ၊ လေ့လာဗဟုသုတရှာသူများကို တွေ့ရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ ကလေးသူငယ်များ၊ တစ်နေ့လူကြီး ဖြစ်လာမည့်ကလေးများက ငယ်ငယ်ကတည်းက စာဖတ်ချင် သည့်စိတ် သန္ဓေတည်သွားမည်ဖြစ်ပါကြောင်း၊ ဒီလိုသန္ဓေ တည်သွားသည့်အခါ ဝါသနာကို အစပျိုးထောင်သည့်အချိန်တွင် ဆရာသမားများ၊ မိဘများ၏ သင်ပြမှုသည်လည်း အင်မတန်မှ အရေးကြီးပါကြောင်း၊ အထူးသဖြင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်လာသည့် ယခုလို အချိန်မျိုးတွင် လမ်းမှားကိုရောက်နိုင် တာမျိုး၊ အမြင်မှားနိုင်တာမျိုးရှိပြီး မိမိတို့ အဲဒီလို အကျင့်စာရိတ္တ နှင့် ပတ်သက်၍ အားနည်းယိုယွင်းစေနိုင်သည့် စိန်ခေါ်မှုများ ရှိပါကြောင်း၊ ထို့ကြောင့် ဆရာသမားများက မိမိတို့၏ သားငယ်၊ သမီးငယ်များကို စာကောင်းပေကောင်းဖတ်ဖို့ လမ်းညွှန်ပေးရန် လိုအပ်ပါကြောင်း။
သားကောင်းရတနာလေးများဖြစ်လာမည်
စာဖတ်ခန်းများရှိရန်၊ စာကြည့်တိုက်များရှိရန် လိုပါ ကြောင်း၊ စာဖတ်ချင်စိတ်ဖြစ်အောင်လုပ်ရန် လိုအပ်ပါကြောင်း၊ ကလေးများ စာဖတ်ရန်ပြောသည့်အခါ ကလေးများသည် စာအုပ်များကို လက်လှမ်းမီရန် လိုပါကြောင်း၊ စာဖတ်ခန်းများ ရှိရန်၊ စာကြည့်တိုက်များရှိရန် ၊ စာအုပ်စာပေဖတ်ခြင်းအားဖြင့် ကလေးကနေ လူကြီးဖြစ်လာမည်၊ ဘ၀တစ်သက်တာ စာဖတ် ရင်းဖြင့် သူတို့ဘ၀မှာ အခက်အခဲတစ်ခု ဘယ်လိုကျော်လွှား ရမည် ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမည်၊ ဘယ်လို စူးစမ်း လေ့လာမည်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်များ ပေါ်လာမည်၊ သနားကြင်နာစိတ်များ ပေါ်လာမည်ဖြစ်ကြောင်း၊ စာနာစိတ်များပေါ်မည်၊ မကောင်းစိတ်ထားခြင်းသည် ကိုယ့် ဘ၀မှာ အကျိုးမပေးဘူးဆိုသည့် အသိစိတ်ဓာတ်များဝင်လာမည် ဖြစ်ပါကြောင်း၊ သူတို့ဘ၀အတွက် ဘ၀တစ်သက်တာ စာဖတ် သွားရင်းဖြင့် တဖြည်းဖြည်း ပိုပိုပြီး ရင့်ကျက်လာသည့် အင်မတန်အဖိုးတန်သော သားကောင်းရတနာလေးများ ဖြစ်လာမည်ဖြစ်ပါကြောင်း။
ကလေးများ စာဖတ်နိုင်ရန်အတွက် စာကောင်းပေကောင်း များ ရေးပေးနိုင်သည့် စာရေးဆရာကြီးတွေ များများလိုပါ ကြောင်း၊ တကယ့်စေတနာထားပြီး ကဗျာကောင်းလေးများ လည်း လိုမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုး လာအောင် ချစ်ခင်လာအောင်၊ ထိန်းသိမ်းချင်စိတ် ပေါ်လာ အောင်၊ စွန့်စားချင်စိတ် ပေါ်လာအောင် ၊ ရဲရင့်ချင်စိတ် ပေါ်လာ အောင်၊ သူတို့ဘ၀တွင် ဘ၀လုံခြုံရေးအတွက် ကိုယ်ခံအား ကောင်းအောင် တွန်းအားပေးမည့် စာပေမျိုးများ ရေးနိုင်သည့် စာရေးဆရာကြီးများ၊ စာရေးဆရာမကြီးများ အများကြီး လိုပါကြောင်း၊ ရေးပေးပါဟုလည်း မိမိအနေဖြင့် မေတ္တာရပ်ခံ ပါကြောင်း။
ကလေးများ လက်လှမ်းမီအောင်
အလားတူ ဆရာကြီး ဆရာမကြီးများ ရေးပြီးသည့်အခါ ထုတ်ဝေပေးရန် စာပေထုတ်ဝေရေးသမားများ၏ အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးပါကြောင်း၊ စာရေးဆရာကြီးများ ရေးပြီးကာမှ ထုတ်ဝေသူမရှိလျှင် မဖြစ်ပါကြောင်း၊ အလားတူ စာအုပ်အဖြစ်ရောက်ပြီးနောက် ကလေးများ လက်လှမ်းမီအောင်၊ ဖတ်နိုင်အောင် အမြတ်အစွန်းနည်းနည်းဖြင့်၊ မိမိ၏ အနာဂတ် သားကောင်းရတနာများကို ပညာရေးကို အားပေးသည့် အနေဖြင့်၊ စာဖတ်ရှိန်ကောင်းအောင် လုပ်ပေးသည့်အနေဖြင့် စာအုပ်များဖြန့်ချိပေးနိုင်ရန် စေတနာရှေ့ထားသည့် စာပေ ဖြန့်ချိရေးသမားများလည်း အများကြီးလိုသည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။
ဘယ်သူပဲဖြစ်ဖြစ် မိမိအကျိုးမပါဘဲ မလုပ်နိုင်ကြပါ ကြောင်း၊ အကုန်လုံး အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေ ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမြတ်အစွန်းယူကြပါ ၊ သို့သော် ကလေးများ လက်လှမ်းမီအောင် လုပ်ပေးကြပါဟု ပြောလိုပါ ကြောင်း၊ နောက်တစ်ခုက ပြည်တွင်းစာရေးဆရာများ ရေးသလို ပြည်ပမှ ကလေးစာပေ ကောင်းနိုးရာရာများကို ဘာသာပြန်ပြီး ထုတ်ဝေသည်ကိုလည်း တွေ့ရပါကြောင်း။
အလွယ်တကူ စုတ်ပြဲမသွားရန်လို
စာပေထုတ်ဝေရေးလောကတွင်လည်း ယနေ့ တော်တော် လေး စာအုပ်စာပေများ ပုံနှိပ်ခြင်း၊ စာငှားခြင်းမှအစ၊ ပုံများ၊ စက္ကူစာသားများ အင်မတန်အဆင့်မြင့်လာပြီး အင်မတန် ကောင်းသည်ကို တွေ့ရပါကြောင်း၊ စာအုပ်ချုပ်သည့်နေရာတွင် ကော်ကပ်သည်ပဲဖြစ်ဖြစ်၊ ကလေးများဖြစ်သည့်အတွက် စာအုပ် ကိုင်တာသည် လူကြီးနှင့် မတူပါကြောင်း၊ စာအုပ်များ အလွယ် တကူ စုတ်ပြဲမသွားရန် လိုပါကြောင်း၊ ကော်ကပ်သည့်စာအုပ် များက ကလေးက ဘာမှမကြည့်ရသေးဘဲ အနှောင့်ပြုတ်ထွက် လာပါကြောင်း၊ ကြာကြာမခံပါကြောင်း၊ ၎င်းကို ဂရုပြုပြီး ညီအစ်ကိုမောင်နှမ တစ်ဆက် သိမ်းဆည်းနိုင်အောင်၊ ပျက်စီး မလွယ်အောင် လုပ်ပေးစေချင်ပါကြောင်း။
နောက်တစ်ခုက ဘာသာပြန်သည့်နေရာတွင် တစ်ခုလေး မေတ္တာရပ်ခံချင်ပါကြောင်း၊ ဘာသာပြန်သက်သက်သည် သူ့ဟာ နှင့်သူ ဆီလျော်ပြီး ဖတ်၍ကောင်းပါကြောင်း၊ မိဘက ဖတ်ပြ ရင်ပဲ ဖြစ်ဖြစ်၊ ကလေးများ ကိုယ့်ဘာသာကိုယ် ဖတ်ရင်ပဲဖြစ်ဖြစ် အဆင်ပြေပါကြောင်း၊ တချို့ကျတော့ စေတနာလည်း ပါပါ ကြောင်း၊ ဘာတွေ့ရသလဲဆိုတော့ အပေါ်မှာ အင်္ဂလိပ်စာတစ်ပုဒ် အောက်မှာ မြန်မာစာတစ်ပုဒ်ဖြင့် ကလေးများ အင်္ဂလိပ်စာလည်း ပိုပြီးသိလာအောင်လုပ်သည့် သဘောဖြစ်ပါကြောင်း၊ တစ်ခု သတိပြုမိသည်မှာ ဘာသာပြန်သည့်နေရာတွင် တချို့က အမှုမဲ့ အမှတ်မဲ့ ဖြစ်ချင်တာလည်းဖြစ်မည်၊ မိမိစိတ်ထဲ ကောင်းနိုး ရာရာလေးများထင်ပြီး ပြန်ပေးလိုက်သည်ကို တွေ့ရပါကြောင်း၊ ဒီလိုဟာမျိုးတွင် ကလေးများ အမှတ်မှားမည်ဖြစ်ပါကြောင်း၊ ဖတ်ပြသည့် မိဘများမှာလည်း တချို့က သတိထားမိမည်၊ တချို့ လည်း ဒီအတိုင်း ဖတ်လျှင် ဖတ်မည်ဖြစ်ပါကြောင်း၊ လွဲတာလေး တွေ ရှိပါကြောင်း၊ ထို့ကြောင့် အပုဒ်လိုက် တစ်ခုချင်းလိုဟာမျိုး ကို ဘာသာပြန်ပေးမည်ဆိုလျှင် တတ်နိုင်သမျှ အနီးစပ်ဆုံး၊ အဆီလျော်ဆုံးဖြစ်အောင် ၊ အမှတ်မမှားရအောင် ဂရုစိုက်ပြီး ပြန်ဆိုပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။


ယနေ့ ပဲခူးတွင် ပြုလုပ်သည့် ကလေးစာပေပွဲတော်၌ ပြီးခဲ့သည့်ပွဲတော်များထက် ယခင်က မပါသေးသည့် ကဏ္ဍလေး များကို ထပ်မံဖြည့်စွက်ထားသည်ဟု သိရပါကြောင်း၊ နည်းပညာ အရ စာဖတ်သည့်ကလေးများကို ဆွဲဆောင်မှုပေးနိုင်သည့်ဟာမျိုး အခန်းကဏ္ဍလေး ပါလာသည်ဟု သိရပါကြောင်း၊ ဗျွ ၊ ဠျွ ဟု ပြောပါကြောင်း၊ အဲဒီလိုကဏ္ဍများလည်း တိုးလာပါကြောင်း၊ ပြိုင်ပွဲတွေလည်း လုပ်ဖြစ်မည်ထင်ပါကြောင်း၊ တိုင်းရင်းသား ဘာသာနှင့် ကဗျာရွတ်ဆိုခြင်းလည်း ပါမည်ဟု သိရပါကြောင်း၊ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးများအနေဖြင့် ငယ်ငယ်ဘ၀ ကတည်းက မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဘာသာစကားလေးများကို နားမလည်လျှင်တောင်မှ ကြားဖူး မည် ဖြစ်ပါကြောင်း၊ ‘ ဒီလို ခပ်ဝဲဝဲလေးနှင့် ပြောရင်းဆိုရင်း၊ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်စိတ်များ ပေါ်လာမည်၊ နားလည်စိတ်များ ပေါ်လာမည်ဖြစ်ပါကြောင်း၊ တစ်ယောက်၏ ယဉ်ကျေးမှုကို တစ်ယောက်က သိချင်စိတ်ပေါ်လာမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ငယ်ငယ်တုန်းက ကျောင်းအိပ် ကျောင်းစား နေသည့်အချိန်ဆိုလျှင် ယခုလိုပင် ကျောင်းမှာ ဒေသပေါင်းစုံမှ လာသည့် မိတ်ဆွေများကို တွေ့ရသည့်အတွက် ဒေသပေါင်းစုံ၏ ယဉ်ကျေးမှုများကို တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းများ နားလည်ရန် ပြောပေးကြပါကြောင်း၊ ပိုပြီးချစ်ခင်ရင်းနှီးမှုရပြီး ပြည်ထောင်စုကြီးအတွက် အင်မတန်အားရှိသည့် ကိစ္စဖြစ်ပါ ကြောင်း။
နောက်ဆုံးအနေဖြင့် ပြောလိုသည်မှာ မိမိတို့ ယခုလို နိုင်ငံတော်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စသည်ဖြင့် အားလုံး ပူးပေါင်းပြီး စာပေဝါသနာရှင်များ၊ စေတနာရှင်များ၊ လူမှုအဖွဲ့ အစည်းများ၊ ဒေသခံများ ပူးပေါင်းသည့် ပွဲများတွင် ပွဲပြီးမီးသေ မဖြစ်ရန်၊ နဂိုရှိရင်းစွဲ ကလေးများ၏ စာဖတ်ချင်စိတ်ကို ပိုပြီး ဒီပွဲကြီးမှတစ်ဆင့် ပွားပေးလိုက်သည့်အနေဖြင့် မှတ်ယူပြီး သူတို့ ဘ၀တစ်သက်တာတွင် ဘ၀လုံခြုံရေးအတွက် အာမခံချက် ရစေနိုင်သည့် စာအုပ်စာပေချစ်မြတ်နိုးခြင်းဖြစ်အောင်၊ ကလေး စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပြီး ဆရာ ဆရာမ များ၊ ဒေသခံများက ဒီနေရာမှနေပြီး လုပ်ပေးကြရန်၊ စာကြည့် တိုက်များ ပွားများလာအောင် အားပေးပြီး အရှိန်မြှင့်တင်ပေးပါ၊ အနာဂတ်၏ သားကောင်းရတနာများ၊ ဉာဏ်ပညာဗဟုသုတ များ ကြွယ်ဝပြီး ဆင်ခြင်တုံတရားမြင့်မားသည့် ကလေးများ၊ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များ၊ တိုင်းပြည်ချစ်သည့်ပုဂ္ဂိုလ် များ၊ သဘာဝကို မြတ်နိုးသည့် ပုဂ္ဂိုလ်များ ၊ စူးစမ်းတတ်သည့် ပုဂ္ဂိုလ်များ၊ လေ့လာတတ်သည့်ပုဂ္ဂိုလ်များ သားကောင်းရတနာ လေးများဖြစ်အောင် အားပေးကြပါဟု ပြောကြားသည်။
(၈)ကြိမ်ရှိပြီဖြစ်
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားမှာ ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပလာခဲ့သည်မှာ နိုင်ငံတော်အဆင့် (၈)ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် န၀မအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကလေး စာပေပွဲတော်ကြီးများ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါ ကြောင်း၊ ခရိုင်၊ မြို့နယ်များတွင်လည်း ကျင်းပလျက်ရှိပါ ကြောင်း။
ပျော်ရွှင်မှုရှိရန် အရေးကြီး
ကလေးစာပေပွဲတော်ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ ကလေးများ ပျော်ရွှင်စေရန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးများကို ပျော်ရွှင်စေချင်ပါကြောင်း၊ ကလေးများသာမက လူသားအားလုံး ပျော်ရွှင်မှုရှိရန် အရေးကြီးပါကြောင်း၊ ကလေး များ ပျော်ရွှင်ရန်ဆိုပြီး ပျော်ပွဲရွှင်ပွဲများသာ ကျင်းပပေးခြင်းမျိုး မဟုတ်ပါကြောင်း၊ ခေတ္တခဏသာ ပျော်ရွှင်ခြင်းမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့ ကြာရှည်သည့် ပျော်ရွှင်မှုမျိုးဖြစ်အောင် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
အမှတ်တရဖြစ်စေချင်
ကလေးစာပေပွဲတော်ဆိုပြီး ကလေးပွဲများ သက်သက် မဟုတ်ဘဲ စာပေပွဲများလည်း ထည့်သွင်းကျင်းပပေးပါကြောင်း၊ ခန်းမအတွင်းနှင့် အပြင်ဘက်တွင် စာအုပ်များ ခင်းကျင်းပြသ ထားသကဲ့သို့ ဈေးတန်းများတွင်လည်း စာအုပ်များရောင်းချပေး လျက်ရှိပါကြောင်း၊ ကလေးများကို စာအုပ်စာပေနှင့် ထိတွေ့ စေချင်ပါကြောင်း၊ ကလေးစာပေပွဲတော်မှ လက်ဆောင်ပေးသော စာအုပ်များ၊ ဈေးတန်းမှရောင်းချသော စာအုပ်များ ဝယ်သွား ခြင်းဖြင့်လည်း အမှတ်တရဖြစ်စေချင်ပါကြောင်း။


စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့်ရလာ
ကလေးများ စာအုပ်စာပေနှင့် ထိတွေ့ပျော်ရွှင်စေရန် သာမက လူအများနှင့် ပူးပေါင်းလုပ်ဆောင်တတ်သည့် အဖွဲ့ အစည်း စိတ်ဓာတ်များ ရှိစေရန်လည်း ရည်ရွယ်ပါကြောင်း၊ Theme Song ဆိုသည့် ကလေးတွေကို ရေတွက်ကြည့်သည့် အခါ ၃၈ ယောက်ရှိပါကြောင်း၊ သူတို့လေးတွေအနေဖြင့် သီချင်း ဆိုရန် ဇာတ်တိုက်လေ့ကျင့်ရမည်၊ ဆရာ ဆရာမများက လေ့ကျင့် ပေးရမည်၊ ဘယ်သူက ဘယ်လိုစသည်ဖြင့် ညှိရမည်ဖြစ်ပါ ကြောင်း၊ ညီညီညာညာဖြစ်အောင် စုပေါင်းလုပ်ဆောင်တတ် သည့် အလေ့အကျင့်ရလာပါကြောင်း။
ကလေးစာပေပွဲတော်များ ကျင်းပရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့များ၏ တက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပလေ့ရှိပါကြောင်း၊ ကျင်းပရသည့် ရည်ရွယ်ချက်မှာ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိခြင်း၊ ပွဲတော်လာသည့် ကလေးများမှာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအရွယ် ကလေးများဖြစ်၍ သူတို့ဘာသာ တက္ကသိုလ်သို့ လာရောက်ရန် ခက်ခဲပါကြောင်း၊ ကြုံကြိုက်မှသာ ရောက်ရှိနိုင်ပါကြောင်း၊ ကလေးစာပေပွဲတော် ကျင်းပသည့်အခါ
တစ်နယ်လုံးမှ ကလေးငယ်များ တက္ကသိုလ်အတွင်း ရောက်ရှိ လာသည့်အခါ အထင်ကြီးအားကျလာနိုင်ပါကြောင်း၊ တစ်နေ့ ငါတို့လည်း တက္ကသိုလ်ရောက်ရမည်ဆိုသည့် အတွေးများ ရှိလာ နိုင်ပါကြောင်း၊ ခမ်းနားသည့် ခန်းမကြီးအတွင်း ရောက်ရှိသည့် အခါ ဂုဏ်ယူတတ်သည့်စိတ်များလည်း ဖြစ်ပေါ်လာနိုင် ပါကြောင်း။
ဝိုင်းဝန်းကူညီပံ့ပိုးပေး
ကလေးစာပေပွဲတော် လာရောက်ရင်း၊ ဆက်စပ်မိရင်း စေတနာ သဒ္ဓါတရားထက်သန်သည့် ပုဂ္ဂိုလ်များလည်း ကြုံဖူး ပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်၌ ကျင်းပသည့် ကလေးစာပေ ပွဲတော်တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းများ ပါဝင်သည့် ရပ်မိရပ်ဖများက ခန်းမရှေ့တွင် ကွန်ကရစ်ခင်းပေး ခြင်းနှင့် အခြားလိုအပ်သည်များကို ဝိုင်းဝန်းကူညီပံ့ပိုးပေး ပါကြောင်း။
စာအုပ်များကို တတ်နိုင်သလောက်ပြသ
နေပြည်တော်တွင် ကျင်းပသည့် စာတတ်သူတိုင်း စာဖတ် ရေးလှုပ်ရှားမှုတွင် ပထမဆုံးအကြိမ်အဖြစ် စာအုပ်ပေါင်း ၄၂၈၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စာမဖတ် ကြောင်း၊ စာအုပ်စာပေ မထွန်းကားကြောင်း ပြောဆိုသည်များ ရှိရာ စာဖတ်မှုနှင့် ပတ်သက်၍ အားနည်းချက်များ ရှိသည် မှန်သော်လည်း စာမဖတ်ကြဘူး၊ စာအုပ်စာတမ်း မထွက်ဘူး ဆိုသည့်အချက်မှာ မမှန်ပါကြောင်း၊ စာဖတ်ချင်သူများအတွက် စာအုပ်တွေရှိပါတယ်ဆိုသည့်အချက်ကို ပြချင်သည့်အတွက် ၂၀၁၈ တစ်နှစ်လုံးထွက်သည့် စာအုပ်များကို တတ်နိုင်သလောက် ပြသပေးခြင်းဖြစ်ပါကြောင်း။
စေတနာထက်သန်သည့် ပုဂ္ဂိုလ်များရှိ
မြစ်ကြီးနားတက္ကသိုလ်တွင် ကျင်းပသည့် ကလေးစာပေ ပွဲတော်တွင် စာပေကို စိတ်ဝင်စားသည့် စေတနာရှင်များက စာပေပွဲတော်နှင့် ဟောပြောပွဲများသာမက စာအုပ်များခင်းကျင်း ပြသသည့်အတွက် ဝမ်းသာကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ကလေးစာပေပွဲတော်များ ကျင်းပ ပေးပါ၊ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးပါမည်ဟု ပြောသည့်အတွက် ပူတာအို၌ ကလေးစာပေပွဲတော် ဆက်လက် ကျင်းပပေးခဲ့ပါကြောင်း၊ ပူတာအိုလိုနေရာမျိုးသည် သွားလာရ ခက်ခဲသလို စာအုပ်စာပေရောက်ရန်လည်း ခဲယဉ်းပါကြောင်း၊ သို့သော် ပူတာအို ကလေးစာပေပွဲတော်တွင် ယခုကဲ့သို့ စာအုပ် ၄၂၀၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ စေတနာရှင်ပုဂ္ဂိုလ် များက ပူတာအိုတွင်ပြသထားသည့် စာအုပ်များကို ပြန်မသယ် ရန်နှင့် သူတို့လှူဒါန်းမည်ဟု ပြောပါကြောင်း၊ မိမိတို့ဘက်မှ အချို့စာအုပ်များကို လှူဒါန်းခဲ့သည့်အတွက် စေတနာရှင်များ ဘက်မှ သိန်း ၆၀ ကျော်သာ ဝယ်ရပါကြောင်း၊ အဓိက ပြောချင်တာက ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထက်သန်သည့် ပုဂ္ဂိုလ်များရှိခြင်းကို ပြောချင်တာဖြစ်ပါ ကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကလေးစာပေ ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဖြစ်ပါ ကြောင်း။
အချုပ်ဆိုရသော် ကလေးများဖွံ့ဖြိုးတိုးတက်ပြီး လူတော် လူကောင်းများဖြစ်လာစေရန်၊ တိုင်းပြည်၏အနာဂတ် ပိုမို တောက်ပြောင်စေရန်အတွက် ကလေးစာပေပွဲတော်များကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ဒီပွဲတင်သာမက စာပေဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးများစာဖတ်ရေး၊ အသိပညာပြန့်ပွားရေးတွင် တတ်နိုင် သည့်ဘက်မှ ဝိုင်းဝန်းပြီးကူညီဆောင်ရွက်ပေးကြရန် ထပ်ဆင့် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေ
ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေ ကြသည်။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးဇူးတင်စကား ပြောကြားရာတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ကလေးစာပေ ပွဲတော်တွင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည့် ကလေး များကို ဉာဏ်ရည်ဉာဏ်သွေး ဗဟုသုတများ ထက်မြက်လာ စေရန်နှင့် တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေး များ စာပေ၌ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်နှင့် ကလေး များ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ပျော်ရွှင်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ပွဲတော်ကြီးကို စည်ကား သိုက်မြိုက်စွာ တက်တက်ကြွကြွဖြင့် ကဏ္ဍအသီးသီးမှ ဝိုင်းဝန်း အားပေးကူညီပေးပါသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ ပဲခူး တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အထူးသဖြင့် ဖျော်ဖြေရေးကဏ္ဍတွင် ပါဝင် ဖြည့်ဆည်းပေးပါသော အခြေခံပညာကျောင်းများမှ တာဝန်ရှိသူ များ အားလုံးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကလေးစာပေအပါအဝင် နှလုံးပြည့်ဝ၊ ပညာဉာဏ်ပြည့်ဝသော နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် အဖွဲ့သည် ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပါဝင်ဆင်နွှဲ
ကလေးစာပေပွဲတော်(ပဲခူး)ကို မတ် ၂၈ ရက်မှ ၃၀ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပဲခူးတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။


သတင်းစဉ်

Thursday, March 28, 2019

(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ




 နေပြည်တော် မတ် ၂၇



(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေး ပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ ဆုချီးမြှင့်ပွဲသို့ တက် ရောက်လာသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်ဟိန်း ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။
ထို့နောက် (၇၄)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးတို့က ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်း ဦးက စံပြတပ်ခွဲ တတိယဆုရရှိသော အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြား ရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြု တပ်ခွဲအားလည်းကောင်း၊ စံပြတပ်ခွဲ ပထမဆုရရှိသော ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြု တပ်ခွဲအားလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကားပြော ကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

(၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ





 နေပြည်တော် မတ် ၂၇




၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားအား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့သည် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီးတို့နှင့်အတူ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး òန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့အနုပညာရှင်များနှင့် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်း "နာရီတစ်ရာ့တစ်ဆယ်"ဇာတ်လမ်းမှ အနုပညာရှင် များက တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ညစာစားပွဲအပြီးတွင် ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမ၌ ပြည်သူ့ ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးòန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီအငြိမ့်အဖွဲ့၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများနှင့် မြန်မာသိုင်းအဖွဲ့ဝင် များက မြန်မာသံစုံတီးဝိုင်း၊ နိုင်ငံတကာသံစုံတီးဝိုင်းများ တီးမှုတ်၍ အဆို၊ အက၊ မျက်လှည့်များဖြင့် သီဆိုဖျော်ဖြေကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

(၇၄)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရ၀ပြု ကန်တော့သည့် အခမ်းအနားကျင်းပ





 နေပြည်တော် မတ် ၂၇


 

(၇၄)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော် တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဂါရ၀ပြုကန်တော့သည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂါရ၀ပြုစကားပြောကြားပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တက်ရောက်လာကြသူများက တပ်မတော် (ကြည်း၊ ရေ၊လေ)မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနှင့် အညီ ရိုသေစွာဖြင့် ဂါရ၀ပြုကန်တော့ကြသည်။
ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ(ငြိမ်း)နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်(ငြိမ်း)တို့က ဩဝါဒစကားများ ပြောကြားကြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက် ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီး များထံ ဂါရ၀ပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီးတို့နှင့်အတူ ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသော(၇၄)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိများထံ သွားရောက်၍ တစ်ဦး ချင်းစီ လိုက်လံတွေ့ဆုံပြီး ဂါရ၀ပြု နှုတ်ဆက်စကားပြောကြား၍ လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သည့် လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ရရှိသူ စုစုပေါင်း ၂၁ ဦးနှင့် အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူများ၏ မိသားစုဝင်များ၊ ဆွေမျိုးများအား ဘုရင့်နောင်ရိပ်သာ၌ ဂါရ၀ပြုတွေ့ဆုံ ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နှုတ်ဆက်ဂါရ၀ပြုစကား ပြောကြားပြီး အားဖြည့်ငှက်သိုက်ရည်များနှင့် ဂါရ၀ပြုငွေ များအား တစ်ဦးချင်း ဂါရ၀ပြုပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

သမိုင်းနှင့် ငြိမ်းချမ်းရေး


 
မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
မြန်မာနိုင်ငံက ထင်ရှားကျော်စောသော သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက သမိုင်းသင်တာ မအအောင်လို့ဟူသည့် သမိုင်းတွင်ရစ်သော စကားရပ်ကို မြွက်ဟဖူး၏။
လူတို့၏ဘ၀တွင် သမိုင်းကို လေ့လာသင်ယူခြင်းသည် အခြေခံ လိုအပ်ချက်ဖြစ်၏။ ထို့ကြောင့်ပင် မူလတန်းမှစ၍ သင်ရိုးòန်းတမ်း ထဲတွင် ထည့်ကာသင်၏။ လူတို့၏ သမိုင်း၊ မိမိတို့လူမျိုး၏ သမိုင်း၊ ကမ္ဘာကြီး၏ သမိုင်း၊ နိုင်ငံတကာသမိုင်း အစရှိသည်တို့ကို ယေဘုယျ အားဖြင့် နားလည်နေကြဖို့ လိုသည်ဟူသည့် သဘောထားပေါ် အခြေခံ သော ပညာရေးစနစ်။
အထူးသဖြင့်တော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ၏ သမိုင်းကို မှန်မှန် ကန်ကန် နားလည်ကြ သိရှိကြဖို့လို၏။ ကိုယ့်ဇာစ်မြစ်ကို မှန်မှန် ကန်ကန် သိခြင်းက ကိုယ့်ဘ၀ကိုယ် မှန်မှန်ကန်ကန် နားလည်ခြင်းဖြစ်ပြီး ကိုယ့် အနာဂတ်ခရီးကို မှန်မှန်ကန်ကန် ရွေးချယ်လျှောက်လှမ်းနိုင်ရေးဖြစ်၏။
ကိုယ့်သမိုင်းကိုယ် အမှန်အတိုင်း မသိခြင်း၊ နားမလည်ခြင်းသည် လူတို့ကို လူနုံလူအဘ၀ကို ရောက်စေမည်။ လူနုံလူအ ဟူသည် ဘ၀ကို တိုးတက်မြင့်မားအောင်လုပ်နိုင်မည်မဟုတ်။ လူနုံလူအတို့သည် မိဘ ဘိုးဘွားတို့၏ မည်သို့သော ကြွယ်ဝချမ်းသာမှုကို အမွေဆက်ခံထားသည် ဖြစ်စေ ဆင်းရဲတွင်းသို့ နစ်ကာတိုးဝင်နေတတ်ကြ၏။
နိုင်ငံအနေဖြင့် ပြောရလျှင် မြန်မာတို့က ပဒေသရာဇ်ခေတ်များ အတွင်း ဘုရင်အမျိုးမျိုး၏ လက်အောက်တွင် ကောင်းချည်တစ်ခါ ဆိုးချည်တစ်လှည့်ဖြင့် သမိုင်းကို ဖြတ်သန်းခဲ့ကြရသည်။ စနစ်က ပဒေသရာဇ်စနစ်ဖြစ်သည့်အတွက် ပြည်သူလူထုကို ညှာတာသည့် ဘုရင် လက်ထက်တွင် ပြည်သူတို့ သက်သာရာရမည်ဖြစ်ပြီး၊ ကြမ်းကြုတ်သည့် ဘုရင်လက်ထက်တွင် ပြည်သူတို့ မသက်သာဖြစ်မည်။ လောဘဇောတက် စည်းစိမ်ခံလွန်းသော ဘုရင်များလက်ထက်တွင် နိုင်ငံဆင်းရဲမွဲတေလာ မည်ဖြစ်ပြီး မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သည့် ဘုရင်များလက်ထက် တွင် နိုင်ငံတိုးတက်မည်ဟု ခန့်မှန်းသိရှိနိုင်ကြမည် ဖြစ်ပါသည်။
နောက်တော့ ကိုလိုနီခေတ်။ နိုင်ငံခြားသားတို့က မိမိတို့နိုင်ငံ၏ သယံ ဇာတ အရင်းအမြစ်များကို အများဆုံးရယူမည်။ မိမိတို့နိုင်ငံသားများက အကြွင်းအကျန် အရိုးအရင်းကို ရမည်။ ဖက်ဆစ်ခေတ်မှာ မိမိတို့နိုင်ငံကို နယ်ချဲ့ရုံမျှမက နိုင်ငံ၏ သယံဇာတတို့ကို ထုတ်နုတ်သိမ်းပိုက်ကာ ပြည်သူ တို့ကို နှိပ်စက်မည်။ လက်အောက်ခံဘ၀ ကျရောက်ရသည့် နိုင်ငံသား များအပေါ် ရက်စက်ရန် နည်းနည်းလေးမှ ဝန်လေးမည်မဟုတ်သည့် လက်ရဲဇက်ရဲများ ဖြစ်မည်။
သည်တော့နယ်ချဲ့နှင့် ဖက်ဆစ်စနစ်ကို ပြည်သူတို့ တညီတညွတ်တည်း တော်လှန်ခဲ့ကြသည်မှာ ရိုးရှင်းလှသော သမိုင်းဟုဆိုရပါမည်။ ဖက်ဆစ် တော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးကြီး။
လွတ်လပ်ရေးရပြီးခေတ် ပါလီမန်ဒီမိုကရေစီခေတ်ဆိုသည်မှာ ကိုယ့်မင်းကိုယ်ချင်းကို ပြန်လည်ရရှိပြီး နယ်ချဲ့သမားထားခဲ့သည့် စနစ်များ အတွင်းမှ ဖြစ်နိုင်သမျှ ရနိုင်သမျှ ကောင်းဆိုးခွဲခြားရင်း ပြန်လည် ထူထောင်ကြရသည့်ခေတ်။ အောင်မြင်တာတွေလည်းရှိ၊ ကျဆုံးတာ တွေလည်းရှိခဲ့သည့်ခေတ်။ သို့သော်လည်း ကိုလိုနီလက်အောက်က လွတ်လာစအချိန်၊ အများစုသောခေါင်းဆောင်များရော ပြည်သူများကပါ တိုင်းကျိုးပြည်ကျိုးအတွက် စေတနာထားခဲ့ကြသူများ။ ထို့ကြောင့်လည်း အရှေ့တောင်အာရှမှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အဘက်ဘက် လိုလိုတွင် ဦးဆောင်မှုအခန်းမှာ ရှိခဲ့ကြသည်။
တော်လှန်ရေးကောင်စီတက်လာသည့်အခါ ဒီမိုကရေစီစနစ်၏ အနှစ်သာရ စတင်ပျက်စီးခဲ့ရ၏။ နှစ်ကြာလာသည်နှင့်အမျှ ဒီမိုကရေစီ တဖြည်းဖြည်းချင်း ဆိတ်သုဉ်းလာခဲ့ပြီး နိုင်ငံက ဆင်းရဲမွဲတေ လာခဲ့သည်။ နောက်ဆုံးတွင် မခံရပ်နိုင်ကြသော ပြည်သူတို့ လမ်းမများပေါ်သို့ထွက်ကာ ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြသည်။
နောက်တစ်ကြိမ် အာဏာသိမ်းမှုနှင့် ကြုံကြိုက်ရပြန်ရာ ဒီမိုကရေစီ မှောင်ကြီးကျသည့်ခေတ်နှင့်အတူ နိုင်ငံ၏ သယံဇာတဆုံးရှုံးမှုများက လည်း မည်သည့်ခေတ်နှင့်မတူ ပြုတ်ပြုတ်ပြုန်းခဲ့ရသည်။
ယနေ့ကာလက ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အခြေကျနိုင်အောင် နိုင်ငံတွင်း ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ခိုင်မာအခြေကျအောင် တည်ဆောက်နေရချိန်။ တစ်ပြိုင်နက်တည်းတွင် ဆင်းရဲတွင်းက လွတ် မြောက်ရေး နိုင်ငံတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ပြန်လည်ထူထောင် နေရချိန်ဖြစ်၏။
သည်လိုအနေအထားမှန်ကို နိုင်ငံရေးခေါင်းဆောင်များရော ပြည်သူ တို့ကရော အမှန်အတိုင်းသိမြင်ကြဖို့လိုပါမည်။ အားလုံး၊ အထူးသဖြင့် နိုင်ငံရေးအင်အားစုများ မညီညွတ်ဘဲ မဖြစ်နိုင်၊ ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်း၍ ငြိမ်းချမ်းရေးမရယူဘဲ မဖြစ်နိုင်ဟူသည်ကို နားလည်ကြဖို့ အလွန်အရေးကြီးပြီဟု ယူဆပါကြောင်း။ ။

(၇၄) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပ တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးကိုပြည်သူ့လက်သို့ အရောက်အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်




 နေပြည်တော် မတ် ၂၇



၂၀၁၉ ခုနှစ်၊ (၇၄) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြ ကွင်းကြီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
ရှေးဦးစွာ (၇၄)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်း အနား၌ ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များ၊ တပ်မတော် (ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမျိုးသမီး စစ်ရေးပြတပ်ခွဲတို့သည် စစ်ကြောင်းကြီးများအလိုက် သစ်တပ် စစ်ရေးပြကွင်း၌ စတင်စုရုံး ရောက်ရှိနေရာယူကြပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူသည်။ ထို့နောက် စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်ဟိန်း ဦးဆောင်၍ အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စန်းယုနိုင် ဦးဆောင်သည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ် ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊
အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းòန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် အနော်ရထာ စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူး ကြီး မြင့်ထွန်းနိုင် ဦးဆောင်သည့် ဆက်သွယ်ရေးòန်ကြား
ရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ထွန်းလူ ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ (၁) တို့ ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး တင်စိုး ဦးဆောင်သည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) (အမျိုးသမီး)ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) (အမျိုးသမီး)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် အောင်ဇေယျ စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ဇော်ဇော်ထွန်း ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်းကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ(၁) တို့ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးခိုင် ဦးဆောင်သည့် လေကြောင်း ချီကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲတို့ပါဝင်သည့် ဗန္ဓုလစစ် ကြောင်း၊ စစ်ကြောင်းမှူး ရဲမှူးကြီး ဥက္ကာကို ဦးဆောင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသမီး) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ (၁)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသား) ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)ကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၃) တို့ပါဝင်သည့် မြ၀တီစစ်ကြောင်းတို့သည် စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စုရပ်မှ စစ်ရေးပြကွင်းသို့ အစီအစဉ် အတိုင်း ချီတက်ကြသည်။
ဂုဏ်ပြုပန်းကုံးများစွပ်
ထိုသို့ ချီတက်ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၏ ဇနီး ဒေါ်သက်သက် အောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး ဒေါ်သန်းသန်းအေး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ဇနီး ဒေါ်အောင်မာမြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ဇနီး များက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။
သံပြိုင်ဟစ်ကြွေး
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်မိသားစုများ၊ ဒေသခံ မိဘပြည်သူများကလည်း စစ်ကြောင်းကြီးများချီတက်ရာလမ်း တစ်လျှောက် သောင်းသောင်းဖြဖြ ကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများ စွပ်ကြသည်။ ထိုကဲ့သို့ စစ်ကြောင်းကြီးများမှ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၂၄၃၈ ဦးတို့သည် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေး သီဆိုချီတက်လာကြပြီး စစ်ရေးပြကွင်းအတွင်း သို့ ရောက်ရှိနေရာယူကြသည်။
အဆိုပါ (၇၄)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦး၊ ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့်တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ၊ အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ ၂၀၁၈ ခုနှစ်တွင် သူရဘွဲ့နှင့် တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ /တံဆိပ်ရရှိခဲ့ကြသောအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)
လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့်နယ်ခြားစောင့် ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်လေ့ကျင့် ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိ ကြသူများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်း များမှ အုပ်ချုပ်သူနည်းပြများနှင့်သင်တန်းသား၊ သင်တန်းသူ များနှင့် ဆိတ်ဖူးတောင်ပရဟိတ တိုင်းရင်းသားလူငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လိုက်လံစစ်ဆေး
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပသည့် စစ်ရေး ပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အား အလေးပြုကြသည်။ ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းသည် စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေး သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ အား အလေးပြုကြရာ ဗဟိုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်း ကို တီးမှုတ်သည်။ ယင်းနောက် ကျဆုံးလေပြီးသော တပ်မတော် သားများအား အလေးပြုကြပြီး စစ်ကြောင်းကြီးများမှ (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ က သစ္စာလေးချက်ကို သံပြိုင်ညီညာ ရွတ်ဆိုကြသည်။
သမားရိုးကျစစ်ပွဲများဆင်နွှဲနိုင်
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က မိန့်ခွန်းပြောကြားရာတွင် မိမိတို့တပ်မတော် အနေဖြင့် နိုင်ငံ၊ လူမျိုး၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့် အတွက် ကာကွယ်ရေးစွမ်းအား(Defence Capability) တည်ဆောက်ခြင်း၊ ကာကွယ်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ခြင်း (Defence Modernization) တို့ကို ဖော်ဆောင်ပြီး သမားရိုးကျစစ်ပွဲများကို ဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော်(Standard Army) အဖြစ် တည်ဆောက် လျက်ရှိကြောင်း။
ခေတ်မီတပ်မတော်တစ်ရပ်တည်ဆောက်သည့်အခါတွင် အဓိကကျသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လူ့စွမ်းအားအရင်း အမြစ်နှင့် ကျွမ်းကျင်မှုစသည့်ကဏ္ဍ ၃ ရပ်ကို ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ တိုးတက်ပြောင်းလဲ နေသည့် စစ်ပွဲဆိုင်ရာအယူအဆများနှင့် ပုံသ္ဌာန်များ၊ စစ်လက်နက်အသစ်အဆန်းများ၊ စစ်ဘက်နည်းပညာဖွံ့ဖြိုး မှုများကို မျက်ခြည်အပြတ်မခံဘဲ လေ့လာနေရန်လည်းလိုအပ် ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင် ရွက်၍မရနိုင်သည့်အပြင် စစ်၏သဘောသဘာဝအရ ကြိုတင် ပြင်ဆင်မှုများကောင်းမွန်မှသာ စစ်ပွဲကို အောင်နိုင်မည်ဖြစ် သည့်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်းနှင့် အုပ်ချုပ် ထောက်ပံ့မှုကိစ္စရပ်များကို ဟန်ချက်ညီဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မျက်မှောက်ကာလစစ်ပွဲများတွင် စစ်နည်းဗျူဟာကျွမ်းကျင် မှု၊ လေကြောင်းအကဲသာမှုနှင့် အီလက်ထရွန်နစ်နည်းပညာ သာလွန်မှု၊ လက်နက်ခဲယမ်းများခေတ်မီကောင်းမွန်မှု၊ ထိရောက် တိကျမှုတို့သည် စစ်ပွဲ၏ အနိုင်၊ အရှုံးကို အဓိကအဆုံးအဖြတ် ပေးလျက်ရှိကြောင်း၊ နည်းပညာတိုးတက်လာမှုနှင့်အတူ ပြောင်းလဲကျင့်သုံးလာသည့် စစ်နည်းဗျူဟာများနှင့် စစ်လက် နက်ပစ္စည်းများကို ခေတ်နှင့်အညီ ကျွမ်းကျင်စွာအသုံး ချနိုင်ရန် အတွက် ကြိုးစားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ကျွမ်းကျင်စွာအသုံးချသွားနိုင်ရန်အတွက်လည်း ပညာရည် မြင့်မားရန်လိုအပ်သည့်အတွက် တပ်မတော်သားအားလုံး ပညာ ရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
အလေးထားဆောင်ရွက်
တပ်မတော်သားများသည် "အလိမ္မာ စာမှာရှိ" ဆိုသည့် အတိုင်း မိမိကိုယ်ကိုယ်ထိန်းကျောင်းပြုပြင်နိုင်ရန်၊ အတွေးအခေါ် နှင့် အသိပညာ ဗဟုသုတများရရှိစေရန်တို့အတွက် တန်ဖိုးရှိသည့် သုတ၊ ရသ စာပေများကိုလည်း အမြဲမပြတ်ဖတ်ရှုလေ့လာရန် လိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတည်ငြိမ် အေးချမ်းရေးသည် အဓိက အရေးကြီးဆုံးအချက်တစ်ချက်ဖြစ် ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုဘ၀တိုးတက် မြင့်မားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုလိုနီဘ၀က နယ်ချဲ့များ ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် လူမျိုးရေးအရ၊ အယူဝါဒရေးအရ၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုများပေါ်အခြေခံသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ယနေ့အချိန် အထိ ဖြစ်ပွားလျက်ရှိကြောင်း၊ နှစ်ပေါင်း (၇၀) ကျော် လက်နက် ကိုင်ပဋိပက္ခများ၏ အကျိုးဆက်ကြောင့် ဒေသတွင်းနိုင်ငံများ အကြားတွင် ဖွံ့ဖြိုးမှုအရှိန်အဟုန်များလည်း နှောင့်နှေးခဲ့ရ ကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးကို မိမိတို့ နိုင်ငံ၏ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အယူဝါဒရေးရာအရကွဲပြားမှုနှင့် တိုင်းရင်းသားရေးရာအရ အမြင်လွဲမှားမှုများကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းကို အခြေခံပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
မှန်မှန်ကန်ကန်လျှောက်လှမ်း
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ကြီးအဖြစ် တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အမြန်ဆုံးရရှိခံစားနိုင်ကြရန်အတွက် NCA မှ တစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ဆွေးနွေး ပြီး ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်သည်အထိ တစ်ဆင့်ချင်း Time Frame သတ်မှတ်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကာလတွင် နားလည်မှုလွဲမှားစေနိုင်သည့် ကိစ္စများကိုရှေ့တန်း တင် တောင်းဆိုလာမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်မသက် ဆိုင်သည့် ကိစ္စများကို ဆွဲသွင်းလာခြင်းများ မပြုလုပ်ရန်လို ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်NCAမူဘောင်နှင့်အညီ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများပြုလုပ် ပြီး ဒီမိုကရေစီလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် လျှောက်လှမ်းရန် လိုအပ်မည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လွတ်လွတ် လပ်လပ် အေးအေးချမ်းချမ်း ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် စစ်ရေးဆိုင်ရာလှုပ်ရှား မှုအားလုံး ရပ်ဆိုင်းပေးခဲ့သည်ကို ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း။
လမ်းဖွင့်ပေးခဲ့ခြင်းပင်ဖြစ်
တပ်လှုပ်ရှားမှုရပ်ဆိုင်းထားသည့် ကာလအတွင်းတွင် စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပါအဝင် ငြိမ်းချမ်း ရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်အတွက် လမ်းဖွင့် ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် ကာလအတွင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့် လုပ်ရပ်များဆက်လက် ဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ဖြစ်စေ၊ တပ်မတော်၏ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့်ဖြစ်စေ ငြိမ်းချမ်း ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ အမြန်ဆုံးပြုလုပ်သွား ကြရန် ထပ်မံပြောကြားလိုကြောင်း။
ပူးပေါင်းပါဝင်ရန်လို
ယခုသွားနေသည့် ငြိမ်းချမ်းရေးလမ်းကြောင်းသည် တဒင်္ဂ ငြိမ်းချမ်းရေးရရုံမဟုတ်ဘဲ "ထာဝရငြိမ်းချမ်းရေး"ရရန် စနစ်တကျ ဦးတည်လျှောက်လှမ်းနေခြင်း ဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးစစ်မှန် သည့် စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ အတိတ်ကို လက်ညှိုးထိုးပြောဆိုနေမည့်အစား သင်ခန်းစာရယူ ပြီး ပြည်ထောင်စုသားအားလုံး သွေးစည်းညီညွတ်စွာဖြင့် ကိုယ့်တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်မှုက အကျိုးရှိလိမ့်မည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်းသားပြည်သူလူထုက လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့ လက်သို့အရောက်အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံများအရ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသည့် နယ်မြေနှင့်ဆက်စပ် နယ်မြေအချို့တွင် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲများ ဖြစ်ခဲ့ရသည်ကို တွေ့ရသည့်အတွက် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာစေရန်၊ မတရားမှုများ မဖြစ်ရန် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအားလုံး NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရဆောင်ရွက်သင့်သည်များ ဆောင်ရွက်ကြရန် ထပ်မံ ပြောကြားလိုကြောင်း။
ဆက်လက်တာဝန်ယူပေးလျက်ရှိ
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဗျွှဗ အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးအကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် နယ်မြေတည်ငြိမ်မှုပျက်ပြားပြီး ဒေသခံတိုင်းရင်းသားများ အတိဒုက္ခရောက်ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေအေးချမ်းမှုရှိစေရန် အကြမ်းဖက်မှု နှိမ်နင်းရေး (Counter - Terrorism)နှင့် တည်ငြိမ်မှုစစ်ဆင် ရေး (Stability Operation)များကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူလူထုကို အကာအကွယ်ပေးခဲ့ရကြောင်း၊ နယ်မြေ တည်ငြိမ်မှု ပြန်လည်ရရှိပြီးဖြစ်သည့် ကျေးရွာများတွင် အကြမ်း ဖက်မှုများ ထပ်မံပေါ်ပေါက်မှုမရှိစေရး၊ ARSAအကြမ်းဖက် သမားများကျူးကျော်ဝင်ရောက်လာမှုမရှိစေရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူပေးလျက်ရှိကြောင်း။
ထိုကဲ့သို့အခြေအနေမျိုးတွင် နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပြီး ARSA အကြမ်းဖက်အဖွဲ့အန္တရာယ်မှ ကာကွယ်ပေးနေသည့် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုအားAA အဖွဲ့က ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် တရားဥပဒေစိုးမိုးရေးကို ဆောင် ရွက်ပေးနေသည့် ရဲကင်းစခန်းများကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခြင်းသည် အုပ်ချုပ်ရေးယ္တရားအား နှောင့်ယှက်ခြင်း ဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေခြင်း ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ ပြင်ပ ပယောဂကြောင့်တည်ငြိမ်မှု ပျက်ပြားခဲ့သည့်ရခိုင်ပြည်နယ်မြောက်ပိုင်း တည်ငြိမ်အေးချမ်း ရေးဆောင်ရွက်နေချိန်တွင် AA အဖွဲ့၏ အကြမ်းဖက်လုပ်ဆောင် မှုသည် ဒေသတွင်းပြည်သူများ၏ ဒေသအကျိုးစီးပွားကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်အနေဖြင့် မည်သည့် လက်နက်ကိုင်သောင်းကျန်းသူမဆို ရှင်းလင်းရမည်ဖြစ်ကြောင်း။
တပ်မတော်သားတိုင်းသည် စည်းကမ်းလိုက်နာမှု၊ အမိန့်နာ ခံမှု၊ အထက်အောက် အပြန်အလှန်လေးစားမှုများနှင့် စစ်သား ကောင်းစိတ်ဓာတ်မွေးမြူပြီး အားလုံးစည်းစည်းလုံးလုံးနေထိုင် ကြရမည်ဖြစ်ကြောင်း၊ တပ်တည်မြဲမိန့်များ၊ တိုက်တွန်းချက်၊ တားမြစ်ချက်စည်းကမ်းများကို အလေးအနက်ထားလိုက်နာ ဆောင်ရွက်ပြီး မိမိတို့ကျင့်သုံးရမည့် ကျင့်ဝတ်ခြောက်ဆယ်ပါ အချက်များအတိုင်း လိုက်နာကြမည်ဆိုလျှင် တပ်တွင်းစည်းလုံး ညီညွတ်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ အလားတူ တပ်ပြင် စည်းရုံးရေးဆောင်ရွက်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ် များနှင့်အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူက အားကိုး၊ နိုင်ငံတော်ကအားထားရသည့် တပ်မတော်ဖြစ်အောင်အားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေးထားမှာကြားလို ကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးရပြီးချိန်မှစပြီး ခေတ်အဆက်ဆက်တွင် အမျိုးသားနိုင်ငံရေး၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ခဲ့သည့်အပြင် လက်ရှိကာလ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် စနစ်တကျဖြစ်စေရန်ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အနာဂတ်ကာလတွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာ တွင် အမျိုးသားနိုင်ငံရေးတာဝန်များကို ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန် ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြန်လည်ထွက်ခွာ
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းအား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်ဟိန်း ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်း ပုံဖြင့်ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
မြေပြင်ပေါ်သို့ဆင်းသက်
ထိုသို့ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စင်းက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တပ်မတော်အလံအား အသီးသီးချိတ်ဆွဲ၍ အစဉ်လိုက်ပျံသန်းကြသည်။ အထူးတာဝန် တပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲမှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ရေ)၊ ရေတပ်စစ်ဆင်ရေး အထူးတပ်ဖွဲ့( Navy SEALs)မှ အရာရှိ၊ စစ်သည်များက ရဟတ်ယာဉ်များ ပေါ်မှ အမြန်ဆင်းကြိုးများဖြင့် မြေပြင်ပေါ်သို့အသီးသီး ဆင်းသက်ကြပြီး စစ်ရေးပြစစ်ကြောင်းများနှင့်အတူ လိုက်ပါ ချီတက်ကြသည်။
ထို့နောက် တပ်မတော်(လေ)မှ အမျိုးအစားမတူ တိုက်ခိုက် ရေး ရဟတ်ယာဉ်သုံးစင်းက အမျိုးအစားမတူ အုပ်ဖွဲ့လျက် ပုံစံ ဖြင့် လည်းကောင်း၊ အမျိုးမစားမတူ အပေါ့စားသယ်ယူပို့ဆောင် ရေးရဟတ်ယာဉ်လေးစင်းက အမျိုးအစားမတူအုပ်ဖွဲ့ လျက်ပုံစံ ဖြင့်လည်းကောင်း၊ အမောင်းသင်လေယာဉ် ငါးစင်းက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်သုံးစင်းက Vic Formation ပုံစံဖြင့် လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းက Vic Formation ပုံစံဖြင့် စစ်ရေးပြကွင်း အရှေ့တောင်ဘက်မှ အနောက်မြောက်ဘက်သို့လည်းကောင်း၊ အပေါ့စား အမောင်းသင်ဂျက်တိုက် လေယာဉ် ခြောက်စင်းက Arrow Head Formation ပုံစံဖြင့် ပျံသန်းပြီး ရောင်စုံမီးခိုး များ လွှင့်ထုတ်၍လည်းကောင်း၊ အဆင့်မြင့်လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်ငါးစင်းက Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် လေးစင်းက Right Finger Tip Formationပုံစံဖြင့်လည်း ကောင်း၊ ဘက်စုံသုံးအပေါ့စား ဂျက်တိုက်လေယာဉ် သုံးစင်းကVic Formation ပုံစံဖြင့်လည်းကောင်း၊ ဘက်စုံသုံးဂျက်တိုက် လေယာဉ်ငါးစင်းက Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ်ငါးစင်းက Fam- break ပုံစံဖြင့် ပျံသန်းပြီး မီးကျည်များပစ်လွှတ်၍လည်းကောင်း အသီးသီးသရုပ်ပြပျံသန်းပြီး ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အား အလေးပြု ကြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းသည် စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာ သွားပြီး ၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
၂၀၁၉ခုနှစ် (၇၄)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ ကျင်းပသော နေပြည်တော် စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီး များကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်ကြီးကို လည်း ကောင်း ဝင့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော် (ကြည်း၊ရေ၊လေ)အလံများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)òန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ် ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည်တို့ကိုလည်း တွေ့မြင်နိုင်သည်။
တပ်မတော်၏ ဆောင်ပုဒ်များ
ထို့ပြင်(၇၄)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် စုရပ်သစ်တပ်စစ်ရေးပြကွင်းအနီးရှိ ရန်ကုန်- မ္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲ ထားရှိသည်။ (၇၄)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကလည်း စိတ်ပါဝင်စားစွာဖြင့် လာရောက်သတင်းရယူခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်