Thursday, March 28, 2019

(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ




 နေပြည်တော် မတ် ၂၇



(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေး ပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ ဆုချီးမြှင့်ပွဲသို့ တက် ရောက်လာသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်ဟိန်း ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။
ထို့နောက် (၇၄)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးတို့က ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်း ဦးက စံပြတပ်ခွဲ တတိယဆုရရှိသော အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား လည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြား ရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြု တပ်ခွဲအားလည်းကောင်း၊ စံပြတပ်ခွဲ ပထမဆုရရှိသော ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြု တပ်ခွဲအားလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကားပြော ကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment