Sunday, March 31, 2019

မြန်မာ-ရုရှားနှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး




Image may contain: 2 people, people sitting
 နေပြည်တော် မတ် ၃၀



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V. Fomin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး၊ ဆေးဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားနိုင်ငံတွင်International Army Games -2019 ကျင်းပမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment