Sunday, March 31, 2019

မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း-ကျွန်းကုန်း ရိုးမဖြတ်ကျော်လမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကြည့်ရှုစစ်ဆေး



 
 
နေပြည်တော် မတ် ၃၀
 
 
 
ပဲခူးတိုင်းဒေသကြီးရှိ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း - ကျွန်းကုန်း လမ်း (မြို့ချောင်း-ကျွန်းကုန်းအပိုင်း) လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ လမ်းရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက မူလလမ်း အကျယ် ၁၂ ပေမှ ၁၈ ပေအကျယ်အထိ လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီးနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးကို ဆက်သွယ် သော လမ်းအပိုင်းဖြစ်သည့်အတွက် ယာဉ်သွားလာမှု များပြား သည့်အပေါ်မူတည်ပြီး လမ်းချဲ့ခြင်းလုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရိုးမဖြတ်ကျော်လမ်း (မင်းလှ - စိန်ကန့်လန့် - မြို့ချောင်းအပိုင်း) ပြုပြင်ထိန်းသိမ်း ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင်အမှတ် ၁၈ မိုင် ၂ ဖာလုံတွင် ကတ္တရာဖျန်းစက်ဖြင့် ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ တောင်ပေါ် လမ်းအပိုင်းဖြစ်သည့်အတွက် ကတ္တရာခင်းရာတွင် သတ်မှတ်လမ်း အဂ¯ရပ်နှင့်အညီ စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
မင်းလှ - စိန်ကန့်လန့် - မြို့ချောင်း - ကျွန်းကုန်းလမ်းသည် အရှည် ၈၄ မိုင် ၇ ဖာလုံ ရှိ၍ ရိုးမဖြတ်ကျော်လမ်း ခုနစ်လမ်းတွင် တစ်လမ်းအပါအဝင်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း ရန်ကုန် - မ္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနှင့် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း ရန်ကုန် - ပြည် လမ်းမကြီးတို့ကို ဆက်သွယ်သွားလာနိုင်သည့်အပြင် ဧရာဝတီတိုင်းဒေသကြီးကိုလည်း အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် လမ်းတစ်လမ်းဖြစ်သည်။
အဆိုပါလမ်းကို ကတ္တရာတစ်ဆက်တစ်စပ်တည်းခင်းပြီး ပါက ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းမှ ခရီးသွား ပြည်သူများအပြင် ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသွား ပြည်သူ များကလည်း မြန်မာပြည်အထက်ပိုင်း နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ ယခုလမ်းကိုအသုံးပြုပြီး အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment