Saturday, March 30, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ


Image may contain: 9 people, people standing and suit



နေပြည်တော် မတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့သည် နီပွန်ဖောင်ဒေးရှင်း၏ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ မတ် ၂၈ ရက်မှ ဧပြီ ၂ ရက်အထိ သွားရောက်ပြီး Education for Peace and Development စီမံကိန်းဆိုင်ရာ အခြေအနေများ၊ ဂျပန်နိုင်ငံရှိ သက်မွေးပညာသင်တန်းကျောင်း Vocational Training School များနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးများကို သွားရောက်လေ့လာမည်ဖြစ်သည်။
လိုက်ပါပို့ဆောင်
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါသွားခဲ့ပြီး အဆိုပါအဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment