Thursday, February 28, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးနှင့် မြင်းခြံရှိ တပ်မတော်အကြီးစားစက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေး




Image may contain: 11 people, people standing
နေပြည်တော် ဖေဖော်ဝါရီ ၂၇



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မကွေးတပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံသို့ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်ခဲ့သည့် TATA Truck မော်တော်ယာဉ်များ နှင့် မော်တော်ယာဉ်ထုတ်လုပ်ရန် တပ်ဆင်ထားရှိသည့်Truck Assembly Lineများအား လည်းကောင်း၊ City Bus နှင့်Innlay Jeep ကားများအတွက်လိုအပ်သည့်Gear Box များ ထုတ်လုပ်တပ်ဆင်နေမှု အခြေအနေများအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး စက်ရုံ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်း၍ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံမှ Innlay Jeep အတွက် Gear Box များ ထုတ်လုပ်နိုင်ခြင်း အတွက် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။ ထို့နောက် မြင်းခြံတပ်နယ်ရှိ တပ်မတော် အကြီးစားစက်ရုံ သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက မော်တော်ယာဉ်များအတွက် လိုအပ်သည့် Light Truck Axle ၊ Heavy Duty Truck နှင့် Innlay Jeep Axle များ ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံ အတွင်း မော်တော်ယာဉ်များအတွက် လိုအပ်သည့် Axle များ တပ်ဆင် ထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ Innlay Jeep အတွက် Axle များ ထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် စက်ရုံများရှိ ဝန်ထမ်း များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြား





Image may contain: 2 people, living room and indoor
ဂျီနီဗာ ဖေဖော်ဝါရီ ၂၇



 ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက် အထိ ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀)မြောက် ပုံမှန်အစည်းအဝေးအဆင့်မြင့်ကဏ္ဍသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ လိုက်နာသင့်သည့် မူဝါဒများ၏ အရေးပါမှုနှင့်ပတ်သက်၍ လည်းကောင်း၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေးမြှင့်တင်ရေး အတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ များနှင့်စပ်လျဉ်း၍
မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများဆိုင်ရာ ဖြစ် ပေါ်တိုးတက်မှုများနှင့် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့် အရေး ကာကွယ်မြှင့်တင်ရာတွင် ထိပ်တိုက်တွေ့ခြင်းနှင့် ပြစ်တင် ရှုတ်ချခြင်းတို့အစား ဆွေးနွေးမှု၊ အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း၊ ကောင်စီမှ လွတ်လပ်စွာ ဆောင်ရွက်ရန် ခန့်အပ်တာဝန်ပေးထားသည့်ပုဂ္ဂိုလ်၊ ယ္တရား များအနေဖြင့် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ဂုဏ်သိက္ခာစောင့်ထိန်း မှုတို့ကို တိကျစွာလိုက်နာရန်နှင့် မည်သူမဆို မိမိတို့၏ ပြောဆို ရေးသား အစီရင်ခံချက်များအတွက် တာဝန်ယူမှုရှိရန် လိုအပ် ကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်းပြည်သူများ၏ လူ့အခွင့်အရေးဖော်ဆောင်ရေးအတွက် ပဏာမတာဝန်ရှိသည်ဟူသောအချက်ကို အသိအမှတ်ပြုကြ ရန်နှင့် ယင်းနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုနောက်ခံ အခြေအနေများ၊ လူသားစွမ်းဆောင်ရည် လိုအပ်ချက်များ သာမက၊ ယင်းနိုင်ငံ တစ်နိုင်ငံချင်း၌ ကြုံတွေ့နေရသော အခြား စိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြရှင်းလင်း ပြောကြားခဲ့သည်။
ပြည်သူများ လွတ်လပ်မှုနှင့်ဒီမိုကရေစီအခွင့်အရေးများ ရရှိခံစား
ထို့ပြင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထား သည့် အရပ်သားအစိုးရ စတင်အုပ်ချုပ်ချိန်မှစ၍ မြန်မာနိုင်ငံ အတွင်း ပြည်သူများအနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများကို ပိုမိုရရှိ ခံစားကြလျက်ရှိကြောင်း၊ ကျန်းမာ ရေး၊ ပညာရေးနှင့် လူမှု-စီးပွား ကဏ္ဍများတွင် မြင်သာသည့် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီက အာဏာရပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပါရှိသည့် ဒီမိုကရေစီနှင့် ကိုက်ညီမှုမရှိသော ဖော်ပြချက်များကို ပြင်ဆင် နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်း၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို (၃)ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အခြေခံမူဝါဒ (၅၁) ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းနှင့် ညီလာခံ၏ ရှေ့လုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုး ခဲ့ခြင်းနှင့် အားလုံးပါဝင်လက်မှတ်ရေးထိုးရေးအတွက် အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ တပ်မတော် အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ လေးလကြာ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားမှုနှင့် ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီက "အေအေ" သောင်းကျန်းသူတို့က စတင်တိုက်ခိုက်ရာမှ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေမှုကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးလာရမှုအား လည်းကောင်း အသိပေးပြောကြားခဲ့ပြီးနောက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်စေရေး အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက "လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို လမ်းခင်းပေးနိုင်သလို ပဋိပက္ခနှင့် ဆက်စပ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း အဆုံးသတ်ပေးနိုင်မည် ဖြစ် ကြောင်း" ပြောကြားခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် သိမ်မွေ့သော ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်ရာ၌ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရဆဲ ဖြစ်၍ နိုင်ငံတကာ၏ ဆက်လက်ကူညီပံ့ပိုးမှုကို လိုအပ်နေချိန်တွင် က္ဘာက ရခိုင်ပြည်နယ်အရေးကိစ္စကို အဆိုးမြင်ရှုထောင့်မှသာ အမြင်ကျဉ်းမြောင်းစွာ အာရုံစိုက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကို ဦးတည်ဆန့်ကျင် တိုက်ခိုက်နေကြသည့် သတင်းမီဒီယာများက ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စအား ဘာသာရေးဖိနှိပ်မှုပြဿနာအဖြစ် မမှန်မကန် ပုံဖော်နေကြကြောင်း၊ ယင်းမှာ ဘာသာရေးဖိနှိပ်ချုပ်ချယ်မှု မဟုတ်သကဲ့သို့ ကိုးကွယ်ယုံကြည်မှု ကွဲပြားသူများအကြား ပဋိပက္ခလည်းမဟုတ်ပါကြောင်း၊ အမှန်မှာ ကိုလိုနီခေတ်ကတည်း ကစတင်ခဲ့သည့် တရားမဝင်နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း သွားလာမှု၊ ဆင်းရဲမွဲတေမှု၊ တရားဥပဒေစိုးမိုးမှု လျော့နည်းပြီး အမျိုးသားလုံခြုံရေးကိစ္စတို့ ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာမျှသာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များ ရှိနေလင့်ကစား နိုင်ငံအနှံ့အပြားတွင် မွတ်စလင် အများစုအပါအဝင် ယုံကြည်မှုကွဲပြားခြားနားသူများ သဟဇာတ ဖြစ်စွာ နေထိုင်လျက်ရှိကြောင်း။
၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ် ဩဂုတ်လ များတွင် ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းများသို့ အာဆာအကြမ်းဖက် များက ကြိုတင်အကွက်ချ တိုက်ခိုက်မှုမှစတင်သည့် အကြမ်းဖက် မှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အသိုက်အဝန်းများနှင့် ပတ်သက်၍ မိမိတို့လည်း ထပ်တူစိုးရိမ်ပူပန်ပါကြောင်းနှင့် အာဆာ၏အကြမ်းဖက်မှုများအား ကြောက်ရွံ့ခြင်းကြောင့် လူအမြောက်အမြား နေရပ်စွန့်ခွာမှုများ ဖြစ်ပွားစေခဲ့ကြောင်း ထောက်ပြခဲ့ပြီး ဥပဒေနှင့်မညီညွတ်သော အကြမ်းဖက်မှုများ အား မည်သည့်ဘက်မှ ကျူးလွန်သည်ဖြစ်စေ ပြစ်တင်ရှုတ်ချ ကြရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်ကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့ အား ဦးစားပေးကဏ္ဍ (၅)ရပ်အဖြစ် ရွေးချယ်၍ လုပ်ငန်း အစီအစဉ်ချမှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်(ကိုဖီအာနန်ကော်မရှင်)၏ အကြံပြုချက်အများစုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းနှင့်၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူ များအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုကို ရှာဖွေသွားရန် အပြည့်အဝ ကတိကဝတ်ပြုထားကြောင်း။
လူသားချင်းစာနာမှုအကျပ်ကျပ်အတည်းများကို ဖြေရှင်းရေး
၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြား သဘောတူညီချက်များနှင့်အညီ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက်မည့် စိစစ်အတည်ပြုပြီးသူများအား လက်ခံရန် အဆင်သင့်ရှိမှုကို ထပ်လောင်းအတည်ပြုလျက် လက်ရှိတွင် အရေးအကြီးဆုံး တာဝန်တစ်ရပ်မှာ အခြားကိစ္စရပ်များအပေါ် အာရုံထားခြင်း ထက် လူသားချင်းစာနာမှုအကျပ်ကျပ်အတည်းများကို ဖြေရှင်းရေး အတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် ဖြစ်ကြောင်း။
ပြန်လည်ဝင်ရောက်မည့်သူများအတွက် သင့်လျော် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့်လည်းကောင်း၊ အာဆီယံမိတ်ဆွေနိုင်ငံများ နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် လည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ UEHRDမှတစ်ဆင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများထံမှ ထည့်ဝင်ပံ့ပိုးငွေများကိုလည်း စုစည်းသုံးစွဲဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ ပါသည်။ ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ]]ရခိုင်ပြည်နယ် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပြပွဲ}}ကို မကြာမီကကျင်းပခဲ့ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးခြင်းသည်သာ အသိုက်အဝန်းများအကြား ပဋိပက္ခများကို အဆုံးသတ်ရေး အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း။
အခြားတစ်ဖက်တွင်မူ၊ မြန်မာနိုင်ငံအနေဖြင့် FFM ခေါ် လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့အား စတင်တည်ထောင်စဉ်ကပင် ပြတ်သားစွာ ကန့်ကွက်ခဲ့ကြောင်း၊ တစ်ဖက်သတ်ပြောကြားချက်များအပေါ် အခြေခံသည့် ယင်း၏ အစီရင်ခံစာတွင်လည်း အာဆာအကြမ်းဖက်အဖွဲ့၏ ကျူးလွန် ခဲ့သည့် အကြမ်းဖက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုမပါရှိခြင်း၊ မွတ်စလင်နေရပ်စွန့်ခွာသူများ၏ ပြောကြားချက်များမှ ရရှိသည့် ဖြစ်စဉ်များကိုသာ အပြည့်အဝလက်ခံထားခြင်း၊ ယင်းနှင့် ဆန့်ကျင်သည့် သက်သေအချက်အလက်များကို ငြင်းပယ်ထား ခြင်း၊ အာဆာအကြမ်းဖက်အဖွဲ့မှ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှုများကိုဖော်ပြသည့် အစီရင်ခံစာများအား လျစ်လျူရှု ထားပြီး အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများကို ထည့်သွင်း မဖော်ပြထားခြင်း၊ အစီရင်ခံစာ၏ နောက်ဆုံးသုံးသပ်ချက်မှာ လည်း သက်သေအထောက်အထားလုံလောက်စွာ ဖော်ပြမှု မရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကောက်ချက်ချမှုများသာ ဖြစ်ခြင်း စသည့် အကြောင်းရင်းများကြောင့် ယင်းအစီရင်ခံစာ ကိုလည်း ကန့်ကွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။
တာဝန်ခံမှုကိစ္စရပ်အားကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိ
ဆက်လက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) နှင့် ယင်း၏ အချက်အလက်စုဆောင်း ရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ (ECVT) တို့၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု သတင်း အချက်အလက်များကိုလည်း ပြည်ထောင်စုဝန်ကြီးက မျှဝေ အသိပေးပြောကြားခဲ့သည်။ အစိုးရအနေဖြင့် တာဝန်ခံမှုကိစ္စရပ် အား ဖြေရှင်းလိုသည့် စိတ်ဆန္ဒသာမက၊ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါ အရေးကိစ္စရပ်အား နိုင်ငံတကာတရားစီရင်ရေးစနစ်သို့ ရောက်ရှိစေမည့် မည်သည့် ကြိုးပမ်းဆောင်ရွက်မှုမျိုးကိုမဆို အခိုင်အမာပယ်ချကြောင်း။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး နှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် အခြားသော အားနည်းသူ များ၏ အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် သိသာ ထင်ရှားသော ခြေလှမ်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် ရေးဆိုင်ရာစာချုပ်(CEDAW) ၊ မသန်စွမ်းသူများ၏ အခွင့် အရေးဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (ICESCR)စသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပင်မစာချုပ်ကြီး(၄) ခုကို အတည်ပြုပါဝင်ခဲ့ပြီး၊ CRC ၏ နောက်ဆက်တွဲစာချုပ်ဖြစ်သော လက်နက်ကိုင်ပဋိပက္ခများ အတွင်း ကလေးသူငယ်များပါဝင်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်-OPAC ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်အတွင်းOPAC ကိုအတည်ပြုပါဝင်ရန်နှင့် အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်-ICCPR ကို လက်မှတ် ရေးထိုးရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံသည် လူ့အခွင့်အရေးကောင်စီ၏ UPRယန္တရားအား အခိုင်အမာထောက်ခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် UPRသို့ အစီရင်ခံစာတင်သွင်းရန် ရှိကြောင်း၊ အစိုးရအနေဖြင့် ကလေးသူငယ်အခွင့်အရေး ဥပဒေ အသစ် မူကြမ်း၊ အမုန်းစကားနှင့် အမျိုးသမီးအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းများအား ပြဋ္ဌာန်းနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ်၊ ပဋိပက္ခအတွင်း အမျိုးသမီးများ အား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကလေး သူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် တို့၏ ခရီးစဉ်များလာရောက်ခဲ့ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ဆိုးရွားသောကျူးလွန်မှု (၆)မျိုးကို ကာကွယ်ရန် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလက ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက် (Joint Communique)အား အကောင်အထည်ဖော်ရေးအတွက် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ လုပ်ငန်းစီမံချက် တစ်ရပ် ရေးဆွဲသွားရန်ရှိကြောင်း၊ နှစ်နိုင်ငံအစီအစဉ်အရလည်း အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့နှင့် လူ့အခွင့်အရေးဆွေးနွေးပွဲ များ ကျင်းပလျက်ရှိကြောင်း။
မျှတမှုကင်းမဲ့စွာဖြင့် ကုလသမဂ္ဂ၏ အထူးစိစစ်မှုကိုခံနေရ
ယင်းသို့ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် မျှတမှုကင်းမဲ့စွာဖြင့် ပစ်မှတ်ထားခံနေရပြီး လိုအပ်သည်ထက်ပို၍ ကုလသမဂ္ဂ၏ ယန္တရားများစွာ၏ အထူးစိစစ်မှုကိုခံနေရကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ထို့ပြင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (I I M) ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်အဆို များအား မြန်မာနိုင်ငံမှ ပယ်ချခဲ့သည့် အကြောင်းရင်းများကို ရှင်းပြရာ၌ ယင်းသည် ကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်နေပြီး ယင်း၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များ သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လွန်ကျူးစွာ ထိပါး စွက်ဖက်သည့် သဘောဖြစ်နေပါကြောင်း၊ ယင်းသည် လူ့အခွင့် အရေးကောင်စီကို နိုင်ငံရေးအာဂျင်ဒါအတွက် အသုံးချလိုသည့် အချို့သူများ၏ နိုင်ငံရေးမျှော်လင့်ချက်ကိုသာ ဖြည့်ဆည်းပေး စေမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ပုံမှန်ဘတ်ဂျက်ပြင်ပမှ ရန်ပုံငွေများ ဖြည့်စွက်အသုံးပြုခွင့်ပေးသည့် အစီအစဉ်သည် ယင်းအဖွဲ့၏ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ပြင်းထန်စွာ သက်ရောက်စေနိုင်ပါကြောင်း၊ အမေရိကန်ဒေါ်လာ (၂၆) သန်း ကျော် ဘတ်ဂျက်သုံးစွဲခွင့်ပြုထားပြီး လက်ထောက်အတွင်းရေး မှူးချုပ်အဆင့် ဦးဆောင်သည့် ဝန်ထမ်း (၆၂) ဦး ခန့်အပ်ကာ ယင်းယန္တရားဖြင့် နိုင်ငံတစ်နိုင်ငံကို စောင့်ကြည့်ခြင်းသည် ကုလသမဂ္ဂ၏ ရှားပါးရင်းမြစ်များကို ဖြုန်းတီးခြင်းသာဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ သည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပိုမို အဆင့်မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စိန်ခေါ်မှုများနှင့် ကန့်သတ်မှုများရှိနေသော်လည်း နိုင်ငံ၏အနာဂတ်အတွက် မျက်ခြည်မပြတ်စေဘဲ အားလုံးအတွက် အခြေခံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ပဏာမတာဝန် များကို အတတ်နိုင်ဆုံး ဖော်ဆောင်သွားရန် ခိုင်မာစွာဆုံးဖြတ် ထားပါကြောင်း၊ အစိုးရအနေဖြင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်း ရာ၌ နိုင်ငံတကာအသိုက်အဝန်း၏ ချဉ်းကပ်မှုသည် မျှမျှတတ ဖြစ်စေလိုကြောင်းဖြင့် အလေးပေးပြောကြားခဲ့ပြီး ကောင်စီ အနေဖြင့် အရေးကြီးသည့် အကဲဖြတ်သုံးသပ်ချက် သို့မဟုတ် မူဝါဒရေးရာ ဆုံးဖြတ်ချက်များ မဆောင်ရွက်မီ ပြည့်စုံ၍ ဓမ္မဓိဋ္ဌာန် ကျသည့် အချက်အလက်များအပေါ် သေချာစွာဆန်းစစ် လေ့လာရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအား နည်းမျိုးစုံဖြင့် ထောက်ပံ့ကူညီနေ သည့်အတွက် မိတ်ဆွေများနှင့် မိတ်ဖက်နိုင်ငံများအား ကျေးဇူး တင်ရှိကြောင်းနှင့် မိမိရင်ဆိုင်နေရသည့် သိမ်မွေ့ရှုပ်ထွေးသည့် အရေးကိစ္စအား ဖြေရှင်းရေးအတွက် ၎င်းတို့၏ အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆိုကြောင်း တို့ကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ သတင်းစဉ်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ILF မှ Executive Director နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ





 နေပြည်တော် ဖေဖော်ဝါရီ ၂၇



 ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် The International Legal Found- ation(ILF)မှ Executive Director, Ms. Jennifer Smith နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးစနစ် ထိရောက်အောင် မြင်ရေးအတွက် ILF မှ ကူညီဆောင်ရွက်နေ သည့်လုပ်ငန်းများနှင့် ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ ပါဝင်ဆောင်ရွက်နေမှု၊ အမှုဖြင့် စုံစမ်း စစ်ဆေးခြင်းအဆင့်နှင့် တရားစွဲဆိုခြင်းအဆင့် တို့တွင် ဥပဒေဆိုင်ရာ အထောက်အကူများ ရရှိနိုင်ရေးနှင့် တရားမျှတမှုကို အားလုံးလက်လှမ်း မီရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးနှင့် သက်ဆိုင် သည့် အစိုးရဌာနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နေမှု၊ သင်တန်းများ ကျင်းပနိုင်ရေးနှင့် နိုင်ငံတကာလက်တွေ့ကျင့်သုံး မှုများကို လေ့လာနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

ကျား၊ မ အခြေပြုအကြမ်းဖက်ခံရသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာနဖွင့်လှစ်





Image may contain: one or more people
 နေပြည်တော် ဖေဖော်ဝါရီ ၂၇ 



ကျား၊ မ အခြေပြုအကြမ်းဖက်ခံရသူများ အတွက် တစ်နေရာတည်းတွင် ဝန်ဆောင် မှုများ ရရှိနိုင်သောဌာန (One Stop Crisis Center (OSCC) for Gen-der Based Violence) ကို နေပြည် တော် ပြည်သှူဆေးရုံကြီး ခုတင် ၁၀၀၀ ၌ ယနေ့ ဖွင့်လှစ်သည်။
ထိုကဲ့သို့ ဖွင့်လှစ်သည့် အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပခဲ့ပြီး အကြမ်းဖက်မှုခံစားရသူများ တွင် စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိခိုက်ခံစားရပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေးပြဿနာများသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများထက် ကုသမှု ပေးရန် ပိုမိုခက်ခဲခြင်းတို့ကြောင့် ထိုသို့ မဖြစ်ပွားစေရန် စောစီးစွာဖြင့် နှစ်သိမ့် ဆွေးနွေးပေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုအပ်သည့် ကုသမှုများနှင့် အကူအညီ များ ပေးအပ်ရန်မှာ အရေးကြီးသည့် အတွက် ယခုကဲ့သို့ ဖွင့်လှစ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
၂၀၁၅-၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ လူနေမှုဘ၀နှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက် စစ်တမ်းတွေ့ရှိချက် များအရ စစ်တမ်းဖြေဆိုသူ အမျိုးသမီး ခုနစ်ဦးတွင် တစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံစားခဲ့ရခြင်း၊ အိမ်ထောင် သည် အမျိုးသမီးငါးဦးတွင် တစ်ဦးသည် ခင်ပွန်းဖြစ်သူမှ အကြမ်းဖက်မှုကိုခံစား ခဲ့ရခြင်းနှင့် ရုပ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံစားခဲ့ရဖူးသူများ၏ ၂၂ ရာခိုင်နှုန်းကသာ အကူအညီများ ရယူခဲ့ ခြင်းတို့ကို တွေ့ရှိရသဖြင့် ကျား၊ မ အခြေ ပြုအကြမ်းဖက်ခံရမှုဆိုင်ရာ ပြဿနာများ သည် ကြီးမားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အခမ်း အနား အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော် ပြည်သှူဆေးရုံကြီး ခုတင် ၁၀၀၀ တွင် ကျား၊ မ အခြေပြုအကြမ်း ဖက်ခံရသူများအတွက် တစ်နေရာတည်း တွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာန ဖွင့်လှစ်ဆောင်ရွက်ခြင်းကို နမူနာရယူ၍ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် အကြမ်းဖက်မှုခံစားရသူများသည် ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစွာ ဆက်သွယ်ခံယူကြမည် ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍမှ ကျင့်ဝတ်များနှင့် အညီစေတနာပြည့်ဝစွာဖြင့် စနစ်တကျ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ပြည်သူများအတွက် ပြုစုထုတ်ဝေ ထားရှိသော ကျား၊ မ အခြေပြု အကြမ်း ဖက်မှုဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို လူစည်ကားရာနေရာ များ၊ ဈေးဝယ်စင်တာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်၊ ပညာရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့၏ စာသင်ကျောင်းများ၊ သင်တန်းကျောင်းများ၊ လေ့ကျင့်ရေး ကျောင်းများနှင့် တက္ကသိုလ်များတွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သော အချက်အလက်မှန်များ၊ အသိပညာများ ဖြန့်ဝေပေးရန်နှင့် စက်ရုံ အလုပ်ရုံများတွင် ဟောပြောပွဲများ ပြုလုပ်သွားရန်လည်း ပြည်ထောင်စု ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
ကျား၊ မ အခြေပြုအကြမ်းဖက်ခံရ သူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာနကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ နေပြည်တော် ကောင်စီဝင်ဦးတင်ထွန်း၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင် ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာပပတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ ဌာနအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ကျား၊ မ အခြေပြုအကြမ်းဖက်ခံရ သူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများ ရရှိနိုင်သောဌာနတွင် ဂုဏ်သိက္ခာကို လေးစားခြင်း၊ သတင်း အချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်း ပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစေခြင်းနှင့် ခွဲခြားဆက်ဆံမှု မရှိခြင်း စသည့် လမ်းòန်သဘောတရား များဖြင့် ကျား၊ မ အခြေပြု အကြမ်းဖက် ခံစားခဲ့ရသူများအတွက် ဆေးကုသစောင့် ရှောက်မှု၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ အကူအညီ၊ ဥပဒေရေးရာအကူအညီနှင့် ဘေးကင်းလုံခြုံစိတ်ချမှု အကူအညီများ ကို နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများ၊ INGO/ NGO များ၊ လူမှုအဖွဲ့အစည်း များ စသည်တို့နှင့် ပူးပေါင်းချိတ်ဆက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် နေပြည်တော် ပြည်သှူ ဆေးရုံကြီး ခုတင် ၁၀၀၀ တွင် အကြမ်း ဖက်ခံစားရသူများ လွယ်ကူချောမွေ့စွာ ဝန်ဆောင်မှုများ ရယူနိုင်ရန် စနစ်တကျ စီစဉ်ထားရှိပြီး လုပ်ငန်းများ ပိုမိုကောင်း မွန်စေရန်အတွက် မျက်ခြည်မပြတ် ဆန်းစစ်မှုများ ဆောင်ရွက်ကာ မွမ်းမံ ပြင်ဆင်လုပ်ဆောင်ခြင်းနှင့် အသုံးချ သုတေသနများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ




 နေပြည်တော် ဖေဖော်ဝါရီ ၂၇



 ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်း၊ လောင်းကစားဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သှူ လွှတ်တော်ပြည်သှူရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သှူအင်အားဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း-မြန်မာ သံတမန်ဆက်သွယ်မှု (၂၅)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်





 နေပြည်တော် ဖေဖော်ဝါရီ ၂၇


 

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ် မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း- မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ် မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်း အနားကို ယနေ့ ည ၇ နာရီတွင် နေပြည် တော်ရှိKempinski Hotel ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rah-mani Dato Basir နှင့် ဇနီး၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်ခံပွဲ အခမ်းအနားကျင်းပမည့် Kempinski Hotel သို့ ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rah-mani Dato Basir နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E. Pehin Dato Abdu’r Rah-mani Dato Basir နှင့် ဇနီးတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမှတ်တရ ပန်းစည်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ သံရုံးဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း - မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံ ပွဲအခမ်းအနားကိုကျင်းပရာ မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်အလေးပြုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rah-mani Dato Basir က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
နှုတ်ခွန်းဆက်စကား ပြောကြား
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ် မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း-မြန်မာ သံတမန်ဆက်သွယ်မှု (၂၅)နှစ် မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအထိမ်း အမှတ် နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ညစာကို အတူတကွ သုံးဆောင်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်ခံပွဲသို့တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
သတင်းစဉ်
e-Government စနစ် အမြန်ဆုံးထူထောင်ရန် အလွန်အရေးကြီးကြောင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Image may contain: 4 people, indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ န-ွသလနမညာနညအ ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ်ထားသည့် စီးပွားရေး ရည်ရွယ်ချက် ၁၂ ရပ်ထဲတွင် e-Government ကိစ္စပါဝင်ပါ ကြောင်း၊ ၄င်းတို့ မှီာေ Data ID Card System၊Digital Government
Strategy နှင့် e-Government System ထူထောင်ရန်ဖြစ်ပါကြောင်း၊ ထိုသို့ ထူထောင်ခြင်းအားဖြင့် မိမိတို့နိုင်ငံသည် တိုးတက်နေသည့် က္ဘာကြီးထဲ သို့ ဝင်လာရုံတင်မကဘဲ မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာများအတွက်ပါ ကျော်လွှားနိုင်မည့် အခွင့်အရေးများရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် e-Government စနစ်ကို အမြန်ဆုံးထူထောင်ရန် အလွန်အရေးကြီးပါကြောင်း။
အဘက်ဘက်ကစဉ်းစားရ
ယခုဆိုလျှင် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် လုပ်ငန်းများကို သွက်သွက်လက်လက် အရှိန်အဟုန်ဖြင့် ရှေ့ကိုဆက်တက်နိုင် မည်ဟု ထင်ပါကြောင်း၊ e-Government အတွက် အခြေခံကျသည့်ကိစ္စမှာ e-Government Integrated Data Center(e-GIDC) ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး အဘက်ဘက်က စဉ်းစားရပါကြောင်း၊ ယင်ီးေData Center တွင် ပြည်သူပြည်သားများနှင့်ပတ်သက်သည့် သတင်းအချက် အလက်များနှင့်ီအေေ များရှိမည်ဖြစ်သည့်အတွက် လုံခြုံရေးသည် အရေးကြီး ပါကြောင်း၊ ယနေ့ဒစ်ဂျစ်တယ်ခေတ်ကြီးတွင် ဆက်သွယ်ရေးစနစ်များ အင်မတန်တိုးတက်နေသည့် တစ်ချိန်တည်းတွင် စိန်ခေါ်မှုများသည်လည်း ပို၍များလာပါကြောင်း၊ ယင်းတိုးတက်မှုများကို အပြုသဘောဆောင်သည့် တိုးတက်မှုများဖြစ်အောင် အစဉ်တစိုက် ထိန်းသိမ်းသွားရမည်ဖြစ်ပါကြောင်း။
e-Government Master Plan တွင် ပါဝင်နေသည့် အစိုးရ၏ နူနခအမသညငခ ဝန်ဆောင်မှုများကို ပြည်သူအားလုံး သိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာ ဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ပါကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard
Organization 10646 နှင့် ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါကြောင်း၊ နောင်တွင် တိုင်းရင်းသားဘာသာစကားများ ဖြင့်ပါ e-Government System ထိထိရောက်ရောက်သုံးနိုင်မည့် အခြေ အနေကို ရောက်ရှိမည်ဖြစ်သည့်အတွက် ယင်းစနစ်ကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း။
မိမိတို့နိုင်ငံ၏Tele Density မှာ ၁၀ဝ ရာခိုင်နှုန်းကျော်ရှိပြီး DInternet အသုံးပြုမှုမှာ ၈၀ ရာခိုင်နှုန်းကျော်ရှိပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူပြည်သား များသည် ခေတ်နှင့်အညီလိုက်၍ နည်းပညာများကိုအသုံးပြုနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏စနစ်များသည်လည်း ခေတ်နှင့်အညီဖြစ်ရန် အရေးကြီးပါ ကြောင်း၊Data Security၊Data Privacy၊ Data Sharing စသည့် ကိစ္စရပ်များတွင် ပြည်သူပြည်သားများနှင့် နိုင်ငံ၏လုံခြုံမှုကို ကာကွယ်သည့် အနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Cyber Law and Policy အပေါ်တွင် အများပြည်သူ၏ သဘောထားများကိုတောင်းခံပြီး ပြည်တွင်းပြည်ပ က အသိပညာရှင်များက ဝိုင်းဝန်းအကြံပြုနေသည်ဟု သိရပါကြောင်း၊ ယင်းအကြံပြုချက်များထဲမှ မိမိတို့နိုင်ငံအတွက် သင့်တော်သည့် အကောင်းဆုံး နည်းလမ်းများကို ရွေးချယ်ပြီး အနာဂတ်အတွက် ပြင်ဆင်သွားရမည်ဖြစ်ပါ ကြောင်း။
ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ
မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုရှိမှ သာ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်နေသည့် မိုလ်ဘိုင်းအော်ပရေတာများနှင့် ကုမ္ပဏီအသီး သီးကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပြောကြားထားပြီးဖြစ်ပါကြောင်း၊ အလုပ်လုပ်ရာတွင် လွယ်ကူအောင် ဆောင် ရွက်ပေးခြင်းသည် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေလို၍ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများတိုးတက်စေလို၍ ဖြစ်ပါကြောင်း၊ သို့သော် စည်းကမ်းရှိရမည်ဖြစ်ပါကြောင်း၊ တိုးတက်စေလိုသည်၊ ရင်းနှီးမြှုပ်နှံစေလိုသည် ဆိုသည့် စိတ်တစ်ခုတည်းဖြင့် "လုပ်ချင်တာလုပ်ပါစေ"ဟု အားလုံးအလိုလိုက် နေပါက ရေတိုတွင် အကျိုးအမြတ်ရှိနိုင်သော်လည်း ရေရှည်တွင် ပြဿနာ များစွာပေါ်လာနိုင်သည်ကို မိမိတို့အနေဖြင့် သတိပြုရန်အရေးကြီးပါကြောင်း။
ယခုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ဖွဲ့ နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထိခိုက်ဆုံးကိစ္စတစ်ခုဖြစ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အချင်းချင်းအကြားတွင် ပူးပေါင်းဆောင်ရွက်မှု ရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရ အကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုရှိရမည်ကို သတိပေးလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ မြန်မြန်ဆန်ဆန် တိုးတက်နိုင်မည်ဖြစ်ပါကြောင်း။
အဓိကထား ဆွေးနွေးစေလို
e-Governmentအကောင်အထည်ဖော်ရာတွင် ID ကတ်များသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြဿနာတချို့သည် ID စနစ် ရှိခြင်းအား ဖြင့် များစွာသောပြဿနာများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းကို သတိပြုစေလိုပါကြောင်း၊ ယင်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်စေလို ပါကြောင်း၊ e-Government စနစ် စတင်အသုံးပြုနေသည့်ဌာနများနှင့် မသုံးရသေးသည့် ဌာနများအကြားတွင် ဆွေးနွေးစေလိုပါကြောင်း၊ အသုံး ပြုခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များရှိသည်၊ မည်သည့်အားနည်းချက် များရှိသည်ကို အဓိကထား ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် e-Government ဦးဆောင် ကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ်ဦးဆောင်၍ လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနှင့် e-ID စနစ်လုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ(၈)ခု၊ e-ID စနစ်လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ (၆)ခုနှင့် နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ် ဦးဆောင်ကြီးကြပ်မှု အဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့ တွင် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အချိန်တစ်ခုသတ်မှတ်၍ ပြီးစီးအောင်ဆောင်ရွက်
ပထမအကြိမ်အစည်းအဝေးတွင် e-Government ဦးဆောင်ကော်မတီ နာယက က "e-Government စနစ် မြန်မြန်တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အချက်(၃)ချက် ဖြစ်သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပူးပေါင်း ဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင်ရန်နှင့် အစိုးရဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း"လမ်းညွှန်ခဲ့မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပထမအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၅)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှု(၂) ချက်ရှိခဲ့ပြီး ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက် (၃)ချက်အပေါ် အချိန်တစ်ခုသတ်မှတ်၍ ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၂၁)ချက်ချမှတ်ခဲ့ရာ (၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက် ဆဲ(၁၆)ချက်အပေါ်တွင်လည်း သက်ဆိုင်ရာဌာန၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများကလည်း အမြန်ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
အလျင်အမြန်အကောင်အထည်ဖော်နိုင်မည်
ဆောင်ရွက်ဆဲလုပ်ငန်းများအနက် တစ်ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Fund (EDCF) မှ ချေးငွေအမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းဖြင့် တည်ဆောက်မည့် e-Government Integrated Data Center (e-GIDC) အကောင် အထည်ဖော်နိုင်ရန်အတွက် အချိန်ကာလ ၃ နှစ်ကျော်ခန့်ကြာမြင့်မည်ဟု သိရှိ ရပါကြောင်း၊ ချေးငွေရရှိရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government စနစ်ကို အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ အဆင့်မီသည့် ပုဂ္ဂလိကီအေေ ဃနညအနမ တစ်ခုကိုငှားရမ်း အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ငှားရမ်းအသုံးပြု နိုင်ရေးအတွက် "အဆင့်မီပုဂ္ဂလိက Data Centerငှားရမ်းနိုင်ရေးစိစစ်ရေး ကော်မတီ" (၁)ခုကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ e-Government ဆောင်ရွက်ရာတွင် အဓိကအရေးကြီးသည်မှာ Data Center ဖြစ်ပါကြောင်း၊ ချေးငွေရရှိရန် စောင့်ဆိုင်းစဉ်ကာလအတွင်း ပြည်တွင်းတွင် အဆင့်မီသည့် Data Centerကို ငှားရမ်းသုံးစွဲပါက e-Government စနစ်ကို အလျင်အမြန်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါ ကြောင်း။
ထို့ပြင် ISO (International Standard Organization) 10646 ဖြင့် ကိုက်ညီသည့် မြန်မာ့ ညငခသိန ကိုစံစနစ်အဖြစ် "အမျိုးသားစံချိန်စံòန်း ကောင်စီ"က၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီအသုံးပြုနိုင်ရေး လိုက်နာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ (Information Technology)နှင့်ပတ်သက်ပြီး ဥပဒေ၊ နည်း ဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆိုက်ဘာ ဥပဒေထွက်ရှိအောင် ဆောင်ရွက်နေခြင်းအပေါ် လိုအပ်သည့်အကြံဥာဏ်များ ပေးကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတစ်ခုချင်းအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက အခြားဆပ်ကော်မတီများဖြင့် ညှိနှိုင်း ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီတင်ပြပြီး ဆုံးဖြတ်ချက်ရယူကာ ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အချိန်မီပေးပို့တင်ပြ
e-Government ဦးဆောင်ကော်မတီအနေဖြင့်လည်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော်သမ္မတရုံးသို့ လစဉ်တင်ပြနေရသည့်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် e-Government လုပ်ငန်းများအား အလေး အနက်ထားဆောင်ရွက်ကြပြီး တိုးတက်မှုအစီရင်ခံစာကို ဦးဆောင်ကော်မတီသို့ လစဉ်မပျက်မကွက် အချိန်မီပေးပို့တင်ပြသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးသာဦး က e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သက်ဆိုင်ရာဌာနများနှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများက Radio Frequency Identif ication (RFID )စနစ် အသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ H Unicode p ISO 10646 ဖြင့် ကိုက်ညီသော Fon စနစ်နှင့် Fon တို့ကို အစိုးရရုံးဌာနများ၌ လက်ရှိအသုံးပြုနေသော Myanmar3 Font နေရာတွင် အစားထိုးအသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့် ကိုက်ညီသော မြန်မာ Unicode စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်မည့် Migration အစီအစဉ်၊ ဝန်ကြီးဌာနများ၊ နိုင်ငံတော်အဖွဲ့အစည်းများအတွက်Domain Name နှင့် e-mail လိပ်စာသတ်မှတ်နိုင်ရေးကိစ္စတို့ကို ရှင်းလင်းတင်ပြကြပြီး e-Government ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ရယူကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဖိတ်ကြားထားသူ များက e-Government လုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ယင်းနောက်e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အ¸ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နာယက ဦးသောင်းတင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ
Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုလွှတ်တော်ဥပဒေ ကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ သော လုပ်ငန်းခွင်ဘေးအ္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ ကြမ်း၊ လောင်းကစားဥပဒေကြမ်းတို့ နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော်ီ ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဥပဒေ ကြမ်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည် ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ သတင်းစဉ်

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်
တရုတ်နိုင်ငံက Sinotruk Howo မော်တော်ယာဉ် အစီး ၂၀ ပေးအပ်လှူဒါန်း
Image may contain: 3 people, people smiling, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် များတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinotruk Howo မော်တော်ယာဉ်အစီး ၂၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အားပေးထောက်ခံ
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အစဉ်တစိုက် အားပေး ထောက်ခံလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ အတွက် ကူညီမှုတစ်ရပ်အနေဖြင့် မော်တော်ယာဉ်အစီး ၂၀ ကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါကြောင်းနှင့် မြန်မာအစိုးရ၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ရခိုင်ပြည်နယ်၌ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု များ ရရှိနိုင်မည်ဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်အရ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့် ဖြစ်အောင် အစစအရာရာ စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေး စခန်း နှစ်ခုနှင့် ကြားစခန်း တစ်ခုတို့မှ ပြန်လည်နေရာချထားပေးမည့် သက်ဆိုင်ရာနေရာ အသီးသီးသို့ သယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေး ထားသော်လည်း ထပ်မံလိုအပ်ချက်များအရ တရုတ် ပြည်သူ့သမ္မတနိုင်ငံက မော်တော်ယာဉ်အစီး ၂၀ လှူဒါန်း သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံအတွက် လိုအပ်သည့်အခါ တိုင်းတွင် ပူးပေါင်းကူညီဆောင်ရွက်မှုများ ရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်
ဆက်လက်၍ တရုတ်နိုင်ငံ သံအမတ်ကြီးက မော်တော်ယာဉ်များနှင့်သက်ဆိုင်သည့် လွှဲပြောင်းခြင်း ဆိုင်ရာ စာရွက်စာတမ်းများကို ပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မော်တော်ယာဉ်များနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း များကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့တို့သည် ပေးအပ်လှူဒါန်းသည့် မော်တော်ယာဉ်များကို လှည့်လည်ကြည့်ရှုကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရှင်းလင်းဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအတွက် လက်ခံရေးစခန်းနှစ်ခု၊ ကြားစခန်းတစ်ခု ပြင်ဆင်ထားရှိမှု အခြေအနေ၊ လက်ခံပြီးနောက်ပြန်လည် နေရာချထားရေး၊ အိမ်ရာများဆောက်လုပ်ပေးနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပြန်လည် ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာဝန်ဆောင်မှုများ လက်လှမ်းမီစေရေးစသည်တို့နှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ ပြန်လည်လက်ခံရေး ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှု အခြေအနေများ၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်ပြီးဆုံး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂရုံးချုပ်သို့သွားရောက်၍ လက်ရှိဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းပြောကြားမည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်က နေရပ်စွန့်ခွာမှုများအတွက် တည်ဆောက် ပေးမည့် နမူနာအိမ်ပုံစံအား လိုက်လံပြသခဲ့ကြောင်း သိရ သည်။ သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ တရုတ် နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မစ္စတာ စွန်းဂေါ်ရှန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုရန် လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် မင်းကန်ကျေးရွာ တို့သို့ သွားရောက်ခဲ့သည်။ သတင်းစဉ်

အာဆာအကြမ်းဖက်အဖွဲ့မှ အစုအပြုံလိုက် သတ်ဖြတ်မှုများကိုဖော်ပြသည့် အစီရင်ခံစာများအား လျစ်လျူရှုထားသက်သေအထောက်အထား လုံလောက်စွာ ဖော်ပြမှုမရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကောက်ချက်ချမှုများကန့်ကွက်
Image may contain: 1 person, text
ဂျီနီဗာ ဖေဖော်ဝါရီ ၂၇
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀) မြောက် ပုံမှန်အစည်းအဝေး အဆင့်မြင့်ကဏ္ဍသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ လိုက်နာသင့်သည့် မူဝါဒများ၏ အရေးပါမှုနှင့်ပတ်သက်၍လည်းကောင်း၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်အရေး ကိစ္စ ဖြေရှင်းဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ နှင့် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ရှင်းလင်းပြောကြား ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့် အရေးကာကွယ်မြှင့်တင်ရာတွင် ထိပ်တိုက်တွေ့ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့အစား ဆွေးနွေးမှု၊ အပြုသဘော ဆောင်သည့် ထိတွေ့ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း၊ ကောင်စီမှ လွတ်လပ်စွာ ဆောင်ရွက်ရန် ခန့်အပ်တာဝန် ပေးထားသည့်ပုဂ္ဂိုလ်/ယ္တရားများအနေဖြင့် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှုတို့ကို တိကျစွာ လိုက်နာရန်နှင့် မည်သူမဆို မိမိတို့၏ ပြောဆိုရေးသား အစီရင်ခံချက်များအတွက် တာဝန်ယူမှုရှိရန် လိုအပ် ကြောင်း။
ထောက်ပြရှင်းလင်း
အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်းပြည်သူများ၏ လူ့အခွင့်အရေး ဖော်ဆောင်ရေး အတွက် ပဏာမတာဝန်ရှိသည်ဟူသောအချက်ကို အသိအမှတ်ပြုကြရန်နှင့် ယင်းနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုနောက်ခံအခြေအနေများ၊ လူသားစွမ်းဆောင် ရည် လိုအပ်ချက်များသာမက ယင်းနိုင်ငံတစ်နိုင်ငံချင်း၌ ကြုံတွေ့နေရသော အခြားစိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများ ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြရှင်းလင်းပြောကြား ခဲ့သည်။
ထို့ပြင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင် မြှောက်ထားသည့် အရပ်သားအစိုးရ စတင်အုပ်ချုပ်ချိန်မှ စ၍ မြန်မာနိုင်ငံအတွင်းပြည်သူများအနေဖြင့် လွတ်လပ် မှုနှင့် ဒီမိုကရေစီအခွင့်အရေးများကို ပိုမိုရရှိခံစားကြလျက် ရှိကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှု-စီးပွား ကဏ္ဍများတွင် မြင်သာသည့် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MADP) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မကြာသေးမီက အာဏာရပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) တွင် ပါရှိသည့် ဒီမို ကရေစီနှင့် ကိုက်ညီမှုမရှိသော ဖော်ပြချက်များကို ပြင်ဆင်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ စတင်ဆောင်ရွက် လျက်ရှိကြောင်း။
အရေးတကြီးလိုအပ်မှု
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင် ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို (၃) ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး အတွက် အခြေခံမူဝါဒ (၅၁) ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းနှင့် ညီလာခံ၏ ရှေ့လုပ်ငန်းစဉ်တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) သို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ခြင်း နှင့် အားလုံးပါဝင်လက်မှတ်ရေးထိုးရေးအတွက် အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ တပ်မတော် အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ လေးလကြာ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားမှုနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီက "အေအေ" သောင်းကျန်းသူတို့က စတင်တိုက်ခိုက်ရာမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေမှုကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးလာရမှုအား လည်း ကောင်း အသိပေးပြောကြားခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်စေရေး အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက "လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေခြင်းဖြင့် ဖွံ့ဖြိုးတိုး တက်မှုများကို လမ်းခင်းပေးနိုင်သလို ပဋိပက္ခနှင့် ဆက်စပ် သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း အဆုံး သတ်ပေးနိုင်မည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
သဟဇာတဖြစ်စွာ နေထိုင်လျက်ရှိ
ဆက်လက်၍ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် သိမ်မွေ့သော ဒီမိုကရေစီ ကူးပြောင်းရေးကြိုးပမ်းဆောင်ရွက်ရာ၌ စိန်ခေါ်မှုများစွာ နှင့် ကြုံတွေ့နေရဆဲဖြစ်၍ နိုင်ငံတကာ၏ ဆက်လက်ကူညီ ပံ့ပိုးမှုကို လိုအပ်နေချိန်တွင် က္ဘာက ရခိုင်ပြည်နယ် အရေးကိစ္စကို အဆိုးမြင်ရှုထောင့်မှသာ အမြင်ကျဉ်းမြောင်း စွာ အာရုံစိုက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကို ဦးတည်ဆန့်ကျင်တိုက်ခိုက်နေကြသည့် သတင်းမီဒီယာများက ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် ရခိုင်ပြည်နယ်မြောက် ပိုင်း အရေးကိစ္စအား ဘာသာရေးဖိနှိပ်မှုပြဿနာအဖြစ် မမှန်မကန်ပုံဖော်နေကြကြောင်း၊ ယင်းမှာ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုမဟုတ်သကဲ့သို့ ကိုးကွယ်ယုံကြည်မှု ကွဲပြားသူများအကြား ပဋိပက္ခလည်းမဟုတ်ပါကြောင်း၊ အမှန်မှာ ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သည့် တရား မဝင်နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲ မွဲတေမှု၊ တရားဥပဒေစိုးမိုးမှု လျော့နည်းပြီး အမျိုးသား လုံခြုံရေးကိစ္စတို့ ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာမျှသာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်များရှိနေလင့်ကစား နိုင်ငံအနှံ့အပြား တွင် မွတ်စလင်အများစုအပါအဝင် ယုံကြည်မှုကွဲပြား ခြားနားသူများ သဟဇာတဖြစ်စွာ နေထိုင်လျက်ရှိကြောင်း။
ရေရှည်တည်တံ့သည့် ဖြေရှင်းမှု
၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် ဩဂုတ် လများတွင် ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းများသို့ အာဆာ အကြမ်းဖက်များက ကြိုတင်အကွက်ချတိုက်ခိုက်မှုမှ စတင်သည့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရ သည့် အသိုက်အဝန်းများနှင့်ပတ်သက်၍ မိမိတို့လည်း ထပ်တူစိုးရိမ်ပူပန်ပါကြောင်းနှင့် အာဆာ၏ အကြမ်းဖက် မှုများအား ကြောက်ရွံ့ခြင်းကြောင့် လူအမြောက်အမြား နေရပ်စွန့်ခွာမှုများဖြစ်ပွားစေခဲ့ကြောင်း ထောက်ပြခဲ့ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်မှုများအား မည် သည့်ဘက်မှ ကျူးလွန်သည်ဖြစ်စေ ပြစ်တင်ရှုတ်ချကြ ရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်ကိစ္စ၊ှီုဏ စခန်းများပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့ အား ဦးစားပေးကဏ္ဍ (၅) ရပ်အဖြစ်ရွေးချယ်၍ လုပ်ငန်း အစီအစဉ် ချမှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် (ကိုဖီအာနန် ကော်မရှင်) ၏ အကြံပြုချက်အများစုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် တည်တံ့သည့် ဖြေရှင်းမှုကိုရှာဖွေသွားရန် အပြည့်အဝ ကတိကဝတ်ပြုထားကြောင်း။
အကောင်းဆုံး နည်းလမ်းဖြစ်
၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် တို့အကြား သဘောတူညီချက်များနှင့်အညီ ဆန္ဒ အလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက်မည့် စိစစ်အတည်ပြုပြီးသူများအား လက်ခံရန် အဆင်သင့် ရှိမှုကို ထပ်လောင်းအတည်ပြုလျက် လက်ရှိတွင် အရေးအကြီးဆုံးတာဝန်တစ်ရပ်မှာ အခြား ကိစ္စရပ်များအပေါ် အာရုံထားခြင်းထက် လူသားချင်း စာနာမှုအ$ကျပ်အတည်းများကို ဖြေရှင်းရေးအတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်ရန် ဖြစ်ကြောင်း။
ပြန်လည်ဝင်ရောက်မည့်သူများအတွက် သင့်လျော် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်း ကြီးရုံး ((UNHCR) တို့နှင့်လည်းကောင်း၊ အာဆီယံ မိတ်ဆွေနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ UEHRD မှတစ်ဆင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများထံ မှ ထည့်ဝင်ပံ့ပိုးငွေများကိုလည်း စုစည်းသုံးစွဲဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ရခိုင် ပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် "ရခိုင်ပြည်နယ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပြပွဲ"ကို မကြာမီကကျင်းပခဲ့ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးခြင်းသည်သာ အသိုက်အဝန်းများအကြား ပဋိပက္ခများကိုအဆုံးသတ်ရေး အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း။
ထပ်လောင်းအတည်ပြုပြောကြား
အခြားတစ်ဖက်တွင်မူ မြန်မာနိုင်ငံအနေဖြင့် FFM လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေး အဖွဲ့အား စတင်တည်ထောင်စဉ်ကပင် ပြတ်သားစွာ ကန့်ကွက်ခဲ့ကြောင်း၊ တစ်ဖက်သတ်ပြောကြားချက်များ အပေါ် အခြေခံသည့် ယင်း၏ အစီရင်ခံစာတွင်လည်း အာဆာ အကြမ်းဖက်အဖွဲ့၏ ကျူးလွန်ခဲ့သည့် အကြမ်း ဖက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုမပါရှိခြင်း၊ မွတ်စလင် နေရပ်စွန့်ခွာသူများ၏ ပြောကြားချက်များမှ ရရှိသည့် ဖြစ်စဉ်များကိုသာ အပြည့်အဝ လက်ခံထားခြင်း၊ ယင်းနှင့် ဆန့်ကျင်သည့် သက်သေအချက်အလက်များကို ငြင်းပယ် ထားခြင်း၊ အာဆာအကြမ်းဖက်အဖွဲ့မှ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှုများကိုဖော်ပြသည့် အစီရင်ခံ စာများအား လျစ်လျူရှုထားပြီး အာဆာ၏ ရက်စက် ကြမ်းကြုတ်မှုများကို ထည့်သွင်းမဖော်ပြထားခြင်း၊ အစီ ရင်ခံစာ၏ နောက်ဆုံးသုံးသပ်ချက်မှာလည်း သက်သေ အထောက်အထား လုံလောက်စွာ ဖော်ပြမှုမရှိဘဲ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ကောက်ချက်ချမှုများသာဖြစ်ခြင်း စသည့် အကြောင်းရင်းများကြောင့် ယင်းအစီရင်ခံစာ ကိုလည်း ကန့်ကွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
မျှဝေအသိပေး
ဆက်လက်၍ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) နှင့် ယင်း၏ အချက်အလက်စုဆောင်း ရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ (ECVT) တို့၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကိုလည်း ပြည်ထောင်စု ဝန်ကြီးက မျှဝေအသိပေး ပြောကြားခဲ့သည်။ အစိုးရ အနေဖြင့် တာဝန်ခံမှုကိစ္စရပ်အား ဖြေရှင်းလိုသည့် စိတ် ဆန္ဒသာမက ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါအရေးကိစ္စရပ်အား နိုင်ငံတကာ တရားစီရင်ရေးစနစ်သို့ ရောက်ရှိစေမည့် မည်သည့် ကြိုးပမ်းဆောင်ရွက်မှုမျိုးကိုမဆို အခိုင်အမာပယ်ချ ကြောင်း။
သိသာထင်ရှားသော ခြေလှမ်းများ
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့် တင်ရေးနှင့် စပ်လျဉ်း၍ အစိုးရအနေဖြင့် အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် အခြားသော အားနည်းသူများ၏ အခွင့်အရေး မြှင့်တင် ကာကွယ်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေး သူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRC)၊ အမျိုး သမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ စာချုပ် (CEDAW)၊ မသန်စွမ်းသူများ၏အခွင့်အရေး ဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာစာချုပ် (ICESCR) စသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပင်မစာချုပ်ကြီး (၄) ခုကို အတည်ပြု ပါဝင်ခဲ့ပြီး CRC ၏ နောက်ဆက်တွဲ စာချုပ်ဖြစ်သော လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များ ပါဝင်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်OPAC ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း OPAC ကို အတည်ပြုပါဝင်ရန်နှင့် အရပ်ဘက်နှင့်နိုင်ငံရေး အခွင့် အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်-ICCPRကို လက်မှတ်ရေးထိုးရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကောင်စီ၏ UPR ယန္တရားအား အခိုင်အမာထောက်ခံသော နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် UPR သို့ အစီရင်ခံစာတင်သွင်းရန်ရှိကြောင်း၊ အစိုးရအနေဖြင့် ကလေးသူငယ်အခွင့်အရေး ဥပဒေအသစ်မူကြမ်း၊ အမုန်းစကားနှင့် အမျိုးသမီးအကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေမူကြမ်းများအား ပြဋ္ဌာန်းနိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ပဋိပက္ခအတွင်း အမျိုး သမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်တို့၏ ခရီးစဉ်များ လာရောက်ခဲ့ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကလေးသူငယ်များနှင့် လက်နက် ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ဆိုးရွားသောကျူးလွန်မှု (၆) မျိုးကို ကာကွယ်ရန် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာ လက ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက် မှုဆိုင်ရာအထူးကိုယ်စားလှယ်နှင့် လက်မှတ်ရေးထိုးခဲ့သည့်
ူးတွဲကြေညာချက် (Joint Communiqué္န) အား အကောင်အထည်ဖော် ရေးအတွက် အမျိုးသားကော်မတီတစ်ရပ်ကိုဖွဲ့စည်း၍ လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲသွားရန်ရှိကြောင်း၊ နှစ်နိုင်ငံအစီအစဉ်အရလည်း အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့နှင့် လူ့အခွင့်အရေးဆွေးနွေးပွဲများ ကျင်းပလျက်ရှိကြောင်း။
ယင်းသို့ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများရှိနေ သော်လည်း မြန်မာနိုင်ငံအနေဖြင့် မျှတမှုကင်းမဲ့စွာဖြင့် ပစ်မှတ်ထားခံနေရပြီး လိုအပ်သည်ထက်ပို၍ ကုလသမဂ္ဂ၏ ယ္တရားများစွာ၏ အထူးစိစစ်မှုကို ခံနေ ရကြောင်း ထောက်ပြပြောကြားခဲ့သည်။
ထို့ပြင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယ္တရား ( IIM) ဖွဲ့စည်းရေး နှင့်ပတ်သက်သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်အဆိုများအား မြန်မာနိုင်ငံမှ ပယ်ချခဲ့သည့် အကြောင်းရင်းများကို ရှင်းပြရာ၌ ယင်းသည် ကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်နေပြီး ယင်း၏ လုပ်ငန်းတာဝန်သတ်မှတ်ချက် များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လွန်ကျူးစွာ ထိပါးစွက်ဖက် သည့်သဘောဖြစ်နေပါကြောင်း၊ ယင်းသည် လူ့အခွင့်အရေးကောင်စီကို နိုင်ငံရေးအာဂျင်ဒါအတွက် အသုံးချလိုသည့် အချို့သူများ၏ နိုင်ငံရေး မျှော်လင့်ချက်ကိုသာ ဖြည့်ဆည်းပေးစေမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ပုံမှန်ဘတ်ဂျက် ပြင်ပမှရန်ပုံငွေများဖြည့်စွက်အသုံးပြုခွင့်ပေးသည့် အစီအစဉ် သည် ယင်းအဖွဲ့၏ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ပြင်းထန်စွာ သက်ရောက်စေနိုင်ပါကြောင်း၊ အမေရိကန်ဒေါ်လာ (၂၆) သန်းကျော် ဘတ်ဂျက်သုံးစွဲခွင့်ပြုထားပြီး လက်ထောက်အတွင်းရေးမှူးချုပ်အဆင့် ဦးဆောင်သည့် ဝန်ထမ်း (၆၂) ဦး ခန့်အပ်ကာ ယင်းယ္တရားဖြင့် နိုင်ငံတစ်နိုင်ငံ ကို စောင့်ကြည့်ခြင်းသည် ကုလသမဂ္ဂ၏ ရှားပါးရင်းမြစ်များကို ဖြုန်းတီးခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပိုမိုအဆင့်မြှင့်တင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စိန်ခေါ်မှုများနှင့် ကန့်သတ်မှုများ ရှိနေသော်လည်း နိုင်ငံ၏အနာဂတ်အတွက် မျက်ခြည်မပြတ်စေဘဲ အားလုံး အတွက် အခြေခံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ပဏာမတာဝန်များ ကို အတတ်နိုင်ဆုံး ဖော်ဆောင်သွားရန် ခိုင်မာစွာ ဆုံးဖြတ်ထားပါကြောင်း၊ အစိုးရအနေဖြင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာ၌ နိုင်ငံတကာ အသိုက်အဝန်း ၏ ချဉ်းကပ်မှုသည် မျှမျှတတဖြစ်စေလိုကြောင်းဖြင့် အလေးပေးပြောကြား ခဲ့ပြီး ကောင်စီအနေဖြင့် အရေးကြီးသည့် အကဲဖြတ်သုံးသပ်ချက် သို့မဟုတ် မူဝါဒရေးရာ ဆုံးဖြတ်ချက်များ မဆောင်ရွက်မီ ပြည့်စုံ၍ ဓမ္မဓိဋ္ဌာန်ကျသည့် အချက်အလက်များအပေါ် သေချာစွာဆန်းစစ်လေ့လာရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအား နည်းမျိုးစုံဖြင့် ထောက်ပံ့ကူညီနေသည့်အတွက် မိတ်ဆွေများနှင့် မိတ်ဖက်နိုင်ငံများအား ကျေးဇူးတင်ရှိကြောင်းနှင့် မိမိရင်ဆိုင် နေရသည့် သိမ်မွေ့ရှုပ်ထွေးသည့် အရေးကိစ္စအား ဖြေရှင်းရေးအတွက် ၄င်းတို့ ၏ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆိုကြောင်း တို့ကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ သတင်းစဉ်

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများကီုငါငအေူ စနစ်သို့ ပြောင်းလဲပြီး ရုပ်ရှင်ပြသမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဝယ်ယူသူများအား အကြောင်းကြားခဲ့ပြီးဖြစ်
Image may contain: 2 people, hat and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်း၊ ဥပဒေကြမ်း (၁)ခု အတည်ပြုခြင်းနှင့် အဆို (၁) ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
မင်းဘူးမြို့ရှိ လှသီရိ ရုပ်ရှင်ရုံကို လတ်တလောတွင် အဆင့်မြင့် ရုပ်ရှင်ရုံသစ် အဖြစ် တည်ဆောက်ပေးနိုင်ခြင်း မရှိသေး
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက် ဦးဩဘာသလမ်းမပေါ် ရှိ အ္တရာယ်ရှိ အဆောက်အအုံဖြစ်သော လှသီရိရုပ်ရှင်ရုံ အဟောင်းအား ဖျက်သိမ်းပြီး အဆင့်မြင့်ရုပ်ရှင်ရုံ အသစ် တစ်ခု တည်ဆောက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ "လှသီရိ"ရုပ်ရှင်ရုံကို ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေးအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန ၏ ၁၉၆၉ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂၈)ဖြင့် ပြည်သူပိုင်သိမ်းယူပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံအဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ထို့နောက် အဆိုပါရုပ်ရှင်ရုံကို ပုဂ္ဂ လိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၂၀ဝ၂ ခုနှစ် ဇူလိုင် ၂၆ ရက်စွဲပါ အမိန့်အမှတ် (၁၀/၂၀ဝ၂) အရ ပုဂ္ဂလိကလုပ်ငန်း ရှင် ဒေါ်ခင်ဥမ္မာကျော်သို့ ငွေ$ကျပ် (၅ ဒသမ ဝ၅) သန်းဖြင့် အပြီးအပိုင် ရောင်းချခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံကို လွှဲပြောင်းရောင်းချခြင်း သဘောတူစာချုပ်တွင် ပါရှိသည့် စည်းကမ်းသတ်မှတ်ချက်များအရ ဝယ်ယူသူအနေဖြင့် မူလရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရမည် ဖြစ်ပြီး ရုပ်ရှင်ရုံအဟောင်းကိုလည်း ရုပ်ရှင်ပြသနိုင်သည့် အဆောက်အအုံအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
၂၀၁၀ ခုနှစ် ဧပြီ ၅ ရက်တွင် ယင်းရုပ်ရှင်ရုံ အဆောက် အအုံ၏ အနောက်ဘက်ခြမ်း အလျား (၁၄၇)ပေ၊ အမြင့် (၂၀ ပေ)ခန့်မှာ ပြိုကျခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံ အဆောက်အအုံသည် ဧရာဝတီမြစ်နှင့်ကိုက် (၃၀ဝ - ၄၀ဝ) ခန့်သာ ကွာဝေးခြင်းကြောင့် နှစ်စဉ် မြစ်ရေတက်မှုနှင့် သက်တမ်းကြာမြင့်မှုတို့ကြောင့် ဆွေးမြည့်နေပြီဖြစ်သည့် အတွက် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရုံး အမိန့်အမှတ်၊ (၁၅/၂၀၁၀)ဖြင့် အ္တရာယ်ရှိ အဆောက် အအုံအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းအမိန့်စာထုတ်ပြန် ချက်အရ ယခင်ရုပ်ရှင်ပြသမှုစနစ်ဟောင်း (Analogue) စနစ်ဖြင့် ရုပ်ရှင်ပြသခြင်းကို ရပ်ဆိုင်းခဲ့ပါကြောင်း။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အပြီးအပိုင် ရောင်းချခဲ့သည့် နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် မူလရုပ်ရှင် ပြသခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် စည်းကမ်း သတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံများကီုငါငအေူ စနစ်သို့ ပြောင်းလဲပြီး စာချုပ်ပါ ကတိကဝတ်များအတိုင်း ရုပ်ရှင် ပြသမှုလုပ်ငန်း ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ယခင် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနက ရုပ်ရှင်ရုံ ဝယ်ယူသူများအားလုံးကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပါကြောင်း။
ထို့နောက် ရှေ့လုပ်ငန်းစဉ်ဖြစ်သည့်ီငါငအေူ စနစ် ဖြင့် ပြသသည့် ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲတည်ဆောက် နိုင်မည့် အဆိုပြုချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်မှစ၍ (၁)လအတွင်း တင်ပြရန်နှင့် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁ ရက်မှ လုပ်ငန်းစတင်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရုပ်ရှင်ရုံ ဝယ်ယူသူအားလုံးကို ၂၀၁၅ခုနှစ် ဇူလိုင် ၁၄ ရက်စွဲပါစာဖြင့် ထပ်မံအကြောင်းကြားခဲ့ပါကြောင်း၊ လှသီရိ ရုပ်ရှင်ရုံ ဝယ်ယူသူကိုလည်း မူလလုပ်ငန်းဖြစ်သည့် ရုပ်ရှင်ပြသခြင်း လုပ်ငန်းကီုငါငအေူ စနစ်ဖြင့် ပြောင်းလဲပြီး ဆက်လက် ဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါကြောင်း။
ယင်းရုပ်ရှင်ရုံဝယ်ယူသူက ရုပ်ရှင်ရုံပြန်လည်ပြုပြင် တည်ဆောက်ရန်နှင့် အဆင့်မြင့်ီငါငအေူ ရုပ်ရှင်ပြသမှု စနစ်တပ်ဆင်ရန် ငွေကြေးအခက်အခဲကြောင့် အကျိုးတူ လုပ်ကိုင်မည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများသို့ ဆက်သွယ်နေပါကြောင်း ၂၀၁၅ခုနှစ် ဩဂုတ် ၂၀ ရက်စွဲပါ စာဖြင့် ပြန်လည်တင်ပြခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံ၏ မူလလုပ်ငန်းဖြစ်သည့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ စီမံ ဆောင်ရွက်ထားရှိမှုကို ပြန်လည်တင်ပြရန် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပိုင်ရှင်ထံ ၂၀၁၈ခုနှစ် ဧပြီ ၃ ရက်စွဲပါစာဖြင့် ထပ်မံအကြောင်းကြားခဲ့ ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ခုနှစ် ဧပြီ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၈) အရ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည့် နိုင်ငံပိုင် ရုပ်ရှင်ရုံ (၂၇)ရုံနှင့် ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက် ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံ(၉၄) ရုံ၊ စုစုပေါင်း ရုပ်ရှင်ရုံ (၁၂၁) ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ များသို့ လွှဲပြောင်းပေးအပ် လျက်ရှိပါကြောင်း၊ မင်းဘူးမြို့ရှိ လှသီရိ ရုပ်ရှင်ရုံ အပါအဝင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံ (၉)ရုံကိုလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် အပြီးအပိုင် လွှဲပြောင်းပေးအပ် ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မင်းဘူးမြို့ရှိ လှသီရိ ရုပ်ရှင်ရုံကို လတ်တလောအခြေအနေတွင် အဆင့်မြင့်ရုပ်ရှင်ရုံအသစ် တစ်ရုံအဖြစ် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း နှင့် ဝယ်ယူသူ ဒေါ်ခင်ဥမ္မာကျော်အနေဖြင့် ယင်းရုပ်ရှင်ရုံကီုငါငအေူ အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည်တည်ဆောက် နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်သာ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာ ခင်မကြီး၏ ယိုယွင်းပျက်စီးပြီး အ္တရာယ်ရှိ အဆောက် အအုံဖြစ်သော ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း အိမ်ရာအဆောက်အအုံအား အသစ်ပြန်လည်ဆောက်လုပ် ပေးရန်နှင့် ရုံးဝင်းအတွင်းရှိ မြေကွက်လပ်တွင် ကလေး ကစားကွင်းပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လွှတ်တော်ကိုယ်စားလှယ် မေးခွန်းတွင်ပါရှိသည့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုးကောင်းမြို့နယ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အအုံကို အသစ်ပြန်လည် ဆောက်လုပ်ရန် လိုအပ်သည်မှာ မှန်ကန်ပါကြောင်း၊ အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အအုံကို ၁၉၅၁ ခုနှစ် က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ၁၉၉၃ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် မြေနေရာနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါ ကြောင်း။
အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အအုံယိုယွင်း ပျက်စီးမှုများ ပြင်ဆင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီး နားလည်တတ်ကျွမ်းသည့် အင်ဂျင်နီယာ များဖြင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်လျက်ရှိပါ ကြောင်း၊ ယခုအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ ရုံးအဆောက်အအုံများကို ဦးစားပေးပြုပြင် တည်ဆောက်နေရပါသဖြင့် အဆိုပါဝန်ထမ်းအိမ်ရာ အဆောက်အအုံကို အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်မရှိဘဲ လိုအပ်သည့် ပြင်ဆင်မှုများကိုသာ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဘဏ္ဍာငွေ ကန့်သတ်ချက်အရ ယင်းရုံးဝင်းအတွင်းရှိ မြေကွက်လပ် တွင် ကလေးကစားကွင်း တည်ဆောက်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် စေတနာ ရှင်/ အလှူရှင် သို့မဟုတ်ြဥွှ စနစ်ဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ ပေါ်ပေါက် လာမှသာလျှင် တည်ဆောက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဂွမြို့ လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ရန် အစီအစဉ် မရှိသေး
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ ၁၉၈၂ခုနှစ်ကပင် ရပ်နားထားခဲ့သည့် ရခိုင်ပြည်နယ် ဂွမြို့ လေယာဉ်ကွင်းမှ လေယာဉ်ခရီးစဉ်များကို မည်သည့် အချိန်မှစတင်၍ ပျံသန်းပြေးဆွဲသွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လက်ရှိဂွလေယာဉ် ကွင်း မြေနေရာတွင် ပြည်တွင်းလေကြောင်းလိုင်းများ လက်ရှိ အသုံးပြုနေသော ATR-72 a လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ရေးအတွက် လေယာဉ်ကွင်းကို အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ဂွလေယာဉ်ကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း သည် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) က ၂၀၁၄ ခုနှစ်တွင် ရေးဆွဲပေးခဲ့ သော မြန်မာနိုင်ငံ National Transport Master
Planနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနက ဆောင်ရွက်မည့် လျာထားစီမံကိန်းလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမရှိသောကြောင့် လေယာဉ်ခရီးစဉ်ပျံသန်းမှု များပြားခြင်း၊ လေယာဉ်ကွင်းများတွင် လေယာဉ်များ ဘေးအ္တရာယ်ကင်းရှင်းစွာ ဆင်းသက်အသုံးပြုနိုင်ရေး အတွက် နှစ်စဉ်ခွင့်ပြုရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့် အဆင့် မြှင့်တင်ခြင်း၊ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသဖြင့် ဂွလေယာဉ်ကွင်းကို အဆင့်မြှင့်တင်ရန် အစီအစဉ်မရှိသေးပါကြောင်း။
သို့ရာတွင် အနာဂတ်ကာလ၌ မြန်မာနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်တင်ပြသွားသည့် ဂွမြို့နယ်၏ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် နိုင်ငံတော်က ချမှတ်သည့် မူဝါဒအရ ဂွလေယာဉ်ကွင်းကို တိုးချဲ့တည်ဆောက်ရန် လိုအပ် လာသည့် အချိန်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် သို့မဟုတ် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ပြီး PPP စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိအချိန်တွင် လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရန် လျာထားအစီ အစဉ် မရှိပါသဖြင့် ဂွလေယာဉ်ကွင်းသို့ လေယာဉ်ခရီးစဉ် များ ပျံသန်းပြေးဆွဲရန် ပြန်လည်စတင်နိုင်မည့် အချိန်ကို ခန့်မှန်း၍ မရသေးပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ကြသည်။
မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသာဦးက အဆိုပါဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုပေးရန် အဆို တင်သွင်းရာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇော်ဟိန်းက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆို ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့် အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေး တို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါ သဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသား မြေဥပဒေ(National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာ စီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချမှုမဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များ အလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်မေသန်းနွဲ့က အမျိုးသားမြေအသုံးချမှုကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ချိတ်ဆက်မှုလွန်စွာအားနည်း သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အမျိုးသား မြေအသုံးချမှုကော်မတီနှင့် ဝန်ကြီးဌာနတို့ ချိတ်ဆက်မှု၊ ပေါင်းစပ်မှုအားကောင်းစွာဆောင်ရွက်မှသာ မြေနှင့် ပတ်သက်သော သတင်းအချက်အလက်ရယူမှု၊ သဟဇာတ မဖြစ်မှုများနှင့် မြေအတန်းအစား ခွဲခြားသတ်မှတ်မှုများက အဆင်ပြေချောမွေ့မည်ဖြစ်ပါကြောင်း၊ အမျိုးသား မြေအသုံး ချမှုကော်မတီကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း၊ မြေအမျိုးအစားများ သတ်မှတ်ရာတွင်လည်း အုပ်ချုပ်မှုကို အခြေခံသည့် အမျိုးအစား၊ အသုံးချမှုကို အခြေခံသည့် အမျိုးအစား၊ ပိုင်ဆိုင်မှုကိုအခြေခံသည့် အမျိုးအစားဟူ၍ ခွဲခြားပြဋ္ဌာန်းပေးမှသာလျှင် ပိုမိုထိရောက်ကောင်းမွန်သည့် မြေယာစီမံမှုမျိုး ဖြစ်ပေါ်နိုင်မည်ဖြစ်ပါကြောင်း။
အမျိုးသားမြေဥပဒေရေးဆွဲမည်ဆိုပါက မူကြမ်းကို ရေးဆွဲပြီးမှ ပြည်သူကို ချပြခြင်းမျိုး မဟုတ်ဘဲ အများ ပြည်သူ ပါဝင်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍ၊ တောင်သူဦးကြီးများ၏ သဘောထား၊ အမျိုးသမီးများပါဝင်မှု အချိုးအစားတွင် ပညာရှင်များ၏ အမြင်ကို ထည့်သွင်းဆောင်ရွက်သင့်သည်ကို အကြံပြု လိုပါကြောင်း၊ သို့မှသာ ဒီမိုကရေစီစနစ်ကို ပြုပြင် ပြောင်းလဲနေသည့် လက်ရှိအစိုးရ၏ ရည်မှန်းချက်များ နှင့် ထပ်တူကျနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုရှင် က နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအခြေအနေတွင်သာမက နောင်အနာဂတ် အတွက်ပါ စဉ်းစားတွေးခေါ်ပြီး မြေမူဝါဒများကို ပြန်လည် သုံးသပ်၍ မြေယာဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် အတွက် ကာလလတ်၊ ကာလရှည် မူဘောင်ချမှတ်ဆောင် ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းခြင်းသည် ယခုအချိန်အခါနှင့် များစွာသင့်လျော်သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက နိုင်ငံတစ်ခုတွင် မြေယာကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အရေးကြီးပါကြောင်း၊ အစိုးရက စီမံခန့်ခွဲနိုင်သည့်မြေ သည် ပိုင်ရှင်မရှိသေးသည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်း နှင့် အပိုင်အငှားမချထားရသေးသည့် မြေများအပေါ် တွင်သာ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည် မှာ အခြေခံစည်းမျဉ်းများကို လိုက်နာရမှန်းမသိဘဲ အသာစီးရယူလိုသည့် အချက်များကို ဥပဒေထဲတွင် ထည့်သွင်းရေးဆွဲ၍ လူတစ်ဦး၏ ဒေသအလိုက် အခြေခံ ပိုင်ဆိုင်မှုများကို မျက်ကွယ်ပြုခဲ့ကြသည့်အပြင် ကိုယ်ကျိုးပါ ရှာခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံ၏ မြေယာစနစ်သည် လူထုအခက်အခဲ ဖြစ်ခဲ့ရပါကြောင်း၊ လက်ရှိအစိုးရအနေ ဖြင့် လွဲချော်နေသည့် မြေယာစီမံခန့်ခွဲမှုစနစ်ကို အမြန်ဆုံး တည့်မတ်ပေးနိုင်ရန်အတွက် အစီအစဉ် ချမှတ်လုပ်ဆောင် ပေးရန် အချိန်ကျရောက်နေပြီဖြစ်သည့်အတွက် တိုက်တွန်း ရင်း အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းတို့က ဆက် လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို မတ် ၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်(သတင်းစဉ်)
=====